ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ

ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ
ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ ဟာ သီတဂူ ဇီဝီတဒါန သံဃာ့ဆေးရုံလောက် လူသိမများတာမျိုးရှိကောင်းရှိနိုင်မှာဖြစ်ပေမယ် နီးစပ်တဲ့ အသိုင်းအဝိုင်းဒေသမှာဆိုရင်တော့ ရဟန်းတော်များ၊ သီလရှင်များ၊ ယောဂီ များ၊ နွမ်းပါးသူများကို နွေးထွေးသော မေတ္တာဖြင့် အခမဲ့ ဆေးကုသပေးနေတဲ့ ဆေးရုံဖြစ်တယ်ဆိုတာ သိကြပါတယ်။
စစ်ကိုင်းတောင်ရိုး၊ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံကို ၁၉၈၄ ခုနှစ် အောက်တိုဘာ ၂ဝ ရက်က က ကျစွာဆရာတော် ဦးလက္ခဏ ဦးစီး တည်ထောင်ခဲ့တာပါ။ ဆရာတော်ဟာ စစ်ကိုင်းတောင်ရိုး ရွှေကျင်ဂိုဏ်းချုပ် ဖြစ်ပြီး ပြည်တွင်းပြည်ပ သာသနာပြု တရားစခန်းတွေ ဖွင့်လှစ်ခဲ့ပါတယ်။
စစ်ကိုင်းတောင်ရိုး(ဝါးချက်)ဇီဝိတဒါနသံဃာ့ဆေးရုံကြီးနှင့်
သိရီလက္ခဏာဒဂုံသာသနာ့ရိပ်သာကြီး၏ပဓာနနာယကဆရာတော်ကြီးဒေါက်တာဘဒ္ဒန္တလက္ခဏ ဟာ
၂၀၁၄ ဇွန်လ ၄ ရက်နေ့ ညက သက်တော် ၈ဝ မှာ ဘဝနတ်ထံ ပျံလွန်တော်မူသွားခဲ့ပါတယ်။

ကျစွာဆရာတော် ဦးလက္ခဏ
ကျစွာ ဆရာတော်ကြီး ပျံလွန်တော်မူပြီးနောက်မှာတော့ သံဃာ့ဆေးရုံနဲ့ ကျစွာချောင်ကို
ညီတော်ဖြစ်သူ ဦးသဒ္ဓမ္မဓဇ နဲ့ တပည့် သံဃာ၊ ဒကာဒကာမတွေက ဆက်လက် တာဝန်ယူ ဆောင်ရွက်နေကြပါတယ်။

