ကျနော် နဲ ့ နော်လီဇာ…။
ကျနော့် သီချင်းရေးသူ ဘဝမှာ
ဂုဏ်အယူရဆုံး ကိစ္စကတော့
ကျနော့် ကိုယ်ပိုင်သံစဉ် သီချင်းတစ်ပုဒ်ကို
ဒစ္စကို ကွင်းကြီး နော်လီဇာ ဆိုခဲ့ဖူးတာပါပဲ။
အဲ့ဒီ အတွက် ကီးဘုတ် ကို မောင်လတ် ကို
ကျေးဇူးတင်ရမှာပါပဲ။
နော်လီဇာ ကို အပြင်မှာ တစ်ခါမှ မမြင်ဖူးခဲ့ပါဘူး။
နှလုံးသားမက္ကဆီကို စီးရီးစ် ကို
ကလေးဘဝကတည်းက
ညွတ်ခဲ့ရသူမို ့စိတ်ထဲကတော့
လေးစားရင်းစွဲရှိနေသူပါ။
တစ်ည ကိုမောင်လတ် ဖုန်းဆက်လာပါတယ်။
“ကိုဘလက် မနက်ဖြန် မနက်အားရင်
အလုံလပ်ကီးဆဲဗင်းမှာ breakfast စားရအောင်၊
နော်လီဇာလည်း လာမယ်
သူ ့သီချင်း အဟောင်းထဲက
ကောင်းတာလေးတွေ ပြန်ရွေးပြီးလုပ်ချင်လို ့တဲ့၊
ခင်ဗျားက သီချင်းတွေ အကြောင်း
အတော် နှန် ့နှန် ့စပ်စပ် သိတယ်လို ့
ပြောထားလို ့
ခင်ဗျားကို ပါ ခေါ်ထားပေးပါ တဲ့”
အိုခေ ပေါ့။
လပ်ကီးဆဲဗင်းမှာ ကွီးလတ်၊ အစ်မကြီးနော်လီဇာ တို ့နဲ ့
ထိုင်ပြီး စကားတွေ အများကြီးပြောဖြစ်ကြပါတယ်။
breakfast စားပြီး ကွီးလတ် ရဲ ့စတူဒီယိုကို
ချီတက်ကြပါတယ်။
ကျနော် နဲ ့ ကိုလတ် ဝိုင်းရွေးပေးတဲ့
သီချင်းတွေကို
အစ်မကြီးက မကြိုက်ဘူး ဖြစ်နေချိန်မှာ
ကျနော်က
“နောက်ဆုံးနှစ်လောက်တုန်းက မာလာဆောင်သူ
သူငယ်ချင်း တစ်ယောက်အတွက် သီချင်းလေးတစ်ပုဒ်
ရေးပေးခဲ့ဖူးတယ်ဗျ။
အစ်မ နားထောင်ကြည့်မလား”
ဆိုတော့ မနော်လီဇာ က အားနာလို ့ထင်ပါရဲ ့
“ဆိုပြလေ” တဲ့။
အဲ့ဒါနဲ ့ကျနော်လည်း ဂစ်တာကိုယူပြီး
သီချင်းအကြမ်းထည်လေးကို ညည်းပြလိုက်ပါတယ်။
ရေးထားတာကလည်း ကြာ
မိန်းကလေးသီချင်းကလည်း ဖြစ်ဆိုတော့
စာသားတွေတောင် မေ့နေပါပြီ။
ဒါပေမယ့် နော်လီဇာ is နော်လီဇာပါပဲ ခင်ဗျာ။
သံစဉ်လေးကို လိုက်ညည်းကြည့်ပြီး
စာသားကို ကျနော့်လွယ်အိတ်ထဲ ပါလာတဲ့
ဆေးဘောက်ချာတစ်ရွက်ရဲ ့နောက်ကျောမှာ
လိုက်ရေးပါတော့တယ်။
ကွီးလတ်က နော်လီဇာ ဆိုနိုင်မယ့် ကီး ကို
ချက်ခြင်း ချိန်ပေးပါတယ်။
မနော်လီဇာ အစမ်းဆိုကြည့်လိုက်တဲ့ အချိန်မှာ
သီချင်းက အတော်ကောင်းနေတယ် ခင်ဗျ ။
အဲ့ဒီမှာပဲ နော်လီဇာ ဟာ
ကျနော် မမျှော်လင့်တဲ့ အပြုအမူတစ်ခုကို
ပြုလုပ်ပါတယ်ခင်ဗျာ။
“ကိုဘလက် ချော နှင့်
တွေ ့ဆုံခွင့်ပေးခဲ့ခြင်း အတွက်…၊
ကိုဘလက်ချောရေးတဲ့ သီချင်းလေးကို
ဆိုခွင့်ပြုပေးတဲ့အတွက်…၊
ကျေးဇူးတော်ကို ချီးမွမ်းပါ၏။”
ဆိုပြီး ဘုရားသခင်ကို တိုင်တည်နေတာ ခင်ဗျ ။
နောက်နေ ့ ကွီးလတ် အတီးအကြမ်းပြီးတော့
နော်လီဇာ အဆိုထပ်ပါတယ်။
တကယ်တီးတော့
The Green Band နဲ ့တီးတာပါ။
အဲ့ဒီသီချင်းကို ကျနော့်မိတ်ဆွေ အတော်များများ
ကြိုက်ကြတယ်ခင်ဗျ။
“ရက်စက်ပါမောင်”လို ့ အမည်ရပါတယ် ခင်ဗျာ။
အွန်လိုင်းကပဲ ဖြန် ့ခဲ့တာမို ့
လူသိတ်မသိလိုက်ပါဘူး။
ဘလက်ချော နာမည်နဲ ့ရေးတဲ့
ပထမဆုံးသီချင်းလေးပါ။
ဒစ္စကိုကွင်းကြီး နော်လီဇာအတွက် သီချင်းရေးပေးဖူးတယ်ဆိုတာ နည်းတဲ့ဂုဏ်မဟုတ်…
အင်း … အရွယ်က စကားပြောလာတယ်ထင်ပါရဲ့ အသံပါဝါတော့ နဲနဲကျသွားသလိုပဲ …
“မီလာရှီကာ စိုင်းဗေဒါ” ထဲမှာ သရုပ်ဆောင်ထားတာလည်း … မဆိုးပါဘူး …
Was this answer helpful?
