ဦးထင်လင်းဦးကို အာမခံ မပေးဘဲ အချုပ်ချ လိုက်ပြီဗျို့။ မြန်တျန့်ပြည်ဂျီး စစ်ဖိနပ်အောက်ကနေ ဘာသာရေး အမှောင်ခေတ် ရောက်တော့မြည်လော..။ ဘာသာရေး အလွဲသုံးစား ဖိနှိပ်မှုတွေဟာ စစ်အာဏာရှင်စနစ်ဆိုးနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အလွန်မှ အကျည်းတန် အရုပ်ဆိုးတဲ့ လူနေမှုစနစ် ဖြစ်လာတာပေါ့။ ဘုန်းကြီးတွေကို စစ်တပ်က ရိုက်နှက်စော်ကား ထောင်ချ သတ်ဖြတ်တာကြတော့ မဘသကိုယ်တော်များ နှာစေးနေပြီး အာဏာလက်မဲ့ အန်အယ်လ်ဒီကြမှ လက်ခမောင်းတဖြောင်းဖြောင်းခတ်တာတော့ သာသနာ ဘယ်သူဖျက်သလဲ သိသာလွန်းပါတယ်။

တချိန်က တောင်ကိုရီးယားမှာ ဗုဒ္ဓဘာသာ အများစုဖြစ်ပေမဲ့ ဗုဒ္ဓဘာသာဘုန်းကြီးတွေ ဂိုဏ်းတွေကွဲကြ၊ အချင်းချင်း ရန်တွေဖြစ်ကြ၊ လူထုလိုအပ်ချက်ကို မျက်ကွယ်ပြုလွန်းတော့ တဖက်မှာ ခရစ်ယာန်လူစွမ်းကောင်း ပေါ်လာတဲ့အချိန်မှာ ဗုဒ္ဓဘာသာ ပြုတ်ပြုတ်ပြုန်းတာပဲ။ ခရစ်ယာန်ဘာသာပြောင်းသွားတဲ့ ယူအက်စ်ရောက် ကိုရီးယားများရဲ့ ထောက်ပံ့အားပေးမှုကြောင့်လဲ ပါတာပေါ့။ အကြောင်းခံ ပြန်စစ်လျင်တော့ ကိုယ်ခံအား ညံ့လို့၊ အပြောနဲ့အလုပ် မညီညွတ်လို့ လုံးပါးပါးတဲ့ သဘောပဲ။

ဘာသာရေး အယူပြင်းတာ ဥရောပမှာ အလယ်ခေတ်တုံးက ဖြစ်ဖူးတယ်။ စုန်းဆိုပြီး လူအတော်များများ မီးရှို့အသစ်ခံရတယ်။ အဲဒီအထဲ ဂေါ့ဒ်မယုံသူ၊ ခရစ်ယာန်ဘုရားကျောင်းတော်နဲ့ မတည့်သူများစွာ ထိုးအချခံရမှာပေါ့။ ခုဖြစ်နေတာနဲ့ ယှဉ်ကြည့်ဖို့ပါ။ ကိုယ့်ကိုယ်ကို မယုံတော့၊ ယုံကြည်အောင်လဲ မကျင့်ကြံနိုင်လေတော့ ဆူလွယ်နပ်လွယ် သူများကိုဆော်။ လူ့သမိုင်းမှာ ဒီလိုနဲ့ပဲ စစ်ပွဲတွေဖြစ်၊ နိုင်သူက သမိုင်းရေး၊ ရှုံးသူက မချိတင်ကဲ။ ဘုရားက ဘယ်လိုကယ်.. ကိုယ်က ဘယ်လို နတ်ပြည်တက် မလဲတော့ မသိ။

