ကျွန်မသိသော ဒေါ်ရင်ထု
ဒေါ်ရင်ထုဟုဆိုရလျှင် နာမည်အရင်းတော့ မဟုတ်ပါဘူး ။
ဒေါ်ရင်ထုက လူအများအား စကါးပြောလိုသည့် အကြောင်းကိစ္စ ပေါ်ပေါက်သည့်အခါတိုင်း
ရင်ဘတ်ကို ထု၍ထု၍ ပြောဆိုတတ်သဖြင့်
နာမည်ရင်းပျောက်ဆုံးပြီး ဒေါ်ရင်ထုလို့ အမည်တွင်သွားပါတယ် ။
ဒေါ်ရင်ထုဟာ အင်မတန်မှပင် ပုဂ္ဂိုလ်ရေးရာ အရ အလွန်ခင်မင် လေးစားစရာ ကေါင်းလွန်းတဲ့သူပါ။
အရာရာကို တန်ဘိုးသိမြင် တန်ဘိုးထားတတ်လွန်းပြီး အချိန်နှင့်အမျှ အလုပ်နှင့်လက် မပြတ်
တရစပ် အမြဲလုပ်နေတတ်တာမို ့ကျွန်မအနေနဲ ့က မလေးစားပဲ မနေနိုင်မိတာ အမှန်ပါပဲ။
တစ်ရက်မှာ ကျွန်မစိတ်မှာ မနေနိုင်တော့ပဲ ကြီးကြီးရေ၊ ကြီးကြီးက အချိန်တိုင်း အလုပ်လုပ်နေတာ
နဲနဲပါးပါးလေးတောင် မနားတော့ဘူးလား မေးမိပါတယ် ။
ကြီးကြီးက ကျွန်မကို အခုနားနေတာပဲ မောလွန်းလို့လေ ဟုပြန်ပြောပါတယ် ။
ကျွန်မကို အဲဒီလို ကြီးကြီးကပြောတော့ ရုတ်တရက် အံ့အားသင့်ပြီး ၊
ကြီးကြီးမောတာကလည်း စကေါ ရက်နေတာလားဟင်လို့ပြန်ပြောမိရက်သား ဖြစ်သွားပါတယ်။
ဟုတ်တယ်လေ ၊ ငါ အခုထိုင်နေတာ မောလို့ထိုင်နေတာ ။ ထိုင်နေရင်း အလကါး မဖြစ်ရအောင် နှီးတွေသင်ပြီး
စကေါ ရက်နေတာဟာ အမောဖြေနေတာပေါ့ ဟုပြောတော့ ၊ ဪ ကြီးကြီး ထိုင်ပြီးအမောဖြေနေတာက
အလုပ်နဲ ့လက်မပြတ်တာပဲဟု ပြောပြီး ၊ထပ်ပြီး ကြီးကြီးကို စောဒက တက်ပြီး ကျွန်မအနေနဲ ့က
နောက်ထပ် ထပ်မမေးတော့ပါဘူး။
တစ်ရက်တွင် ကြီးကြီးဒေါ်ရင်ထု အိမ်သို့ရောက်ချလာပါသည် ။
အဲဒီနေ့က ကျွန်မတို့အိမ်တွင် ရှင်ပြုအလှူ မပြုလုပ်ခင်တစ်ရက်အလိုပါ ၊အိမ်မှာရှုပ်ပွနေတာကို ကြီးကြီးက မြင်သွားပါတယ်။
အိမ်တွင်ရှုပ်ပွနေသည်ကို ကြည့်မရဟု ဆိုပြီး အိမ်အား ကြီးကြီးကိုယ်တိုင် ရှင်းလင်းပေးသွားပြီး
ကျွန်မအား “မျက်နှာမှာ သနပ်ခါးက ဖုံပြီး ပေါင်မှာတော့ သေးစီးချောင်း” မဖြစ်စေနှင့်ဟု ပြောဆိုပါတယ်။
မိန်းကလေးတွေ ဒီလောက်များနေရဲ ့သားနဲ ့နင်တို့အိမ်ကို ငါကြည့်မရလို့ ရှင်းလင်းပေးသွားတာ ဆိုပြီး
ပြောပြောဆိုဆိုနှင့် နောင်ကို အိမ်ကိုဒီလို ရှုပ်ပွပြီးမထားနှင့်ဟု ပြောဆိုလျှက် ၊ မိန်းကလေး
