Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Food Safety နိဒါန်း

စဆရ ႀကီးJuly 16, 20151min100421

ကိုင်းဗျာ.. ပြောမယ် ပြောမယ်နဲ့ ပြောချင်နေတာ ယားနေလို့သာ ပြောရတယ်၊ ကျုပ်ရောက်ကာစက အဖြစ်အပျက်တွေကို သတိရသဗျ။ ရဆို ကျုပ်တစ်ယောက် မွေးစကနေ အသက် ၂ဝ နည်းနည်းကျော်တဲ့ထိ မြန်မာပြည်ကြီးထဲမှာပဲ သွားလာလှုပ်ရှားခဲ့ရတာလား။ ပြောရမယ်ဆို မွေးကတည်းက တောင်ပေါ်တောင်အောင် ဇာတိဆိုတာ ပြောမရအောင် နေခဲ့ရတာ။ ဆိုတော့ ကျုပ်တစ်ယောက် မြန်မာပြည်တစ်ခြမ်းလောက်တော့ နေခဲ့ဖူးပါတယ်။ အဲ့လိုပြောမယ့်သာပြောရတာ တစ်ကယ်တော့ အုငဲ ဆိုကတည်းက စတွက်လို့ပါ။ ကျုပ်ကိုကျုပ် လူမှန်းသိတော့ ရန်ကုန်ရောက်နေပြီ။ ကျန်တာတွေက ပြန်ပြောပြလို့ သိရတာမှတ်။ လူမှန်းသိပြီးတော့မှ ကျန်တာတွေ လေ့လာတော့ သိပ်တော့ မရှိပါဘူးလေ။ ဘာပဲပြောပြော သူများတွေလိုတော့ (ကိုယ်နဲ့ ခေတ်ပြိုင်များကို ဆိုလိုပါတယ် ) သိသင့်သိထိုက်တာတွေ သိတယ်ပေါ့နော။ ကျုပ်ကလဲ နေရာတစ်ကာ စပ်စုတာလား။ ငယ်ငယ်ကတည်းက ခုထိ ဗြစ်တစ်သျှစကားပြော မတက်ဖူးပေါင်။ ဒါပေမယ့် စိတ်ဝင်စားလို့ တွေ့သမျှ လိုက်ဖတ်၊ အသံထွက်ကြည့်၊ တက်တိုး ၂ အုပ်တွဲကြီးလှန်လို့ပေါ့။ အဲ့တုန်းက ဘူးယိုလို့ ကိုယ့်မိဘများကတောင် လှောင်ကြသကိုး။ ထားပါတော့လေ၊ လိုရင်းဆက်ဆွဲတာပေါ့။

ကျုပ်တစ်ယောက်များဗျာ အစားအစာ သိပ်မက်တာ၊ မက်ဆို ငတ်ခဲ့တာကိုး။ ကျုပ်မသိခင်တုန်းက ပိန္နဲသီးဟင်းချက်ကို တောဝက်သားဆိုပြီး စားခဲ့ရဖူးတယ်။ မြင်းခွာရွက်တွေနှုတ်ပြီး သုတ်စားခဲ့ရတာလဲ အခါခါ။ ဆီနှစ်ကျပ်ခွဲသား၊ အချိုမှုန့် ၅ိ/- တန်တစ်ထုပ်၊ ဆား တစ်ကျပ်တန်တစ်ထုပ်ကို အိမ်က ဒန်အိုးအကောင်းလေးကို တူနဲ့ ထုပြီး လဲစားခဲ့ရဖူးတယ်။ ဒါပေမယ့် ကျုပ်ဂုဏ်မငယ်ပါဘူး။ ပြောရရင် အရာရှိသားသမီးဖြစ်ခဲ့တော့ ပုဆိုးအပေါက် ဖာတစ်ရာထပ်နေတာနဲ့ ကားခေါင်းခန်းမှာ ထိုင်ပြီး ကျောင်းတက်ခဲ့ဖူးတာကိုးဗျ။

ကျုပ်တစ်ယောက် အိမ်က အမေ ဘယ်လိုချက်ချက်၊ ဗိုက်ဆာတာနဲ့ စားရတော့ သိပ်စားကောင်းသဗျ။ နောက်တော့ အရွယ်လေးရောက်လာတော့ လမ်းဘေးတွေ့ကရာဆိုင်တစ်ခုခုမှာ ဝင်စားလိုက်တာပဲ။ မြောင်းဘေးမှာ ဖွင့်တာလဲ ဖြစ်ချင်ဖြစ်မယ်၊ တိုက်နံရံမှာ ကပ်ဖွင့်တာလဲ ဖြစ်ချင်ဖြစ်မယ်၊ အဖီလေးဆွဲပြီး လူသွားစင်္ကြန်ပေါ်မှာ ဖွင့်တာ ဖြစ်ချင်ဖြစ်မယ်၊ စားလိုက်တာပဲ။ ဘာပြောကောင်းမလဲ ဘယ်နေရာစားစား စားကောင်းတာချည်းပဲ။ ကိုယ့်ရှေ့ရောက်လာတဲ့ထဲက ပန်းကန်ထဲကဟာ ကောက်မော့ချင်မော့၊ စားချင်စား၊ အရသာတယ်ရှိသဗျား။

