Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဝေါဟာရကြွယ်လိုသော် (၈) – မျိုးကျော်မြင့်

kaiMarch 18, 20152min91214

အင်္ဂလိပ်စကားကို လှလှပပ ထိထိမိမိ ရေးတတ် ပြောတတ်လိုလျှင် Phrasal verbs လေးများ တတ်ကျွမ်းထားဖို့ လိုကြောင်း တင်ပြခဲ့ဖူးပါသည်။ ယခု ထို Phrasal verbs လေးများ Look out, Look up to, and get off စသည်တို့ဖြင့် ဆက်နွယ်နေသည့် idioms လေးများအကြောင်း တင်ပြလိုပါသည်။
idioms လေးတွေဟာ အမြင်မှာ လွယ်သလောက် တကယ့်ကို နားလည်ဖို့ ၊ သုံးတတ်ဖို့ ခက်ခဲပါတယ်။ တိမ်မယောင်နဲ့ တကယ့်ကို နက်နဲပါတယ်။
Idioms လေးတွေရဲ့ Literal meaning နဲ့ Idiomatic meaning တို့ကို ကွဲပြားခြားနားစွာ မသိသူများကို ဒုက္ခလှလှ ပေးတတ်ပါတယ်။
Japan မှာ စာသွားသင်ပြီး U.S. ပြန်ရောက်လာတဲ့ သူငယ်ချင်း American ဆရာမတဦး ပြောပြသလိုပေါ့ ။ Japan ကျောင်းသူကျောင်းသားလေးတွေနဲ့ အနားယူချိန်မှာ စကားလက်ဆုံကြနေရင်းနဲ့ သူငယ်ချင်းက Are you pulling my legs ? လို့ ပြောလိုက်တဲ့အခါ ကျောင်းသားကျောင်းသူတွေအားလုံးက ပျာပျာသလဲ No, no . We are not even touching you. လို့ ဝိုင်းအော်ကြတယ်။
တကယ်တော့ ”you are pulling my legs.” ဆိုတာ မြန်မာလို နောက်ပြောင်နေတာလား ဆိုတဲ့ Idiom လေးပေါ့နော်။ ဒါကို သူ့ရဲ့ Literal mening နဲ့ ခြေထောက်ကို ဆွဲနေတာလား လို့ သွားပြီး အဓိပ္ပာယ်ကောက်လိုက်တော့ အကုန်ရှုပ်ထွေသွားတာပေါ့။
အသုံးများတဲ့ Idiom လေးတွေကို လေ့လာကြည့်ရအောင် ။ မှတ်ရလွယ်အောင် ဦးစွာပထမ ပန်းသီးလေးကို လေ့လာကြစို့ ။ မိသားစုထဲမှာ ကလေးတယောက်ကို ”The apple of my eye ” လို့ ဆိုခဲ့ရင် ”သားသမီးတွေ အားလုံးထဲမှာ ဒီကလေးကို အချစ်ဆုံးပဲ” လို့ ဆိုလိုတာပေါ့။
Valentine တုန်းက ဒီ Idiom လေးသာ သိခဲ့ရင် ပိုက်ဆံအကုန်ခံပြီး ပန်းတွေ၊ချောကလက်တွေ ဝယ်နေစရာ မလိုဘူးပေါ့နော်။ ကိုယ့်ချစ်သူကို ”Your are the apple of my eye ” ဆိုရင် ကိစ္စပြတ်သွားပြီနော်။
အကယ်၍ ပန်းသီးကို မေ့သွားခဲ့ရင် Peach ကို သတိရလိုက်ပါ။ ပန်းသီးလိုပဲ လှပတဲ့ အဓိပ္ပာယ်လေး ရှိပါတယ်။ ကိုယ့်ရဲ့ အထက်လူကြီးကို
”He’s a peach” လို့ ဆိုရင် ကိုယ့်ရဲ့ အထက်လူကြီးဟာ အရမ်းသဘောကောင်းတယ်လို့ အဓိပ္ပာယ် ထွက်နေပါတယ်။ သူ့ရဲ့ ရှေ့တည့်တည့်မှာတော့ မပြောမိစေဖို့ သတိထားပါ။
အဲ ပန်းသီးတို့ Peach တို့က အဓိပ္ပာယ်လေးတွေ လှပနေတော့ ငှက်ပျောသီးလည်း ဟန်မှာပဲလို့တော့ မထင်လိုက်ကြပါနဲ့။ အလုပ်မှာ လုပ်ဖော်ကိုင်ဖက်တယောက်က ”I am so busy, I think I’m going bananas” လို့ ဆိုရင်တော့ 911 ခေါ်ဖို့သာ ပြင်ထားပေတော့။ အလုပ်များလွန်းလို့ ရူးချင်နေပြီလို့ ပြောတာကိုး။
