လူမှုဆက်ဆံရေးမယ် အချင်းချင်း ချီးကျူးပြီး …

ဘုတ် ကျီးရိုသေ

ကျီး ဘုတ် ရိုသေ က ကောင်းတယ် ဆိုပေမဲ့လည်း အပေါ်ယံ ဆန် တဲ့ ဆက်ဆံမှုလို့ပဲ ကျနော် မြင်တယ်။

တခါတလေတော့လည်း ဆေးခါး ဆိုတာ တိုက်ရတယ်။ ကိုယ်တိုင်လည်း သောက်ပေးရတယ်။

ဒီ ရွာသက်ပဲ ၄ နှစ်ရှိတော့မယ်။

ရွာထဲ  ကျနော့ ပြောမှား ဆိုမှား အပြုအမူအမှားတွေ ရှိမှာပဲ။ ဒါလည်း သေချာနေတယ်။

တဂျီးကို ထိ တက်တိုင်ထားခံရလောက်အောင်လည်း ဆိုးမိသလားတော့မသိ။

အာ့ဆိုလည်း ရှင်းရှင်းလင်းလင်းပြောကြအူးး

သို့လော သို့လော နဲ့ ဟိုလူထင် ဒီလူထင် မဖြစ်ရအောင် ခင်ဇော် မှားတယ် ဆိုလည်း မှားတယ်ပေါ့။

ကိုယ်ကတော့ တမင်လုပ်ထားတာ မကောင်းစိတ်နဲ့လုပ်ထားတာ ခွင့်မပြုပဲ လုပ်ထားတာ ဘာမှ မရှိဘူးလို့ လိပ်ပြာလုံလို့ ဆက်နေနေတာပဲ နော့။

အဲ။ လုပ်ချင်တာလုပ်ပြီးရင်လည်း ဘယ်သူ့မှ မကြောက်လို့ မက်နှာပြောင်ပြောင်နဲ့ လည်း ဆက်နေနိုင်တယ်။  :mrgreenn:

မက်နှာမပြောင်ရင် ကျန်တာ ပြောင်နေရမယ်လေ။ (နှာခေါင်းတို့ နှဖူးတို့ ပြောပါတယ်။)

:mrgreenn:

ဟို တခါ အရီးကတော့ တရားဝင် တောင်းပန်တာမျိုး လေး အစဖော် ရေးခဲ့ဖူးသေးတယ်။ (အရီးတော့ လွမ်းနေတယ်)

ကျနော်တော့ ဒီ တစ်ခါ ဆေးခါး လေးတွေ ဖော်ရောင်းရမလား စဉ်းစားမိတယ်။

:mrgreenn:

ကျနော် အားမနာပဲ စိတ်ဖောက်ပြန်နေရင်လည်း သူများကို နာကျင်အောင် ပြောတတ်တာမို့ ကိုယ့်ကိုလည်း ပြောချင်ပြောဖို့ လမ်းဖွင့်ပေးသင့်တယ်လို့ ယူဆပါတယ်။

ကိုယ့် ရဲ့ အဝေဖန်ခံနိုင်ရည်ကို စမ်းသပ်တာဖြစ်သလို

Relationship/Friendship   တစ်ခုချင်းစီမှာ ဇကာ တစ်ခု တပ်ကြည့်တာပါပဲ။

 

:mrgreenn:

ကိုယ်ရေးကိုယ်တာ မပါတဲ့ ရွာထဲက

  • ဖြစ်ရပ်မျိုး
  • ပို့(စ) မျိုး
  • ကော်မန့်ပေးတာမျိုးမှာ
  1. ကျနော့ ကို အလိုမကျတာများရှိရင်
  2. မကျေမနပ်ဖြစ်ခဲ့တာများရှိရင်
  3. မကျေလည်ခဲ့တာများရှိရင် ပြောသွားပေးပါ။

 

မှားခဲ့ရင်တော့ တောင်းပန်ပါ့မယ်။ :mrgreenn:

မရေရာရင် ပြန်ငြင်းပါ့မယ်။ :mrgreenn:

မဟုတ်ပဲ ပြောရင် ရန်ဖြစ်ပါ့မယ်။ :mrgreenn:
သွေးနည်း ရင်တော့ မလာပါနဲ့။

အဟေးဟေးဟေးးးး

 

:mrgreenn:

:mrgreenn:

 

ဇီဇီ

About ဇီဇီ

ဇီဇီ has written 334 post in this Website..

CJ # 129120