ဆိုတာ အိမ်မှုကိစ္စကို မထိန်းသိမ်းတတ်ရင် စိတ်မဝင်စားပဲ ပေါ့ပေါ့ဆဆ ပေါ့ပေါ့ပျက်ပျက် နေလို့ကတော့
အချိန်တန် အိမ်ထောင်ပြုလျှင် “စလယ်ဝင် အိုးဖင်မမဲခင်ကပင် ကွဲတတ်သည်”ဟုပြောဆိုပါတော့သည် ။
မိန်းကလေးဆိုတာ အိမ်ထောင်ပျက် တခုလပ် တလင်ကွါ အများကမလေးစား သူများတတွေးခွက်ထဲ
ပက်လက်မျောတတ်တယ်။ မိန်းမပျင်း ခြေဆင်း ဆို ငါ ကြည့်မရတာ အမှန်ပဲလို့ ထပ်ပြောပြန်ပါတယ်။
ကြီးကြီး ဒေါ်ရင်ထု ပြောလိုက်သော ပေါင်မှာသေးစီးချောင်းနှင့် ဆိုသောစကါးက အဲဒီလို
အပြောခံရတာ ကျွန်မအနေနဲ ့အတော်လေးကို ခံရခက်သွားပါတယ် ။
ကျွန်မက သနပ်ခါးလူးပြီး ကြက်ဥပေါင်ဒါကို တို့ပတ်ဖြင့် ဖို့သိပ်ရိုက်ပြီး ကျွန်၏မျက်နှာကို မှုံနေအောင်လိမ်းကျံတတ်လို့ပါ ။
ကြီးကြီးဒေါ်ရင်ထုပြောသလို ပေါင်မှာသေးစီးချောင်းနှင့် ဆိုသောစကါးက ကျွန်မအနေနဲ ့ကြီးကြီးပြောသည့်စကါး
ကို အတော်လွန်သည်ဟုထင်မြင်မိပြီး စိတ်မှာ အရမ်းခံစားသွားရသဖြင့် ကြီးကြီးဒေါ်ရင်ထုအား ကျွန်မက
တစ်နေ့ ရေ-၃ခါမျှချိုးတာ၊ တကိုယ်လုံးသန့်ရှင်းအောင်နေတာ၊ ပေါင်မှာသေးစီးချောင်းမှ မရှိတာဟု ပြန်ပြောမိပါတယ် ။
ကြီးကြီးက ကျွန်မတို့ ညီအစ်မများအား မိန်းကလေးတွေ ဖြစ်ပြီး မျက်နှာလှလှလေးတွေနဲ ့
သနပ်ခါးတော့ ဖုံနေအောင်လိမ်းတတ်တယ် ။
အိမ်ကိုတော့ ပြောင်လက်နေအောင် မလုပ်တတ်ရင်ပေါင်မှာ သေးစီးချောင်းရှိနေတာနဲ ့အဓိပါယ်ခြင်းက အတူတူပဲ ။
နာတတ်ရင် ဒီကနေ့က စပြီးအိမ်ကိုပြောင်လက်နေအောင် သန့်ရှင်းအောင်လုပ်ရမည်ဟု ပြောဆို ဆုံးမပြီး ပြန်သွားပါတယ်။
ကျွန်မအနေဖြင့် ကြီးကြီးဒေါ်ရင်ထု ပြောသောစကါးကြောင့် ၊ ထိုစဉ်အခါမှစ၍ နေ့စဉ် အိမ်သန့်ရှင်းရေး တာဝန်အား
ကျွန်မတာဝန်ဟု သဘောထားလျှက် အိမ်ကိုပြောင်လက်နေအောင် ဖုံမျှမရှိရလေအောင် သန့်ရှင်းရေးတာဝန်ယူ လျှက်
မမောမပန်း ပြုလုပ်နေခဲ့မိပါတယ် ။
တစ်ခါတွင်တော့ အစ်ကိုက ကျွန်မကိုကြည့်မရတော့ပဲ ကျွန်မကိုကျောင်းကထုတ်ပြီး အိမ်အကူအလုပ်ပဲလုပ်
ခိုင်းမည်ဟု ကြိမ်းမောင်း ပြောဆိုပါတယ်။
အစ်ကိုပြောသော စကါးနာရကေါင်းမှန်းမသိ ပေါင်မှာသေးစီးချောင်း မဖြစ်ဘို့က ကျွနမအတွက် အရေးကြီးနေမိပါတယ် ။
