လုပ်ငန်းတနေရာစာလေး ရဖို့ အတော်ကို ရုန်းကန် လှူပ်ရှားနေရသည်။ စိတ်ကြိုက်လုပ်ငန်း မရမခြင်း နေ့စဉ် အိတ်စိုက် နေရသည့် စားသောက် သွားလာ ဧည့်ခံ နေရသည့် စရိတ်ကလည်းမနည်း။ ညီအကို တတွေ နှင့် သူငယ်ချင်း တစု အစုလိုက် အပြုံလိုက် အလှည့်စား ခံခဲ့ရပြီး
(၁၀)နှစ် စုလျှင်တောင် မရနိုင်သည့် ငွေကြေး လုပ်ငန်းအမှားကြောင့် (၁)နှစ် အတွင်း ကုန်ခဲ့ရပြီ။နောက်တကြိမ် မှားလျှင် သေဖွယ်ရာပင် ရှိတော့သည်။

ရောက်ပြီ အကို

အတွေးများနေရာမှ ဝင်းအောင် ပြော၍ ကြည့်မိတော့ စည်းဝင်းအကျယ်ကြီး ကာရံထားပြီးဖြစ်သည့် အထပ်မြင့်အဆောက်အဦးကြီး ဆောက်လုပ်မည့် လုပ်ငန်းခွင်သို့ရောက်ပြီဖြစ်ကြောင်း သိလိုက်သည်။

လာ အကို ဟိုဘက်ခြမ်းမှာ ဆိုင်လေး ရှိတယ် …အဲဒီကိုသွားရအောင်

ဝင်းအောင်ခေါ်သည့်နောက်သို့လိုက်ပြီးများမကြာမှီ အလျား ပေ( ၃၀)ကျော် အနံ( ၁၈) ပေခန့်ရှိသည့် မိုးကာ တာာပေါ်လင်စ ဖြင့် အုပ်မိုးထားသည့် တဲကြီးတလုးံ ကို တွေ့လိုက်ရသည်။ ယင်း မိုးကာတဲသည် တောင် နှင့် မြောက် အလျှားလိုက် ဆောက်လုပ်ထားပြီး တဲအမိုးဧ။် တောင်ဘက်အစွန်းတွင် အလျှား ၁၀ ပေ အနံ ၁၈ ပေခန့် နေရာတွင် ထမင်းရောင်းသည့် ဈေးခုံ နှင့် ကွမ်းယာ ဆေးလိပ် ကော်ဖီ အအေးရောင်းချသည့်ဈေးခုံလေး နှစ်ခုံက တခြမ်းစီ နေရာယူထားသည်။ တဲအမိုးအောက် ကျန်နေရာတွင်မတော့ အလျှား ၁၅ ပေ အနံ ၂ပေခွဲ ခန့် စားပွဲရှည်အား နှစ်ဖက်လူထိုင်ရန် တွဲလျှက် ရိုက်ထားသည့် ထမင်းစားခုံရှည်တန်းတခုကို ဆောက်လုပ်ရေးလုပ်ငန်းသုးံပြီး အထပ်သား များဖြင့်ပြုလုပ်ထားသည်ကို တွေ့ရသည်။

အကို မှတ်မိလား အရင်တခေါက် လာတုန်းက ဒီတဲကဆောက်ခါစလေ။ အစတုန်းကတော့ အလုပ်သမားတွေ ထမင်းစားဖို့နေရာ ခဏ နားဖို့နေရာအနေနဲ့ ဆောက်တာ ခုတော့ ဈေးဆိုင်တွေ ဘာတွေနဲ့ ဖြစ်သွားပြီ။

အင်း…ဒါလည်း ကောင်းပါတယ် ထမင်းချိုင့်မပါတဲ့သူတွေ ကွမ်း ဆေးလေး စားချင် သောက်ချင်တဲ့ သူတွေ အတွက် အဆင်ပြေသွားတာပေါ့။

အကို ခဏ စောင့်ပေးဦး ကျနော် ဦးမျိုးကို လိုက်ရှာလိုက်ဦးမယ်

အေးပါ ညီ ဖြေးဖြေးပေါ့

ဝင်းအောင် မှာပေးခဲ့သည့် ကော်ဖီ တခွက်ကို သောက်ရင်း လုပ်ငန်းခွင်နေရာ များကို ထိုင်ကြည့်နေမိသည်။ ကြာတော့ မြင်ကွင်းကစုံသလောက် ရှိသွားသည်။ ဦးမျိုးဝင်း ကို သွားရှာသည့် ဝင်းအောင်ကိုလည်း အရိပ် အရောင်မျှပင် မမြင်ရသေးတာမို့ အိတ်ထဲမှ ဖုန်းကိုထုတ်၍ အင်တာနက်ဖွင့်ခါ သတင်း စာမျက်နှာတွေကိုရှာကြည့်နေမိသည်။

