Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သများ သနားမှ ငါး ချမ်းသာ – KZ’s ထမင်းဆိုင်

ဇီဇီAugust 17, 20152min118029

တစ်ပတ်စာ တော့မရဘူးးး
ဆိုတော့ ၅ ရက်စာပဲ ဒုက်ခပေးတော့မယ်။ ငါးတွေကို ပြေါပါတယ်။
ဒီရာသီက မိုးရာသီ ဆိုတော့ ပူပူစပ်စပ်လောင်လောင် နွေးနွေးတွေ စားချင်သောက်ချင်ကြမယ်ထင်လို့ သူများတွေ ငါးတွေ ဒုတ်ခပေးထားတဲ့ဟာတွေ သွားခိုးလာခဲ့တယ်။
ပိုင်ရှင်တွေ လိုက်လာရင်တော့ ပိတ်သတ်ကြီးပဲ ကွကိုယ် ကြည့်ရှင်းကြပေရော့။

 

၁) ငါးခူရဲယိုအနှီးထုတ် ဟင်း လို့ ပေးလိုက်တယ်။ (ဦးကျောက်ခဲ ချက်တဲ့ထဲက နှိုက်လာတာ။)

ချက်နည်းက လွယ်၏…
ရဲယိုရွက် မနုမရင့် အနာလွတ် အရွက်ကြီးကြီးကို ရေစင်စင်ဆေးထားပါ ။
အရွက်က အစိမ်းရောင် အတော်ရင့်ပြီး ခပ်ကြွပ်ကြွပ်ဆိုရင်တော့ ရေနွေးဖျောပြီး ဖြန့်ထားပါ ။
ငါးရံ့/ငါးခူအသားကို နုတ်နုတ်စင်းပြီး ငါးခြစ်သား (သို့) ငါးဖယ်ခြစ်နဲ့ရောပါ ၊
စုစုပေါင်း ၂၀-သားခန့် (ငါးခြစ်သားဆို ဆတူ ၊ ငါးဖယ်ဆို သုံးအချိုးတစ်) ။
ကြက်သွန်နီ ဥသေး (Shallot) ၃-ဥ ကို မထူမပါးလှီးပြီး ခပ်သေးသေးပြန်တုံး ၊
ကြက်သွန်ဖြူ ၃-မွှာ နဲ့ ဂျင်း လက်တစ်ဆစ်ကို ညက်အောင်ထောင်း
(စပါးလင်ကြိုက်တတ်ရင် ထည့်ပါ – ငါးရံ့နဲ့ဆို စပါးလင်ပါမှ ပိုကောင်းတယ်)၊ ငံပြာရည် ဆား ဟင်းခတ်မှုန့် (အသားမှုန့်နဲ့ မလိုက်ဘူး) နနွင်း အရောင်တင်မှုန့် တွေနဲ့ ငါးအသားတွေကို နှံ့အောင်နယ်ပါ ။
ပြီးမှ ဆန်မှုန့်အစိမ်း စားပွဲတင် ဇွန်း ၂-ဇွန်း ၊ ကောက်ညင်းမှုန့် စားပွဲတင် ဇွန်း ၁-ဇွန်း ၊ နှမ်းဆီ အချိုဇွန်း ၁-ဇွန်းနဲ့ သမသွားအောင် နာနာနယ်ပါ
(ကြိုက်တတ်ရင် ဘူးသီးစိမ်း ၊ ငှက်ပြောဖူး နုတ်နုတ်စင်းတွေ ထည့်နိုင်ပါတယ်) ။
ပြီးရင် သန့်ထားတဲ့ ရဲယိုရွက်ထဲမှာထည့်ထုပ်ပါ ၊
သင်အူကြိုး / နှီးကြိုးရှိရင် ကောက်ညှင်းထုပ်လိုစည်းပါ ၊ အစာတွေ ပေါက်ပြဲမထွက်ဖို့ သတိထားပါ ။
ဒယ်အိုးသို့မဟုတ် ထမင်းအိုးထဲမှာ ဆန်ကာခံပြီး မိနစ် ၂ဝ လောက်ပေါင်းရင် ရဲယိုရွက် ငါးပေါင်းထုတ်ရပါဘီ… ။
ပိုပြီးအရသာရှိရှိစားချင်ရင်တော့ ကြက်သွန်ဖြူနီ အရောင်တင်မှုန့်ဆီသတ်အိုးထဲ ငါးပေါင်းထုပ်ကိုထည့် ၊ ရေစွက်ပြီး ဆီပြန်ရင် ပိုကိတ်တာပေါ့ဗျား…
မောထှာ ချက်ရတာထက် ပင်ပန်းတယ် ။