ကြီးကြီးဒေါ်ရင်ထုပြောသည့်အတိုင်း မဖြစ်စေရဟု စိတ်မှာ မာနထားပြီး အိမ်သန့်ရှင်းရေး လုပ်ရသည်ကို
ပင်ပန်းသည်ဟု မထင်ခဲ့မိပါဘူး။
အိမ်ကကြီးလွန်းနေသည့်အတွက်လည်း ၊အိမ်ရှေ့ အိမ်အလယ် အိမ်အနောက် အားလုံး ပြောင်လက်နေအောင်
သန့်ရှင်းလုပ်ရသည်မှာ မလွယ်ကူပါ အချိန်အတော်ကြာပါသည်။
ဘယ်မောင်နှမ လုပ်လုပ် မလုပ်လုပ် ကျွန်မအနေနှင့်တော့ ပေါင်မှာသေးစီးချောင်းနှင့် လူအဖြစ်မခံနိုင်ခဲ့တာ အမှန်ပါ။
အဖေက ပြည်သူပိုင် အသိမ်းမခံရခင်က ကလေးထိန်းသပ်သပ် ခေါ်ထားတာ သိရပါတယ်။
ထိုစဉ်အခါအရွယ်က ကျွန်မမမှတ်မိတတ်သေးပါ ။
ကျွန်မကိုထိန်းပေးရသောသူ အိမ်လာလည်စဉ်က အဖေပြောပြ၍သာ ကျွန်မသိရပါတယ်။
ပြည်သူပိုင် သိမ်းခံရပြီးနောက်ပိုင်း အိမ်အကူတွေ မထားတော့ပါ ။ ကျွန်မ တို့အလယ်တန်း ကျောင်းသူ အဆင့်ရောက်တော့
ကျောင်းများဖွင့်လျှင် စာမလိုက်နိုင်မှာ စိုးရိမ်ပြီး အဖေနှင့်အမေက အိမ်အကူ ပြန်ခေါ်ထားပေးပါတယ် ။
အိမ်တစ်အိမ်လုံးအား ပြောင်လက်နေအောင် တိုက်ချွတ်တဲ့ ကျွန်မအနေနဲ့က၊ တော်ရိရော်ရိ
လုပ်တတ်ပါသော အိမ်အကူတွေနှင့် စကါးများရပါတော့တယ် ။
တစ်ရက် အိမ်နောက်ဖေး ထမင်းစားခန်းမှာ အိမ်အကူသန့်ရှင်းရေး လှဲကျင်းပြီးတဲ့အချိန် ၊
ကျွန်မစီးထားသည့် အိမ်စီးဖိနပ်အားချွတ်ပြီး၊ အိမ်အကူ လှဲကျင်းပြီးစီးသည့် အင်္ဂတေကြမ်းပြင်ကို ခြေဖဝါးနှင့်ပွတ်လျှက်
ဖုံမှုန့်များမစင်သေးသည်ကို တွေ ့ရသဖြင့် မစင်သည့်အကြောင်းပြောမိလိုက်ပါတယ် ။
အိမ်အကူက ကျွန်မထက် များစွာ အသက်ကြီးသဖြင့် ဒီကလေးမကကျန်တဲ့မောင်နှမတွေနဲ ့မတူ ၊
အတော်ဆိုးသည်ဟု ပြောပြီး အဖေနှင့်အမေကို ပြန်တိုင်ပါတော့တယ်။
အဖေနှင့်အမေကလည်း အိမ်အကူဆိုတာ စိတ်ချရသူ ဖြစ်ဘို့ အဓိကဖြစ်ပြီး တော်ရုံတန်ရုံ မပြောမိစေရန်
ကျွန်မအား ဆုံးမပြောဆိုပါတယ် ။
ကျွန်မမှ အိမ်အကူ မိန်းမကြီးအား စိတ်ဆိုးပြီးအဖေနှင့်အမေတို့နောက်ကွယ်မှာ အိမ်အကူ
အဒေါ်ကြီးအား ဆူဆူဆောင့်ဆောင့် လုပ်ပြမိပါတယ် ။
နောက်ပိုင်းမှာတော့ အိမ်အကူအဒေါ်ကြီးလည်း မနေတော့ပဲ အကြောင်းပြပြီး ပြန်ပြေးပါတယ်။
အဖေနှင့်အမေက နောက်တစ်ခါ ကရင်တောမှ တောသူ ကရင်မလေးအား အိမ်အကူထပ်ခေါ်ပါတယ်။