++++++++++++++++++++++++++++++++++++++++++++++

ဒီလိုနဲ့ ကျုပ်တစ်ယောက် ဆင့်ကာပူရရောက်သွားရော။ အဲ့မှာ ကျုပ်က တယ်အဆင့်အတန်းမြင့်မြင့်နေရတာလား။ ဆင့်ကာပူရ မြေတော်တော်ရှားတယ်လို့သာ ကြားဖူးတာ။ ကျုပ်တို့တွေများ လေဆိပ်မှာ ကားလာကြိုတော့ လာကြိုတဲ့ လော်ရီကားနောက်ခန်းမှာ အမိန့်သားထိုင်၊ လမ်းပြောင်းပြန်မောင်းနေတာကို ရင်တစ်ထိတ်ထိတ်စီးရင်းနဲ့ လေဆိပ်ကနေ မြို့ထဲဝင်လာ၊ “ဟယ်… ဒါ ဆင့်ကာပူရကြီးပါလား ” လို့ မိုးမျှော်တိုက်တွေကြည့်ရင်း ကားက မရပ်၊ ဆက်မောင်းလာလိုက်တာ နောက်တော့ အိမ်ကွက်တိကွက်ကြား၊ နောက်တော့ တောအုပ်ကြီး၊ နောက်တော့ သချီ်င်းကုန်းကျော်လာပြီးတဲ့နောက်မှာတော့ နေထိုင်ရာ တောမြိုင်လည်က အလုပ်သမား တန်းလျားကြီးကို ရောက်ပါလေရော။ နေရတာကတော့ လူ ၃၀၀ဝ ကျော်။ ပါတ်ဝန်းကျင်ကြည့်လိုက်ရင် တောကလွဲ ဘာမှမရှိ။ အဲ့လို။ မြေနေရာရှားပေလို့သာပဲလို့ တွေးမိပြန်သေးတယ်။

ကိုယ့်ဖာသာ ချက်စားရတော့ တစ်ခုတည်းသော အားကိုးစရာ ဆိုင်ကြီးက တင်ရောင်းသမျှကို ဝယ်ရတာလား၊ နောက်တော့ ကုလားပေါင်းစုံနဲ့ နေရာလု၊ အဆင်ပြေတဲ့နေရာမှာ လှီးဖြတ်ပြီးတော့ အဆင်ပြေသလို ကြော်စားရတာပ။

ဂလိုနဲ့ ၃ နှစ်ကုန်ဆုံးလေသည်ပေါ့။

အောင်မြင်စွာနဲ့ပဲ ဆင့်ကာပူရက ဆုတ်ခွာလာပြီးတဲ့နောက် ကျုပ်တစ်ယောက် တစ်ခါ စားဖူးခဲ့တဲ့ KFC က အလုပ်ခေါ်တော့ ဝမ်းသာအားရ လျှောက်သဗျား။

ဟုတ်တယ်လေ၊ သူက မီးဖိုချောင်ထဲမှာ အဲကွန်းနဲ့ လုပ်ရတာ၊ အသက်အန္တရာယ်မှလဲ မရှိတာ။ အရင်အလုပ်နဲ့စာရင်။

ဂလိုနဲ့ပဲ ကျုပ်တစ်ယောက် UAE ရောက်လာပါရော။ အင်တာဗျူးမှာ မေးသမျှ မသိဘူး၊ မရှိဘူး၊ မတတ်ဘူးဖြေရင်းနဲ့ စားသောက်ကုန်လုပ်ငန်းရောက်ခဲ့တာ။

