သီးကင်းလေးတွေ တဖြုတ်ဖြုတ်ကြွေ—-

!!!!!!!!!!

သီးကင်းလေးတွေ တဖြုတ်ဖြုတ်ကြွေနေ့ကြပြီ
နေ့မြင်ညပျောက် ကျွန်မအနီးတဝိုက်တွေမှာ

သီးကင်းလေးတွေဘာ့ကြောင့်အရင်ကြွေ
မိုးဒဏ် လေဒဏ် ပတ်ဝန်းကျင်ဒဏ် မခံနိုင်ကြလို့ကြွေ

လူငယ်လေးတွေဟာ အရာရာကို အလေးအနက်မထားတတ်
ပေါ့ပေါ့နေ၊
ပေါ့ပေါ့တွေး။
အိုရခြင်း၊ နာရခြင်းရဲ့ ဒုက္ခကြီးမှုကို လက်တွေ့ရင်မဆိုင်ကြရသေးတာမို့ စိုးရိမ်ကြောက်ရွံ့ ့ခြင်း ကင်းကာ
နေ့စဉ် နေထိုင်စားသောက်တဲ့ပုံစံမှာ အဆင်အခြင်ကင်းကြပါတယ်။

အပြင်စာ-
လမ်းဘေးအစားအစာ၊ ပြင်ပအစားအစာမှန်သမျှ ကြိုက်တတ်တာလည်း လူငယ်တွေပါ။
အစာလည်း အဆိပ် အဆိပ်လည်းအစာဆိုသလိုဖြစ်နေရတဲ့အရပ်မှာ
လမ်းဘေးအစားအစာတွေဟာ ပိုဆိုးရွားတဲ့ရလာဒ်တွေကိုပေးပါတယ်။
လူကြီးတွေအဖို့ကတော့ ပါးစပ်အလိုမလိုက်ခြင်း၊
ပြင်ပအစားအစာကို အိမ်အစားအစာလောက်ခုံမင်မှုမရှိခြင်း တို့က ကျန်းမာရေးအတွက် အားသာချက်(၁)ဖြစ်စေပါတယ်။

ကူးစက်ရောဂါ-
လူကြီးတွေအဖို့က နေရာတကာ မဖြစ်မနေသွားလာရမယ့်နေရာလောက်သာ အသွားအလာရှိ၊ မိတ်ဟောင်းဆွေဟောင်း ဆွေမျိုးညှာတကာတို့နဲ့သာ ဆက်ဆံစရာများတာမို့ အများနေတဲ့နေရာ အများသုံးပစ္စည်း အစရှိသည်တို့နှင့် ထိတွေ့ပတ်သတ်စရာနည်းပါးခြင်းက အားသာချက်(၂) ရသလောက်
လူငယ်တွေအဖို့တော့ ကျောင်း၊
လုပ်ငန်းခွင်၊
မိတ်ဟောင်း မိတ်သစ်
စုရုံးပျော်ရွှင်စရာနေရာ အစရှိတဲ့နေရာပေါင်းစုံ
အများသုံးပစ္စည်းပေါင်းစုံ၊
အများသုံးလူပေါင်းစုံတို့ကြောင့် ကူးစက်ရောဂါ ရဖို့ အလွယ်ဆုံးဖြစ်နေပါတယ်။

မူးယစ်ဆေး-
လူကြီးတို့သည် ကွမ်း
အရက်၊
ဆေးလိပ်၊
ဆေးရွက်
အစရှိသည်တို့လောက်သာ အများစု မှီဝဲဖြစ်တာမို့ မူးယစ်ဆေးကြောင့် ချက်ချင်းလက်ငင်း ခန္ဓာကြွေဖို့ နည်းလမ်း နည်းပါးကာ အားသာချက် (၃)ကို ရရှိပေမယ့်
ယနေ့ခေတ်လူငယ်တွေမှာတော့
ဆန်းပြားလှတဲ့ စိတ်အပမ်းဖြေနည်းမျိုးစုံ
မူးယစ်ဆေးမျိုးစုံရဲ့ဂယက်အောက် မိုက်မိုက်မဲမဲတိုးဝင်နေကြတာမို့ တမြည့်မြည့်တိုက်စားမခံရပဲ နေ့မြင် ညပျောက်ဖြစ်ကြရပါတယ်။

အဆုံးသတ်သော်
သီးကင်းလေးတို့ အချိန်မတန်ခင် တန်ဖိုးရှိစွာ ရခဲလှတဲ့လူ့ဘဝကြီးကို အရင်တာ့တာပြကြရတာဟာ
အိုခြင်း၊
နာခြင်း ဒုက္ခကို
သီးရင့်တို့ကဲ့သို့
စိုးရိမ်ပူပမ်ကြောက်လန့်မှုအလွန်နည်းတာကြောင့် အဆင်ခြင်မဲ့ ပေါ့ပေါ့နေတာကြောင့် အများကြီးပါဝင်တယ်လို့ သုံးသပ်မိပါတယ်။

နန်းတော်ရာသူ
13/6/2017
10:30p

About •*¨နန်းတော်ရာသူ •*¨

•*¨နန်းတော်ရာသူ •*¨ has written 73 post in this Website..

လူအချင်းချင်းမိတ်ဖက်ခြင်းတွင်၊ကိုယ်စိတ်ရွှင်သာ ကြင်နာပါမှ၊နှစ်ဦးနှစ်ဘက် ချမ်းမြေ့တတ်၏။ စိတ်ရင်းအမှန်ဖြင့်ခင်မင်တတ်စွာနဲ့ နန်းတော်ရာသူ