ဟိုးအရင်က စိမ်းမြမြဧရာဘေး

အပျော်တေးတွေဆိုရင်း အပျိုတစ်သင်းရေခပ်ဆင်း

ဝပ်စင်းဧရာ ရှိလာတာဝန် ကျေပွန်ခဲ့၏ ၊

တဖန်ထိုမှ ကာလရွေ့လာ ယခုခါဝယ်

ပျက်ပြယ်သူ့အလှ မယုယသူများကြောင့်

စိုးနှောင့်ဗျာပွေ ဖြစ်ရလေကြ

စောက်သုံးမကျသူတို့ ဝိုင်းလို့ဖျက်ဆီး

ပျက်စီးခြင်းက ငါးပါးမက

ဝါးစားသွားတဲ့ မဟားတရားလူတစ်စု

ပြန်ကုလို့မရတဲ့ဝေဒနာ သေရွာပါမယ့်ဒဏ်ရာ

သူ့ခမျာခံနေရ ထွန်းလှတဲ့သောင်ပြင်

ပြောင်းလှတဲ့ရေကြောင်း အကောင်းဆိုတာဝေး

ရေကအေးပေမယ့် အရောင်ကညို

ချိုစရာအကြောင်းမရှိ သနားအတိ မိဧရာ

ဘယ်သူလာလို့ ကယ်ပါမည် ၊

DSC_0073

About တောင်ပေါ်သား

တောင်ပေါ်သား 007 has written 199 post in this Website..