အသီးအနှံထဲမှာ အဆိုးဆုံးကတော့ Lemon ပေါ့ ။ မိတ်ဆွေတယောက် အသုံးလိုလို့ used car တစီးသွားဝယ်မယ်ဆိုရင် ”Don’t buy a lemon.” လို့ သတိပေးလိုက်ပါ။
ဒီနေရာမှာ Lemon ဆိုတာ မကြာခဏ ပျက်တတ်တဲ့ ၊ ဒုက္ခအရမ်းကို ပေးတတ်တဲ့ကား၊ မော်တော်ဆိုင်ကယ်၊ စက်ကိရိယာ ပစ္စည်းတခုခုကို ဆိုလိုပါတယ်။ ဒီ Lemon ဆိုတဲ့ Idiom လေးဟာ လူသုံးများလွန်းလို့ ဒီလိုစက်ကိရိယာ အစုတ်အဟောင်းတွေကို လိမ်ညာရောင်းတတ်သူများကို တရားစွဲလို့ ရအောင် ထုတ်ပြန်ထားတဲ့ ဥပဒေ ”Lemon Law”တောင် ရှိနေပါတယ်။ Google မှာ Lemon Law လို့ ရှာကြည့်လိုက်ပါ။ တွေ့မှာ သေချာပါတယ်။
U.S. မှာ အလုပ်များလွန်းလို့ တချို့က ”I’m as busy as a bee.” လို့တောင် ညည်းတတ်ကြပေမဲ့ ဒို့မြန်မာအများစုကတော့ အလုပ်မှာ နာမည်ကောင်းရကြတယ်။ အချိန်ပိုဆင်းဆိုရင်လည်း ဆင်းလိုက်တာပဲ။ စနေနေ့ လာပါဆိုလည်း သွားလိုက်တာပဲ။ ဒီတော့ လုပ်ငန်းခွင်မှာ ရာထူးတိုးစရာရှိရင် တိုးကြတာ မဆန်းပါဘူး ။
ဆန်းတာက တချို့ လုပ်ဖော်ကိုင်ဖက်တွေက အချိန်ပိုဆိုလည်း မဆင်းချင်ဘူး ။
အလုပ်ခွင်ကိုလည်း မှန်မှန်မလာဘူး။ နာရီဝက်နောက်ကျရတာနဲ့၊ တနာရီ နောက်ကျရတာနဲ့။ ရှုပ်နေတာပဲ။ ဒါပေမယ့် ရာထူးတိုးတယ်၊ လစာတိုးတယ် ဆိုရင် မနာလိုတော့ဘူး ။ ခြေရာ တိုင်းချင်လာတယ်။ အလုပ်သမားချင်းအတူတူ မင်းက ဘာလဲ ညာလဲဆိုပြီး ယှဉ်လာတတ်တယ်။
ဒီအခါမျိုးမှာ ပန်းသီးနှင့် လိမ်မော်သီးကိုလည်း သတိရလိုက်ပါ။ ”Don’t compare apples and oranges. ” လို့ သာ ပြောထည့်လိုက်ပါ။ မဆီရေးချ မဆိုင်တဲ့ကိစ္စတွေကို လာပြီး နှိုင်းမနေကြနဲ့လို့ ပြောတဲ့ သဘောပါ။
ဒို့မြန်မာတွေက ကိုယ့်နိုင်ငံမှာ အခက်အခဲများစွာ ကြုံတွေ့ဖူးထားတော့ ”Life is not a bed of roses.” ဆိုတာကို ကောင်းကောင်း နားလည်ကြတယ်။
ဘဝဆိုတာ လွယ်လွယ်ကူကူနဲ့ သက်သက်သာသာနေလို့ ရတာမှ မဟုတ်တာ။ တချိန်လုံး ကြိုးစားနိုင်မှ၊ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့ဖူးသလို ရုန်းနိုင်မှ တော်ရုံကြမယ် မဟုတ်လား ။ ဒီတော့ ခုနကလို မိမိကို မနာလိုဝန်တိုနေသူများရှိရင် ဒဲ့တိုးသာ ပြောထည့်လိုက်ပါ။
”Life is not a bed of roses, If you want a raise like me, you better work hard like me.”
ဟုတ်တယ်လေ။ ဘာဖြစ်လို့ ”Beat around the bush” လုပ်နေရမှာလဲ။ လှည့်ပတ် သွယ်ဝိုက်ပြီး ပြောစရာမလိုပါ။