သူလည်း ထို့အတူလို့ပဲ ကျွန်မထင်မိပါတယ်။
တစ်ရက်မှာ အိမ်အကူက ပန်းကန်တွေဆေးလို့အပြီး ပန်းကန်စင်မှာ မှောက်တော့ ၊ ကျွန်မက ထမင်းစား ပုဂံပြားရဲ ့
အနားသား(နှုတ်ခမ်းသား) အောက်ဖက် လှန်ကြည့်မိပါတယ် ။ အရင်ခေတ်က ထမင်းစား
သံပုဂံပြားတွေက ကြွေရည်သုပ်လိမ်းပြီး အနားသားလုံးထားပါတယ် ။
အိမ်မှာ ကြွေပုဂံပြား အသုံးများပေမယ့် ၊ မကြာခဏ ကျွန်မတို့ လက်ကနေ လွတ်ကျပြီး ကွဲတတ်လို့ အဖေက
ကြွေပုဂံပြားတွေနေရာမှာ သံပုဂံပြားကြွေရည်သုပ်တွေ အစားထိုးပြီး အဖေက သုံးစွဲခဲ့ပါတယ်။
အဓိက ပန်းကန်ဆေးတာ ပြောင်မပြောင်သိချင်လို့ သံပုဂံပြားတွေရဲ ့အနားလုံးထားတဲ့ အောက်ဖက်မှာ ဆပ်ပြာတွေ
ကပ်ပြီးကျန်မကျန် ကျွန်မစီစစ်ပြီး ကြည့်မိပါတယ် ။ ထုံးစံအတိုင်း ကျွန်မကြည့်မိတဲ့ ပုဂံပြားတစ်ချပ်လုံးရဲ ့အောက်ဖက်မှာ
ရွှေဝါဆပ်ပြာတွေ ကပ်ကျန်နေတာ တွေ ့ရနေတာ့ အင်မတန် စိတ်ဆိုးမိပါတယ်။
စိတ်ဆိုးပြီး အိမ်အကူ ကျွန်မနဲ့ မတိမ်းမယိမ်းရှိနေတဲ့ ရွယ်တူ ကရင်မလေးကို အလုပ်လုပ်ပေးတာ
စေတနာမထားဘူးဟု ပြောမိပါတယ် ။
အရင်ခေတ်က ဆပ်ပြာရည် မပေါ်သေးတဲ့ခေတ်ပါ ။ ရွှေဝါတောင့်တွေက အိမ်အကြမ်းသုံး ဆပ်ပြာခဲတွေပါပဲ။
ရွှေဝါဆပ်ပြာခဲကို အုန်းဆံဖတ်တွေနဲ ့ တိုက်ချွတ်ဆေးကြောရတာဆိုတော့ သံပုဂံပြားလုံးတဲ့
အနားသားနှုတ်ခမ်းတွေထဲ မတော်တဆ ဝင်မိတတ်တာပါ၊ သေချာစွာ မဆေးကြောနိုင်ရင် တော့ မပြောင်နိုင်ပါဘူး။ ။
ကျွန်မကြောင့် ကရင်မလေးလည်း မနေနိုင်ပဲ ပြန်ပြေးပါတယ် ။
တစ်အိမ်လုံးမှာ ကျွန်မကြောင့် အိမ်ဖော်တွေ ပြေးပေါင်းများတယ်ဆိုပြီး အိမ်သားတွေအားလုံးဝိုင်းဝန်းပြီး
ကျွန်မအပေါ်မှာ အပြစ် တင်ကြပါတယ် ။ အဖေနဲ့အမေက မပြောသာခဲ့ကြပေမယ်လို့ ကျန်တဲ့ညီအစ်ကို မောင်နှမများက
ဒီတစ်ခါ ထပ်ခေါ်လို့ အိမ်အကူထပ်ပြေးရင် ကျွန်မကို ကျာင်းမနေတော့နဲ့ဆိုပြီး
အိမ်အကူပဲလုပ်တော့လို့ ဆို၊ပြီး ဩဘာ ဝိုင်းပေးကြတာကို ခံခဲ့ရပါတယ် ။
ကျွန်မအနေနဲ ့အိမ်မှုကိစ္စကို ဝါသနာပါပြီး လုပ်လာခဲ့တာ မြင်တွေ့နေတဲ့ ကြီးကြီးဒေါ်ရင်ထုကတော့ ချီးမွှမ်းခဲ့ပါတယ်။
အိမ်မှာတော့ ကျွန်မက ချီးမွှမ်းမခံရပဲ မျက်နှာပန်းမလှ ခဲ့တာတော့ အမှန်ပါဘဲ။