 

1
1

~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

၂) ငါးရံ့ ၂ကောင် ဖန်လင်ဟင်း တဲ့။ (ဦးကျောက်ခဲ ချက်နည်းကို မွဘုတ်က ချက်ပြတာကို သွားခိုးလာတာ။ သူတို့တွေပဲ ငါးတွေကို နှိပ်စက်နေကြတာ၊ သများမပါဘူးး)

.
ငါးရံ့ဖန်လင်
********

.

ငါးရံ့ဖင်လှန်ကြော်က ဂလို… ဂလို…
ငါးရံ့ အရွယ်တော်တစ်ကောင်ကို အကြေးထိုး ၊ ဗိုက်ခွဲ၊ ဘေးဆူးတောင်တွေနဲ့ ပါးဟပ်ကိုဖြတ်ပြီး ခေါင်းအတွင်းပိုင်းပါစင်ကြယ်အောင် ရေသေသေခြာခြာဆေးပါ
(ရှုပ်ပါတယ် ငါးရံ့ကို ပါးစပ်ဖြဲပြီး သွားတိုက်ပေးလိုက်) ၊ ခေါင်းမဖြုတ်လည်းရတယ် ။
ပြီးရင် စဉ်းနီတုံးပေါ်တင်ပြီး ငရုပ်ကျည်ပွေ့နဲ့ အသားတွေကြေ အရိုးတွေပြုတ်သွားအောင် ခပ်ဆတ်ဆတ်လေးထုပေးပါ
(သတိ … ရန်သူလိုသဘောထားပြီး မထုရ ၊ အရမ်းကြေပြီး တစစီဖြစ်ကုန်မယ်) ။
ပြီးရင် ဟင်းချက်မှုန့် ငန်ပြာရည် နနွင်း (မနဲစေရ) အချိုမှုန့်သဘောလောက်နဲ့ ညှစ်ပြီးနယ်ပေးပါ ၊
ပြီးရင် နှပ်ထား ။ စပါးလင်အရင်းပိုင်း လက်နှစ်လုံးလောက် (ဒါတော့ ကြေအောင်ထောင်းပါ) နဲ့ ကြက်သွန်ဖြူ ကြက်သွန်နီဥသေးတွေကို မီးကင်ပြီး (အစပ်ကြိုက်ရင် ငရုပ်သီးစိမ်းပါထည့် ) လေးစိတ်ကွဲလောက်ကြေအောင်ထောင်း ၊
ငါးနယ်ထားတဲ့ အရသာအရည်တွေနဲ့ ထောင်းထားတာတွေကိုနယ်ပြီး ငါးရံ့ဗိုက်ထဲပြန်အစာသွတ်ပါ (ကြိုက်တတ်ရင် ရှမ်းနံနံပါထည့်) ။
ပြီးရင် စပါးလင်အပေါ်ခြမ်းလက်ကျန်ကို လေးစိတ်ကွဲအောင် ထုပြီး ငါးရံ့ကို နာနာစည်းပါ ။
ဒယ်အိုးထဲမှာ ကြက်သွန်ဖြူ/နီ ဂျင်း ငရုပ်သီးမှုန့်တွေကို ဆီသတ်ပါ အနံ့မွှေးလာလျင် ငါးရာဇဝတ်သားကို အကောင်လိုက်ထည့်ပြီး ဆီတွေနှံ့သွားအောင် ဖြေးဖြေးချင်း ဒယ်အိုးကိုလှုပ်ပေးပါ (မီးမပြင်းရ) ။ ငါးတစ်ကောင်လုံး ဆီပူလောင်သွားလျင် ရေအနည်းငယ်ထည့် အဖုံးအုပ် ၊ ဟိုဘက်သည်ဘက် သာသာယာယာလှန်ပေးပါ ။
ရေခမ်းပြီးဆီပြန်… ကျက်သွားလျင် ရသာထူးကဲ ရနံ့မွှေးကြိုင် ငါးရံ့ဖင်လှန်ကြော်ရပါပြီ ။
ဟောဟဲ မောဒယ်….

