နှုတ်
နှုတ်ဖျားစကားတွေကြား

အယောင်ယောင်အမှားမှားနဲ့

ကျွံသွားခဲ့တဲ့ခြေလှမ်းများ

ဝေဝါးခြင်းတွေဘက် ၊

ဆက်
ဆက်မရတော့တဲ့ကြိုး၂ စ

ဘယ်ဘက်ကသာမလဲ ?

သဲကွဲစွာမသိ

ငြိနေခဲ့ ဒီတစ်သက် ၊

ထွက်
ထွက်တော်မူဒီနန်းမှ

နောက်တော်ပါးက မပါသော်လည်း

အားခဲလို့ ရှေ့ ကိုတိုး

အဆိုးတွေက လိုက်လျက်သာ ၊

ခွာ
ခွာခဲ့ရ ကိုယ့်စခန်းမြေ

လွမ်းနေသူများ ရှိလေမလား

စဉ်းစားဖို့ အခါမသင့်

လာလင့်ချိန်ရယ် ဘယ်မတူ ၊

သူ
သူ ဆိုတဲ့ နာမ်စားတစ်ခု

ပြု သွားသမျှ အရာတွေမှာ

အမှန်ဆိုတာ နည်းပါး

လွဲမှားစွာဖြင့် သွားနှင့်ပြီ ။

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..