ပျင်းတိုင်း ရုပ်ရှင်ကြည့်ပြီး …

အားတိုင်း ဖဘပေါ်မယ် ကိုယ့် အကြိုက် နိုင်ငံစုံက မင်းသားမင်းသမီးတွေ အကြောင်း ပွါးနေရင်းနဲ့ ရွာဘက် ပို့(စ) စီးရီးဆွဲဖို့ ဆုံးဖြတ်လိုက်တယ်။

:mrgreenn:

ဟိဟိ။

စစချင်း ဗြိဒစ်(ရှ) မင်းသားမင်းသမီးတွေ အကြောင်း ပွါးရအောင်။

အမှန်ပြောရရင် အမေရိကန် မင်းသားမင်းသမီးတွေထက် ဗြိတိရှ မင်းသားမင်းသမီး အမူအရာတွေကို စကားပြောပုံတွေကို စိတ်ထဲ ပိုတွေ့တယ်။

(ဒီ ပို့(စ) မှာတော့ ဂလိုပဲ ပြောရမှာပေါ့။ ဟိ။ နောက် ပို့(စ) တွေက နောက်တစ်မျိုးပေါ့)

:mrgreen:

~~~~~~~~~~~~~~~~~

 

British Celeb

British Celeb

 

ကိုယ့်အကြိုက် ဗြိတိရှ် မင်းသားတွေ အကြောင်း အရင်ပြောမယ်.. ခုခွိ..
တစ်ချို့ တစ်ယောက်ချင်းစီ အကြောင်းတော့ ပြောဖူးးပါရဲ့.. သာမာန်အားဖြင့်တော့ ကိုယ်က အမေရိကန် ကားတွေ ပိုကြည့်ဖြစ်တာ..

အင်္ဂလိပ် မင်းသား/မင်းသမီးဆိုလည်းး ဟောလိဝုဒ် ရောက်မှသာ သတိထားမိတာ..

 

Left to Right and Top Down

၁) Sean Connery – 007 အဖြစ်လူသိများပါတယ်.. အမှန်က စကော့တစ်ရှ် မင်းသားဖြစ်ပေမယ့် ဒီစာရင်းထဲပဲ ထည့်ထားပါရစေ.. အမူအရာ ကောင်းပြီး ရိုက်တဲ့ ရုပ်ရှင်တွေ မှန်သမျှ ကြည့်ပျော် ကောင်းမွန်တာမို့ ကြိုက်ပါတယ်..
.
၂) Pierce Brosnan – 007 မင်းသားတွေထဲမှာတော့ အချောဆုံး မင်းသားကြီးပါ.. အချစ်/ဟာသ/ဂီတ ကားတွေ မှာလည်း သရုပ်ဆောင် ကောင်းသူမို့ 007 ကားတွေ နောက်ပိုင်းမှာလည်း သူ့ကို ကြည့်ဖြစ်ပါတယ်..
.
၃) Christian Bale – Batman မင်းသားထဲ မှာ အကောင်းဆုံးမင်းသား အဖြစ် လူသိများပါတယ်.. အမူအရာ ဘက်စုံ ရ မင်းသားပါ..
Favorite movie – The Prestige
.
၎) Orlando Bloom – Lords of the ring ကားတွေနဲ့ နာမည် ရလာပြီး Pirates of the Caribbean    ကားတွေမှာ နာမည်ကြီးမင်းသားဖြစ်လာတာပါ။ ဘက်ခ်ဟမ်း နဲ့ တူလို့ ကြိုက်တာ က လွဲရင် ဘာမှ ပြောစာမရှိပါဘူးး ခိခိ..
.
၅) Benedict Cumberbatch – အချစ်ဆုံး ရှားလော့လေးး ပေါ့.. အမူအရာရော Personality ရော အကြိုက်ဆုံးမို့ ကိုယ့် ဘရန်းဒက် မင်းသားအဖြစ် ထားးထားးပါတယ်..
.
၆) Eddie Redmayne – မူရင်းရုပ်ကို ဖျက်ပြီးကို သရုပ်ဆောင်နိုင်တဲ့ မင်းသား အဖြစ် နာမည်ကြီးပါတယ်.. Theory of Everything မှာ မကြိုက်ပေမယ့် The Danish Girl မှာတော့ သရုပ်ဆောင် အတော်ကောင်းကြောင်း သတ်မှတ်လိုက်ရပါတယ်..
.
၇) Tom Hardy – ဘာလို့ ကြိုက်တုန်း သိချင်ရင် The Mean War ကိုသာ ကြည့်ကြပါ.. ဟိ.. Mad Max Fury တော့ မုန်းတယ်..
.
၈) Daniel Redcliffe – Harry Potter ချစ်သူ မို့ ငယ်ကတည်းက ချစ်လာတာမို့ ဘာကားနေနေကြည့်ပါတယ်.. စကားပြောပုံကို ချစ်တာကိုးး