++++++++++++++++++++++++++++++++++++++++++++++

နိဒါန်းပျိုးတာ ဒီလောက်နဲ့တင် တော်ကြစို့ရဲ့

ကျုပ်တစ်ယောက် အဆင့်ဆင့်ကျော်ခွလာရင်း၊ လုပ်သက်လေးလဲ ဆယ်စုနှစ်တစ်ခုနီးပါးကြာလာရင်းမှ စားသောက်ကုန်လုပ်ငန်းအကြောင်းကို အတော်လေး တီးခေါက်မိလာတော့ Food Safety အကြောင်း ကျွမ်းကျင်သလိုတော့ ရှိလာသပေါ့လေ။ ရှိဆို ကိုယ်က တာဝန်ခံထားရတာကို၊ ကိုယ့်ဆိုင်နဲ့ ပါတ်သက်လာရင်။ ဆိုတော့ ငါတို့ မြန်မာပြည်ကြီးမှာ မရှိပါလားတွေးမိတယ်၊ တွေးမိတော့လည်း ငါနေခဲ့တုန်းက ဘယ်လိုနေ၊ ဘယ်လိုစားခဲ့တာတွေးမိတော့ အပိုတွေပါလို့ (မြန်မာပီပီ) တွေးမိပြန်သေးသကိုးဗျ။ ခုနေများ အဲ့ဒါကြီးချပြလိုက်ရင် သောက်ရူးကြီးဖြစ်မယ်ဟ ဆိုတာလည်း ပါသကိုး။

အံမယ်… ကျုပ်တို့ မြန်မာတွေကလဲ မခေပါဘူး၊ ၂၀၀ဝ မတိုင်ခင်လောက်ကတော့ လမ်းဘေးမှာ ရေကုသိုလ်ဆိုပြီး မြေအိုးလေးတွေကို စင်ကလေးနဲ့၊ သဲခံမြေလေးနဲ့ ထားထားတာကို အလကားသောက်ခဲ့တဲ့ ကျုပ်တို့မြန်မာတွေ နောက်တော့ ရေသန့်ဆိုတာကြီးပေါ်လာပြီး ဘယ်သွားသွား ရေသန့်ဗူးလေးတွေနဲ့ ဖြစ်လာတာ။ ရေသန့်ဗူးတွေ စရောင်းတုန်းကများတော့ သောက်ရူးတွေလို့ ထင်ခဲ့ကြတာ ခုတော့ ဒေါက်တာ စိုင်းစံထွန်းခဗျာ ရေရောင်းပြီး သထိန်းကြီးတောင် ဖြစ်သွားတယ်။

ပြောပါတယ်၊ ကျုပ်တို့မြန်မာတွေ မခေပါဘူးလို့၊ မသိသေးခင်သာ မိုက်နေကြတာ၊ သိပြီးတော့မှ လူမိုက်ကြီးတွေလုံးလုံး ဖြစ်သွားကြတာ။ ခုလဲ နည်းနည်းလေး ညှောင့်ပေးချင်တာ ပါတယ်ပေါ့နော်။ ကျုပ်တို့ မြန်မာတွေ အရင်တုန်းကလို ကားဂိတ်မှာ ကားစောင့်ရင်း လမ်းဘေးမှာ မိုးရေကာဖျင်နဲ့ ထိုးထားတဲ့ ဆိုင်လေးတွေကနေ ကြာဇံကြော် အရောင်ညိုညစ်ညစ်လေးတွေကို ငရုတ်ဆီရဲရဲလေးနဲ့နယ်၊ ဘယ်ကလာမှန်းမသိတဲ့ ကြက်သွန်ဖြူလေးကိုက်၊ အရောင်ပါတယ်ဆိုတဲ့ ရေနွေးကြမ်းတစ်ခွက်နဲ့ မြိန်ရေလျှက်ရေ လွေးနေတုန်းပဲ ထင်ရဲ့၊ ကျုပ်ကိုယ်တိုင်လဲ တစ်ချိန်က အဲ့လို အရသာရှိရှိ စားခဲ့ဖူးတာလား။

ဒီစာလေးက အစပြုတာတော့ မြန်မာနိုင်ငံမှာ နိုင်ငံတစ်ကာက စားသောက်ကုန် Brand တွေဝင်လာလို့ တပ်လှန့်သတိပေးတာလဲ ဖြစ်သလို၊ နိုင်ငံတစ်ကာက လူတွေနည်းတူ စားသုံးသူ လူပါးဝနည်းတွေ သိစေချင်တာလဲ ဖြစ်ပါကြောင်း။

