HaHa သောသူ အသက်ရှည်၏

 

— ခုတလော နိုင်ငံရေးတွေ လူမျိုးရေး ဘာသာရေးတွေ ဘာတွေညာတွေနဲ့ပတ်သက်ပြီး လက်ရှောင်ဖို့စိတ်ကူးထားတော့ ကိုယ်တော့မျက်စိထဲ တည့်တည့်ကြီးကို စွက်ခနဲ့စူးသွားတဲ့ ဆံပင်မွှေးက HaHa react ပေးတဲ့ ကိစ္စ။
— တကယ်တော့ အဲ့ HaHaနဲ့ပတ်သက်ပီး စန်းစန်းတင့်(sensitive)ဖြစ်လွန်းလှတဲ့ သူတွေနဲ့ပတ်သက်ပီး အမွှေးစူးနေတာတော့ကြာပါပီ။ ဒါမဲ့လဲ ‘အော်ဒါကသူတို့စိတ်နဲ့သူတို့ကိုယ်ပဲ’ဆိုပြီး စိတ်ထဲမရိုးမရွနဲ့ပဲ အသာလေး ငြိမ်ပေးနေလိုက်ပါရဲ့။ သို့ပေသော်လဲ အခုအခါမှာတော့ သတင်းကြီးတဲ့မင်းသမီးလေးရဲ့ ‘I don’t care anything’က အင်မတန့်အင်မတန်မှ ခေတ်စားနေတော့ နဂိုလ်နေကတည်းက ထစ်ခနဲ့ရှိဖေါင်းထုလိုက်ရမှာ ကျေနပ်လေတဲ့ ကိုယ်တော့ခမျာ အားနာနာနဲ့ပဲ ဖေါင်းထုလိုက်ရပါတယ်။
— ကိုယ်တော်စဉ်းစားမိသလောက်တော့ အဲ့စန်းစန်းတင့်တွေက စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတဲ့ ဝေဒနာရှင်တွေများဖြစ်နေမလားပဲ။ ဘာလို့လဲဆိုတော့ အနောက်တိုင်းဆေးပညာရှင်တွေအဆိုအရ selfieတွေ မတရားတင်တဲ့သူတွေတောင် စိတ်ရောဂါရှိသူလို့ဆိုလေတော့ ခုလိုHaHaပေးလို့ အမှီးနင်းခံရသလိုဖြစ်နေသူတွေလဲ အဲ့လိုဖြစ်ချင်ဖြစ်နေမှာလေနော့။
— ကိုယ်တော်က အဲ့ကိစ္စနဲ့ပတ်သက်ပီး အစောကတည်းကရှိတဲ့နီးစပ်သူ သူငယ်ချင်းတွေကိုပြောဖူးပြီးသား။ ပြောဖူးတယ်ဆိုတာ HaHaနဲ့ပတ်သက်လို့သာမက အဲ့မျက်နှာစာအုပ်(Facebook)ပေါ်မှာ status တွေနဲ့ စကားတွေပြောပီး ဇွတ်ဖီးပြနေတဲ့သူတွေကိုပါ ဖေါင်းထုထားပြီးသားရယ်။ ဟုတ်တယ်လေ အဲ့လို အသက်မဲ့စာမျက်နှာကြီးပေါ်မှာ အရမ်းကာရောဖီးပြ ရင်တွေဖွင့် စကားတွေပြောနေတယ်ဆိုမှာတော့ သူတို့တွေက လက်တွေ့အပြင်လောကမှာ စကားပြောစရာ မိတ်ဆွေသူငယ်ချင်းမရှိသူတွေဖြစ်ချင်ဖြစ် မဟုတ်ရင် မတရားကို ဆယ့်တစ်မီးမငြိမ်းတဲ့ ဆယ်လီဖြစ်ချင်တဲ့ သူတွေဆိုပီး အားရပါးရကို ဖေါင်းထုထားတာ။
