ပီပီသသ – ဗမာ
———————————————————————————————–
လမ်းမပီသတဲ့ လမ်းတွေပေါ်…
ခြေထောက်မပီသတဲ့ ခြေထောက်တွေနဲ့…
လျှောက်ခြင်း မပီမသ လျှောက်ကြရ…

ငွေကြေးမပီသတဲ့ငွေကြေးဥစ္စာတွေနဲ့
အာဟာရမပီသတဲ့ အစားအစာတွေကို ဝယ်ယူစားသုံးကြပြီး…
လူ မပီမသ အချိန်မကျဘဲ အိုမင်းရင့်ရော်ကြရ…

စကားမပီသတဲ့ စကားတွေကို …
ဦးနှောက် မပီသတော့တဲ့ ဦးနှောက်တွေနဲ့…
မပီမသ စဉ်းစားဆင်ခြင်ရုံမျှ…
ဝိုးဝါးဝူးဝါးပြောဆိုကြရ…

ဒီလိုနဲ့ပဲ…
စာအုပ်မပီသတဲ့ စာအုပ်တွေဖတ်…
ရုပ်ရှင်မပီသတဲ့ ရုပ်ရှင်တွေကြည့်…
သီချင်းမပီသတဲ့ သီချင်းတွေနဲ့…
သတင်းမပီသတဲ့ သတင်းတွေကို နားထောင်…
အတွေးအခေါ်မပီသတဲ့ အတွေးအခေါ်တွေ တွေး…
လုပ်ရပ်မပီသတဲ့ လုပ်ရပ်တွေ လုပ်ပြီး…
အသက်ရှုခြင်းကတောင် မပီမသနဲ့…

ပြက္ခဒိန်တွေသာ တရွက်ပြီးတရွက် လွင့်ပျံလန်ထွက်သွား…
မပီသခြင်းတွေကတော့…မပီသခြင်း ပီသနေဆဲပေါ…

ကြားလိုက်ရသလား…
အပေါ်မှာ မြင်လိုက်ရသမျှ စကားလုံးတွေက…
ဗမာပီသနေတဲ့ ဗမာတယောက်ရဲ့…
နာကျင်ခံခက် သက်ပြင်း ရှိုက်သံ တချက်မျှပါပဲ…
ပီပီသသတော့ ကြားစေချင်တယ်…
———————————————————————
မောင်သူရ
ဇန္နဝါရီလ၊ ၂၁ ရက်၊၂၀၁၅

aa

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

alinsett

About alinsett

alinsett has written 615 post in this Website..

. . .