:k:

ငရုတ်သီး ကိစ္စလေးပဲ ရေးမလို့ပါ။

(ဟွာ၊ သိပြီးသားလူတွေကတော့ သည်းခံပေါ့နော့။ ဆရာလုပ်တာဟုတ်ဖု၊ ကွကိုယ်လည်း အရင် က လည်တယ်တယ်မို့ ချက်စားကောင်းမှန်းမသိ အစိမ်းမစားကောင်းမှန်းမသိ ဖြစ်ဖူးလို့ သိသလောက်လေး ပြောပြောမှာ)

ကိုယ်က အစပ်/ငရုတ်သီး ကြိုက်သမား ဆိုတော့ လေ့လာထားရတာ။

ဘာရယ်မဟုတ်၊ အသည်းကင်ဆာတို့ အစာအိမ်ရောဂါတို့ တရားခံက သူထဲက ပါတဲ့ မှို လို့ လက်ညှိုးထိုးကြတာများတော့ ကြည့်စားရတာတယ်။

သတိနဲ့ စားရတယ်ရယ်။

 

ချက်နည်း၊ ထောင်းနည်းတွေ ပြောမှာလည်းမုန့်ဘူး။ အာ့ဒါ နောက်တစ်ပတ်အတွက် သတင်းစာအတွက် ဟောင်ကောင်က လူဂျီး တာဝန်။ အာဟိ။

:k:

ကိုယ်က ငရုတ်သီး အကြောင်းလေးပဲ ပြောပြမှာ။

ပျမ်းမျှခွဲလိုက်ရင် …

.

.

ဒါက Fresh မျိုးတွေ…

.

.

ငရုတ်သီး စိမ်း

 

.

.

.

မိုးမျှော်၊ ကုလအော် ဘာညာ စသည်မျိုးတွေကိုပြောတာ။

မီးကင်ပြီး မီးပြပြီးမှ (ဘိုက်နာမစိုးလို့) ပုဇွန်ခြောက် ကြက်သွန်ဖြူ နဲ့ ထောင်းစားစား၊ ဆီးဖြူ၊ မရမ်း၊ သရက်တွေထောင်းရင် ထည့်ထောင်းထောင်း၊ စားရတာ။

ချဉ်စပ်အရသာ လတ်လတ်ဆတ်ဆတ်အတွက်ဆို သံပုရာသီးနဲ့ ဒီငရုတ်သီးစိမ်းကို ထည့်တည်တာမျိုး ရတယ်။

ပုဇွန်ခြောက်ကြော်တို့ ဘာတို့မှာ ထည့်ကြော်တတ်ပေမဲ့ အရမ်းမွှန်လို့ ကြော်ခဲကြတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မစပ်တဲ့ ငရုတ်သီးစိမ်း အကြီး

မစပ်သော ငရုတ်သီးစိမ်းအကြီး

 

 

 

 

 

 

 

 

 

.

.

.

ငါးဖယ်တို့ ပုစွန်ခြောက်တို့နဲ့ အစာသွတ်ချက်ကြတယ်။

မစပ်စေချင်တဲ့ အစိမ်းကြော်၊ ကန်စွန်းရွက်ကြော်တွေမှာ ဟင်းပွဲလှရုံ မွှေးရုံ ထည့်ကြော်ကြတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်ပွ

 

ငရုတ်ပွ

 

 

 

 

 

 

.

.

.

အစိမ်း အဝါ အနီ လိမ္မော် (၄) ရောင်လောက်ရှိတယ်။

မွှေးတယ်။မစပ်ဖူး။

ဒါကိုလည်း အစာသွတ်ချက်တယ်။

အသားနဲ့ ကြော်စားတယ်။

 

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

Modified လုပ်ပြီးသား…

.

.

ငရုတ်သီး အစိမ်းမှုန့်

 

ငရုတ်သီး အစိမ်းမှုန့်

 

 

 

 

 

 

 

.

.

.