ကျွန်မသိတဲ့ ကြီးကြီးဒေါ်ရင်ထုက ကံတော့ မကေါင်းရှာပါဘူး ။ ကြီးကြီးဒေါ်ရင်ထုရဲ ့ဝီရိယကိုတော့
တော်ယုံနဲ ့တော့ ဘယ်သူကမှ လိုက်မှီနိုင်လိမ့်မယ်လို့ မထင်မိပါဘူး။
အခုချိန်ထိလည်း ကြီးကြီးဒေါ်ရင်ထုလို လူမျိုး ကျွန်မအနေနဲ ့က မမြင်ဘူးသေးလို့ဆိုတာ ဝန်ခံရမှာပါပဲ။
ကြီးကြီးဒေါ်ရင်ထုက စာမတတ်ပေမဲ့ သားသမီးတွေကိုတော့ စာတတ်အောင် ပညာတတ်အောင်ထားပါတယ် ။
ကြီးကြီးမှာ အားသာချက်က ဇွဲလုံ ့လ ဝီရိယပါပဲ။
ကြီးကြီးဒေါ်ရင်ထုက သနားတတ်ပြီး စိတ်ကေါင်းစေတနာလည်း ထားရှိတတ်တဲ့သူပါ။
အချိန်ကို စက္ကန့်နဲ့အမျှ တန်ဘိုးထားတာ တွေ့မြင်နေရပါတယ်။
ကြီးကြီးက အလုပ်မှန်သမျှ မရွေးပါဘူး၊ ပင်ပန်းတာကို မကြောက်တဲ့သူပါ ၊ အပင်ပန်းခံနိုင်တာကလည်း
သူများတွေနဲ ့မတူပါဘူး။
ကံမကါင်းဘူးဆိုတာက ကြီးကြီးက လူတဖက်သားပေါ်မှာ ယုံကြည်တတ် သနားတတ် အားနာတတ်တော့
ခဏ ခဏ အလိမ်ခံရပါတယ်။
ကြီးကြီးဒေါ်ရင်ထုက အရင်းအနှီးရအောင် ရှာပြီး အပင်ပန်းခံပြီး ကျွန်မတို့နဲ့ နေတဲ့နေရာနဲ ့
အလှမ်းသိတ်မဝေးလှတဲ့ ရွာတွေမှာ ကုန်ရောင်းကုန်ဝယ်ထွက်ပြီး ငွေရှာလေ့ရှိပါတယ် ။
အလိမ်ခံပြီး ပြန်ရောက်လာရင် ကြီးကြီးက သူ ့ရဲ ့ရင်ဘတ်ကြီးကို ထုထုပြီး အောင်ဟစ်တတ်ပါတယ်။
ဘေးအိမ် ရှေ့အိမ် နောက်အိမ်တွေ ကြားရလောက်အောင် အော်ဟစ်တတ်ပါတယ်။
သူပင်ပင်ပန်းပန်းရှာထားတာတွေကို လုပ်ရက်လို့ ရင်ဘတ်ကြီးထုထုပြီး ပြောတတ်တာ ကြီးကြီးရဲ ့
အကျင့်တစ်ခုလို ဖြစ်နေတာပါ။
ဒါကြောင့်မို့လည်း ကြီးကြီးကို ဒေါ်ရင်ထုလို့ ဝိုင်းခေါ်ကြတာပါ ။
ကြီးကြီးခံရတာတွေ ကြားသိရသူတွေက ကြီးကြီးအစား စုပ်တသပ်သပ် ဖြစ်ကြရပါတယ်။
ဒါပေမယ့်လည်း ကြီးကြီးကတော့ မမှုပါဘူး ။
ကုန်ရှုံးရင်တစ်ခေါက် လင်ကုန်ရှုံးရင် တသက်လုံးမှောက် ဆိုပြီး ရင်ဘတ်ကြီး ထုထုပြီးအော်ဟစ်
ပြောဆိုတတ်ပေမယ်လို့ အရင်းအနှီးရအောင် ပြန်ရှာပါတယ်။ ပြန်စုဆောင်းမိပြီ ဆိုရင်တော့
ကုန်ရောင်းကုန်ဝယ် ပြန်ထွက်တာ ထုံးစံလို ဖြစ်နေပါတယ် ။
စိတ်ဓါတ်ကျတာ အရှုံးပေးတာတွေ ကြီးကြီးဒေါ်ရင်ထုမှာ မရှိပါဘူး။
