( စောလုံရယ် )

ဟောဒီသင်္ကြန် ရောက်လာပြန်တော့

မေ့လျော့မရ ရင်မှမှန်းဆ

လွမ်းရဖြစ်အင် ဇာတ်လမ်းစဉ်

မှတ်တမ်းဝင်စွာ ရင်နာစေမဆုံး

အပြုံးကွယ်စေ့ သီဟပတေ့ရဲ့

ချစ်လှတဲ့စောလုံ ချစ်ဇောအဟုန်ကြောင့်

မောင့်နှမငယ်စောလုံရယ်

များလှမိဖုရား အဲဒီကြားမှ

ဘုရင့်နှလုံးသား ဆွဲထားကိုင်လှုပ်

နှုတ်မှမချတမ်း အချစ်စမ်းမိ

လောင်းသည့်သင်္ကြန်ရေ ရွှဲပါစေ

သို့လေသော်လည်း အရှက်တော်ကွဲရ

နာကျည်းလှသမို့  ဆက်ဖို့ပြင်ဆဲ

စားတော်ပွဲမှာ မကြံသာအဆိပ်

တိတ်တိတ်ထည့်မိ ပေါ်လေသည့်အခါ

ဘုရင့်အာဏာ စူးလှစွာပို

မီးဖိုထက်တွင် တံလျိုကျင်သတ်

တစ်ခွင်ရပ်ရွာ အံ့ပါလေမဆုံး

ဖြစ်လေတုန်းမှာ မဟာဘုရင်

သိတရားဝင်သည် မှားပြီဆိုလည်း

ရင်သာကွဲ၍  မမေ့တစ်သက်တာ

ဆိုပါသော်လည်း လွန်ကဲအမျက်

ထိုတစ်ချက်ကြုံ မောင့်စောလုံရယ်

ပြန်ဆုံဖို့တွေး သင်္ကြန်ရေလေးနဲ့

ကျီစားခဲ့ကြောင်း ပြန်ပြောင်းဗြောင်းဆန်

တောင်းပန်လိုလည်း နှောင်းပြီပဲမို့

ဆို့နင့်ရင်မှာ တမ်းတမကုန်

အိုဘယ့်စောလုံ မောင့်စောလုံ ။

4

 

15 comments

  • kai

    April 2, 2015 at 1:40 pm

    သင်္ကြန်သမိုင်းမှတ်တမ်းကျန်အောင်.. ရန်ကုန်တိုင်မ်းကနေကူးပါတယ်..။

    ရန်ကုန်တိုင်းမ် ဂျာနယ် အတွဲ (၁၀) အမှတ် (၁၅)
    သူသူထက်လွင် ရေးသားသည်။

    ရှေ့မြန်မာနှစ်သစ်ကူးသင်္ကြန်ပွဲတော်ကြီးတွင် အ ရှက်အကြောက် မာန်မာနကြီးသော မိဖုရား တစ်ဦး၏ သမိုင်းတင်ရသောအဖြစ်အပျက်များ
    ရှိခဲ့ပြီး ယင်းအဖြစ်အပျက်များမှာ ကာလကြာရှည်လာ သောအခါ ပုဂံခေတ် သမိုင်းပုံပြင်လေးတစ်ပုဒ်အဖြစ် ကျန်ရှိနေခဲ့ပါသည်။
    အဆိုပါပုံပြင်လေးသည် ပုဂံခေတ်တွင် ပေါ်ပေါက် လာခဲ့ကာ ရှေးအမျိုးသမီးတစ်ဦး၏ မာန်၊ သိက္ခာ၊ မာန တွေပေါ်လွင်စေသော ”အရှက်ကြီးသောမိဖုရားစောလုံ နှင့် ကျီစားသန်သောဘုရင်နရသီဟပတေ့” ပုဂံခေတ်သမိုင်း ပုံပြင်ကို လေ့လာဖော်ပြပေးမှာဖြစ်ပါသည်။

