ဒီဆောင်းပါးလေးကတော့ 7 days ဂျာနယ်ကနေ မွန်လေးတော်တော်လေးသဘောကျလွန်းလို့ ဂဇက်ကရွာသူရွာသားတွေကိုဖတ်စေချင်လို့ တင်ပေးလိုက်တာပါ။ တချို ့အခမ်းအနားတွေသွားရင် သားသားနားနားဝတ်သွားမှ လူကခေါ်ချင်၊ပြောချင်ကြတယ်။ မဟုတ်ရင် မတူမတန်သလိုလိုနဲ့။

အောက်ပါဆောင်းပါးလေးတော့ခုခေတ်ပတ်ဝန်းကျင်မှာ ဖြစ်နေတဲ့အကြောင်းအရာလေးတွေကိုစုပြီးရေးထားတာဖြစ်ပါတယ်။ လူတချို ့ရဲ ့ဟိတ်ဟန်

ကိုအစွဲအလမ်းကြီးပုံကိုလည်း နှိုင်းယဉ်ထောက်ပြထားတာတွေ့ရပါတယ်။ လူတွေရဲ ့ဟန်ဆောင်အပြုံးတွေကလည်း ဘယ်လောက်ရွှံရှာဖွယ်ကောင်း

ကြောင်းကိုလည်းရှင်းပြထားပါတယ်။

(တစ်)

ဆရာတက်တိုးရေးသည့် စာ တော်တော်များများကို ဖတ်ဖူးပါ သည်။ ထိုစာအုပ်ပေါင်းများစွာထဲ က ‘တက်တိုး၏ အတွေးအမြင်’ စာအုပ်ကလေးကိုမူ ငယ်ငယ်က တော်တော့ကိုပဲ စွဲစွဲလမ်းလမ်းရှိ ခဲ့ဖူးပါသည်။ အဖြစ်အပျက် ထူး ထူးဆန်းဆန်း၊ လူပုဂ္ဂိုလ်ထူးထူး ဆန်းဆန်း၊ စိတ်သဘောထားထူး ထူးဆန်းဆန်းများကို အာရုံကျ သည့် နှစ်ကာလအပိုင်းအခြားတွေ မဟုတ်လား။

ဆရာတက်တိုးက သူ၏အ တွေးအမြင်စာအုပ်ထဲတွင် လူနှင့် ပတ်ဝန်းကျင်အပေါ်၌ သူ့အယူအ ဆ၊ သူ့ခံစားချက်များကို အိတ်သွန် ဖာမှောက်စိတ်ထဲတွင်ရှိသည်ကို ရှိသည့်အတိုင်း ဘွင်းဘွင်းကြီးချ ရေးထားခဲ့လေရာ သမားရိုးကျလူ များအဖို့ ခွခပ်ကျကျကြီးများဖြစ် နေလေမလား မပြောတတ်ပါ။

ဆိုကြပါစို့။ မင်္ဂလာဆောင် အခမ်းအနားသို့ တက်ရောက်ချီး မြှင့်ရသည့်ကိစ္စ။ ပကာသနအ ဆောင်အယောင်များ၊ မျက်နှာဖုံး ပေါ်၌ သကာရည်လောင်းကာ ဟန်လုပ်ထားရသည့် အပြုံးများ၊ တွက်ခြေကိုက်၊ မကိုက် အထပ် ထပ်အခါခါပေါင်းနုတ်မြှောက်စား ပြီးမှ ထုပ်ပိုးထားရသည့်လက်ဖွဲ့ ပစ္စည်းများကြား၌ ထိုင်နေရသည် ကို ဆရာတက်တိုးစိတ်ကုန်ဟန် တူပါသည်။ သူတို့ဘာသာ သူတို့ မနေနိုင်လို့ လင်ယူသားမွေးလုပ်ဖို့ အခမ်းအနားကျင်းပတဲ့ကိစ္စတဲ့။ သူများတကာတွေကို သက်သက် မဲ့ခေါ်ပြီး ဒုက္ခပေးသတဲ့။ နောင် သည်လို အခမ်းအနားတွေဘယ် တော့မှ မတက်တဲ့။