ကျွန်မသိတဲ့ ကြီးကြီးဒေါ်ရင်ထုကတော့အချိန်ကို အမြဲတန်ဘိုးထားပြီး အလုပ်နဲ့လက် မပြတ်တရစပ်လုပ်တဲ့သူပါ ။
ရှာတိုင်းမဖြစ်လည်း စိတ်ဓါတ်ကျတာမျိုး ဘယ်တော့မှ မတွေ့ရပါဘူး ။
အစစအရာရာ အလဟဿ အဖြစ်မခံပါဘူး ။ ပစ္စည်းတစ်ခုခုကို ကိုယ်လုပ်လို့ ပျက်စီးသွားတယ်ဆိုတာမျိုး
ကြီးကြီးဒေါ်ရင်ထုက အဖြစ်မခံပါဘူး။
သူများကြောင့် ပစ္စည်း တခုခု တစ်စုံတစ်ရာ ပျက်စီးသွားတာ မြင်တွေ့ရရင်လည်း နှမြောပြီး ရင်ဘတ်ကြီး
ထုထုပြီး ပြောမိတတ်တာက ကြီးကြီး ဒေါ်ရင်ထုရဲ ့အားနည်းချက်လို့ ကျွန်မအနေနဲ ့မြင်မိပါတယ်။
ကြီးကြီးက ကျွန်မတို့ကို အမုန်းခံပြီး ပြောပြခဲ့လို့လည်း ကျွန်မအနေနဲ ့ကပေါင်မှာသေးစီးချောင်းနှင့်လူ မဖြစ်ခဲ့ရတာပါ ။
ကြီးကြီးဒေါ်ရင်ထုရဲ ့စေတနာကို နောင်ကြီးပျင်းလာတဲ့ အချိန်မှာ တန်ဘိုးရှိလှတာကို
ကျွန်မအနေနဲ့က နားလည်သိမြင် သဘောပေါက်လာခဲ့ပါတယ်။
မခံချင်တဲ့စိတ် မှန်ကန်တဲ့ မာနစိတ်ဖြစ်အောင် လမ်းညွှန်ပေးနိုင်ခဲ့တဲ့ ကြီးကြီးကြောင့် အိမ်ထောင်တစ်ခုကို
ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ပါတယ် ။ ကြီးကြီးရဲ ့ ကျေးဇူးတရားသိမြင် ခံစားမိပါတယ်။
ကျွန်မသိတဲ့ ကြီးကြီးဒေါ်ရင်ထုကတော့ ဉာဏ်နဲ့ဝီရိယအကျိုးကြောင့် လူ ့လောကမှာ သိက္ခာရှိရှိ ဂုဏ်ရှိရှိ
မျက်နှာရှိစွာပဲ နေထိုင်သွားနိုင်ခဲ့တာ ကျွန်မကိုယ်တိုင်တွေ့မြင် သိရှိရပါတယ် ။
ကျွန်မသိတဲ့ ကြီးကြီးဒေါ်ရင်ထုလိုမျိုး အချိန်ကိုတန်ဘိုးသိမြင် နေထိုင်တတ်နိုင် ကြပါစေကြောင်း
ဆုမွန်တောင်းမိပါတယ်။။။။
14 comments
မြစပဲရိုး
July 16, 2015 at 1:22 am
အစ်မအေး
. ကြီးကြီးဒေါ်ရင်ထု သာ ကျွန်မ ရဲ့ အိမ်မှုကိစ္စအထိန်းတော် တာ ကို မြင်ရင် ကျွန်မ ကို ထု မလားဘဲ။
အခုတော့ ကြိုးစားပြီး ပေါင်မှာသေးစီးကြောင်း မဖြစ်အောင် နေမှ လို့ တွေးမိပါတယ်။
အစ်မ ကတော့ လူလဲ လှ၊ အိမ်ကိုလဲ လှပြီး သန့် နေအောင် ထားမှာ ကိုလဲ အားကျသွားပါရဲ့။
. ကျေးဇူးပါ အစ်မရေ။
ဇီဇီခင်ဇော်
July 16, 2015 at 6:46 am
Close on eye..!!
အိမ်အလုပ်တွေ ဆိုတာ
စေတနာပါမှ သေချာလုပ်ဖြစ်
သေချာလုပ်ဖို့ စိစပ် ရတော့
လူတိုင်းး မလုပ်နိုင်ပါဘူးးလေ..