    ”မိဖုရားစောလုံအကြောင်းကတော့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဒဏ္ဍာရီပုံပြင်တစ်ပုဒ်လိုပါပဲ။ ပုဂံခေတ်၊ မှန်နန်းရာဇဝင်ထဲမှာ ရှိနိုင်ပါတယ်”ဟု ရှေးဟောင်းသုတေ သနပညာရှင် ဒေါက်တာပြည့်ဖြိုးကျော်က ပြောပြသည်။
    ရှေးမြန်မာတို့၏ဂုဏ်ယူစရာ ပုဂံပြည်တွင် နရသီဟ ပတေ့မင်းကြီး အုပ်စိုးစဉ်ကာလ၊ နရသီဟပတေ့မင်းတွင် ငယ်ရွယ်လှပပြီး မာန်မာနကြီးသော မိဖုရားငယ်တစ်ပါး ရှိသည်။ သူမနာမည်မှာ စောလုံဖြစ်ပြီး နရသီဟပတေ့မင်း ၏ချစ်ခင်မှုကို အများဆုံးရရှိထားသူတစ်ဦးလည်းဖြစ်သည်။
    ပုဂံပြည်တွင် နွေရာသီရောက်တိုင်း ရေသဘင်ပွဲတော်၊ ရေဖျန်းကစားလေ့ရှိပြီး နန်းတော်မှ မြစ်ဆိပ်အထိ လူမမြင် အောင် အမိုးအကာအပြည့်ကာရံပြီး မြစ်ဆိပ်မှာလည်း မင်းတဲဆောက်ကာ ရေကစားလေ့ရှိကြသည်။
    ရှင်ဘုရင်နှင့်အတူ မောင်းမမိဿံတွေ အစုံအလင်ဖြင့် ရေသဘင်ပွဲတော်ကို နှစ်တိုင်းကျင်းပလေ့ရှိကြရာ ရေ သဘင်ပွဲတော်ကျင်းပသောနေ့တစ်နေ့တွင် နရသီဟပတေ့ မင်းသည် သူချစ်ရသောမိဖုရားစောလုံအား သင်္ကြန်ပွဲတော် သို့ လာရောက်ရေကစားရန်ဖိတ်ခေါ်သည်။
    အစအနောက်သန်သော နရသီဟပတေ့မင်းသည် မိဖုရားစောလုံအား တစ်ကိုယ်လုံး ဦးခေါင်း၊ ဆံစတွေ ရွှဲစို အောင် မောင်းမမိဿံတစ်ယောက်ကို နှုတ်ထည့်(တိတ် တဆိတ်မှာကြား)၍ လောင်းရန် တိတ်တဆိတ်မိန့်ကြား ထားသည်။

    ”မိဖုရားစောလုံတစ်ယောက်တည်းကို တစ်ကိုယ်လုံး စိုရွှဲပြီး ယိမ်းယိုင်အောင် မောင်းမတစ်ယောက်ကို ဘုရင် က လောင်းခိုင်းလိုက်တယ်။ ဒါကြောင့်မို့ မိဖုရားကရှက်ပြီး ဘုရင်ကို အဆိပ်ခတ်ပြီးလုပ်ကြံတယ်လို့သိရပါတယ်”ဟု ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် ဝန်ထမ်းတစ်ဦးဖြစ်သူ ဒေါ်မော်မော်အေးကပြောပြသည်။
    မိဖုရားစောလုံမှာ မျက်စိ၊ မျက်နှာ၊ ဦးခေါင်းဆံစတွေ အားလုံး ရွှဲရွှဲစိုရုံသာမက ဝိုင်းဝန်းကျီစားပြီးပက်လိုက်တဲ့ ရေဒဏ်တွေကြောင့် ရေမွန်းပြီးလဲပြိုမတတ်ယိုင်ထိုးသွား ပါသည်။ မောင်းမမိဿံတွေအလယ်မှာ အဲဒီလိုယိုင်ထိုး သွားတဲ့အဖြစ်အပျက်ကို နရသီဟပတေ့ကမြင်ပြီး လှောင် ပြောင်ကာ တဟားဟားနဲ့ရယ်ဖွဲ့ဖွဲ့ရာ ဘုရင်ကစပြီးရယ် မောလှောင်ပြောင်တဲ့အတွက် နန်းတော်တစ်ခုလုံးရှိ မောင်း မမိဿံအားလုံးကလည်း မိဖုရားကို မလေးစားတော့ဘဲ ဝိုင်းဝန်းပြီး ရယ်မောတာကိုခံလိုက်ရသည်။
    ဣန္ဒြေသိက္ခာတရားနဲ့ တစ်သက်လုံးနေလာတဲ့ စော လုံမှာ ရှက်လည်းရှက်၊ ဒေါသလည်းထွက်သွားပြီး အခွင့် သာတဲ့တစ်နေ့မှာ လက်စားချေဖို့ တေးမှတ်ထားပါသည်။