— ခုလို ဘာမဟုတ်တဲ့HaHa react ပေးတဲ့ ကိစ္စနဲ့ပတ်သက်ပီး စွေ့စွေ့ခုန်နေပီး ဘော့(BlocK)လို့ဘော့ အန်(unfriend)လို့အန် mentionခေါ်ပီးဆဲလို့ဆဲလုပ်နေသူတွေကိုမြင်တော့ အလွန့်လွန်ကိုဖေါင်းထုပစ်ချင်လာရော။ (အဲ့တူးဝေးကိုယ်တော်ဆိုတဲ့သကောင့်သားကလဲ စပ်စပ်စုစုနဲ့ကို မရမကအပြစ်ရှာတတ်လွန်းတာပါလေ)။
— စဉ်းစားကြည့်ဗျာ။ ကိုယ်တင်ထားတဲ့ စာဖြစ်ဖြစ် ပုံဖြစ်ဖြစ် မသကာအဆုံး check in ၀င်ထားတာပဲဖြစ်ဖြစ် HaHa ပေးပေး လက်မထောင်ထောင် မျက်ရည်ကျကျ မျက်နှာနီနီ အသဲပေးပေး အရေးလားလို့။ ထားပါတော့ ကိုယ်တင်ထားတဲ့စာသားက ‘ယောက်ခမကြီးဆုံးသွားပီ (feeling sad)’ ဆိုပြီးတင်ထားလို့ HaHaပေးတဲ့သူကို ဘော့တာ ဒေါသဖြစ်တာဆိုလဲထားတော့ (ဒါတောင် ယောက်ခမအသက်ရှင်စဉ် မကောင်းပြောအတင်းတုတ်တာတွေကြားဖူးနေတဲ့သူဆို ခုမှဖီးပြနေတယ်ဆိုပီး hahaပေးတဲ့သူမျိုးကို ကိုယ်တော်ကတော့ အပြစ်မမြင်။ အကြောင်းသိနေတော့ ဒါကဟာသမဟုတ်တောင် ရီးပြုံးစရာမို့လား) ခုဟာက ‘ဒီနေ့ နေအရမ်းပူတယ် (feeling so hot)’ လို့တင်ထားတဲ့ဟာကို HaHaပေးမိတာနဲ့ အမေကြမ်းကိုမယ်ယက္ခစီးသလိုဖြစ်နေသူတွေကို နားမလည်နိုင်ရိုးအမှန်။
— ကိုယ်တော့အမြင်ပြောရရင်လေ အဲ့HaHaပေးတဲ့သူတွေကို အော် သူ့ခမျာငါ့ကို အဖတ်တော့လုပ်ရှာသားပဲ ဆိုပြီး ကျေးဇူးတောင်တင်သင့်သေး။ ဟုတ်တယ်လေ… ကိုယ်တော်လိုလူမျိုးဆို တော်ရုံစာ တော်ရုံပုံတွေကို အရေးလုပ်ပီး လက်မတောင် မထောင်ဘူး။ ခုဟာက ၁စက္ကန့်လောက်ဖိထားပီးမှ ၃ခုမြောက်ကိုသေချာရွေးပေးထားတာဆိုတော့ နည်းတဲ့အရေးလုပ်မှုကြီးလား။
— ကဲပါ… ကဲပါလေ။ ကိုယ်တော့အနေနဲ့တော့ ပုဂ္ဂိုလ်ရေးသိပ်ဆန်လွန်းတာတွေကိုမပြောချင်လို့ ဒီလောက်နဲ့ပဲ ဦးစန်းစန်းတင့် ဒေါ်စန်းစန်းတင့်တွေကို ဖေါင်းထုလိုက်ချင်ပါတယ်။
— မေးပါများခရီးရောက် ပြောပါများစကားရ ဆိုသလို ညီတော်နောင်တော် အမတော်ညီမတော်တွေအနေနဲ့ ကိုယ်တော့ရဲ့ ပြောပါများတဲ့စကားတွေနဲပတ်သက်ပီး အနာရှိလို့စပ်သွားတယ်ဆိုရင်လဲ မျက်နှာနီကြီးမပေးပဲ မိမိတို့မကြိုက်တဲ့ HaHaလေးနဲ့ပဲ ထောပနာပြုလိုက်ကြပါကုန်လော့။

‘တူးဝေးကိုယ်တော်’ ပါးပါးလေးပုတ်သွားသည်

About Courage

has written 45 post in this Website..