( နှုတ်ဆက်ထွက်ခွာသူ )
နှုတ်
နှုတ်ဖျားစကားတွေကြား
အယောင်ယောင်အမှားမှားနဲ့
ကျွံသွားခဲ့တဲ့ခြေလှမ်းများ
ဝေဝါးခြင်းတွေဘက် ၊
ဆက်
ဆက်မရတော့တဲ့ကြို း၂ စ
ဘယ်ဘက်ကသာမလဲ ?
သဲကွဲစွာမသိ
ငြိနေခဲ့ ဒီတစ်သက် ၊
ထွက်
ထွက်တော်မူဒီနန်းမှ
နောက်တော်ပါးက မပါသော်လည်း
အားခဲလို့ ရှေ့ ကိုတိုး
အဆိုးတွေက လိုက်လျက်သာ ၊
ခွာ
ခွာခဲ့ရ ကိုယ့်စခန်းမြေ
လွမ်းနေသူူများ ရှိလေမလား
စဉ်းစားဖို့ အခါမသင့်
လာလင့်ချိန်ရယ် ဘယ်မတူူူ ၊
သူ
သူ ဆိုတဲ့ နာမ်စားတစ်ခု
ပြု သွားသမျှ အရာတွေမှာ
အမှန်ဆိုတာ နည်းပါး
လွဲမှားစွာဖြင့် သွားနှင့်ပြီ ။
6 comments
ခင်ဇော်
December 1, 2014 at 2:48 pm
နှုတ်ဆက်ချင်နေချိန် ဖတ်မိတဲ့ ပို့(စ) မို့ နှုတ်ဆက်ကံ ပါပြီလား တွေးမိ
:h:
အလင်းဆက်@မောင်သူရ
December 1, 2014 at 2:56 pm
ကဗျာ ရေးဟန်လေးကို တအား သဘောကျသွားတယ်ဗျာ။
အလွမ်းထူတဲ့ကောင်မို့
နှုတ်ဆက် လမ်းခွဲတဲ့အကြောင်းး
ကဗျာတွေ စာတွေများ မိမိရင်
သည်းသည်းမဲမဲ နင့်သီး ခံစားမိတတ်တယ်
တောင်ပေါ်သား
December 1, 2014 at 3:08 pm
ကေဇက်ရေ
ကျု ပ်လည်း ငိုချင်နေပါပြီ ၊
အလက်ဆင်းရေ
အလွမ်းဆိုတာ တကယ်တော့ ခံရချက် မသက်သာဘူးနော် ၊
မြစပဲရိုး
December 2, 2014 at 1:14 am
လွမ်းနေလား။
ဟင်းသာပြေးချက်ပလိုက်။
lol:-))))
တောင်ပေါ်သား
December 2, 2014 at 3:27 pm
အရီးရေ
ဟင်းချက်မယ့်ကိစ္စတွေ သမီးငယ်ကို လွဲထားပြီးကြောင်း ၊
လောလောဆယ် အလုပ် နဲ့ ကိုးရီးယားကားတွေထဲ စိတ်နှစ်ထားပါကြောင်း ၊ 🙂
ခင် ခ
December 2, 2014 at 9:39 pm
နှုတ်ဆက်သူက ဆက်လေတော့
ထွက်ခွါသူက သွားလေမပေါ့
အနားမနေ ချင်ကြတော့ပါဘူး
တစ်အားပင် ချစ်ခဲ့ကြတာတွေဖြင့်
သွားလေပြီ တစ်ခန်းရပ်လေတော့
အလွမ်းဇာတ်နဲ့သိမ်း။