အနှစ်ဗလာ အကာသက် သက် လွတ်လပ်ပွင့်လင်းသည့် စိတ်ထားကင်းမဲ့သည့် အခမ်းအ နားများပေါ်၌ ဆရာတက်တိုး၏ သဘောထားအတွေးအမြင်ကို ကျွန်တော်တို့ အားကျခဲ့၊ သဘော တူမျှခဲ့ကြသည်မှာကား အမှန်ပင် ဖြစ်ပါသည်။

(နှစ်)

လူတွေအကြောင်းကို ရေး သည့် ဆရာမောင်စွမ်းရည်၏ စာ တစ်အုပ်ရှိပါသည်။ ‘သူတို့နဲ့ကျွန် တော်’ ဖြစ်ပါသည်။

ထိုစာအုပ်ထဲ၌ ဆရာကြီး ဦးခင်မောင်လတ်အကြောင်းပါဝင် ရာ ဖတ်နေစဉ်မှာရော ဖတ်ပြီး သည်၏ အခြားမဲ့မှာပါ ကျွန်တော် မျက်ရည်ဝဲရပါသည်။ အားလုံးသိ ကြသည့်အတိုင်း ဆရာကြီးဦးခင် မောင်လတ်နှင့် ဆရာမကြီးဒေါ်မျိုး ချစ်တို့၌ သားတစ်ယောက်ရှိရာ ထိုသားက သချင်္ာပညာရှင် ပါမောက္ခဖြစ်ပါသည်။ ထိုသား ဖြစ်သူက သူ့ပညာရပ်နယ်ပယ်က ဆရာမတစ်ဦးနှင့် မေတ္တာမျှလေ သောအခါ ဆရာကြီးဦးခင်မောင် လတ်စီမံခန့်ခွဲပုံက အံ့ဩလောက် ပါသည်။ မိန်းကလေးရှင်များဘက် သို့သွားကာ ကြီးကျယ်ခမ်းနား သည့် မင်္ဂလာပွဲကို မကျင်းပလိုပါ ကြောင်း၊ ပကာသနအစုအဝေး ကြီးကြားမှာ ဟန်ဆောင်ကာမနေ လိုပါကြောင်း စသည်ဖြင့် သဘော ပေါက်အောင်ရှင်းပြ၍ နားလည်မှု ယူနိုင်ခဲ့ခြင်းပင်ဖြစ်ပါသည်။

ဆရာကြီးဦးခင်မောင်လတ် ဘဝနိဂုံးချုပ်ရက်များနီးကပ်လာ လေသောအခါ သားကိုမှာကြားပုံ များက ကြက်သီးမွေးညင်းထစရာ ပင်ဖြစ်ပါသည်။

သေလျှင် မြန်မြန်ချ။ မြန်နိုင် သမျှ မြန်မြန်ချ။ မည်သူ့ကိုမှ အ ကြောင်းမကြားနှင့်။ သတင်းမျက် နှာစာပေါ်မှာ လူသိထင်ရှားမလုပ် နှင့်။ အိမ်နားဝန်းကျင်ရှိသူ၊ သိသူ ကလေးအနည်းငယ်နှင့်ပဲသင်္ဂြိုဟ်။ မကောင်းတတ်လို့လာသူ၊ မကင်း နိုင်လို့လာသူ၊ ကြောက်လို့လာသူ များ၊ အသုဘသင်္ဂြိုဟ်၍မပြီးမီ အလုအယက်ပြန်ဖို့ ကြိုးစားသူ များ၊ ဈာပနပွဲထဲလာရောက်ကာ အရောင်းအဝယ်၊ ငွေပေးငွေယူ၊ သားရေးသမီးရေးဆွေးနွေးနေသူ များနှင့် မိမိ၏နောက်ဆုံးခရီးတွင် မစည်ကား စေလိုကြောင်းလည်း ဆရာကြီးက မှာကြားသည်ဟု ဆို ပါသည်။

ကျွန်တော် ဆရာကြီးကို စိတ် ထဲက ရည်မှန်း၍ ဦးချကန်တော့မိ ပါသည်။ ညစ်ပတ်ပုပ်ညှီဟောက်နေသည့် တချို့သောလူစုလူဝေးကြီးများ၏ လွတ်ကင်းရာရာ တစ်နေရာသို့ သွားနေချင်သည့် သူတော်ကောင်းလိပ်ပြာ။