    မင်းကြီးသည် မြတ်စွာဘုရား၏ဗျာဒိတ်အရ ဘီလူးမှ လူသားဖြစ်လာသူဖြစ်၍ အမျက်မာန်မာနကြီးသူတစ်ဦး ဖြစ်ပြီး စက်တော်ခေါ်ချိန်နိုးထလာစမှာ ဆုပ်ကိုင်မိတဲ့ အရာတွေနဲ့ မောင်းမတွေကို ပစ်ပေါက်လေ့ရှိပါသည်။ ဒါကြောင့်မို့ မိဖုရားကြီးဖွားစောက မောင်းမတွေသက်သာ အောင် လက်နက်တွေကိုဖွက်ထားပြီး လုမိ္ဗနီသီးထားပေး ထားရသည်။
    အဲဒီအသီးနဲ့ကောက်ပေါက်လိုက်တာ မောင်း မတစ်ဦး ခါးရောင်ရမ်းသွားတဲ့အတွက် ခရမ်းသီးလို့ခေါ် တွင်ခဲ့ကြောင်း မှန်နန်းရာဇဝင်တွင်ဖော်ပြထားသည်။
    မင်းကြီး၏ထူးခြားချက်မှာ ဗျာဒိတ်အရ ဆနဝုတိ ရောဂါမရှိသဖြင့် ချေခြင်းသမ်းခြင်းလုံးဝမရှိပေ။ နန်းတော် တွင် ချေသော သမ်းသောသူများကိုလည်း မကြိုက်သော ကြောင့် မချေ၊ မသမ်းရဘဲရှိရာ မိဖုရားကြီးဖွားစော၏နား ချမှုနဲ့ ချေခြင်း၊ သမ်းခြင်းသည် လူတိုင်းဖြစ်သောအရာဖြစ် ကြောင်း နရသီဟပတေ့မင်း သဘောပေါက် နောင်တရ ခဲ့သည်။
    နရသီဟပတေ့မင်း(မင်းခွေးချေး)တွင် မိဖုရားကြီး ဖွားစောနှင့် မိဖုရားငယ်ငါးဦးဖြစ်တဲ့ မိဖုရားစောလုံ၊ စော နန်း၊ ရှင်ဘား၊ ရှင်မောက်၊ ရှင်ရွှေတို့က ခစားလျက်ရှိကြ သည်။ မိဖုရားများ တစ်ယောက်တစ်လှည့်စီ ပွဲတော်အုပ် ဆက်သစေရာ မိဖုရားစောလုံ အလှည့်ကျရောက်သော အခါ မိဖုရားစောမောက်(ရှင်မောက်)ကို ‘စောမောက် ငါ ကိုယ်မကျန်းလို့ ငါ့ကိုယ်စား မင်းကြီးကိုပွဲတော်အုပ်ဆက် သချေ’လို့ပြောပြီး အငြိုးအတေးများကြောင့် ပွဲတော်အုပ် ထဲတွင် ဆေး(အဆိပ်)ထည့်ပြီး ဆက်သလိုက်သည်။