++++++++++++++++++++++++++++++++++++++++++++++

ကျုပ်တစ်ယောက် မြန်မာပြည်မှာ International Brand တွေဝင်လာတော့ သူနဲ့ တွဲလျက်က Food Safety ဗျ။ ကျွန်တော်တို့ မြန်မာနိုင်ငံကတော့ ဘယ်သူသေသေ ငတေမာပြီးရောဆိုတဲ့ အစိုးရကြောင့် တစ်ချိန်တုန်းက International Brand တွေက သူတို့ ဂုဏ်သိက္ခာအတွက် မဝင်လောက်ဘူးထင်ထားတာပေါ့ဗျာ။ ထင်ဆို ကျုပ်လေ့လာခဲ့မိသလောက် သူတို့က ဘယ်သူတွေ ထိန်းထိန်း မထိန်းထိန်း သူတို့စံနဲ့ကို သူတို့ ထိန်းတာလား။ ဒီတော့ မဝင်လောက်ဘူးထင်ပါရော။

ဒါနဲ့ မနှစ်လောက်က ကမ္ဘာကျော် Brand ကြီးတစ်ခု ဝင်တော့မယ်ကြားတော့ လိုက်တီးခေါက်သပေါ့ဗျာ။ သူတို့ရဲ့ Fan Page မှာကို ကျုပ်တစ်ယောက် ဝင်အာချောင်ဖူးတယ်။ ဈေးနှုန်းက လိုက်မမှီလောက်ဘူးပေါ့။ တစ်ကယ်လဲ ဖွင့်ရော ဈေးသက်သာတာ မြင်မိတော့ ဟုတ်မှ ဟုတ်ပါ့မလား တွေးနေတုန်း အရေးကြီးတာ သွားမြင်တယ်။ စားသောက်ကုန်လုပ်ငန်းအတွက် အရေးအကြီးဆုံးအရာတစ်ခုက မြန်မာပြည်မှာ ဘာမှ အရေးမကြီးပါလားတွေးတော့ သူတို့ ဈေးသက်သက်သာသာနဲ့ ချရောင်းနိုင်တယ်လို့ ထင်မိပါတယ်။

ထင်မိဆို GHP( Good Hygiene Practices ) နဲ့ HACCP(Hazard analysis and critical control points ) လက်မှတ်တွေ မတွေ့မိဘူး။

စားသောက်ဆိုင်တစ်ခုရဲ့ နောက်ကွယ်မှာ၊ စားသုံးသူလက်ထဲ ရောက်တဲ့ထိ ဖြတ်သန်းလာရတဲ့ အဆင့်ဆင့်ကိုတော့ နောင်များမှာ အချက်အလက်စုံစုံလင်လင်နဲ့ ရေးပါဦးမယ်ဆိုတဲ့အကြောင်း ယခုစာဖတ်မိသူများ သတိပြုမိစေခြင်းအလို့ငှာ သံချောင်းခေါက်လိုက်ရပါကြောင်း။


စိုင်းကွမ်းခေး
(ခေတ္တလူ့ပြည်)

21 comments

  • ဇီဇီခင်ဇော်

    July 16, 2015 at 6:41 am

    မိုက်သဗျာ
    ရေးးပါဗျ
    စကားးအထေ့ လေးးတွေ လှ သဗျ
    အစားးဆိုတော့လည်းးး ရှေ့ဆုံးးက တန်းးစီပြီးး စောင့်ဖတ်ရတာပါ့
    🙂

  • surmi

    July 16, 2015 at 8:54 am

    ဖွင့်မယ်လို့ ကြားခါကစတော့ ဈေးသိပ်များမယ်ထင်မိတယ် ။
    ကိုစိုင်းရေးတာတွေဖတ်ခဲ့ဖူးတာကိုးး ။
    တကယ်ဖွင့်တော့ သူ့ဟာသူဟုတ်နေတော့တာဘဲ ။
    မြန်မာပြုအနည်းငယ်ပြုလိုက်တယ်ထင်မိ ။
    သို့သော် အခုထိရောက်လည်းမရောက်ဖူးသေးတော့ အသေအခြာတော့မပြောနိုင်ဘူးဗျ ။
    ကိုစိုင်းရေးတာဘဲဆက်ဖတ်ပါဦးမယ် ။
    ထင်တာရွှီးရရင် မည်သည့်ဘရန်းမဆို ဒီရောက်ရင် ဒီကအထာနဲ့ဆော်နေသလားးးလို့

    • ဇီဇီခင်ဇော်

      July 16, 2015 at 9:01 am

      မြန်မာ့နည်း မြန်မာ့ ဟန် ဆိုတာကိုးးး ဆိုဗျ။

      ဒီမိုကလေစီ က အစ မြန်မာမှု ပြု ကြ သကိုးးး
      ဟေးဟေးဟေး

      :mrgreenn:

  • black chaw

    July 16, 2015 at 9:04 am

    ဖတ်တော့ ဖတ်သွားပါပြီ ကိုရင်ရှုံးရေ။
    မှတ်ချက် မပေးတတ်သေးဘူးဗျာ။
    ပြန်လာခဲ့ပါမယ်။