ရီစီပီ by ဦးကျောက်ခဲ
ထရန်စလိပ်တက် by နှင်းမမ
ကွတ်ကင်း by မွဘုတ်

 

ဦးကျောက်ခဲ ထည့်ဖြည့်သည်.။
ငါးကို အကြေးထိုးပြီး အကောင်မပျက် ခပ်ဆဆထုရတယ်ဆိုတာက အထဲက အရိုးတွေပြုတ်သွားအောင်လို့ပါ ။

အစာသွတ်ပြီးရင် အကောင်အရွယ်တော်ဆို ဒီအတိုင်း ၊ အကောင်ကြီးရင် နှစ်ပိုင်း သုံးပိုင်း ပိုင်းပြီးမှ အရသာနယ် ၊ စပါးလင်အရွက်နဲ့ ကောက်ညှင်းထုပ်လို နာနာစည်းပြီး အရောင်လှအောင် ၊ အရသာပိုဝင်အောင် ကြော်ပြီးမှ ပြန်ချက်ပါတယ် ။

ငါးအသားကို ထုထားတော့ မွှန်းလိုက်ရင် ကြေတတ်လို့ မမွှန်းပါဘူး ။

ငါးရံ့ကို သေသေခြာခြာ ရေစင်အောင်ဆေးပြီးချက်ရင် အကောင်းဆုံးအသားက ပါးသား အောက်မေးနဲ့ အာခေါင်ခီည ။

အဲဒါကြောင့် ခေါင်းပါထည့်ချက်တာပါ ။

 

IMG_7463
2

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

၃) ငါးဒုတ်ခတ် (ခေါ်) ငါး ဒုက်ခ (ခေါ်) ငါး ရာဇဝတ်သား ဟင်း တဲ့။ (နာမည်ကြားရတာနဲ့တင် ဘယ်လောက်ရက်စက်တုန်း စဉ်းစားကြည့်ပါတော့။ ငါး တကျင်ရှိုဟင်း မလာသေးတာ တော်သေးမှတ်ရမယ်။)

.
ငါးဒုတ်ခတ် ဆိုတာကြားဖူးလား?

ငါးဥကို ကြက်သွန် ဖြူ ချင်း ကြက်သွန်မိတ် နံနံ ငရုပ်သီးစိမ်း ဖက်ဖယ်ရွက်နဲ့ကြော် ငါးကောင်လုံးထဲ အစာသွတ် ပြီး နှီး သို့ အပ်ချည်ကြိုးနဲ့တုတ်ပြီးကြော်
ဆြာမဂျီးကတော့ နှီးမရှိ အပ်ချည်လည်းမချည် ဆီပူထဲငါးကို နီးနီးလေးဖြစ်အောင်တန်းစီကြော်ထားတယ်
အစာမထွက်အောင် အမှန်က ပျင်းလို့
ငါးဥမရရင် ကြက်ဥဖောက်မွှေကြော်လိုက်

ဆနွင်းထည့်ဖို့မေ့လို့  ဂျပန် မ ညက်နှာလေးလို ငါးကြော် ကလည်း ဖြူဖဏ်ဖြူရော်လေးပေါ့

 

IMG_7456
3

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

၄) ငါးရံ့ မာဖလာ နက်ကတိုင် ဟင်း တဲ့။ (လုံမလေးမွန်မွန်ချက်တာ။ ပုံတွေ ကြည့်လိုက်ရင် ဦးကျောက်ခဲ ဘာကြောင့် ဒီနာမည်ပေးလည်း သိလိမ့်မယ်။ ဟိ။)

.