    နရသီဟပတေ့မင်း သည် ပွဲတော်မတည်ခင် မှာ မွေးထားသောခွေးလေး သည် စားတော်ပွဲအောက်မှ ချေလိုက်သောကြောင့် စား တော်မခေါ်သေးဘဲ ခွေး ကို အရင်ကျွေးရာ ခွေးမှာ အဆိပ်မိ၍ သေဆုံးသွား ရာမှ ပွဲတော်အုပ်ထဲမှာ အဆိပ်ပါမှန်းသိသွားသဖြင့် မိဖုရား စောမောက်ကို ဆင့်ခေါ်စေသည်။ စောမောက်(ရှင်မောက်) က မိဖုရားစောလုံ မကျန်းမာသဖြင့် သူ့ကိုယ်စားဆက်သ ပေးခြင်းဖြစ်ကြောင်း လျှောက်ထားသောကြောင့် မိဖုရား စောလုံအား စစ်ဆေးမေးမြန်းရာ ”ဟယ်…ပန်းပွတ် သည်မြေး နင့်ကို ငါလုပ်ကျွေးမွေးမြူ၍ ငါ့ကိုသူကောင်းပြု လျှင် ဤသို့သော ကိုယ်ဖြစ်၍ အထင်အရှားရှိပြီးမှ မောင်း ငယ်ကို နှုတ်ထည့်၍ အဝတ်အစားဆံစွတ်အောင် နင်လုပ် သောကြောင့် နင့်ကို နှလုံးထောင့်၍ကြံသည်”ဟု နရသီဟ ပတေ့မင်းရဲ့ ငယ်ကျိုးငယ်နာ ပန်းပွတ်သည်မြေးဆိုတဲ့ စကားကို သုံးနှုန်းပြီးပြောခဲ့သည်။
    ဒီစကားကို ဘုရင်ဖြစ်သူက မခံမရပ်နိုင်ဖြစ် သလို သူ့ကိုလည်း လက်တွေ့ကျကျ အဆိပ်ခတ်လုပ်ကြံ သည့် ရာဇဝတ်မှု၊ ပြစ်မှုကို ကျူးလွန်ထားသူဖြစ်သော ကြောင့် သံလှောင်ချိုင့်တွင်းထည့်ကာ ဖိုထိုးကျပ်တင်ကာ သေမိန့်ပေးလိုက်သည်။
    ဖိုထိုးကျပ်တင်ရန် ပန်းပဲတစ်ထောင်ခေါ်ယူ၍ သံ ကျပ်စင်လုပ်မည့် သူသတ်တို့ကို မိဖုရားစောလုံက ရွှေငွေ များစွာပေး၍ ခုနစ်ရက်တိုင်တိုင် သံကျပ်စင်လုပ်စေသည်။

    မိဖုရားစောလုံသည် ခုနစ်ရက်ပတ်လုံး အဓိဋ္ဌာန်ဝင် ကာ သီတင်းသီလစောင့်တည်ခဲ့ခြင်း၊ အဘိဓမ္မာ တရား တော်နာခြင်း၊ ဘုရားဂုဏ်တော်များရွတ်ပွားခဲ့ပြီး ”မီးသုံး ကြိမ်သေပြီးမှ ငါသည် ခဏချင်းကျွမ်း၍ပျောက်စေသား လို့” အဓိဋ္ဌာန်ပြုဆုတောင်းခဲ့သည်။ မိဖုရားစောလုံကို မီး တင်ရှို့သောအခါ သူမရဲ့ဆုတောင်းကြောင့် မီးသုံးကြိမ် တိုင်တိုင်ငြိမ်းပြီးမှ သူမအဓိဋ္ဌာန်အတိုင်း ပျောက်ကွယ် သွားတော့သည်။
    နရသီဟပတေ့သည် စောလုံကိုသတ်ပြီးနောက် စက် တော်ခေါ်ချိန်တိုင်း ယောင်ယမ်းတမ်းတပြီး စောလုံနာ မည်နဲ့ ”စောလုံ စောင့်ပါ ခလှည့်… စောလုံ စောင့်ပါ ခလှည့်”လို့ နာကျင်ကြေကွဲစွာဖြင့် မြည်တမ်းနေသဖြင့် မိဖုရားကြီးဖွားစောကပဲ ”စောလုံကိုစီရင်ပြီးပါပေါ့”လို့ သတိ ပေးလိုက်တဲ့အတွက် ငါမှားယွင်းသွားပြီဆိုပြီး နောင်တ ကြီးစွာ ဖြစ်နေတော့လေသည်။
    သို့ဖြစ်၍တစ်ခေတ်တစ်ခါက မိဖုရားစောလုံကဲ့သို့ အမျိုးသမီးများသည် ဂုဏ်သိက္ခာကြီးမားကာ အရှက်တ ရားကို မိမိအသက်ဖြင့်သက်သေပြခဲ့ပြီး လက်ရှိ မြန်မာ အမျိုးသမီးလေးများ၊ တိုင်းရင်းသားအမျိုးသမီးထုတစ်ရပ် လုံးလည်း မိမိတို့၏ ဂုဏ်သိက္ခာ၊ အရှက်တရားကို ထိန်း သိမ်းကြပြီး အမျိုးသားထုတစ်ရပ်လုံးမှလည်း ယင်းတို့ကို အမြတ်တနိုးတန်ဖိုးထားစေဖို့ ရည်ရွယ်ရေးသားလိုက်ခြင်း ပင်ဖြစ်ပါသည်။