မြန်တျန့်ပြည်မှာ ပါးစပ်ကဖျားဖျား လက်ကဓါးဓါး ကိုယ်တော်တွေ၊ အုပက်သကာတွေ များလာတော့ တဖက်က အရှိန်ပြင်းပြင်းနဲ့ ဝင်စောင့်လိုက်ရင် ပြိုလဲသွားမည်ထင်ရဲ့။ လွန်ခဲ့တဲ့ သုံးလေးနှစ်လောက်က မန္တလေးတိုင်း နယ်မြို့တခုမှာ ရွာလုံးကျွတ် ဘာသာပြောင်းသွားလို့ ဒံပေါက်ဦးအောင်တောင်းနဲ့ ဝီဝီတို့ ပြန်လိုက်ဆည်ယူရကြောင်း သတင်းဖတ်ရဖူးတယ်။ ဆင်းရဲလို့ပါတဲ့ အဓိက အကြောင်းခံက..။ စဉ်းစားကြည့်လျင် နယ်ဆိုတာ အစဉ်အလာ ဘာသာရေး ကိုင်းရှိုင်းတယ်၊ လောဘနဲတယ်၊ ဘုရားကျောင်းကန် နီးစပ်တယ်။ ခုတော့ အဲလို ဟုတ်ပုံ မရတော့ဘူး…။ ယုံကြည်ကိုးကွယ်မှု တခု ပြောင်းဖို့ စွန့်ဖို့ဆိုတာ အတော်မလွယ်တဲ့ ကိစ္စ.. ဘာလို့ ပြောင်းသလဲ။ ကိုယ့်ဖက်က တာမလုံတဲ့အခါ၊ တဖက်က ပိုစွမ်းနေတဲ့အခါ ပြောင်းသွားကြ.. လက်ရှိ အစွဲကနေ နောက်အစွဲတခုကို ကပ်လိုက်ကြတာများတယ်။

ဘယ်သူ့ကို အပြစ်တင်သင့်သလဲ… ဘာသာရေးဆိုတာ့ ဘုန်းကြီးတွေပဲ အပြစ်တင်ရမည်။ ကိုယ့်ရေအိုင်လေး အဟုတ်ထင် သာယာနေတော့ ငြိမ်သက်နေစဉ်တော့ ဟုတ်သလို ရှိပါရဲ့.. တခုခုနဲ့ ထိရိုက်မှုလဲဖြစ်ရော ဇာတိသရုပ်သကန် ပေါ်လာတာပဲ။ ဟေ့… ကိုယ့်လာထိလို့ ပြန်ချတာ.. တရားတယ် မှန်တယ်ဆို လောကီလူသားတွေနဲ့ အတူတူပဲပေါ့။ ဘာလို့ သက္ကန်းအရည်ခြုံပြီး အပူဇော် ခံနေမှာလဲ။ ပွင့်ပွင့်လင်းလင်း ဂိုဏ်းထောင်ကြပါလား။ အဲလိုကြတော့လည် သတ္တိမရှိ။ ဘုရားအရိပ်ခိုပြီး သာသနာကို ဖျက်တာ ဒင်းရို့မှ အစစ်။ ငြိမ်သက်နေစဉ်မှာ ဗုဒ္ဓဘာသာ အခြေခံ အသိအမြင် အတွေးအခေါ်တွေ မတည်ဆောက်ဘဲ ရှေးလူများ ထားခဲ့တဲ့အထုပ်ဖြည် စားနေကြတော့ တဖြည်းဖြည်းနဲ့ ကုန်တော့မည်။ ကုန်ခါနီးတော့ ထုံးစံအတိုင်း ဟိုလူ့မဲ ဒီလူဆဲ ဖြစ်ကုန်ပြီ မဟုတ်လား။

အတုနဲ့အစစ် မကွဲဗျားဂျသူများ

အတုနဲ့အစစ် မကွဲဗျားဂျသူများ

ဗုဒ္ဓဘာသာ ဘာလဲ လိုက်မေးကြည့်.. စာထဲကဟာတွေ ပြောမယ်၊ ကြားဖူးနားဝတွေ ပြောမယ်။ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်မလာ။ ဂျပန်နိုင်ငံလဲ ကိုရီးယားလိုပဲ အနောက်နိုင်ငံတွေရဲ့ အုပ်ချုပ်မှု လွှမ်းမိုးမှု ရတာပဲ ဒါပေမဲ့ ဘာသာတရား အားမနည်းသွားဘူး။ ဘာပြုလို့လဲ.. ဘာသတရားမှတဆင့် ကိုယ်ပိုင်ယုံကြည်မှု အသိညဏ် မွေးထုတ်နိုင်လို့။ လောကီဖြစ်သွားတော့ မူလတရားနဲ့ ထပ်တူကျခြင်မှကျမည် သို့သော် ကိုယ်ပိုင်ယဉ်ကျေးမှုစနစ် ထူထောင်နိုင်လို့ နားဝေတိမ်တောင် ဖြစ်စရာမရှိ။ ကိုယ့်ထက်သာလို့ သူများနောက် ပါသွားစရာမရှိ။ ကိုယ့်အားကိုယ်ကိုး အရှိတရား လက်ခံနိင်တယ်။ မြန်တျန့်ပြည် ဗုဒ္ဓဘာသာ အဲလိုဖြစ်ရဲ့လား။ ပြောတာတော့ နှစ်ပေါင်းတထောင်ကျော်ပြီ ဘာဖြစ်တယ် ညာဖြစ်တယ်.. သူများဖြစ်တာ ကိုယ်ကပဲ ဖြစ်သလိုလို။ အဆိုးဆုံးက ဘာသာတရားမှတဆင့် ကိုယ်ပိုင်စနစ် ယဉ်ကျေးမှု မထူထောင်နိုင်တာ။