  • nozomi

    July 16, 2015 at 9:14 am

    ကြက်ကျော်စားတိုင်းသတိရသဗျ

    ဒါမျိုးလေး များများလုပ်ပါ

  • Mike

    July 16, 2015 at 10:44 am

    .ကောင်းပါတယ်..ခုကာလမှာ ကိုရင်ပြောတဲ့ Food Safety ကအရေးကြီးလာသဗျ
    .မြန်မာပြည်ကို နိုင်ငံခြားတိုင်းပြည်တိုင်းလိုလိုက အချဉ်ပါကွာလို့သဘောထားနေတာအထင်အရှားဆိုတော့
    .အဲ့ထဲမယ်..စိနတိုင်းကအဆိုးဆုံးပေါ့…ကွာလတီအနိမ့်ဆုံးအစားအစာတွေနဲ့မြန်မာတွေကိုပြုစုနေတာ
    .ဆက်ရေးဗျာ…အားပေးမယ် :))

  • ဦးကျောက်ခဲ

    July 16, 2015 at 11:30 am

    ကျောက်စ်တို့ငယ်ငယ်က ထောက်လှမ်းရေးတင်ဦးရဲ့ ပျားဂေဟာစီမံကိန်းနဲ့…
    ကြက်ကြော် ငုံးကြော် ငုံးဥ … ဆိုင်ကြီးတွေနဲ့ စုံစီနဖာရောင်းတဲ့ တခေတ်ရှိဖူးတယ်…
    ကြိတ်ကြိတ်တိုးအားပေးကြတာ အခု KFC ကို ငေါ့နေတဲ့သူတွေ ထိုင်ငိုသွားမယ်…
    ပြည်ထောင်စုနေ့ပွဲဆို ကျိုက္ကဆံကွင်း ချွေးတလုံးလုံး ဖုန်အလိမ်းလိမ်းကြားမှာ…
    ကြက်ကြော်က သနပ်ခါးလိမ်းထားသလိုပဲ … အားဟိ :k:

    • kai

      July 16, 2015 at 11:38 am

      သူ့သားတော်မောင် သစ်ခွဆရာကြီးအကြောင်းတောင် မနေ့တနေ့ကပဲ စကားစပ်မိသေး..။ :k:

    • ဦးကြောင်ကြီး

      July 18, 2015 at 9:23 am

      နော ်လည်း မှက်မိဒဲ… ကန်ဒေါ်ဂ ျီးဇောင်းက စိုက်ပ ျိုးရေးခြံမှာလဲ ပျားဂေဟာစိုပီး ကြက်၊ ငုံး ကြော ်ရောင်းတယ်ထင်တယ်။ နောက်ပိုင်း ကွာလတီက ျပီး ငုံး၊ကြက်ကြော ်တွေ ပိန်လှီလာလိုက်တာ နောက်ဆုံး ပေ ျာက်သွားပါရေ။ ဘာလို့ မရောင်းတော ့တာလဲလို့ အဲဒုံးက လူဂ ျီးတွေကို မေးဖူးတယ်။ ကြောက်လို့ထင်ပါရဲ့ ဘာမှ ရေရေရာရာ မပြောပြဘူး။ သွားလေသူ ထောက်မှူ းခ ျုပ်ဟောင်း မျက်မှန်ဂ ျီးရဲ့ ကိုယ်တိုင်ရေးစာဆိုတာ အင်တာနက်မှာ သူ့သမီးတင်တာ ဖတ်ဖူးတယ်။ အဲဒမှာ ပ ျားဂေဟာတည်ထောင်ဘုံ၊ ကြက်မွေးမြူ ရေးလှုပ်ပုံ ရေးထားတယ်။ အဲဒီ ပ ျားဂေဟာစီမံဂိန်းနဲ့ လူတွေထောက်ခံလာလို့ သူလဲပြုတ်ရော ထောက်လှမ်းရေးကွန်ရက်နဲ့ ပ ျားဂေဟာပါ မာလကီးယားသွားတယ်လို့ သိဒါပဲ။

  • kai

    July 16, 2015 at 11:42 am

    ဂငယ်ကနေရန်ကုန်ဆိုင်သွားဖွင့်တဲ့သူက…
    မြန်မာ့ထွက်ကုန်အသီးအနှံအရွက်တွေကို.. ပိုးသတ်ဆေးပါဝင်မှုတိုင်းတာ.. စက်က.. တတီတီနဲ့.. အနီထိပ်တက်ကပ်နေတာချည်းမို့.. ဘာလုပ်ရမှန်းမသိ…
    နိုင်ငံခြားကချည်းသွင်းရမယ့်ပုံပေါက်နေ..