    ကျမ်းကိုး- မှန်နန်းရာဇဝင်၊ ပဉ္စမတွဲ၊
    မင်းခွေးချေးအကြောင်း စာမျက်နှာ ၂ဝ၆၊
    မိဖုရားစောလုံအကြောင်း စာမျက်နှာ ၂၁၁။

    Yangon Media Group

    • naywoon ni

      April 2, 2015 at 6:33 pm

      ဒီ​ဆောင်​းပါး အရဆို သင်္ကြန်​ဆိုတာ မင်​းဧကရာဇ်​​တွေနဲ့ပဲ ဆိုင်​သလိုကြီး​နော်​ ။ နန်​​တော်​က​နေ မြစ်​ဆိပ်​ထိ ကာရံထားပြီးမှ သွားကစားတယ်​ ဆိုထားတာကိုး 🙂 အဲ့ဒိအချိန်​က ပြည်​သူ​တွေ​ကော သင်္ကြန်​ဆိုတာ သိရဲ့လား လိုက်​ပြီး ​ရေကစား ကြသလား ​မေးကျိခြင်​တယ်​ ​မေးလည်​းမ​မေးရဲဘူး 🙂

    • တောတွင်းပျော်

      April 6, 2015 at 8:19 pm

      လူသတ်ဖို ့ ကြံခဲ ့တဲ ့ စောလုံ၊ သီလအဓိဋ္ဌာန်ကြောင် ့ မီး ၃ ကြိမ်ငြိမ်းပြီး စိတ်ရှိတိုုင်းချက်ချင်းကျွမ်းရ
      သတဲ ့လား။
      တကယ်ဆို မောင်တော်၊ နှမလေးတော်လေးကို ဒီလိုကြည်စားတာ နှမတော်လေး စိတ်ကောက်တယ်
      ဆိုပြီး ရ ရက်လောက် စကားမပြောဘဲနေလိုက်ရင် ဘုရင်ကြီးလည်း သူ ့သည်းသည်းလှုပ် နှမတော်
      လေးကို မရမကပြန်ချော ့။ သမိုင်းတွင်မယ် ့ကြည်နူးစရာ ချော ့တော်ခန်းအဖြစ် နှောင်းလူတွေတောင်
      မှတ်သားထားအုံးမယ်။
      ခုတော ့ ကိုယ်ံအရှင် လင်သခင်ကိုတောင်မှ ပြန်ကြံလိုက်တော ့။ ပြောရရင်တော ့
      ” အိုး..! စောလုံနှမ၊ သည်းခံပါဟဲ ့” လို ့သာ။
      ပြောမယ် ့သာပြောရတာ
      စောလုံ ခမြာလည်း ဒီ ဇူဇကာဗိုက်ဆွဲကြီးကို ဘယ်တုန်းကများ မုန်းနေသလဲမသိ။
      ပဒေသရာဇ်ခေတ်က မချစ်မနှစ်သက်ပဲ တော်ကောက်ခံဘုရင်မယားတွေမှာ အချစ်ဆိုတာ
      ကံဆိုးရှင် ငယ်ကျွမ်းဆွေဆီမှာသာ ကျန်ရစ်ခဲ ့မှာ။
      သူကြီးပြောသလို မတူတဲ ့အတွေးနဲ ့ပါ။

  • Alinn Z

    April 2, 2015 at 1:54 pm

    ပိုစ့်မော်ဒန် ကဗျာလေး ဘာလေး ရေးပါအုန်း

    :k:

    • တောင်ပေါ်သား

      April 2, 2015 at 1:57 pm

      ရေးတတ်ပူးစ် 🙂

  • ခင်ဇော်

    April 2, 2015 at 1:57 pm

    နရသီဟပတေ့

    အဲဒီ ဘုရင်ပေါ့ ဘီလူးဘဝကလာလို့ အသားစားကြူးပြီး ဟင်းခွက် ၃၀ဝ စားတာ။
    အဲဒီ ဘုရင်ပေါ့ “တရုတ်ပြေးမင်း” နာမည်တွင်တာ။
    အဲဒီ ဘုရင်ပေါ့ သူ့သားအရင်းသတ်တာ မခံနိုင်လို့ အဆိပ်သောက်သေရတာ။
    အဲဒီမင်းပေါ့ အရင်ဘဝက နရသူ (ကုလားကျမင်း) ဝင်စားတာ။