၉ ယောက်မြောက်တော့ ဘယ်သူလာမယ် မသိသေးး

Divergent  ကားက မင်းသား James Theo  ဖြစ်ဖို့များတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

B Act

 

 

ချစ်သော ဗြိတစ်ရှ် မင်းသမီးများ အလှည့်ရောက်ပါပြီ.. ဟောလိဝုဒ်ကားတွေထဲမယ် ထင်ထင်ရှားရှား လှတယ်တို့ အမူအရာ သိပ်သည်းတယ်လို့ သိမှတ်မိလိုက်တိုင်းး ဗြိတစ်ရှ် မင်းသမီးတွေ ဖြစ်နေတတ်တယ်လေ… နည်းနည်းလည်းး ပြည့်ပြည့်ဝဝ ရှိကြတယ် ..

 

Left to Right and Top Down

၁) Kate Winslet – Titanic မှာ စသိကြပေမယ့် နောက်ပိုင်းး ဇာတ်ကောင်စရိုက်အသားပေးဇာတ်လမ်းတွေမှာ ပီပြင် တာမို့ ဆုတွေ အများကြီး သိမ်းပိုက်ထားနိုင်တဲ့ မင်းသမီး

၂) Naomi Watts – အထင်ရှားဆုံး ပြောရရင် King Kong မင်းသမီးပါ.. ကိုယ်ကတော့ သရဲကားး The Ring မှာထဲ က ကြိုက်ခဲ့တာ ..

၃) Rachel Weizs – Mummy ကားး ပရိတ်သတ် ဆို သူ့ ကို ရင်းနှီးမယ်လေ.. Typical အင်္ဂလိပ်မ ရုပ်မှာ သာသာထိုးးထိုးး လှတဲ့ မင်းသမီးလို့ ပြောရမယ်ထင်…

၎) Emily Blunt – နီးနီးစပ်စပ် သိအောင်ပြောရရင် ခု နောက်ဆုံး Huntsman ကားက ရေခဲဘုရင်မ.. မိုးလတ် ညွှန်းလို့ ကြည့်ဖြစ်တဲ့ Sicario မှာ မှ စသိတာ.. အမူအရာကောင်းးး

—-

၅) Rosamund Pike – 007 Die Another Day မှာမှ ဂျိန်းစ်ဘွန်း ကားထဲက မင်းသမီးအဖြစ် သတိထားမိပြီးး Gone Girl ကြည့်ပြီးး အားကြီးကြိုက်သွားတော့တာပါပဲ ..

—-

၆) Catharine Zeta Jones – ဝေလနယ်သူမို့ ဒီ စာရင်းထဲ ထည့်ပါရဇီ။ ရှားရှားပါးပါး ဆံပင် အနက်နဲ့ အလိုက်ဆုံး မင်းသမီးပါ.. Zorrow ကားမှာ သူ့ အလှ ကို ပိတ်သတ်ကြီးး စ သတိပြုမိ..

—-

၇) Kate Beckinsale – Underworld ပရိတ်သတ်အတွက်တော့ ရင်းနှီးပြီးသားဖြစ်မှာပါ.. ကိုယ်လုံး အရမ်းလှတယ်လေ..

၈) Keira Knightley – Pirates of the Carribian ကားတွေနဲ့ လူသိလာတာပါ.. မကြော်ကြားခင်က ဟိုလိုလို ကားလေးတွေ ရိုက်ခဲ့တယ်လို့ Scandal ထွက်ထားပါတယ်.. But ကြိုက်တယ်..

၉) Emma Watson – ခညာ.. ဟုတ်ပါတယ်.. ရွာထဲ က ကိုကိုတွေ အတော်များများကြိုက်ကြတဲ့ မင်းသမီးလေးပါ.. ဟယ်ရီပေါ်တာကားတွေ တုန်း က ထက် ခု ပို ကြိုက်တယ် ဆိုပဲ.. ခိခု..

—-

၁၀) Emilia Clark – ပုံထဲ မဆန့်လို့ မပါတာပါ.. Games of Throne ရဲ့ နဂါးတို့ ဘုရင်မ ပေါ့.. နောက်ဆုံး Terminator ကားရဲ့ မင်းသမီးပါ.. လောလောဆယ်တော့ သူဟာ မင်းသား လီယိုနာဒို ကို ခွက်ရှ်နေကြောင်းး ဝန်ခံထားသတဲ့..

 

နောက်မှ တခြားနိုင်ငံ က Celeb တွေ အကြောင်း ဆက်ရေးမှာ နော်။
ကြို ဘွတ်ကင်ထားတာ။
ငွင်းငွင်းးး

 

:mrgreenn:

ဇီဇီ

About ဇီဇီ

ဇီဇီ has written 333 post in this Website..

CJ # 129120