မွသဲရော…
ဦးကျောက်ရော…
မွဘုတ် ရော အကုန် ပြေါတာကို လုံမ ချက်တာပဲ။
ဟီးဟီးးး
ငါးကို ငံပြါရည်နဲ့ ပြုတ်လို့ မွသဲ ပြေါတာကို လုံမရယ် ငါးကို ရေအစား ငံပြါရည်ထည့်ပြုတ်ရမလားတဲ့။
ခိခိ :mrgreenn:

ဦးဆာကတော့ ဂလို အားပေးတယ်။
အထင်မစမောကြနဲ့ဗျ
အဲ့သလို ငါးရဲ့ ပဉ္စငါးပါးအကုန်ထည့်ပြီး အပျိုရည်မပျက်ချက်တဲ့နည်းက အင်းတွေနဘေးမှာ အင်းပိုင်ကြီးကိုတင်မြှောက်တဲ့အခါ ချက်နည်းဗျ ။
ဆိုတော့ ……
ဒီကလေးမအနေနဲ့ တိမ်မြှုတ်နေတဲ့ ရိုးရာဖေါ်ချက်နည်းကိုပြန်လည်ထုတ်ဖေါ်ပေးတာကျေးဇူးတင်ရမယ်
တကယ်ပြောတာ ……
အင်းနဘေးက ခေါစာပွဲ ဆိုပြီး ရေးမလို့ဟာ အပျင်းကြီးပြီးမရေးဖြစ်ခဲ့တာ ။
အဲ့သလိုငါးကိုရေမဆေးဘဲစားခဲ့ဖူးသဗျာ

မဘုတ် အရှည်ရှင်းပြတာပဲ ယူလိုက်ပြီ။ သူတို့ ကော်မန့်တွေဖတ်ပြီး ရီနေရတာ မပြီးတော့ဘူးး  :mrgreenn:
ငါးတစ်မျိုးမျီုး ငါးရံ့ ငါးခူ (သို့)
ငါးရှဉ့် နဲ့ချက်မယ်ဆို ဒါတွေလိုတယ်

ငါးရှဉ့် အရေခွံ ခွာချင်ခွာ မခွာချင်နေ
ဘယ်ငါးဖြစ်ဖြစ် အကောင်လိုက်ထည့်ရင် ပို အဆင်ပြေတယ် အရိုး လိုက်ဖမ်းစရာ မလိုဘူး အရှည်လိုက်ဆွဲထုတ်ရုံပဲ
ဆန်လှော် ကို ဆူအောင်တည်
ငါးထည့်ပြူတ် အရိုး ဖယ် ကစော့ခါးသီး
ချင်း ကြက်သွန်ဖြူ များများ ထောင်းထည့် ဆားနဲ့ ကြို ပါ
တစ်ချို့  ကလည်း ခရမ်းသီး ဇီးဖြူသီး နည်းနည်းထည့်ပါတယ်
ကြာလေ ချိုလေ
စားခါနီး ပူစီနံ နံနံပင် အုပ်
ငြုပ်ကောင်းနည်းနည်းခတ် ပါ

4
4

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

.

.

.