    အဲ..
    နောက်ဆုံးတော့လည်း.. ရထား… ဘူတာဆိုက်သွားပါသတည်း…ပါခင်ဗျ…။
    ဆိုင်ဖွင့်ထားကြောင်း…တဲ့..။

  • မွသဲ ( 17082011 )

    July 16, 2015 at 12:57 pm

    သများလဲ Food Hygine သင်တန်းဖွင့်ဖို့ကြိုးသားနေတာ စားသောက်ဆိုင်တွေကိုရည်ရွယ်ပြီးပေါ့။ အပိုတွေလို့ထင်ပုံရဘူမှစိတ်မွင်ဇား 😥

  • ကိုရှုံး ရေ

    ဒီမှာက လူနေမူ့ အဆင့်အတန်းနိမ့်တယ်ပြောပြော ဘာပြောပြောဖြစ်သလိုနေကြရတဲ့ ဘဝတွေလေ

    ကောင်းကောင်းသန့်သန့်ဆိုင်တွေရှိပါမယ် သာမန်ဝင်ငွေနဲ့လူ အနားမကပ်နိုင်

    အဲတော့ တစ်ခါစားတာနဲ့ လဲမသေဘူးဆိုရင် စားကြတာပါဘဲ

    ကိုယ့်မျက်စေ့ရှေ့မှာ သိပ်စုတ်စုတ်ပဲ့ပဲ့ကြီး ဖြစ်မနေရင်စားကြတာပါဘဲ

    ဒီမှာစားသောက်ကုန်တစ်ခုထုတ်မယ်ဆိုရင် အပြစ်ကင်းကြောင်းထောက်ခံပေးတဲ့ FDA ဆိုတာကြီးကို
    ရအောင်ယူပြီးမှထုတ်ခွင့်ရပါတယ်။
    ဒါပေမယ့် မုန့်အတော်များများ က တော့ ဘာမှ မတင်ဘဲ ဒီအတိုင်းထုတ်
    အောင်မြင်လာမှ အဲဒါကြီးရအောင်လိုက်ကြပါတယ်

    အဖြစ်မှန်ကတော့ ဒီအတိုင်းပါဘဲ

    • ပြောချင်တာက အဆင့်အတန်း နိမ့်တယ်ပြောတာ မဟုတ်ပါဘူး။ အရင်လို တစ်ဖက်ပိတ်ကြီးနေနေတုန်းက ဘာမှ မဖြစ်ဘူးပေါ့။ ခုများတော့ နိုင်ငံတစ်ကာနဲ့ ဆက်ဆံလာရတော့ ကိုယ်လဲ စားသုံးသူ ရပိုင်ခွင့်တွေ သိထားဖို့ လိုမယ်ထင်တယ်။ လေးပေါက်ပြောသလို ဘုန်းကနဲ လဲမသေရင် ပြီးတာပဲဆိုနိုင်ပေမယ့် သူက အတွင်းကို လှိုက်စားတတ်တဲ့ သဘောသဘာဝရှိတယ်။ ဆိုတော့ ဘာမှမဖြစ်ဘူးဆိုပြီး စားကြတယ်ဗျာ။ ဖြစ်လာရင် ကိုယ်ပဲ ခံရမှာလေ၊ အဲ့ဒီမှာ ဘယ်သူက တာဝန်ခံမလဲ? အစိုးရလား? ရောင်းချသူလား? စားသုံးသူလား? အဲ့လိုတွေ ရှိတယ်လေ။ ကိုယ်က ဝယ်လဲစားရသေးတယ်၊ ကိုယ့်ဖာသာလဲ တာဝန်ယူရသေးတယ်ဆိုရင်တော့ မဟုတ်သေးဘူးနော။ အခြေအနေတွေက မှားနေတယ်။ အဲ့ဒါလေး ပြောချင်တာ။

      ကောင်းကောင်း သန့်သန့်ဆိုတာ မျက်စိနဲ့ မြင်ရတာလေးပဲ ဖြစ်ချင်ဖြစ်မယ်ဗျာ၊ သူ့နောက်ကွယ်က ကုန်ကြမ်းတွေရဲ့ ရင်းမြစ်တွေ၊ ကိုင်တွယ်ပြင်ဆင်ပုံတွေ၊ ချက်ပြုတ်ပုံတွေ မမြင်ရဘူးဗျ။ ဒီတော့ မျက်ကန်းဆန်အိုးတိုးသလို ဖြစ်နေမှာ စိုးတာ..။