ဘယ်လိုယဉ်ကျေးမှု ထုံးစံလဲ။ ရှင်းပါတယ် လက်တွေ့ဘဝနဲ့ ဆီလျော်တဲ့ အလေ့အကျင့်တွေ။ ပြောပြီးသားနော် လောကီဖြစ်သွားလို့ အမှန်သစ္စာ မထို်က်တော့ဘူး … သို့ပေမည့် ဓမ္မကနေ ပေါက်ဖွားလာလို့ မြင့်မြတ်တယ် စင်ကြယ်တယ်.. အဲ ချမ်းသာမချမ်းသာ ကြီးပွားမကြီးပွားကတော့ ကံနဲ့လည်း ဆိုင်သေးသဗျ။ ပြောချဉ်ဒါ ဂျပန်တွေလို ရိုးသားကြိုးစား စေ့စပ်သေချာ.. အနောက်တိုင်းသားတွေလို လွတ်လပ်မှုကိုမြတ်နိုး တီထွင်ဆန်းသစ်မှုကို အားပေး.. တရုတ်တွေလို စီးပွားရေးအမြင်ရှိ။ အဲဒါတွေက မူလဘာသာတရားကနေ ဆင်းသက်လာတာ.. ဆင့်ပွားယူတာ။ ခုတော့ဗျာ ကိုယ့်လောက်စစ်တဲ့ ဗုဒ္ဓဘာသာ မရှိတော့ဘူး.. လက်တွေ့တော့ အခွံပဲကျန်တာများတယ်။ တယောက်တပေါက်နဲ့ စုစည်းမှုလည်းမရှိ.. ရှေ့ကလုပ် နောက်ကဖျက်..။ ဘာလို့လည်း ကိုယ်ပိုင် အတွေးအခေါ် မရှိလို့ပါ။ အခြေခံကောင်း ရှိပါလျက် ဆင့်ပွားမယူတတ်လေတော့ အိယောင်ဝါး အဆင့်မှာတင် ကျန်ခဲ့ကြပြီ မဟုတ်လား။

ကိုယ်တိုင် မစဉ်းစားတတ်တော့ သူများပြောသမျှယုံ၊ ကိုယ့်မခံရတိုင်း မျက်နှာလွဲခဲပစ်လုပ်။ ရေရှည်အကျိုးစီးပွားကို နားမလည်။ ဓမ္မနဲ့ အဓမ္မ မကွဲပြား..။ မွတ်ကိုမုန်းရင်းနဲ့ ကိုယ့်ပါ သူများက အစွန်းရောက်မွတ်နဲ့တူတူပဲလို့ မြင်လာဂျတာ မသိ။ နိုင်ငံခြားသားက စားကောင်းအောင် ယဉ်ကျေးလိုက်တာ သာယာလိုက်တာ ပြောရင် အဟုတ်မှတ်။ ကိုယ့်ခြင်းကိုယ့်ခြင်းကိုလိမ်.. လိမ်လို့မရလျင် မုန်းတီးစော်ကား.. ပြီးတော့ အော်ကြ ဗုဒ္ဓသာသနာ စိရံတိဌတု…။

 

 

About ဦးကြောင်ကြီး

အောင်ကြူး has written 649 post in this Website..

ပန်းတပွင့် လှမ်းအစွင့် နမ်းအလင့်မှာ........... ဟတ်ချိုး ဟတ်ချိုး