” I’m not going to beat around the bush. I’m going to tell it like it is.” လို့ ဆိုပြီး ခပ်ဘွင်းဘွင်း ခပ်ရှင်းရှင်းသာ ပြောထည့်လိုက်ပါ။ အာကျယ်နေတဲ့ Big Mouth တွေ၊ ဟောင်ဖွာဟောင်ဖွာ လုပ်နေသူတွေ ငြိမ်ကျသွားပါလိမ့်မယ်။
တော်တော်ကြာ Big mouth အာကျယ်အာကျယ်နဲ့ အကျိုးမဲ့စကားတွေ ပြောနေသူများ as quiet as a mouse ဆိုသလို အသံလုံးဝ မကြားရလောက်အောင် ငြိမ်ကျသွားပါလိမ့်မယ်။
ရုံးမှာဖြစ်ဖြစ်၊ အိမ်မှာဖြစ်ဖြစ် အေးအေးဆေးဆေး ငြိမ်ငြိမ်သက်သက်နေချင်ရင် ”Please be as quiet as a mouse.” လို့သာ ပြောပါ။ တကယ်ကို တိတ်ဆိတ်ငြိမ်သက်မှုကို ရပါလိမ့်မယ်။
အင်္ဂလိပ်စာကို ကောင်းကောင်းရေးတတ်ပြောတတ်ချင်ရင်တော့ Bookworm ဖြစ်အောင် ကြိုးစားကြပါလို့ တိုက်တွန်းပါရစေ။ Bookworm ဆိုလို့ ဘယ့်နှယ့် လူစင်စစ်က ကြမ်းပိုးဖြစ်ရမှာလားလို့ မထင်လိုက်ပါနဲ့။ စာအုပ်စာပေ လူ့မိတ်ဆွေ ဆိုသလို စာတွေအများကြီး ဖတ်သူကို ဆိုလိုတာပါ။ ခေတ်မီသူတွေဆိုတော့ စာအုပ်မဖတ်ချင်ရင်တောင် Kindle တို့ Internet တို့ သုံးပြီး ဖတ်ကြ၊ လေ့လာကြပါလို့ တိုက်တွန်းပါရစေ။
တိရစာ္ဆန်လေးတွေဟာ ချစ်မြတ်နိုးစရာ ကောင်းပါတယ်။ ဒါပေမဲ့ ကိုယ့်ကို တိရစာ္ဆန်နဲ့ နှိုင်းလာရင်တော့ ဘယ်သူမှ ကြိုက်ကြမှာ မဟုတ်ပါ။
”Are you a copycat ? ” ဆိုရင်တော့ ဘယ်သူမှ ကြိုက်မှာ မဟုတ်ပါ။ သူများနောက်လိုက်၊ သူများလုပ်တာ လိုက်လုပ်နေတဲ့သူဆိုတော့ ဘယ်ကောင်းမှာလဲ။
ဒီထက်ပိုဆိုးတာက Pigheaded ။ အရမ်းခေါင်းမာတဲ့သူ၊ အကြံကောင်း ပေးလို့မရတဲ့သူမျိုးကို သုံးတဲ့ ဝေါဟာရလေးပါ။ ဒီတော့
”Don’t be Pigheaded.” လို့ပဲ ပြောရတော့မှာပါ။
သိပ်ခေါင်းမာလွန်းရင် ဖြစ်တတ်တယ်ဆိုတာ သတိပြုကြပါ။ ဘာဆိုဘာမှ မမြင်ရတဲ့ လင်းနို့လေးလို အန​ ္တရာယ်မမြင်၊ အမှန်ကို မမြင်ဘဲ လုပ်တတ်ကိုင်တတ်သူများကိုလည်း ကောင်း၊ မျက်စေ့ကောင်းကောင်း မမြင်သူများကိုလည်းကောင်း သုံးတတ်ပါတယ်။ ဥပမာ –
”I don’t know where my glasses are. Without them. I am as blind as a bat.” ရှင်းပါတယ်နော်။ မျက်မှန် မတပ်ထားလို့ ဘာဆိုဘာမှ မမြင်ဘူးတဲ့။
စာရေးသူရဲ့ မျက်မှန်လည်း ဘယ်မှာထားမိမှန်းမသိတော့ ဒီနေရာမှာပဲ နားကြပါဦးစို့။