ဦးကြောင်ကြီး
July 16, 2015 at 9:09 am
ကွမ်ဆာဘေး၁က ျီး……. မိန်းမတွေရဲ့တန်ဖိုး အလှတရားဂ ျ… အိန်မှုကိစ္စလား… အနာဂတ်မှာ စက်ရုပ်တွေ ပေါ်ဒေါ့မည်… ပူဆြာမလို..။
weiwei
July 16, 2015 at 10:43 am
အန်တီအေးကို အိမ်အလည်ခေါ်လို့ မဖြစ်ချေဘူး။ 🙂
Mike
July 16, 2015 at 10:53 am
.က ျုပ်အိမ်ကို ဒေါ်ရင်ထုကြီးခေါ်ပြချင်ပါ့….
.က ျုပ်ရဲ့မွေသမိခင်ကြီးလည်း ဒေါ်ရင်ထုကြီးနဲ့အတူတူပဲ..အခုထိ အိမ်မှာသန့်ပြန့်နေတုန်း..
.အငြိမ်လည်းမနေတတ်..တစ်ခုမဟုတ်တစ်ခုလုပ်နေတာပဲ…
.ကေ ျးဇူးပါ အန်တီအေး :))
aye.kk
July 16, 2015 at 12:35 pm
အားလုံးကို,ကျေးဇူးပါလို့ပြောပြပါရစေနော်။။။
မွသဲ ( 17082011 )
July 16, 2015 at 4:22 pm
ဟိဟိ ကျွန်မလဲ အန်တီအေးပြောမှ ပေါင်သေးစီးကြောင်းဖြစ်နေဒလိုဘဲ။
ကိုပေါက်(မန္တလေး)
July 16, 2015 at 8:23 pm
အိမ်တစ်အိမ်ရောက်သွာသွားရင် သန့်ရှင့်သပ်ရပ်နေရင်မြင်ရသူ စိတ်အေးချမ်းသွားတတ်ပါတယ်။
ရှေးခေတ်က လူတွေကတော့ အချိန်ရတော့ သင်နိုင်ကြားနိုင် လုပ်နိုင်တယ်လို့တော့မြင်မိပါတယ်
Ma Ma
July 17, 2015 at 6:51 am
သန့်ရှင်းသပ်ရပ်တယ်ဆိုတာ လူရဲ့ပင်ကိုယ်ဗီဇနဲ့လည်း ဆိုင်မယ်ထင်တယ်။
ကိုယ်တိုင်တော့ အဲလောက်စည်းကမ်းနဲ့ စနစ်တကျ မနေတတ်ဘူး။
ရှု့ပ်ပွေညစ်ပတ်တယ်လို့ ပြောရလောက်အောင်လည်း မဟုတ်ဘူး ထင်တာပဲ။
ပြောရမယ်ဆို မဇ္စ ျိမပဋိပဒါပေ့ါ…………. :e: :kwi:
aye.kk
July 17, 2015 at 10:42 am
မွသဲရေ
အရင်ကလေ လူကြီးတွေရဲ ့အပြောခံရတာကို
ရှက်လဲရှက် နာလဲနာတတ်တော့ အပြောမခံချင်စိတ်က များနေတော့
အတိုင်းထက် လွန်သွားတယ်ထင်မိပါတယ် ၊ တစ်အိမ်လုံးရဲ ့မြင်ပြင်းကပ်ခြင်းကိုတောင်ခံခဲ့ရတယ် ။
အိမ်ကြမ်းပြင်တွေ ပြောင်လက်အောင် တိုက်ပြီးရင် အိမ်စီးဖိနပ်ကိုတောင်မှ မစီးစေချင်တော့ပဲ
မစီးဘို့ အစ်မကိုပြောမိတာ အစ်မကအရေးမလုပ်တော့ အဖန်တလဲလဲပြန်တိုက်နေရတာနဲ ့
တင်အချိန်ကုန်တော့တယ်။။
အခုတော့ သားတွေချည်းမွေးထားတော့ ပင်ပန်းလိုက်တာ အိမ်မှုကိစ္စ ဝါသနာမပါကြဘူး ။
အခုထိပင်ပန်းနေတုန်းပါ၊ငယ်ရွယ်တုန်းက ကျန်းမာရေးကေါင်းမွန်တော့ လုပ်နိုင်တယ် ။
အခုတော့ တတ်နိုင်သလောက်ပဲ လုပ်တော့တယ် ။ ကြီးကြီးဒေါ်ရင်ထုသာ ရှိနေသေးရင်
