ခြင်းလုံးပန်း
မိုးရာသီမှာပွင့်တတ်တဲ့ပန်းတွေထဲမှာ-
ကျွန်မနှစ်သက်သဘောကျမိတဲ့၊ပန်းတစ်မျိုးကတော့
ခြင်းလုံးပန်းပါဘဲ။
ခြင်းလုံးပန်းက၊မျိုးဥချထားတာရှိရင် မျိုးပွားလွယ်ပြီး၊မိုးလေးတစ်မ,နှစ်မ(တစ်ခါ,နှစ်ခါမျှ)
လောက်ရွာလျင်ဖြင့်၊မျိုးဥတွေကရေဓတ်စုပ်ယူရရှိတာနဲ ့ပွင့်လာနိုင်တဲ့ပန်းမျိုးပါဘဲ။
မျိုးဥအဖိုပင်ဆိုရင် မပွင့်ပါဘူး၊ရိုးတံနဲ ့အရွက်ပဲထွက်ပါတယ်။ အမမျိုးဥအပင်ကသာ၊
အပွင့်ပွင့်ပါတယ်။
အရိုးညှာတံအရောင်က(အစိမ်းနုရောင်)ဖြစ်ပြီး၊အရိုးညှာတံအရှည်က
အရှည်လက်တစ်တောင်ခန် ့မျှ၊အထိရှိတာတွေ ့ရပါတယ်။
အမမျိုးအပင်မှာသာ၊အရိုးညှာတံထိတ်မှာအပွင့်ပါရှိလာပြီး၊အဖိုမျိုးဥကတော့အပွင့်မပွင့်ပါဘူး။
အရိုးညှာတံနဲ ့အရွက်ပဲထွက်ပါတယ်။
အမမျိုးဥဆိုပါလျှင်၊မြေကြီးထဲကနေထိုးထွက်လာနိုင်တာနဲ ့အပွင့်ပါ၊ပါရှိလာပြီး
တစ်ပါတည်းပွင့်ပါတယ်။
ခြင်းလုံးပန်းပွင့်အရွယ်အစားက၊ဘောလုံးပုံစံအရွယ်ဝိုင်းဝန်းနေပြီး၊ပွင့်ဖတ်လွှာတံ(ချွန်ချွန်မြမြ)
မှာ၊အနီရောင်,ပန်းရင့်ရောင်၊အရောင်(၂)မျိုးတွေ ့ရှိရတတ်ပြီး၊ပွင့်ဖတ်လွှာ
ချွန်ချွန်မြမြလေးတွေ(တုတ်ချောင်းလေးတွေလိုမျိုး)၊၊အများအပြားပါရှိပါတယ်။
ခြင်းလုံးပန်းရဲ ့၊ပွင့်ဖတ်လွှာတံ(တုတ်ချောင်း)ရဲ ့ထိတ်လေးတွေမှာပါရှိနေတဲ့
ဝတ်ဆံအမှုံက၊အဝါရောင်ပါ။ ပန်းရင့်ရောင်ပွင့်ဖတ်လွှာအတံနဲ ့
ဝတ်ဆံအဝါရောင်မို ့၊သိတ်ပြီး(ပနာတင့်)လှပမှုရှိတဲ့ပန်းလေးပါဘဲ။ တကယ်လည်း
လှပါတယ်။
တစ်ခါပွင့်လျင်၊ ခြင်းလုံးပန်းအပွင့်က(အပင်မှာတင်)၊(၄)ရက်၊(၅)ရက်မျှအထိ၊
တာရှည်ခံတာသိရပါတယ်။
အိမ်မှာပန်းအိုးထဲအလှထားရင်တော့၊ရေလဲပေးနိုင်သလောက်ခံမှာပါ။
(ရက်ရှည်ကြာတဲ့အထိတော့မခံလောက်ပါ)။
ခြင်းလုံးပန်းက၊ပိတောက်ပန်းထက်သစ္စာရှိတဲ့ပန်းလို ့၊ကျွန်မတင်စားချင်မိပါတယ်။
ပိတောက်ကတော့၊တစ်နှစ်လုံးနေမှ၊တစ်ခါသာပွင့်တယ်ဆိုပေမယ့်လည်း၊
အပင်ပေါ်မူတည်ပြီး၊မိုးရွာလျှင်တော့လည်း၊ပိတောက်ပန်းတွေ၊
