ရင်မှာ ခံစားရတဲ့အဖြစ်ကို မင်း သိအောင် ပြောချင်ပေမယ့်...

ရင်မှာ ခံစားရတဲ့အဖြစ်ကို မင်း သိအောင် ပြောချင်ပေမယ့်…


စူးနစ်ဝင်နေတဲ့ အရာတစ်ခုဟာ
ဆူးတစ်ချောင်းသာဆိုရင်တော့
ရင်ထဲမှာ ဒဏ်ရာကျန်ခဲ့စေဦး
နုတ်ပစ်မိမှာ အမှန်ပါ
အဲဒီအတွက် ခံစားချက်မဲ့စွာ….
စွဲမက်ခဲ့ရတဲ့ ရင်ထဲက အတိမ်အနက်
မင်းသိအောင် ပြောဖို့ ခက်ခဲရင်း
မျိုသိပ်မှုတွေနှင့် ကျင့်သားရခဲ့တာ
ကြာခဲ့ပေမယ့်
ခုတော့ ဒဏ်ရာများစွာ…
ဟိုတစ်ချိန် မျှော်လင့်ခြင်း ကောင်းကင်ထက်မှာ
တလက်လက် ဖြစ်ခဲ့တဲ့ ကြယ်တစ်ပွင့်
ရူးသွပ်ရင်း ရင်ခုန်ခဲ့မိတာ
မေ့ပစ်လိုက်ဖို့ ပြောရအောင်
အဲဒါ အိပ်မက်မှ မဟုတ်တာ….

manawphyulay

About manawphyulay

manawphyu lay has written 939 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။