၅) ငါးခူ တစ်စစီကျိုးပဲ့ကြော် (ကိုရဲစည် နည်းကို သများ ကြော်ပြီး မြည်းတာ။ ဟိ)

Credit to Ko Yee Xie
—–
အရင်ဆုံး ငါးခူကို အချွဲဆေးပါ…
ပြီးရင် ရေနွေးပွက်ပွက်ဆူထဲ ၃မိနစ်လောက် ပြုတ်ပါ …
နောက်ပီးပြန်ဆယ် …
အသားတွေအမြောင်းလိုက်လွှာပါ …ငါးအသားက ဆတ်တောက်လေးဖြစ်နေမယ် …
မြူရောနိနဲ့ ချိစ်ကို လက်ဖက်ရည်ဇွန်း တဇွန်းစာ အသားလွှာပေါ်သုပ် ဆီပူထဲ တမိနစ်ထည့် ပြန်ဆယ် ပီးရင် တော့ ကြက်သွန်မိတ် ငံပြာရည်အကြည် ကြက်သွန်ဖြူ Vodka နည်းဆမ်းလို့ အားပါးတရ စားပါလေ….

အဲလိုပြေါတော့ မြည်းမဟဲ့ ဆိုပြီး…..

ပြုတ်ပါတယ်။
ဖဲ့ပါတယ်။
ကြော်ပါတယ်။
ဆီတွေပေါက်ပါတယ်။
ပုံဆိုးပန်းပျက်ဖြစ်ပါတယ်။
အရသာ အလွန်ကောင်းပါတယ်။
အာ့နဲ့ ကိုယ့်ဆရာကို သွားပြတော့ မှားနေပါတယ်တဲ့။ ဟိ။ ခု သူ့နည်းနဲ့သူကြော်မှာကို စောင့်နေတယ်။  :mrgreenn:

 

 

5
5

29 comments

  • HMM

    August 17, 2015 at 9:26 am

    တညားထမင်းစားတာ ၂နာရီကြာအောင် စောင့်ချင်ရင် ချက်ကျွေးရမဲ့ဟင်းတွေပေါ့..

    • ဇီဇီခင်ဇော်

      August 17, 2015 at 9:31 am

      အရိုးပါ နွင်ပေးမဲ့သူနဲ့ လာမယ် ဆိုရင် ချက်ကျွေးမယ်တဲ့ ညော်။

      :k:

  • weiwei

    August 17, 2015 at 9:31 am

    ငါးကို ဒုက္ခမပေးပဲ ညင်ညင်သာသာလေးပဲ အမြဲတမ်း ချက်စားဖြစ်တာ ..
    နည်းလမ်းတွေ ပြအုန်းမှပါ …

    • ဇီဇီခင်ဇော်

      August 17, 2015 at 9:33 am

      ပြပါ။ ပြပါ။
      ဝေရယ်။
      အချိကလေးးး ကိုယ့်တို့ ဟာ လူဂျမ်းလေးဘာ။
      ခိခိ။

      :mrgreenn:

  • အောင် မိုးသူ

    August 17, 2015 at 9:57 am

    ငါတွေထဲမှာ ငါးရံ့အစိမ်းကိုတော့ သိပ်မကြိုက်လှဘူးရယ် ကျန်တဲ့ငါးတွေတော့ အကုန်ကြိုက်ပါတယ်။

    • ဇီဇီခင်ဇော်

      August 17, 2015 at 10:06 am

      အမလည်း မစားဘူးးး
      ဟီးဟီးးး

      :k:
      ငါးခူ နဲ့ ငါးဖယ်လောက် စားတာရယ်

      • အောင် မိုးသူ

        August 17, 2015 at 10:27 am

        ငါးခူတောင် အကောင်ကြီးရင် ချွဲသလိုလိုနော် ကက်ကထစ်တို့ တလားဗီးယားတို့ တခြားငါးတွေလည်း စားပါတယ်။

        • ဇီဇီခင်ဇော်

          August 17, 2015 at 10:51 am

          ဒီမှာ ပိုဆိုးသေးကွယ်။
          မွေးငါးခူတွေ အကြီးကြီး ချောချော အဆီတွေနဲ့။
          ဟီးဟီး
          တလားဘီးယားတော့ ကင်တာ စားပါတယ်။
          ကကတစ် ဒီ တစ်ပတ်ဝယ်လာတယ်။
          ဘယ်လို ချက်ရမယ် မသိသေးးး

          :mrgreenn:

  • Ma Ei

    August 17, 2015 at 2:05 pm

    ကိုယ်က ငါးဒီလောက်ကြိုက်တာ
    အမြဲတမ်းလိုလို ငါးချက်တာ
    ဒါပေသိ ဒီထဲက ဟင်းတွေ တစ်ခါမှ မချက်စားမိ
    မစားဖူးလို့ စားကြည့်ချင်လို့ ချက်ပီးသားလေးတွေများ မြည်းကြည့်ချင်၏
    🙂

    • ဇီဇီခင်ဇော်

      August 17, 2015 at 2:10 pm

      ဟီးဟီးးး
      တော်ပါသေးရဲ့။
      နာမည်ကြားပြီး လန့်သွားမလား စိုးနေတာ။

      :k:

  • Ma Ma

    August 17, 2015 at 8:18 pm

    ဟိုးတုန်းက ငါးမကြိုက်ဘူး။
    ခုနောက်ပိုင်းတော့ ရေချိုငါးတွေကို အိပ်စပို့လုပ်တယ်ဆိုပြီး ကြက်ဝက်ထက် ဈေးကြီးလာမှပဲ ကြိုက်ရကောင်းမှန်းသိလာတယ်။
    ငါးရံ့ကိုတော့ အသားနုပြီးချိုလို့ ကြိုက်တယ်။
    ငါးထဲမှာတောင် ရေချိုငါးက ရေငံငါးထက် ပိုစားကောင်းသလိုပဲ ပိုကြိုက်တယ်။ 🙂

    • ဇီဇီခင်ဇော်

      August 18, 2015 at 9:02 am

      ပင်လယ်ငါးက အရသာမရှိဘူးးး
      မြန်မာ ပါးစပ်မို့ ရေချို့ငါးပဲ ကြိုက်တယ်။
      :k:

  • hmee

    August 17, 2015 at 10:54 pm

    ဇီဇီ ငါးဟင်​း​တွေကို အမ အ​မေလိုဆို စားဘူး။ 🙂 အ​မေက အ​ကြေးခွံမပါတဲ့ ငါးဆို မစားဘူး။ ငါးရံကိုလည်​း အ​ကြေးခွံပါ​ပေမဲ့ ​ေြမြွနဲ့တူလို့တဲ့ မစားဘူးကွယ်​ ။
    🙂

    • ဇီဇီခင်ဇော်

      August 18, 2015 at 7:17 am

      တညားး လည်းး အရင် က ငါးး ကို အကောင်လိုက်မြင်ရင် မစားးဘူးးး
      ဒီရောက်တော့ အကောင် မမြင်ရရင် မစားဘူးး
      :mrgreenn:

  • aye.kk

    August 17, 2015 at 11:39 pm

    ငါးဒုက္ခက
    ဒီဘက်ဒေသရောက်လာမှကြားဘူး,စားဘူးတာပါ။
    ငါးရံ ့ကိုတော့ယောက္ခမလုပ်ကျွေးတဲ့”တလိုင်းငါးဆုပ်”ဟင်းကို
    မကြခဏချက်ကျွေးတယ်။ဒီနေ့အထိမေ့မရ၊လျှာပါလည်သွားလို့၊စားကေါင်းလွန်းလို့ပါ။
    ငါးရံ ့ခုတ်သားနဲ့ဒန့်ဒလွန်သီးဟင်းကိုတော့မိဘတွေချက်ကျွေးလို့စားဘူးတယ်။
    အခုလိုချက်နည်းက မစားဘူးသေးတော့ ချက်စားကြည့်မယ်။ကျေးဇူးတင်ပါ၏။။။