ပြန်ပြီးပွင့်နိုင်တဲ့စွမ်းအားရှိတာမျိုးတွေ ့ရှိရပါတယ်။
ခြင်းလုံးပန်းက တစ်နှစ်မှာမှ၊တစ်ခါမျှသာပွင့်နိုင်ပြီး၊
မိုးဦးကျရောက်လာမှဘဲပွင့်ပါတယ်။မျိုးဥတစ်ဥမှာတစ်ပွင့်ဘဲပွင့်ပါတယ်။
ခြင်းလုံးပန်းအပင်က၊အလေ့ကျပေါက်တဲ့ပန်းအမျိုးအစားမဟုတ်ပါဘူး။
ခြင်းလုံးပန်းရဲ ့၊မျိုးဥကမျိုးပွားလွယ်ပြီး၊သူ ့မျိုးဥတွေကို မြေကြီးထဲမှာ ညီညီညာညာနဲ ့
ချစိုက်ထားပါလျှင်၊အပွင့်ထွက်လာတဲ့အခါ လှလွန်းပါတယ်။ခြင်းလုံးပန်းကို၊နောက်တစ်မျိုး
(ဘော်လုံးပန်း)လို ့ခေါ်ဝေါ်ကြတာကိုလည်း၊သိရပါတယ်။
(ကာလံ,ဒေသံ)အလိုက်ခေါ်ဆိုကြတာကွာမှာပါ။ဘောလုံးကတော့ပြောင်လုံးချောပါ။
(မပြောလည်းသိကြပါတယ်)။
ခြင်းခတ်တဲ့ခြင်းလုံးကိုတော့၊နှီးအကြောတွေနဲ ့ယှက်ထားတဲ့အတွက်၊
အကွက်စိတ်စိတ်လေးတွေနဲ ့မို ့၊ခြင်းလုံးပန်းအဖြစ်
အများကတင်စားခေါ်ဝေါ်ကြတာဖြစ်မှာပါလို ့လည်း၊ကျွန်မအနေနဲ ့ထင်မြင်မိပါတယ်။
ယခုခေတ်ခြင်းလုံးတွေ၊(ပလပ်စတစ်)နဲ ့လုပ်လာကြပြီမို ့၊
ယခုခေတ်(ပလပ်စတစ်နဲ ့)ပြုလုပ်ထားတဲ့ခြင်းလုံးတွေနဲ ့တော့၊
တင်စားပြီး၊ကျွန်မအနေဖြင့် မပြောလိုပါဘူး။
ခြင်းလုံးပန်းရဲ ့ပန်းမျိုးဥက၊မျိုးပွားတာလွယ်လို ့တော်ယုံနဲ ့မျိုးတုန်းနိုင်ဖို ့လည်း၊ မရှိပါဘူး။
မျိုးဥချထားရင်၊ မျိုးဥချထားတဲ့နေရာတွေမှာဘဲ၊ အမြဲလိုလို(နှစ်စဉ်)ပွင့်ပါတယ်။
အပွင့်နွမ်းခြောက်ပြီး၊အပင်ကျလာပြီဆိုလျင်လည်း၊မျိုးဥကိုမြေကြီးထဲကပေါ်နေတာမျိုး
မြင်ရနိုင်ပါတယ်။ခြင်းလုံးပန်း(မျိုးဥ)အများအပြား၊ပွားလွယ်တာမို ့လည်း၊
သူ ့မျိုးဥတွေကို၊ညီညီညာညာနဲ ့စနစ်တကျနဲ ့
မြေကြီးထဲမှာထပ်မံပြီး၊ပြန်ချစိုက်ပျိုးထားနိုင်လျင်တော့
၊ညီညာလှပနေတဲ့ခြင်းလုံးပန်းခင်းလေးအဖြစ်နဲ ့မြင်ရမှာပါ။
ယခုအခါမှာလည်း၊ခြင်းလုံးပန်းကိုစိုက်တဲ့သူရှားပါးပြီး ၊နည်းပါးပါတယ်။
(သိရှိသူနည်းပါးနေလို ့၊ကျွန်မအနေနဲ ့ထင်မြင်မိပါတယ်)။
အခုကျွန်မရောက်ရှိနေထိုင်နေတဲ့ဒေသ(ရှမ်းအရှေ့-တာချီလိတ်)မှာတော့