      ကျွန်တော် အချက်အလက် ပြည့်စုံနိုင်သမျှ ပြည့်စုံအောင် စီစဉ်ပြီးရေးပြပါမယ်ဗျာ။

      • kai

        July 17, 2015 at 3:25 am

        မှန်ပါ့..
        ပိုးသတ်ဆေးလေး .. ဝ.၀၀၁ မီလီဂရမ်..။ ကမ်မစ်ကမ်လေး.. ဝ.၀၀၀၀၁ မီလီဂရမ် စသဖြင့်တွေက.. ဘုန်းကနဲ့လဲမသေပေမယ့်… တဆွေးမြေ့မြေ့နဲ့.. ကင်ဆာအပါအဝင်ရောဂါဆိုးတွေဖြစ်.. ဦးနှောက်ကိုထိခိုက်..အတွေးအခေါ်တွေထိ… ဖြစ်ကုန်ပါတယ်..။
        မြန်မာတွေအသက်တို.. လူ့သက်တမ်းစေ့မနေရတာရဲ့..အဓိကအကြောင်းအချက်တခုပါပဲ…။

        နိုင်ငံတော်အနေနဲ့ကို.. သိနားလည်သူတွေက.. စနစ်တကျဖြေရှင်းကြသင့်..။

      • ကိုရှုံး ရဲ့ ပိုစ်ကို တကယ်သဘောကျပါတယ်

        ISO လို့တံဆိပ်တပ်ထားရင် အဲဒီပစ္စည်းကောင်းကြောင်းထောက်ခံတယ် မှတ်နေကြတဲ့ သူတွေအပုံကြီးပါ

        ကျနော်က လက်တွေ့ အဖြစ်အပျက်နဲ့ယှဉ်ပြောနေတာပါ

        ကျနော်လဲ စားသောက်ကုန်တွေဖြန်တဲ့အလုပ်ကိုလုပ်နေသူမို့ပါ

        ဒီမှာက ပစ္စည်းအရည်အသွေးကို (အရသာ၊ကျန်းမာရေးညီညွတ်မူ့၊ုထုတ်ပိုပုံသေသပ်မူ) ဆိုတာတွေကို
        ဂရုမစိုက်ကြတာများပါတယ်။
        အဲဒါတွေကိုညီညွတ်အောင်လုပ်ရင်ဈေးကြီးမယ်။
        ဈေးကြီးရင် ရောင်းတမ်းဈေးကွက်မဝင်ဘူး။
        အဲတော့ အများသုံးနို်ငအောင် ဈေးကိုက်အောင်ဖန်တီးကြတာများပါတယ်။

        ကိုရှုံးပြောသလို ဘယ်သူတာဝန်ယူသလဲဆို ဘယ်သူမှ တာဝန်မယူပါဘူး။
        ဖြစ်လာရင် သူ့ကံက ဒီလောက်ဘဲပါတာကိုး နဲ့ ဖြေသိမ့်လိုက်ကြတာများပါတယ်

        ဆရာတင့်သီချင်းထဲကလို

        ကောင်းဘို့ရွယ်သောခေတ်ကို အထူးသဖြင့်မျော် မိတယ် ပါ ကိုရှုံးရေ

  • @QUIL@

    July 17, 2015 at 3:29 am

    ကျုပ်တို့ လောက စကားနဲ့ ပြောရရင် QCD ပေါ့ဗျာ
    Q-quality
    C-cost
    D-delivery (time) ဆိုပါတော့…

    တြိဂံ လိုသဘောဗျ… တခုခုကို သဲသဲမဲမဲ သွားကိုင်လိုက်ရင် တခြားတခုခု သွားထိတတ်တာမျိုး
    ပရီမီယမ်ကွာလတီ ဂရိတ် အက်စ်(+) လောက်မှ ထုတ်ရောင်းမဟေ့ ဆိုရင်
    ဈေးပိုကြီးပြီး ထုတ်လုပ်ချိန် ပိုကြာသွားတာမျိုးပေါ့…။
    ကနေ့ ဘစ်ဇနက်မော်ဒယ်တိုင်းမှာ နောက်ကွယ်မှာ ဖွက်ထားတဲ့ တန်ဖိုးတွေ အဆင့်တွေ တပုံတခေါင်းပါဗျို့..
    ဆိုတော့ ဆိုင်ရာ စီးပွားနယ်ပယ်ထဲက ဆိုင်ရာတတ်သိနားလည်သူက ဖောက်သည်ချမှပဲ
    စားသုံးသူတွေမျက်စိပွင့် နားပွင့်မှာမို့ ..
    ဘရာဗို ပါဗျာ..။