အပြောခံရမှာ သေချာတယ် ။
ကြီးကြီးဒေါ်ရင်ထုက အသက်၉ဝ ကျော်ထိ အသက်ရှည်ခဲ့တယ် ။
သေတဲ့အချိန်ထိ မျက်စိလဲ မမှုံ၊ နားမလေး၊ သွားမကျိုး ကေါင်းလိုက်တာ ။
ကိုယ်က အသက်ငါးဆယ်ကျော်လာတာနဲ ့မျက်စိကမှုံလာပြီ သတိကလည်းမေ့၊အခုတော့အဲလိုဖြစ်နေတယ်။
ကိုပေါက်ရေ
မှန်ပါတယ်။ ကြီးကြီးဒေါ်ရင်ထုနေတဲ့အိမ်ဆို အမြဲတန်း နေ့စဉ်နှင့်အမျှ ဘယ်အချိန် ဘယ်အခါမှာပဲဖြစ်ပါစေ
ပြောင်လက်တောက်ပ သန့်ရှင်းနေတာပါ။
ကြီးကြီးနေထိုင်နေတဲ့ အိမ်ကိုသွားလည်ရင် ကိုယ့်ခြေထောက်ကို
ခြေသုတ်ဖုံအဝတ်မှာ အဖန်ဖန်သုတ်ပြီးမှ အိမ်ကြမ်းပြင်ကို နင်းရဲတယ် ။
အဲ့လို အဲ့လိုပါ ကိုပေါက်ရေ။
အိမ်ကိုကြည့်ရင်တော့ မြင်ရတာနဲ့တင်စိတ်အေးချမ်းမှုရတာ အမှန်ပါပဲ။။
မမရေ
မဇျွိမပဋိပဒါ အကေါင်းဆုံးဆိုတာမှန်ပါတယ် ။
ငယ်ငယ်က အိမ်ကို သန့်ရှင်းရေးလုပ်လွန်းအားကြီးတော့ အချစ်မခံရပဲ အပြစ်တင်ခံခဲ့ရတာ ကိုယ်တွေ ့ပါဘဲ။။။
လုံမလေးမွန်မွန်
July 17, 2015 at 11:03 am
သများတို့အိမ်ကို ပြချင်တယ်။ နယ်အိမ်မှာက ကိုယ်က ဖွတဲ့သူ အမေက သိမ်းတဲ့သူ။ အခု ညီမတွေနဲ့နေတော့ ကိုယ်က သူတို့ထက်တော့ နည်းနည်းသာတယ်။ ဟဲဟဲ။ ဒါမယ့် သများက အတော်လေး မိန်းမ မပီသတာ။ အဘွားနဲ့ဆို အမြဲအဆူခံရတယ်။
aye.kk
July 18, 2015 at 11:18 am
မွန်မွန်ရေ
အခုခေတ်က၊ခေတ်နဲ ့အမှီသင်ယူနေရတဲ့နည်းပညာတွေများလာတော့
မိန်းမမပီသလည်းဆိုချင်ဆိုပါစေတော့၊အန်တီသားတွေတောင်၊
အိမ်မှုကိစ္စတွေပြန်လှည့်မကြည့်နိုင်တော့တာပါ။ အန်တီဆူလည်းဆူဘဲ။
သူတို့အားလပ်မှသာလုပ်ပေးတော့တာ။။
YE YINT HLAING
July 18, 2015 at 12:12 pm
ကျွန်တော်လည်း အဖွားတယောက်ကို မြင်ဘူးတယ်။ရန်ကုန်က အဖွားရဲ့ သမီး တိုက်ခန်းမှာစမြင်ဘူးတာ။ ရန်ကုန်မှာလည်း အဖွားက အဲဒီတိုက်ခန်းမှာ တကုပ်ကုပ် လုပ်နေတယ် ။ ညောင်လေးပင်က အဖွားအိမ် မှာ တွေ့တော့လည်း တချိန်လုးံ တခုခုလုပ်နေတာပဲတွေ့တယ်။ ဒါကြောင့် တခြံလုးံ တအိမ်လုးံလည်းသပ်သပ်ယပ်ယပ်။ နေခင်းဘက်တွေဆိုရင်တော့ တရားစာအုပ်လေးတအုပ်နဲ့ငြိမ်နေတာပဲ။
aye.kk
July 21, 2015 at 10:34 am
အဲ့လိုတွေ့ရတဲ့လူကြီးသူမတွေကိုဆိုရင်
အန်တီအနေနဲ ့ မြင်ရတာ စိတ်မှာ ချစ်ခင်လေးစား
အားကျမိတာ အမှန်ပါ ရဲရင့်လှိုင်ရေ။။