ခြင်းလုံးပန်းတွေ၊ရောင်းချတာမျိုးမတွေ ့ရှိရပါဘူး။
ခြင်းလုံးပန်းက စိုက်ပျိုးတဲ့(စရိတ်စက)အကုန်ကျမှုနည်းပါးပါတယ်။
အမြင်လှတဲ့ပန်းလည်းဖြစ်တာမို ့၊မိုးရာသီရဲ ့၊ဘုရားပန်းတစ်မျိုးအဖြစ် ရောင်းချနိုင်ရေးအတွက်
စိုက်ပျိုးနိုင်လျင်တော့ စီးပွားဖြစ်မယ်လို ့၊ကျွန်မအနေနဲ ့ထင်မြင်မိပါတယ်။
စကားချပ်-သိရသလောက်ရေးပြခြင်းပါ(အမှားပါရှိကခွင့်လွတ်ပါရန်)။
ပန်းပုံလေးပါတင်ပေးရင်ပိုကောင်းပါမယ်..ခြင်းလုံးပန်းကိုမမြင်ဖူးပါ
Was this answer helpful?
LikeDislikeအင်တာနက်ထဲအရတော့… အောက်ကပုံတွေပါ..။
တင်ပေးထားလိုက်ကြောင်း..
Haemanthus multiflorus
Was this answer helpful?
LikeDislikeအိုး… အရမ်းလှတာပဲ။ ကိုယ်ပိုင်အိမ်လေး ဝယ်နိုင်ရင်တော့ စိုက်ချင်တယ်။ ရေမြေအရ စိုက်လို့ရ မရတော့ မသိဘူး။
Was this answer helpful?
LikeDislikeရှားသက်မာန်
အန်တီအခုနေထိုင်တဲ့ဒေသမှာ
မတွေ ့ရတော့၊ပန်းပုံလေးမတင်နိုင်ရတာပါ။
Was this answer helpful?
LikeDislikeသူကြီး
အင်တာနက်ကနေတင်ပေးတဲ့ပန်းပုံလေး(ခြင်းလုံးပန်း)အတွက်၊ကျေးဇူးအထူးတင်ပါတယ်။
မိဘတွေအိမ်မှာနေတုန်းက၊စိုက်ထားတဲ့ခြင်းလုံးပန်းပုံနဲ ့အတူတူပါ။
ခြင်းလုံးပန်းအကြောင်းကို၊မှတ်မိ(သိရ)သလောက်နဲ ့သာ၊ရေးတင်လိုက်ခြင်းဖြစ်ပါတယ်။
Was this answer helpful?
LikeDislikeမနောရေ။
သဲမြေဆန်တဲ့မြေကိုကြိုက်နှစ်သက်တယ်။
အန်တီတို ့မိဘအိမ်မှာစိုက်ပျိုးတာတော့
မြေပျော့မဟုတ်ဘဲ၊သဲမြေဆန်တဲ့မြေမှာစိုက်ထားတာပါ။
အခုသူကြီးအင်တာနက်ကနေပြတဲ့အတိုင်း
ပန်းပုံးလေးတွေထဲမှာ၊သဲမြေဆန်တာထည့်ပြီးစိုက်မယ်ဆို
အဆင်ပြေမယ်လို ့အန်တီထင်မြင်မိပါတယ်။
ခြင်းလုံးပန်းက၊မြေဩဇာလည်း(လုံးဝ)မလိုတော့၊
အထူးကုန်ကျစရိတ်မရှိပါဘူး။
Was this answer helpful?
LikeDislikeအမြင် တစ်မျိုးလေး ဆန်းတဲ့ ပန်းမို့….

ချစ်သူ ရတဲ့အခါ … ပေးဖို့ တေးထားလိုက်တယ်။
Was this answer helpful?
LikeDislike