ကိုကိုရှိမှ-ဖြစ်မှာလား?

aye.kkSeptember 4, 20171min2475

မိသားစုတိုင်းအတွက်

အိမ်ထောင်ဦးစီးဖြစ်သောသူ

တစ်နည်းအားဖြင့်-ဆိုရပါလျှင်

ကျမအတွက်မရှိလျှင်မဖြစ်သောသူက

ကိုကိုပါ။

သားတို ့၏လေးစားဂုဏ်ယူခြင်းခံရသော

ဖခင်ကောင်းတစ်ယောက်၊ ဖြစ်သည့်အပြင်

ကျမ၏

မိသားစုအတွက်

အိမ်ထောင်ဦးစီးဖြစ်သောသူ

အစစ,အရာရာ၊

အားကိုးရသောသူလည်းဖြစ်သည်။

မိသားစုအတွက်

အစစအရာရာ

တာဝန်ကျေပွန်ခဲ့သဖြင့်

သူမရှိလျှင် မဖြစ်သည့်အတွက်

အားကိုးမီခိုလိုသည့်စိတ်က

အိမ်ထောင်သက်တမ်းတစ်လျောက်လုံး

မသေမချင်း,အသက်ထက်ဆုံးတိုင်အထိဟု

ကျမဝန်ခံလိုပါသည်။

ကျမဘဝ

ကျမမိသားစုအတွက်

မရှိလျှင်မဖြစ်သော

ကျမ၏

သူဆိုသည့်ကိုကိုက

အရာရာကိုလွှတ်ချချင်ပြီဆိုတော့

မိန်းမသားဖြစ်သည့်

ကျမအတွက်တော့

ကိုကိုဆိုသည့်

သူ ့ကို

ဆုတ်ကိုင်ထားလိုသည့်

ကျမ၏

လောဘ,

မောဟ,

အတ္တစိတ်က

နားလည်ပေးလို ့မရနိုင်တာကအမှန်ပင်။

အခုတော့-

ကျမ၏ လောဘ,ဒေါသ,

မောဟဆိုသည့်စိတ်တို ့အား

လျော့ချနိုင်ဘို ့အတွက်

ကျမကိုယ့်ကိုယ်ကိုဆုံးမနိုင်ဘို ့အတွက်

ဝိပဿနာအလုပ်ကိုလုပ်ဖြစ်ခဲ့သည်(အားထုတ်ဖြစ်ခဲ့သည်)။

ဝိပဿနာအလုပ်က

ကျမ၏စိတ်ကို၊ကောင်းစွာထားတတ်စေခဲ့သည်။

အခု-

ကျမအတွက်

မရှိလျှင်မဖြစ်ဆိုသည့်သူ,(တစ်နည်းအားဖြင့်ကျမ၏ကိုကို)

ကျမ၏

လောဘ,ဒေါသ,မောဟ

ဆိုသည့်အတ္တစိတ်ကို

တရား၏အဆုံးအမအောက်၌ထားရှိ

ခံယူခဲ့လိုက်သောအခါတွင်

ကျမအတွက်

ကိုကိုရှိမှ-ဖြစ်မှာလား?

ဆိုသည့်မေးခွန်းအတွက်

ကိုယ့်ကိုယ်ကို

ပြန်ဆင်ခြင်မိသောအခါ၌

ကိုယ့်ကိုယ်ကို

ပြန်၍မေးခွန်းထုတ်နိုင်ခဲ့သည်။

တရားရေအေး

တိုက်ကျွေးထားသော

ကျမ၏စိတ်သည်

အတ္တစိတ်တို ့ကို

လွတ်ချလိုက်နိုင်မှန်းကောင်းစွာနားလည်လိုက်သည်။

 

 

 

 

 

 

5 comments

  • သင့်အေးရိပ်

    September 4, 2017 at 6:28 pm

    တရားအဆုံးအမနဲ့တွေ့ရင်
    သံယောဇဉ် မီးကို ရေချမ်းနဲ့ ဖြန်းလိုက်သလို ဆိုပါတော့

  • aye.kk

    September 4, 2017 at 8:59 pm

    တူမောင်
    .
    .
    တရားဆိုတာ
    အားထုတ်မှ
    တရားကိုတွေ ့တာ
    တရားကိုသိတာ
    လက်တွေ ့။

  • manawphyulay

    September 6, 2017 at 3:35 pm

    ကိုကို မရှိလည်း နေတတ်သွားမှာပါ… စိတ်သာ အဓိကတီတီအေးရယ်…
    တစ်ချိန်ချိန်တော့ သူ… ဒါမှမဟုတ် မိမိသည်လည်း ထွက်ခွာသွားရမည်ဆိုတာတော့ မနောလည်း လက်ခံထားမိပါတယ်ရှင်…

  • aye.kk

    September 6, 2017 at 9:20 pm

    ကျေးဇူးပါမနောလေး။
    အားပေးစကားအတွက်
    အန်တီဝမ်းမြောက်ရပါတယ်။

  • Shar Thet Man

    September 18, 2017 at 4:38 pm

    တရားရေအေးရပြီဆိုတော့ ကိုကိုမရှိလည်းဖြစ်ပါတယ်..ဟုတ်တယ်ဟုတ်

Leave a Reply