မြောက်ပြန်လေ တစ်ခန်းရပ်
တောင်လေရူး တစ်လှည့်ဝင်
မြင်လေရာ ရော်ရွက်ဝါနဲ့
ရွက်ဟောင်းကြွေ ရွက်သစ်နှော
ရာသီတွေ ရွေ့လျောခဲ့ပေါ့…

ဥဩက အကြိုထောက်
အချမ်းကလည်း မပျောက်သေး
ညဆောင်း မနက်နွေ
စိတ်တွေလည်း လေလို့ကောင်း
စာသင်ကျောင်းတို့ လက်စသိမ်းတဲ့အချိန်….

ပြက္ခဒိန်က ဆောင်းလို့ညွှန်း
ဥဩက နွေကိုကြို
သူတို့ရဲ့ တိုက်ပွဲကြား
မြောက်ပြန်လေခမျာ နှုတ်ဆက်ချိန်တောင် မရလိုက်ရှာဘူး…

ဪ..
ကွန်ကရစ်မြို့တော်ရဲ့ လမ်းတွေကြား
နိစ္စဓူဝ ပြေးလွှားနေရင်း
ခဏလေး အပြေးရပ်
ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်မိတော့
မြင်ကွင်းမှာ အလွမ်းတွေ တပုံတပင်
စာဖွဲ့လို့ပင် မကုန်နိုင်ပါလား…

 

(အသစ်မထွက်နိုင်သေးလို့ ဖွဘုတ်က ကဗျာ ပြန်လာသိမ်းပါသည်   :k:  :k: :k: )

About Mr. MarGa

Mr. MarGa has written 85 post in this Website..

နတ်ပြည်သမ္မတ အဂ္ဂမဟာ သရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ နေမျိုးဗလကျော်သူ ဝဏ္ဏကျော်ထင် သီရိပျံချီ အလင်္ကာကျော်စွာ သီဟသူရ အောင်ဆန်းသူရိယ ဦးမာဃ CJ # 9292010

   Send article as PDF