LikeDislike@ ဦးကျောက်ခဲ !!!
အသံက လုံးဝ မကျဘူးဗျ ။
အရင်ထက်တောင် ပါဝါ ပိုကောင်းလာတယ် ထင်ရတယ်။
ဘုရားကျောင်းမှာ သီချင်းနဲ ့အမြဲထိတွေ ့နေတာကြောင့်လည်း
ပါမယ်ထင်ပါတယ်။
တခြားအကြောင်းတွေ မဆွေးနွေးပါရစေနဲ ့ဗျာ။
(BC)
Was this answer helpful?
LikeDislikeနော်လီဇာကြိုက်တယ် အသံလေးကိုချစ်တာ သူ့သီချင်းတွေ တင့်တင့်ထွန်းပြန်ဆိုတာလဲကြိုက်တာဘဲ
မိလာရှီကာစိုင်းဗေဒါ ရုပ်ရှင်လဲကြိုက်တယ် အောင်မြင်ဘို့ဖြတ်လမ်းနည်းကိုမကြိုက် မလိုက်တဲ့အတွက် ဒါရိုက်တာက သတ်ခဲ့တယ်လို့ သူ့ဖြေတာဖတ်ရဘူးတယ် ဒါလဲ ကြိုက်တယ် မိုက်တယ်နော့်
Was this answer helpful?
LikeDislike@ Ma Ei !!!
ဟုတ်သဗျ ။
တစ်နေ ့မိတ်ဆွေ အိမ်မှာ တီးကြဆိုကြတဲ့အခါ ကျနော့်မိတ်ဆွေကတောင် အံ့ဩယူရတယ်ဗျာ။ အသံပါဝါကြီးက ကောင်းလွန်းနေလို ့လေ။
(BC)
Was this answer helpful?
LikeDislikeအသံ မှာ ဆက်ဆီ ဖစ်တယ်တယ် ဆိုတာ
ဒေါ်ပုလဲ နဲ့ ဒေါ် နော်လီဇာ ကိုပဲ အမှတ်ပြည့် ပေးတယ်။
Was this answer helpful?
LikeDislike@ ဇီဇီ !!!
ကျနော့်အတွက်ကတော့
မပုလဲ က အမြဲတမ်းနံပတ်တစ်ပါပဲဗျာ။
(BC)
ပုလဲ လည်းကြိုက် နော်လီဇာလည်း ကြိုက်
အယ်ခွန်းရီ၊ကေဂျာနူး၊မြသီတာ၊နွဲ့ယဉ်ဝင်းလည်း ကြိုက်
Was this answer helpful?
LikeDislikeလေးဘလက်တို့ စု ထုတ်ထားတဲ့ ကံကော်တမ်းချင်း အခွေထဲမှာတောင်. . .သူ တစ်ပုဒ် ဝင်ဆိုထားသေးတယ်နော်။ အားလုံးသိတဲ့သီချင်း. . .
မာလာဆောင်. . .ပြည်လမ်းရှေ့က
ဂစ်တာသံ ညတိုင်း ကြားတယ် ဘလာ ဘလာ`°_°’
အဲ့အန်တီကြီးအသံကိုက တမျိုးလေး

အဲ တမျိုးကြီး။
အခု လေးဘလက်ရေးတဲ့ သီချင်းကို
သူဆ်ိုထားတာလေးလည်း youtube မှာ ရှာကြည့်ပြီး နားထောင်ပါရစေအုန်းဗျား
Was this answer helpful?
LikeDislike@ သင့်အေးရိပ် !!!