    • ဇီဇီခင်ဇော်

      August 18, 2015 at 7:18 am

      ငါးးရံ့ စားး ခဲ တော့ မသိဘူးး တီအေးးး
      ငါးးရံ့ အူတော့ စားးတယ်
      🙂

  • ဦးကျောက်ခဲ

    August 18, 2015 at 10:42 am

    ငယ်ငယ်တုန်းက ငါးဟင်းဆို အတော်စိတ်ပျက်တာ…
    ငါးကြော်ကလွဲရင် သိပ်ပြီး အာရုံမလာ ၊ ဂေါ်ဖီရိုးရိုးကြော်တာကို ပိုတပ်မက်သေး…
    မိဘတွေကလည်း ဧရာဝတီတိုင်းဇာတိမို့ ငါးမျိုးစုံကို ချက်သလားမမေးနဲ့…
    အရွယ်ရောက်လို့ ငါးကောင်းမှန်းသိ စားတတ်သွားတော့ ရှားပါးတဲ့အရပ်ကိုရောက်…

    တကယ်တော့ ငါးက အသားထက်စာရင် ကျန်းမာရေးနဲ့ ပိုပြီးညီညွတ်ပါသတဲ့…
    ဗီတာမင် ပရိုတိန်းနဲ့ Omega-3 Fatty Acids တွေ ပါလို့ ဦးနှောက်ကို ဖွံ့ဖြိုးစေသတဲ့…
    အဆီနည်းတဲ့ ငါးတွေကို စားသုံးချင်းက … အရိုးတွေကိုလည်း သန်မာစေပါသတဲ့…
    မြစ် ချောင်း အင်း အိုင် ပင်လယ် ရှိတဲ့ မြန်မာနိုင်ငံမှာ ငါးများများ စားသုံးကြပါလို့…
    :k:

    • ဇီဇီခင်ဇော်

      August 18, 2015 at 11:44 am

      ငါး ကို ဘာမှ မပါပဲ စပါးလင်လေးရယ် ဂျင်းလေ ရယ် ထုပြီး ငံပြါရည်လေးနဲ့ ပြုတ်ပြီး စားရင်ကို အရသာရှိပါတယ်လို့။

      :k:

  • Crystalline

    August 18, 2015 at 12:18 pm

    ကချင်ငါးပေါင်းထုတ်လည်းစားကောင်းတယ်… သများသွားစားဖြစ်တဲ့နေ့မှနည်းမေးလာပေးမယ်..
    ဂျင်းရွက်လား..နနွင်းရွက်လား..အဲ့လို အနံ့ပြင်းလေးတွေပါသေး.. ငါးရံ့ဟိုဟင်းက…အိမ်ကချက်တာနဲ့တော့နည်းနည်းကွာ.. ပုံလည်း..ဖုန်းပျက်တဲ့ထဲပါသွားတယ်… ချက်ကျွေးခိုင်းရမယ့်လူချောင်းနေတယ်.. :))
    မွန်မွန်လေးဟင်းက ငါးအရက်သမားဟင်း.. :loll:

    • ဇီဇီခင်ဇော်

      August 18, 2015 at 12:51 pm

      ငါးရံ့ ဟိုဟင်း ဆိုလို့ အတော်စဉ်းစားလိုက်ရတယ်။
      ဟီးဟီးး
      လုံမလေး ဟင်းက ငါးရံ့ အရက်မူး ပုဆိုးကွင်းသိုင်း ကန်ထဲပြုတ်ကျဟင်းလို့ ပြေါချင်တာလား ဟွန့်။

  • kai

    August 18, 2015 at 1:47 pm

    ငါးထဲ.. အစားချင်ဆုံး.. အကြိုက်ဆုံးက.. မာဂုရိုး(တူနာ)ရဲ့.. အိုတိုရို(ဗိုက်သား) ပဲ…
    ဆာရှိမိအဖြစ်.. အစိမ်းစားရတာမှာ.. အရသာက… ဆွေမျိုးမေ့..။
    ဝဆဘိ..ပဲငံပြာရည်.. ဘာမှတောင်တွဲမစားချင်..။
    မစားရတာကြာပြီလေ…။