လူအများစုက ပရိသတ်ကို မျှော်ကြသည်မဟုတ်လား။

(သုံး)

ကရုဏာရှင်မကြီး မာသာ ထရီဆာ (Mother Teresa) ကို ဖြင့် ကမ္ဘာအနှံ့အပြားက သိပါ သည်။ သူ၏ ဘဝတစ်ခုလုံးကို ပရ ဟိတလုပ်ငန်းအတွင်းသို့ ထိုး ကျွေးလိုက်သည့်အတွက် ၁၉၁၉ ဒီဇင်ဘာလ ၁ဝ ရက်နေ့တွင် ငြိမ်း ချမ်းရေးနိုဗယ်ဆု အချီးမြှင့်ခံရပါ သည်။

သူက ဆုကိုမူ လက်ခံပါ သည်။ သို့သော် ဆုပေးမည့်ကြီး ကျယ်သောအခမ်းအနားကြီးကို ကားငြင်းပယ်ပါသည်။ နော်ဝေး နိုင်ငံ အော်စလိုမြို့၌ သာမန်ဆု ပေးပွဲကလေးမျှကိုသာလုပ်စေပြီး ဧရာမအခမ်းအနားကြီးအတွက် ကုန်ကျမည့်ဒေါ်လာခုနစ်ထောင် ကို ပရဟိတဂေဟာများအတွက် သာအလှူခံပါသည်။

လူအုပ်စုကြီးများ၊ ပြိုးပြိုး ပြက်ပြက် လင်းလက်သွားသည့် ဆလိုက်မီးများ၊ ဖျတ်ခနဲ ဖျတ်ခနဲ လင်းသွားသည့် ကင်မရာမီးများ၊ ရုပ်မြင်သံကြားကင်မရာမီးအ လင်းတန်းများ၊ အသံဖမ်းစက် များ၊ လက်ခုပ်ဩဘာသံများ စသည်တို့ကို သူတော်စင်မာသာ ထရီဆာ အလိုမရှိပုံရပါသည်။

(လေး)

တကယ့်ကိုလည်း အခမ်းအ နားအများစုက စိတ်ပျက်စရာများ၊ စိတ်ကုန်စရာများဖြစ်ပါသည်။

ကျွန်တော်ခရစ်ယာန်ဘုရား ကျောင်းကလေးတစ်ခုတွင် ကျင်း ပသည့် မင်္ဂလာဆောင်ကလေး တစ်ခုသို့ ရောက်ဖူးပါသည်။ မောင်နှင့်မယ်တို့ကို လက်ထပ်ပေး နေစဉ် ဧည့်ပရိသတ်များကအား လုံးမတ်တတ်ရပ်ကာ ဓမ္မတေးကို သံပြိုင်သီဆို၍ ကြင်စဦးမောင်နှံ ကို ဆုတောင်းပေးနေခိုက်ကြား လိုက်ရသည့် အော်ဂင် (Organ)အသံကနှလုံးသားကို လာရောက် ရိုက်ခတ်ပါသည်။ လက်ထပ်သူနှစ် ဦးအတွက် အဓိပ္ပာယ်တစ်စုံတစ် ရာရှိနေသလိုပါပဲ။

သို့သော်အရေအတွက်များ ပြားလှစွာသော အခမ်းအနားများ ကမူ အော့နှလုံးနာစရာတွေပဲဖြစ် ပါသည်။

ရက်လည်ဆွမ်းကျွေးတစ်ခု သို့ ကူငွေစာအိတ်ကလေးတစ် အိတ်ကိုင်ကာ ရောက်လာသူအ မျိုးသမီးတစ်ယောက်က သူ့ နောက်တွင် မိသားစုသုံးယောက် နှင့်။ သောကမီးလောင်မြိုက်ကာ အားကိုးရာမဲ့သွားသူကို ကူဖို့ဟူ သည့် စိတ်ကူးမျိုးနှင့်ရောက်လာ ခြင်းမျိုးမဟုတ်။ ငွေနှစ်ထောင်ကူ ငွေထည့်သည့်အတွက် ထိုက်တန် အောင် လေးယောက်စားမည်ဟူ သည့်စိတ်ကူး။