    မြန်မြန်လေးသာ ရှေ့ဆက်ပါဦး

  • မြစပဲရိုး

    July 17, 2015 at 4:42 am

    ကိုရှုံး ရဲ့ ရသလဲ ပါ၊ ဗဟုသုတလဲ မြောက် တဲ့ စာတွေ မဖတ်ရတာကြာ ပေါ့။

    အဲဒီ KFC ဆိုင်ဖွင့်တော့ သိချင်နေတာ တစ်ခု ရှိနေတာ။
    . ကြက် တွေ ကို ဘယ်က ကြက် သုံးလဲ လို့။

    ဒီ UK မှာ လွန်ခဲ့တဲ့ နှစ် နဲနဲ က သူတို့ ကြော်ငြာ မှာ fresh chicken ကို နေ့စဉ် သုံးသယောင် လုပ်ထားတယ်။
    အဲဒါကို စုံစမ်းတဲ့ အဖွဲ့ က စစ်တော့ အပြင်လက်တွေ့မှာ ့တစ်ပါတ် ၃ခါ ဘဲ ဆိုင်တွေ ကို ပို့ထားတာ တွေ့တယ်။
    သဘောက Frozen လုပ်ထားတဲ့ ကြက် တွေပေါ့။
    ဒါနဲ့ ဘဲ ကြော်ငြာ ကို ပြန်ပြင်ပေးရတယ်။

    အဲလို Frozen လား ကိုရှုံး။
    ဒါကြောင့် မြန်မာပြည် မှာလဲ ဘာ ကြက်သုံးလဲ သိချင်နေမိတာ။
    Freezer ထဲ ထည့်ယူလာတာ ဆို ပိုပြီး H&S rule တွေများ မလားဘဲ။

    • အရီးလတ်ရေ

      သဘောက Frozen လုပ်ထားတာ ဆိုင်တိုင်းပါပဲ။ သူတို့ကြော်ငြာတာက Freshly Prepare လို့ပဲပြောတာပါ။ Fresh Chicken တွေ မသုံးပါဘူး။ ပြီးတော့ ကြက်ကြော်မှာသုံးတဲ့ ကြက်သားက သူ့စံသတ်မှတ်ချက်နဲ့ အတိအကျ ခုတ်ပိုင်းဖြတ်ရပါတယ်၊ သွေးတစ်စက်မှ မရှိစေရပါဘူး။

      မြန်မာပြည်ကတော့ CP သုံးတယ်လို့ သိထားတယ်၊ ရေခဲရိုက်လား ဘာလားတော့ မသိမိပါကြောင်း။

  • Ma Ma

    July 17, 2015 at 6:30 am

    ရာသီစာလို ခုချိန်မှာ KFC ကို မိတ်ဆွေတွေကို လက်ဆောင်ပေးတာ အကောင်းဆုံးလက်ဆောင် ဖြစ်နေတယ်။

    ကိုယ်တိုင်လည်း သွားမတိုးနိုင်သေးပေမယ့် လက်ဆောင်ရလာလို့ စားဖူးသွားပြီ။

    နိုင်ငံတကာ Brand တစ်ခုအနေနဲ့ ဒီကလူတွေက ယုံကြည်စိတ်ချပြီး စားကြတာ။
    ကိုရှုံးပြောမှပဲ ၁၁ကျပ်ကျသွားတယ်။ 😥

    ခုလိုသိခွင့်ရတာတော့ ကိုရှုံးကို ကျေးဇူးအများကြီးတင်ပါတယ်။ 🙂

  • zarlay

    July 17, 2015 at 2:01 pm

    ဟင်းချိုမှုန့်မပါတဲ့အစားအစာဆို food fasety ဖြစ်ပါတယ်တဲ့

  • YE YINT HLAING

    July 17, 2015 at 2:40 pm

    အသီး အရွက် တွေ စိုက်ချိန်မှာ ဆေးတွေသုးံ ပြီး စိုက်နေကြသလို အသီးတွေဆိုရင်လည်း တချို့ က မြန်မြန်မှည့် ချင်တာ အရောင် တက်ချင်တာတွေကြောင့် ဆေးတို့ကြပြန်တယ်။ ကိုယ်ခံ အားမကောင်းတဲ့ အချိန်တွေမှာနဲ့ သက်ကြီးရွယ်အိုတွေမှာဒါမျိုးတွေ စားမိရင် ဝမ်းမကောင်းသလိုလို မအီမသာခံစားရတာမျိုးတွေလည်းရှိတယ်။ နိဒါန်း ဆိုတော့ အစပဲရှိသေးတယ်။ ဆက်ရေးပေးပါဦး။

Leave a Reply