    ……..လို့ ဖတ်ဖူးပါတယ် ခင်ညာ။

    စောလုံ ကံဆိုးခဲ့တာပါ။
    :a:

    • တောင်ပေါ်သား

      April 2, 2015 at 2:04 pm

      ဒုတိယစောလုံတွေ မပေါ်ပါစေကြောင်း

  • kai

    April 2, 2015 at 1:58 pm

    စောလုံရဲ့ကလဲ့စား
    ခတွားလည်းမကျေ
    ပျံလေသည့် ငှက်ခါး
    သံသရာကွေ့ ခိုနားချိန်
    မင်းသွေးကိုသောက်
    ဂုဏ်မောက်တဲ့အသည်းနုပ်စဉ်း
    မီးပြင်းမှာတင် နှစ်ဦးရောက်လျှင်
    ကူးတဲ့သင်္ကန္တကိုပြုစား
    ကျိန်စာလို့ တွင်ကျန်စေ
    စောလုံစောင့်သည့် သင်္ကြန်
    ၁၂ကြိုးအကုန်ပစ်
    ရစ်ကာပြုစားလိမ့်။ ။

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    April 2, 2015 at 3:28 pm

    အဲ့ဇာတ်​လမ်​းက တကယ်​ဖြစ်​ခဲ့တာဟုတ်​ကဲ့လားဗျာ
    သမိုင်​းပညာရှင်​ဆိုသူကလည်​း ရှိတယ်​မဆို ရှိနိုင်​တယ်​သာ ဆိုခြြဲ့တယ်​ မဟုတ်​လား

    • တောင်ပေါ်သား

      April 2, 2015 at 3:40 pm

      သမိုင်းဆိုုတာ သိပ်ကြာတော့လည်း

      ယုံတမ်းစကားလိုလို ပုံပြင်လိုလို

      ဒါပေမယ့် ဒီဘုရင်နဲ့ ဒီမိဖုရား

      တကယ်ရှိသွားခဲ့တာပါ ၊ သိပ်ကြာသေးတာမှမဟုတ်

      🙂

    • kai

      April 2, 2015 at 5:07 pm

      ထေရာဝါဒ”ဟာ”တွေဖယ်လိုက်ရင်.. ကျန်တာကဖြစ်နိုင်ပါတယ်..။
      အနည်းဆုံးတော့.. မိဘုရားလည်း ဖိုထိုးကျပ်တင်သတ်တတ်တယ်ဆိုတဲ့.. စရိုက်လောက်.. ဖမ်းမိတာပေါ့..
      ကျပ်တင်တာက.. သံချောင်းနဲ့ထိုးပြီး.. မီးပေါ်မှာကင်တာမို့.. အင်း.. တော်တော်ရက်စက်ပါ့လို့ပဲ..။ :kwi:

      • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

        April 2, 2015 at 6:02 pm

        ကျ​နော်​က ဘုရင်​နှယ်​့ ပွဲ​တော်​အုပ်​ထဲနှိုက်​ပီး ​ခွေး​လေးကို​ကျွေးတဲ့​နေရာ က သိပ်​ဒရမ်​မာချိုးထားလွန်​းအားကြီးတယ်​ထင်​တာပဲ

        ​တော်​ဝင်​သဇင်​ပန်​း​တောင်​ သူရို့ပန်​ပီးမှ ကျန်​တဲ့လူပန်​ခွင်​့​ပေး​လေ့ရှိတဲ့ ပ​ဒေသရာဇ်​မျိုးနွယ်​က ကိုယ်​စား​နေတဲ့ ဝါးဒီးကို ပါပီ​လေး​ကျွေးတယ်​ဆိုတာ သိပ်​သဘာဝမကျသလို