ဗဟိုပါတီ ထိန်းချုပ်မှူ များသောကြောင့် ဝန်ကြီးချုပ် နုတ်ထွက်

ရွေးကောက်ပွဲ မဝင်ပေမဲ့ သမ္မတ ဒုတိယ သက်တမ်း အတွက် ဦးသိန်းစိန် လမ်းဖွင့်ထား

The Voice Daily ပါ ဆောင်းပါးနှင့် ပတ်သက်၍ သူရဦးရွှေမန်း တိုက်တွန်းချက် စတဲ့ ခေါင်းစဉ်ပါ အကြောင်းအရာတွေကို မန့် တွေနဲ့ ပါတွေးပြီးဖတ်နေမိတယ်။ ပြီးတော့ တပ်မတော် /အစိုးရ/ လွှတ်တော်/ ပြည်ခိုင်ဖြိုး စတာတွေ ကို အာရုံရောက်နေစဉ်မှာပဲ

ဝုန်း !
ဂလုန်း!
ခွမ်း!

ဟ . ဟာ…
ဆော်ကုန်ကြပြီဟ !

တဲကြီး အတွင်း စားသောက်နားနေသည့် အလုပ်သမားများ အလန့်တကြား ဖြစ်ကုန်ကြသည်။ အကြောင်းမှာ ယင်းတဲအောက်တွင် မှီခိုရောင်းချနေသော ထမင်းဆိုင် အုပ်စု နှင့် ကော်ဖီ ကွမ်းယာ အုပ်စု တစုနှင့် တစု နေရာလုရောင်းချရင်း တဖက်နှင့်တဖက် စောင်းမြောင်းပြောဆိုနေကြရင်း မှ နာက်ဆုးံ တဖက်နှင့် တဖက် မခံ နိုင် ပေါက်ကွဲလာကြပြီး ကိုယ့်ဟာ သူဖျက် သူ့ဟာကိုယ်ဖျက် ရိုက်ခွဲ ပစ်ပေါက်နေခဲ့ကြပြီး အားမရသည့် အမျိုးသမီး နှစ်ဦးမှာ ထ၍ လုးံတော့သည်။ တဦးနှင့်တဦး ကုတ်ခြစ် ဆွဲစောင့်နေကြသည်။ တဦး ခေါင်းရှိ ဆံပင်ကို တဦးမျက်နှာချင်းဆိုင်ကာ ကြိတ်၍ဆွဲနေကြပြန်သည်။
မည်သူတဦး တယောက်မျှ ဝင်ရောက်ဖျန်ဖြေ တာမျိုးမတွေ့ရ။

သို့ရှိစဉ် ဝင်းအောင် ပြန်ရောက်လာသည်။ ဝင်းအောင် က ထိုရန်ပွဲကိုကြည့်၍

ကျွန်တော် အစကတည်းက ကြိုမြင်နေတယ် အကိုရေ …ဒီနှစ်ဆိုင်နဲ့ ဒီစားပွဲရှည် တလုးံနဲ့ တနေ့ ဒီလိုဖြစ်လိမ့်မယ်ဆိုတာ။ ဝင်းအောင် ပြောနေချိန် မှာပဲ တချို့ ဝင်ရောက်ဖျန်ဖြေလာကြပြီး ရန်ပွဲ ပြန်လည်ငြိမ်သက်သွားသည်။ ဒါကိုကြည့်ပြီး ဝင်းအောင်က ပွဲက ဒီလောက်နဲ့တော့ မပြီးသွားဘူးအကိုရေ ဆို တော့ ဘာလို့လဲကွဟု ပြန်မေးကြည့်မိတယ်။ သူပြောတာက အခု ဖြစ်နေကြတဲ့ ထမင်းဆိုင်ကလူတွေ က ဆိုက် တာဝန်ခံ ရဲ့လူတွေ ။ ဟိုဘက်က ဆိုင်က လူတွေက ဆိုက်မာန်နေဂျာ ရဲ့လူတွေတဲ့ဗျာ။ သြော်… နေရာ …နေရာ… မတင်းတိမ်နိုင်ကြတဲ့ လူတွေ အဖို့မှာကတော့ …

ကျေးဇူးပါ
ရဲရင့်လှိုင်

About YE YINT HLAING

YE YINT HLAING has written 32 post in this Website..