    စကားအတင်းစပ်..
    နောက်လလယ်မှာ.. LA မှာ မြန်မာ့ရုပ်ရှင်ပွဲတော်လုပ်တယ်..။
    အဲဒီမှာပြဖို့.. ဇတ်လမ်းတိုကားတွေကြည့်တာမှာ.. When the boat comes in ကားလေးပါတယ်..။
    အဲဒီထဲ.. ငါးတွေအခြောက်လုပ်.. လာဝယ်တဲ့ဒိုင်ကိုသွင်းတဲ့အကြောင်းတွေပါတယ်..။
    အဲဒီမှာ.. အာဗြဲခြောက်တွေမာျး.. လူတထမ်းအစည်းလိုက်အစည်းလိုက်…။
    ကြည့်ရင်းနဲ့.. အဲဒီသွားချင်.. စားချင်တာ..။

    ကျုပ်တို့ လော့ကျတဲ့ကျလိကျလိမှာများ.. အာဗြဲခြောက် ၅-၆ကောင်လောက်ကို.. ၄-၅ဒေါ်လာမက..။
    =

    အဲဒီထဲက..သိကြားမင်းကြိုးဆွဲရုပ်ပုံကို.. ဇီဇီပေးတာဖြစ်ပါကြောင်း..။

    • ဇီဇီခင်ဇော်

      August 18, 2015 at 1:55 pm

      အရက်စက်ဆုံး တဂျီးးး
      ငါး အစိမ်း ဗိုက်သား အစိမ်းစားသတဲ့ အရပ်ဂဒို့။
      :mrgreen:

      ဒါနဲ့ ကိုယ့်သဂျားမင်း ကိုယ် မမှတ်မိအောင် သားနားသွားတာ ဒီဇိုင်းပိုင်း လုပ်တဲ့သူ တော်လို့ ဖစ်မယ်။

      :k:

      • kai

        August 18, 2015 at 2:19 pm

        စားကြည့်ပါလား..
        အမျိုးတွေမေ့ကုန်မယ်..။

      • ဇီဇီခင်ဇော်

        August 18, 2015 at 2:42 pm

        မှတ်ထားတယ်။
        စမ်းစားမို့။

        :k:

  • ဟီးဟီး . , ငါးလေးဒေ သနားစရာ . . .

    သိပ်မကျေနပ်သေးလို့ ထပ်စမ်းအူးမယ် . . .

    ဟို တစ်စစီကျိုးပဲ့ကြော်ကို စားချင်တာ

    • ဇီဇီခင်ဇော်

      August 19, 2015 at 11:42 am

      ထပ်စမ်းအူးးး
      ဟိဟိ။
      အောင်မြင်မှထပ်တင်ကြတာပေါ့

      :k:

  • Wow

    August 19, 2015 at 12:36 pm

    ငါး၊ ပင်လယ်စာ ပေါတဲ့နေရာကလာတာမို့ ငါးဆို ညှီနံ့ပျောက်မာစိုးလို့ အရမ်းချက်ရင်တောင် မကြိုက်၊ ငါးဖယ်ဆို မကြော ်ပဲ အစိမ်းဆုတ်ဆုန်ပီး မြေပုံသီး၊ ငံပြာရည်နဲ့လှိမ့်၊ နံနံပင်လေးအုပ်… ရှယ်.. ရှယ်…
    ဒီတခေါက် အိမ်မှာထားတာ ဈေးထဲမှာ ဂုံးထွင်ပီးသား အစိမ်းတွေရောင်းတယ်…. ဘယ်လိုချက်ချက် စားကောင်းချက် စိမ့်ချက်

    • ဇီဇီခင်ဇော်

      August 19, 2015 at 12:38 pm

      ဟီးဟီးးး
      အာ့လည်း အရသာ တစ်မျိုးပဲ။
      ဒီ ပို့(စ) ကတော့ ငါးတွေ ကို ဒုက်ခပေးတာတွေ စု တင်ထားတာမို့။
      :mrgreenn:

      • Wow

        August 19, 2015 at 1:10 pm

        အိမ်မက်ထဲမှာ ငါးတွေ ပြန်ဒုတ်ခပေး ဘိုလုပ်မဒုံးးး :mrgreen:

Leave a Reply