        ပီး ကွန်​ဇာ​ဗေးတစ်​​တေ​ပြော​လေ့ရှိတဲ်​ အာစက်​လျှာစက်​ ညံ့တတ်​သကွဲ့ဆိုတာမျိုးလည်​းရှိ​သေး​တော့ ဘုရင်​​တွေသာမလုပ်​​သေးတယ်​

        မည်​သို့ပင်​ဆိုဇီကာမူ သင်္ကြန်​မှာ အကြည်​စားသန်​က ရန်​များတတ်​တယ်​ဆိုတာမျိုး ​နှောင်​းလူ​တွေကို​ပေးခဲ့တဲ့ ​ရှေးပညာရှိများရဲ့ နမိတ်​ပုံ ဖိန်​့ဖိန်​့ ပုံ့ပြင်​တခုဆိုရင်​လည်​း တန်​ဖိုးရှိဆဲပါ
        အိုဘယ်​့ ​စောလုံ

        • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

          April 2, 2015 at 6:20 pm

          ​နောက်​ပြီး​တော့ဗျာ ဘီလူးဝင်​စားတယ်​တို့ ဟင်​းပွဲ သရီးဟန်​ဒရက်​ ဝိုက်​တယ်​တို့ကလည်​း နည်​းနည်​း သည်​ဘုရင်​ကို ဗီလိန်​ဇာတ်​သွင်​းထားသလိုပဲ

          တကယ်​က ပုဂံဘုရင်​သမိုင်​းတ​လျောက်​ တဖြည်​းဖြည်​း ဂျန်​န​ရေးရှင်​းအလိုက်​ ဖျင်​းဖျင်​းလာတာကို ကာဗာလုပ်​ချင်​လို့ ကျန်​ဘုရင်​အ​တော်​များများကို ဟီးရိုးလုပ်​ထားပီး ဒင်​းလက်​ထက်​ကျမှ ဒင်​းညံ့လို့ ပြည်​ပျက်​တယ်​ ဆိုတာမျိုး ခံစားရမိငဲ့

          ပုံ
          ဆယာဂျီး နိုင်​မိဂီ

        • kai

          April 3, 2015 at 2:24 am

          ဗမာတွေရဲ့ အဲဒီဇတ်လမ်းမျိုးတွေမှာ ပုံပြင်ရဲံ ရာခိုင်နှုန်းတဝက်မကက.. အိနိ္ဒယနဲ့စိန့်ပြည်ကပုံပြင်တွေကို မှီးရေးတယ်ထင်တာပဲ..
          ဥပမာ။ အနော်ရထာရဲ့ ရှင်အရဟံဇတ်လမ်းဆိုလည်း… နှစ် ၁၃၀ဝလောက်စောဖြစ်တဲ့.. အသောကမင်းဇတ်လမ်းတိုက်ရိုက်ခိုးထားတာ..။
          ပုဂံဖျက်တဲ့ ငှက်ကြီးရူးပျံကြီးဝက်ကြီးဇတ်လမ်းဆိုလည်း စိန့်ပြည်ကဇတ်လမ်းနဲ့ချွတ်စွတ်တဲ့..။
          သမိုင်းပညာရှင်ဒေါက်တာသန်းထွန်းပြောပြတာတွေပါ…။

          ကျန်စစ်မင်းသမီးတော်က.. ကုလားမင်းသားနဲ့ရှုပ်တဲ့ဇတ်လမ်းရှိသမို့.. ဗမာတွေ ဟိန္ဒူသင်္ကြန်ပွဲမျိုးကို.. အနော်ရထာလက်ထက်ထက်စောတဲ့ ပျူခေတ်လောက်မှာကတဲကလုပ်နေမယ်လို့. ခန့်မှန်းမိတာပဲ…။ ဒီ စောလုံဇတ်လမ်းရဲ့ အဓိကအားသာချက်ကတော့ သင်္ကြန်ကို ဗမာတွေကျင်းပတဲ့ သမိုင်းအထောက်အထားရယ်လို့သာထင်တယ်…။

  • Ma Ei

    April 2, 2015 at 4:20 pm

    ပုံပြင်ထဲက စောလုံ ကို သဘောကျတယ်…
    အရှက် သိက္ခာ ကိုအလေးထား တဲ့သူ…
    သီလ စင်ကြယ် သူ …
    အညှိးထား လက်စားချေတာလွဲလို့ပေါ့…

Leave a Reply