မှတ်ချက်။ ။ မြန်မာ့ဂဇက် ဧပြီလ ၂၀၁၅ ထုတ်တွင်ဖေါ်ပြပြီးဖြစ်သည်။

14 comments

  • ခင်ဇော်

    March 18, 2015 at 5:12 pm

    အသီးးးတွေ ကို မှတ်သွားးပါကြောင်းးးး
    :kwi:

  • Alinsett@Maung Thura

    March 18, 2015 at 5:18 pm

    စာအုပ် ဘယ်တော့ ထုတ်မလဲ….လို့…. ဆိုင်တွေရောက်ရင် … ရှာကြည့် မေးကြည့်မိ…

  • Ma Ma

    March 18, 2015 at 5:25 pm

    ဂွတ်တယ်။
    ကိုယ်သာဆိုလည်း ခြေထောက်ကို မဆွဲမိပါဘူးလို့ပဲ ပြောမိမှာ။ :k:

  • black chaw

    March 18, 2015 at 5:52 pm

    ဖတ်ရှု မှတ်သား သွားပါတယ် ခင်ဗျာ…။

  • naywoon ni

    March 18, 2015 at 5:56 pm

    ဖတ်​သွားရုံသာ လက်​ရှိအ​ခြေအ​နေအရ ကိုယ်​့ကလည်​း သွား​ပြောစရာ လူမရှိ ကိုယ်​့ကိုလည်​း အီး လို လာ​ပြောမဲ့သူမရှိ 🙂 ပညာ​ရေး စနစ်​က လွှတ်​​ကောင်​း​တော့ ဆယ်​့​လေးငါး​ခြောက်​နှစ်​ အင်္ဂလိပ်​စာ သင်​ထား​ပေမဲ့ အက်​​ဆေး​လေး တစ်​ပုဒ်​​ရေးစမ်​းပါဆို ဟိုဟာ လှည်​းနင်​း ဖြစ်​​နေပြီလို့ “ဆရာထင်​လင်​းဦး ” စာ​ပေ​ဟော​ပြောပွဲမှာ​ပြောသွားသလို …………..

    • kai

      March 18, 2015 at 6:05 pm

      အင်္ဂလိပ်စာဖတ်.. လေ့လာ…။
      ရွာကကလေးတွေပြန်သင်ပေးလိုက်လေ..။
      ကိုယ်လည်းအကျင့်ရ.. သူတို့လည်းတတ်…။ :k:

      • naywoon ni

        March 19, 2015 at 1:46 am

        ခု​ခေတ်​ က​လေး​တွေက ပိုက်​ဆံ ​တစ်​ ​သောင်​းနဲ့ ချီ​တောင်​းတဲ့ ကျူရှင်​ဆရာကိုဆီကမှ ပညာမှတိတာ သူကြီး​ရေ မလွယ်​ဘူး မလွယ်​ဘူး 🙂

        • kai

          March 19, 2015 at 2:51 am

          နည်းနည်းလှမ်းတဲ့ရွာတွေမှာ.. တီဗီကြည့်ကြသလား..
          ဆဲလ်ဖုံး.. အင်တာနက်.. ရသလား..။ သုံးကြသလား..။
          နေ့လည်နေ့ခင်း..ညပိုင်းဘာလုပ်နေကြသလဲ..
          ရာခိုင်နှုန်းအားဖြင့်.. ရွာသူား၁၀ဝ မှာ.. ဘယ်လောက်ကလုပ်လေ့ရှိသလဲ… စသဖြင့်သိချင်သား..။