အသုဘလိုက်ပို့သည့်ကား ပေါ်၌ နေကြာစေ့များတဖြောက် ဖြောက်ဝါး၊ အတင်းအဖျင်းတွေ တတွတ်တွတ်ပြော၊ တဟီးဟီး တဟားဟားရယ်လိုက်မောလိုက် နောက်လိုက်ပြောင်လိုက်ကြ။

မင်္ဂလာဆောင်ဖိတ်စာတစ် ခုရောက်လာသည့်အခါ မျက်နှာ ငယ်ရှာသူ၊ နွမ်းပါးရှာသူကိုထိုက် ထိုက်တန်တန်လက်ဖွဲ့ကာ ပြည့်စုံ ကြွယ်ဝပြီးဖြစ်သူကို သင့်တင့် လျောက်ပတ်ရုံသာ လက်ဖွဲ့ဖို့စိတ် မကူး။

အလုံးစုံချို့ငဲ့သူကို တော်ရိ လျော်ရိကလေးမျှသာ မင်းတိုင်း ကျေလက်ဖွဲ့လိုက်ပြီး အပြန်အ လှန်ပိုက်ဆံ၊ အခွင့်အရေး၊ ရာထူး ဌာနန္တရရနိုင်သူကိုမူ ပုံအောကာ လက်ဖွဲ့လေ့ရှိသည့်လောက။

ထိုသို့ ထိုသို့သောလူ့အစုအ ဝေးများအကြောင်းကို လူတိုင်းလို လိုက ရိပ်စားမိနေကြသည်မှာ မှန် သော်လည်း လွတ်အောင်မူပြေး ထွက်ရန် ခဲယဉ်းလှပါသည်။

ဆရာတက်တိုးတို့လို၊ ဆရာ ကြီးဦးခင်မောင်လတ်တို့လို လူ ပုဂ္ဂိုလ်များကသာလျှင် ကျောခိုင်း ဖို့ စဉ်းစားရဲကြခြင်းဖြစ်ပါသည်။

(ငါး)

တစ်ရက်သူငယ်ချင်းဟောင်း များ စုဝေးတွေ့ဆုံသည့်ပွဲမှ ပြန် လာသည့်အမျိုးသမီးတစ်ယောက် က ထိုပွဲ၏စိတ်ချမ်းမြေ့စရာ ကောင်းပုံကို အားရပါးရပြန်၍ ဖောက်သည်ချပါသည်။

ဘာနဲ့လာသလဲဟု မမေးတဲ့။ ဘာကားစီးသလဲဟု မမေးတဲ့။ အ မျိုးသားက ဘာလုပ်သလဲဟု မမေးတဲ့။ ကလေးတွေ ဘာ ကျောင်းတက်နေသလဲဟု မမေး တဲ့။ ငယ်ငယ်တုန်းကအကြောင်း များ ပြန်လည်စားမြုံ့ပြန်ကြကာ ရယ်ကြ မောကြ စားကြ သောက် ကြတဲ့။

ကျွန်တော်ပင်လျှင် နံဘေးမှ နေ၍ ကြည့်ကာ ဝမ်းသာအယ်လဲ ဖြစ်နေမိပါသည်။ အပြစ်ကင်း သည့် အခမ်းအနားကလေးများ။ ဪ…ငယ်သူငယ်ချင်းတို့ တွေ့ ဆုံပွဲဟုဆိုကာ အောင်မြင်သူတို့က စစ်အင်အားပြသည့် အနေနှင့် မစွမ်းသာသူများအပေါ် အရသာခံ သည့်ပွဲတွေကလည်း အများအ ပြားမဟုတ်လား။

မရိုးသားသော အခမ်းအနား များရှိရာဆီမှနေ၍ ကျောခိုင်းသွား သူများကို ကျွန်တော်ဖြင့် နားလည် လေးစားလျက်ရှိပါသည်။   ။

(ဖော်ပြပါ ဆောင်းပါးသည် စာရေးသူ၏ အာဘော်သာဖြစ်ပါသည်)

About Mon Lay

Mon Lay has written 396 post in this Website..