နိုင်ငံတွင်းရှိ အများပြည်သူသုံး ယာဉ်များတွင် လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုမူခြင်းများကို ကာကွယ်ရန်

အမျိုးသမီး သီးသန့်တွဲပါသည့် ရထားကို အင်ဒိုနီးရှားနိုင်ငံတွင် စတင် ပြေးဆွဲခဲ့ကြောင်း သိရှိရသည်။

ပန်းရောင်ခုံများ တပ်ဆင်ထားသည့် အမျိုးသမီး သီးသန့်တွဲများကို အစဦးအနေဖြင့် ဂျာကာတာမှ ဘိုးဂါသို့ ပြေးစွဲသည့် ပုံမှန်ရထားလိုင်းတွင် ရရှိနိုင်မည်ဖြစ်ပြီး အဆိုပါတွဲများကို ရထားရှေ့တွဲနှင့်နောက်ဆုံးတွဲများတွင် တွေ့ရှိနိုင်ကြောင်း နိုင်ငံပိုင် မီး ရထားကုမ္ပဏီမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။

”ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုကို မြှင့်ဖို့နဲ့ အမျိုးသမီး ခရီးသည်တွေ ရထားစီးတဲ့အခါ ပိုမိုလုံခြုံမှုရှိအောင်နဲ့ အများပြည်သူသုံး ယာဉ်တွေမှာ လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုတာတွေကို တားဆီးဖို့ပါ။ အမျိုးသမီးသီးသန့်စီး ရထားတွဲအတွက် စိတ်ကြိုက်ရွေး ပိုင်ခွင့် ရှိပါတယ်။အမျိုးသမီးတွေ အခြားအတွဲမှာ စီးချင်တယ်ဆိုရင်လည်း စီးနိုင်ပါတယ်”ဟု မီးရထားအရာရှိ Makmur Syaheran က ပြောကြားခဲ့သည်။

အင်ဒိုနီးရှားနိုင်ငံသည် မွတ်ဆလင်ဘာသာဝင် အများဆုံး နေထိုင်သည့် နိုင်ငံဖြစ်သော်လည်း အမျိုးသားနှင့်အမျိုးသမီး ခွဲခြားမှုမှာ အတိုင်းအတာတစ်ခုထိသာ ကန့်သတ်ထားကြောင်း သိရှိရသည်။

Source: Weekly Eleven

About lu ta lone

lu ta lone has written 261 post in this Website..