“ဖဘ လုပ်သားကောင်း ”

 

အချိန်နဲ့တပြေးညီ

တက်လာသည့် သတင်းဆို

အကုန်ဖတ်။

မိတ်ဆွေ အပေါင်းအသင်း

အုံလိုက်ကျင်းလိုက်

တင်သမျှ စတေးတပ်

အကုတ်ဖတ်။

ရှိသမျှ ဆိုဒ်အကုန်ဝင်

တင်သမျှပုံ

အကုန်ကြည့်

ပြီးသကာလ

Like ပေးသင့်တာပေး

ကော်မင်းရေးသင့်တာရေး

မွေးနေ့မှန်သမျှလဲ

ဆုတောင်းပေးရင်း

ဒေါင်းလုပ်ဆွဲထားတဲ့

မုန့်တွေပို့

အို……

အလုပ်တွေက

များမှများဗျာ။

အဲဒါတွေပြီးတဲ့အခါမတော့

နိုင်ငံအရေး ကိုယ့် အရေး

ဝင်ဆွေးနွေးမှ ဖြစ်မယ်

မကြောက်တရား

ရှေ့တန်းထားလို့

ရဲရဲတောက် ကော်မင်းတွေပေး

အမျိုးဘာသာ သာသနာ

လာမထိလေနဲ့

မီးပွင့်မယ်မှတ်

ပြတ်ပြတ်သားသား ဝေဖန်

အသေနှံ လေကန်လို့ အားရပြီဆိုမှ

စီဘီ မှာဝင်သမျှ

ညီမကြီး ညီမလေး

မမကြီး မမလေး

အန်တီကြီး အန်တီလေး

တွေ့တာနဲ့

မထိ တထိ

ကလိ ကလိ

ရိသဲ့သဲ့

ကြူပြီး ရင်း ကြူ

ထမင်းတောင်မှ

မစားအား

တကယ့်ကို

အလုပ်များတဲ့သူပါဗျာ။

(work at Facebook ဆိုသူများသို့)

 

ကိုပေါက်လက်ဆောင်အတွေးစဉ်

6-3-2015

 

About ကိုပေါက်(မန္တလေး)

ko pauk mandalay has written 1612 post in this Website..

အတွေးပါးပါးလေးကနေ ထူသွားပြီထင်တော့ အရင်လောက်တော့ စာမရေးဖြစ်တော့ဘူး။