ပန်းခရေ
နွမ်းကြေလို့ မြေမှာခ
အလွမ်းပြေ
နမ်းခြေဘို့စိတ်မကူး
ရူးတယ်လို့ဆိုခြင်ဆို
ညိုယောင်ဖန်မိုးတိမ်ပြိုမလား
လွမ်းအောင်ဖန်ပြုရက်နိုင်အားတယ်
ချစ်သူကြိုက်တဲ့ခရေနံ့
မိုးရနံနဲ့ရောယှက်
လေပြေမှာသက်ဆင်း
ပျိုမြစ်ခြင်းတွေစွန့်ခွာ
ရင်ထဲမှာဗလာအသိနဲ့
စွဲညိတဲ့ချစ်သက်လျာ
မျက်ဝန်းမှာခိုတွဲမိုးရေစက်လေလား
အခြေမခိုင် မပိုင်လို့စွန့်ခွာ
အပြစ်မမြင်နိုင်ရှာသူမောင့်ရင်မှာတော့
ခရေမြင်တိုင်းသတိရ
ငယ်ရုပ်လွှာရင်မှာညိတွယ်ကာဖြင့်
ပြုံးရယ်ကာရွှင်မြူးသံမည်တော့
ကျောင်းသွားသူ ပျိဖြူငယ်တသိုက်က
ပဋေဟိအဖြေရှာ သက်ကြားအိုကြည့်ကာဖြင့်
ရယ်လို့မဆုံး

About DEPARKO DEPARKO

DEPARKO DEPARKO has written 80 post in this Website..