ဒီမှာနားထောင်ပါဗျာ။
https://m.facebook.com/story.php?story_fbid=2285317885026061&id=100006436154186
Was this answer helpful?
LikeDislikeမနေ့ကပဲ… ဖဘပေါ်မှာ.. ကိုသီရိညွှန့် အခွေအကြောင်းဖြတ်ကနဲ့တွေ့လိုက်ရသေးတယ်..။
ကိုသီရိတော့တော်တော်ဝမ်းသာသွားမှာပဲ…လို့..။
ကိုဘလက်စာတွေ(လည်း).. တူးရင်းဆွရင်း…. သမိုင်းတန်ဖိုးတွေ.. တက်တက်လာတယ်လို့.. ပြောမလို့ပါ…။
Was this answer helpful?
LikeDislike@ kai !!!
သမိုင်းတန်ဘိုးထက် သူတို ့ပီတိဖြစ်သွားတာကို
ခံစားတာသူကြီးရေ ။ ကိုသီရိညွန် ့လည်း CB ကနေ
ကျေးဇူးတင်ကြောင်း
ပြောပါတယ်ဗျာ။
(BC)
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ဟုတ်တယ်၊ကိုဘလက်တူးဆွတာ တန်ဖိုးရှိပါတယ်။သူတို့သက်ရှိထင်ရှားရှိကြတုန်း ရေးနိုင်သလောက် ရေးပေးပါ ကိုဘလက်။
လူတွေကို သူတို့ကို ချစ်ကြောင်းပြောပေးရတာ တန်ဖိုးမဖြတ်နိုင်ပါ။
အထူးသဖြင့် တချိန်က ကြယ်ပွင့် အခုတော့ လူငယ်တွေက မေ့ခံနေရတဲ့သူတွေကိုပေါ့။
Was this answer helpful?
LikeDislike@ padonmar !!!
“လူတွေကို သူတို့ကို ချစ်ကြောင်းပြောပေးရတာ
တန်ဖိုးမဖြတ်နိုင်ပါ။”
ဆိုတာလေး ကြိုက်တယ် အစ်မရေ။
(BC)
ကျနော် နဲ ့ နော်လီဇာ ဆိုတော့…ဘာလိုလို…ခိခိ..နောက်တာပါ…

ဒစ္စကိုကွင်းကြီး နော်လီဇာအတွက် သီချင်းရေးပေးဖူးတဲ့လူမဲချောဂျီးနဲ့ သူငယ်ချင်းဖြစ်ရတာဂုဏ်ယူပါကြောင်း
ဆက်ဆွဲ ရဲဘော်ဘလက်ရေ
Was this answer helpful?
LikeDislike@ ဦးကြီးမိုက် !!!
ကွန်းမန် ့လေးအတွက် ကျေးဇူးပါ ကိုမိုက်ရေ ။
(BC)
Was this answer helpful?
LikeDislikeလွမ်းမိုးရဲ့ မိုးစက်တင်လေ မှာ နော်လီဇာ သရုပ်ဆောင်ထားတာ သိပ်ချစ်စရာ ကောင်းတာဘဲ MRTV မှာမကြာ မကြာပြခဲ့ဘူးတယ်။ ၈၂ ခုနှစ် ဝန်းကျင်ပေါ့။
Was this answer helpful?
LikeDislike@ ဦးလေးမန်း !!!
ကွန်းမန် ့လေးအတွက် ကျေးဇူးပါ ခင်ဗျာ။
Was this answer helpful?
LikeDislikeအူးလေး
ရပ်သီချင်း ဆွေးဆွေးလေးတွေ စပ်ထားတာရှိလားဗျာ
ကျနော်ကိုယ်တိုင် ဆိုမှာပါ
ဒါမှမဟုတ်လဲ ဓမ္မတေး ခပ်ကြမ်းကြမ်းမြူးမြူးလေးတွေပေါ့
ကျနော်ကိုယ်တိုင်ပဲ ဆိုမှာပါ
ကြိုက်ဈေးပေးမှာပါ
Was this answer helpful?
LikeDislike@ ဂျစ်စူ !!!
ကွန်းမန် ့လေးအတွက် ကျေးဇူးပါ ဗျာ
Was this answer helpful?
LikeDislikeငယ်ငယ်တုန်းကဆိုခဲ့တာသတိရတယ်
ဘော်လီမပါ နော်လီဇာဆိုပြီး အဟီး
Was this answer helpful?
LikeDislike@ အောင်မိုးသူ !!!
ကွန်းမန် ့လေးအတွက် ကျေးဇူးပါ ညီလေးရေ။
Was this answer helpful?
LikeDislikeကြိုက်တယ်ဗျာ

သီချင်းရော တေးရေးဆရာရော
ပြီးတော့ တချိန်က ကွင်းကြီးရော
Was this answer helpful?
LikeDislike@ surmi !!!
ကျေးဇူး ပါ ကိုဆာမိရေ။
မဆုံဖြစ်တာအတော်တောင်ကြာပြီနော်…။
(BC)
Was this answer helpful?
LikeDislike