ကျနော်တို့ အခေါ် အရောင်တင်မှုန့်လေ။

ဟင်းချက်အတွက် အရောင်အတွက် သုံးတယ်။

ဒါက ရှင်းတယ်လေ နော့

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီးခြောက်

ငရုတ်သီးခြောက်

 

 

 

 

 

 

 

.

.

.

ငရုတ်သီးကို အခြောက်လှန်းပြီး အခြောက်တောင့်အတိုင်း ရောင်းကြတာ။

မှိုကင်းတာရွေးပြီးမှ တခြားအဆင့်တွေ ဖြစ်အောင် ချက်စေချင် စားစေချင်တယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီး အကြမ်းဖတ်

 

ငရုတ်သီး အကြမ်းဖတ်

 

 

 

 

 

 

 

.

.

.

ငရုတ်သီးခြောက်ကို ကြိတ်ထားတဲ့ဟာပြောတာ။

အခြောက်လှမ်းရုံ လှမ်းထားတာမို့ မချက်ပဲ ဒီတိုင်း ထောင်းစားလို့ အသုပ်ထဲ ထည့်စားလို့ မရဘူးရယ်။

ငါးနီတူခြောက်တို့ ငါးခြောက်တို့ ကြော်ရင် ဖြစ်ဖြစ်၊ ဟင်းအနှစ်ဖြစ်ဖို့ ဆီသတ်တဲ့ထဲ ဖြစ်ဖြစ် ထည့်ချက်ရတာ။

ငံပြာရည်ဆီသတ်ချက်ချက်ရင်လည်း ဒါသုံးလို့ရတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီး အလှော်မှုန့်

ငရုတ်သီး အလှော်မှုန့်

 

 

 

 

 

 

 

.

.

.

ကျနော်တို့ မုန့်ဟင်းခါးထဲမှာ ထည့်စားကြတဲ့ အမှုန့်၊ ငရုတ်သီးခြောက်ကိုလှော်ပြီး အမှုန့်ကြိတ်ထားတာမို့ အကျက်မှုန့်လို့လည်း ခေါ်တယ်။။

ငပိရည်ထဲလည်းထည့်ကျိုကြတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီး အကြော်မှုန့်

 

 

 

 

 

 

.

.

.

ငရုတ်သီးခြောက် ကို ဆီ နဲ့ ကြော်ပြီး ဆီစစ်ပြီး အမှုန့်လုပ်ထားတာကိုပြောတာ။

အသုပ်ထဲ ထည့်သုပ်သုပ်၊ ထမင်းနဲ့ နယ်စားစား၊ စားလို့ရပြီ။

ငရုတ်သီးဆားထောင်းကိုလည်း ဒီအမှုန့်နဲ့ပဲထောင်းရတာ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီးတောင့်ကြော်

ငရုတ်သီးတောင့်ကြော်

 

 

 

 

 

 

 

 

 

.

.

.

ငရုတ်သီးခြောက်ကို ဆီနဲ့ကြော်ပြီး ဆီစစ်ထားတဲ့ဟာ။

အိမ်မှာတင်ပဲ ငရုတ်သီးခြောက် မှိုကင်းတာရွေးပြီး ဆီနဲ့ကြော် ဆီစစ်ပြီး ပုလင်းထဲထည့်ထားသင့်တယ်။

ထမင်းသုပ်တို့ အသုပ်စုံတို့နဲ့ တွဲစားလို့ရတယ်။

အသုပ်လေးစားလိုက် အခြောက်တောင့်ကြော်လေး ကိုက်လိုက်စားလို့ရတယ်။

ငရုတ်သီးဆားထောင်းကို ညက်အောင်ထောင်းနိုင်ရင်လည်း ဒီ အတောင့်ကို ထောင်းစားလို့ရတယ်။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ငရုတ်သီး ဆော့တို့ အနှစ်တို့ကတော့ ရှင်းတာမို့ မပြောတော့ဘူးး!

.

.

 

 

Photos credit to Original Uploader and Internet

About ဇီဇီ

ဇီဇီ has written 357 post in this Website..

CJ # 129120