  • manawphyulay

    March 19, 2015 at 12:33 pm

    လောလောဆယ် သူများ ပြန်သင်ပေးဖို့ နေနေသာသာ ကိုယ်တိုင် တတ်အောင် မနည်းကြိုးစားနေရတယ်။
    ဖတ်မှတ် လေ့လာသွားပါဂျောင်း…

  • padonmar

    March 19, 2015 at 9:29 pm

    Idioms တွေ စိတ်ဝင်စားလို့ လိုက်မှတ်ပါတယ်။ဖတ်လိုက်ရင်တော့ ဘာဆိုလိုမှန်းသိတယ်။
    ပြန်သုံးဖို့ကျတော့ ဗြုန်းကနဲ ခေါင်းထဲမရောက်ဖူး။

  • naywoon ni

    March 19, 2015 at 10:15 pm

    သူကြီးသိချင်​တာ​တွေက အများသား စာရင်​းဇယား ချပြရရင်​​တော့ အများစိတ်​ဝင်​စားမည်​မထင်​ ။ အားလုံးလည်​းစိတ်​ဝင်​စား​အောင်​ သူကြီးသိချင်​တာ​တွေလည်​း ပြည်​့စုံ​အောင်​ တင်​ပြနိုင်​ဖို့ ကျိုးစားကြည်​့ပါအုံးမယ်​ ။

  • Ko chogyi

    March 20, 2015 at 9:37 am

    လူ ၁၀ဝ ကိုလေ့လာကြည့်တာ
    ၉၉ ယောက်လောက်က
    ဖုန်းကိုယ်စီနဲ့ အင်တာနက်သတင်းလေးကြည့်လိုက်
    FB လေးဝင်လိုက်
    Chatting လုပ်လိုက်
    Viber ပြော၊ ဖုန်းပြော
    Message ပို့နဲ့ အဆင်ပြေနေကြသဗျ
    ကျန်တဲ့တစ်ယောက် ဖုန်းမသုံးဘူးလားမေးကြည့်တော့
    ဖုန်းပြင်ထားလို့ စောင့်နေတာတဲ့
    အဲဒါတောင် အရှုံးပေါ်တယ်ဆိုတဲ့ ဆက်သွယ်ရေးဌာနကရှိသေး

  • ကူမားရ်

    March 20, 2015 at 2:01 pm

    တဂျီး
    ဗေတား အခု တမီးလေးဒေဂို အင်းဂလိ စကားပြော သင်ပေးနေဘာ ဒယ်
    အာ့ ပတ်တနာက uk ပြောတာနဲ့ us ပြောတာကွာနေတော့ သင်ရတာ ဂွကျနေပါဒယ်
    ဆိုဒေ့ါ ဗေတားအနေနဲ့ သူတို့ကို ယူကေ ရမား ယူ အက်စ် ရမား သို့တည်းမဟုတ် ခွရမား ဆိုဒါ အကြံပေးဇေလို ဘာဒယ်
    ချစ်သော ဗေတား

    • kai

      March 20, 2015 at 3:11 pm

      အဲဒီအင်္ဂလန်တွေက.. ကမ္ဘာတန်းလူကလည်းနည်း.. အာဏာပါဝါအနေနဲ့.. စူပါပါဝါလည်းမဟုတ်တာမို့.. အင်္ဂလိပ်က..အင်္ဂလန်စာတွေမသင်ပါနဲ့..။
      အမေရိကားက.. အမေရိကန်အင်္ဂလိပ်သာသင်..။
      ယူအက်စ်နောက်အနှစ်၅ဝအနည်းဆုံး ကမ္ဘာ့ထိပ်တန်းမှာရှိနေဦးမှာဖြစ်ကြောင်း…။
      အီးယူမှာတော့.. ဂျာမဏီက.. ဂျာမန်စကားထိပ်တန်းဖြစ်မယ်ဖြစ်ကြောင်း.။

Leave a Reply