ဦးသဒ္ဓမ္မဓဇ
စစ်ကိုင်းတောင်ရိုး ကျစွာချောင် ဦးစီးပဓာန နာယကဆရာတော်
ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံကြီး၏ ဥက္ကဌ ဆရာတော်
အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တသဒ္ဓမ္မဓဇ (သာသနဓဇသီရိပဝရဓမ္မာစရိယ) ဆရာတော် ဘုရားကြီးဟာ ယခုနှစ်ဆိုရင် သက်တော်(၇၂)နှစ် ပြည့်ပါပြီ။
ဆေးရုံမှာ အလှူရှင်တွေ မ တည် လှူဒါန်းထားတဲ့
သွားနဲ့ခံတွင်းဆိုင်ရာ ရောဂါ
အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါ
မျက်စိနဲ့ အမြင်အာရုံကြောဆိုင်ရာ ရောဂါ ရောဂါများကို စစ်ဆေးစမ်းသပ်နိုင်တဲ့ စက်တွေ အပြင်
ပြည်တွင်းနဲ့ ပြည်ပနိုင်ငံများက အထူးကုဆရာဝန်များ အလှည့်ကျ လာရောက် စစ်ဆေးပြီး အခမဲ့ ခွဲစိတ်မှုတွေ လုပ်ပေးနေတာမို့ ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံ ဟာ နွမ်းပါးသူများ အားထားရာဖြစ်သလို ပိုလျှံသူများရဲ့ လှူဒါန်းမှု များလိုအပ်နေတဲ့ နေရာလည်းဖြစ်နေပါသေးတယ်။
လာရောက်တဲ့ ဆရာဝန်များအတွက် တည်းခိုဖို့ရယ် စားသောက်ဖို့ရယ်ကို ဆေးရုံကပဲ တာဝန်ယူပါတယ်။
ဝါးချက်ဆေးရုံကြီးကြပ်ထောက်ပံ့ရေး (မြန်မာပြည်အထက်ပိုင်း) အဖွဲ့မှ ဥက္ကဋ္ဌ နှင့်အမှုဆောင်များ
ဝါးချက်ဆေးရုံကြီးမှဆေးရုံအုပ်ကြီး ဒေါက်တာဝင်းကြိုင် နှင့် ရုံးအဖွဲ့မှတာဝန်ရှိသူများ
ဓါတ်ခွဲခန်းမှူး၊ ငွေစာရင်းမှူးအဖွဲ့၊စားသောက်စီမံရေးတာဝန်ခံ နဲ့အဖွဲ့
မော်တော်ယာဉ်မောင်းများ
အထွေထွေလုပ်သားများနဲ့ ဆေးရုံရဲ့ လုပ်ငန်းဆောင်တာများကိုလည်ပတ်နေကြတာပါ။
ပြည်တွင်းမှ အထွေထွေရောဂါကုဆရာဝန်များ၊ အထူးကုဆရာဝန်များ၊ကျန်းမာရေးဝန်ထမ်းများ အတွက် တရားစခန်း နှစ်စဉ်ဖွင့်လှစ်တာ ၁၈ ကြိမ်တိုင်ခဲ့ပါပြီ။
လက်ငင်းအကျိုးကျေးဇူးကတော့ ဝါးချက်ဆေးရုံမှာရှိတဲ့ ဝေဒနာရှင်များနဲ့ ကုသမှုလိုအပ်မဲ့ ဝေဒနာရှင်များအတွက် ဆရာဝန်များနဲ့ သတင်းစဉ်ဆက်မပြတ်ဖြစ်နေစေခြင်းပါပဲ။
ပြည်တွင်း အထူးကုဆရာဝန်ကြီးများလည်း အလှည့်ကျလာရောက်ကြပါတယ်။
ပြည်ပနိုင်ငံများက ဆရာဝန်များကတော့ လာမယ်ဆို ကြိုတင်သတင်းပေး လူနာစုဆောင်းထားစေတာကြောင့် ဝါးချက်ဆေးရုံနဲ့ ဆက်သွယ်ထားပြီး ဘယ်အချိန်ဘယ်ဆရာဝန်လာမယ်ဆိုတာ သတင်းမပြတ်စေလိုပါ။
Dr.Hyong Kwon Kang (Posterior Segment (VR) surgeon) and Dr.Sunil (Anterior Segment surgeon) အဖွဲ့
Dr.Dimitri (VR eye surgeon) and Dr.Andrea (Cornea/Cataract surgeon) အဖွဲ့
Dr.Robin Chan’s Anesthesia Surgical team
Australia က Dr.Keith Zabell’s Ant.Seg.Eye team
Eye Surgeon Dr.Mark Wai နဲ့ အဖွဲ့
Dr.Ben Clark’s Melbourne VR team
UK Brighter Future Foundation ယူကေသမားတော်အဖွဲ့
Melbourne မှ Dr.Jonathan (VR eye surgeon) နဲ့ အဖွဲ့
Dr.Simon(Ant segment eye surgeon) နဲ့Dr.Peter Martin(Oculoplastic surgeon) အဖွဲ့ စသည်ဖြင့် အဖွဲ့လိုက်လာရောက်ကာ အခမဲ့ စစ်ဆေးကုသပေးလေ့ရှိတာမို့ သွားရောက်ပြသလိုပါက ကိုယ့် ဆေးကုသမှတ်တမ်းလေးများ အဆင့်သင့်ပြင်ဆင်ကာ သွားရောက်သင့်ပါတယ်။
Eye Project တွေက ၂၀၀၂ က စလို့ တစ်နှစ်ကို ၈ ကြိမ်လောက် ရှိပါတယ်။
အထွေထွေခွဲစိတ်မှုအပါအဝင် စစ်ဆေးစမ်းသပ်ချက်တွေက ၂၀၀၅ က စတင်လို့ တစ်နှစ် ၃ ကြိမ်လောက်ရှိပါတယ်။
အနောက်တိုင်း ဆေးသာမက
တိုင်းရင်းဆေး ဆေးခန်းကိုပါဖွင့်လှစ်ထားပြီး
တိုင်းရင်းဆေး သမားတော်များပါ လာရောက်ကုသတာမို့ တိုင်းရင်းဆေးကို အားကိုးတတ်တဲ့ လူနာများအတွက် သတင်းကောင်းပါ။
လှူဒါန်းလိုပါလျှင်…..
ပြည်တွင်းပြည်ပမှ လှူဒါန်း မ တည် ကြတဲ့ ထာဝရငွေပင် ကျပ် သိန်း တစ်သောင်းပြည့် ရေစက်ချပွဲကို ၆ ရက် ဇန်နဝါရီ ၂၀၁၈ နေ့က ကျင်းပခဲ့ပြီးပါပြီ။
Eternal fund -ထာဝရ ငွေပဒေသာပင် ဆိုသည်မှာ –
ပဒေသာပင်စိုက်လိုသူ/မိသားစုက မိမိနှစ်သက်သော ပဒေသာပင်အမည်နဲ့ စစချင်း ၅သိန်းကျပ်စိုက်ထူလို့ ရပါတယ်။
အဲ့ဒီနောက် ထိုအမည်၌ မိမိဆန္ဒ ရှိသလို /တတ်အားသလို ထပ်ခါထပ်ခါ ထည့်ဝင် စိုက်ထူသွားနိုင်ပါတယ်။
အချိန်ကာလ ကြိုက်သလို ခြား
လျက် ထည့်ဝင်နိုင်ပါတယ်။
အစိုးရဘဏ်တွင်သိမ်းဆည်းလျက် အတိုးငွေ ကိုသာ သုံးပါတယ်။
ဟုဟု
Was this answer helpful?
LikeDislikeThis solution has been deemed correct by the post author
ဖဘကနေ.. ပိုက်ပိုက် ၁ဝဖိုး.. Boost လိုက်ပြီ..။
သတင်းစာထဲလည်း.. ထည့်မည်မို့..
Was this answer helpful?
LikeDislikeကျေးကျေး တဂျီးး;
အရေးအသားနဲ့ အစဉ် ကို လိုသလို ပြင်နော်။
Was this answer helpful?
LikeDislikeငါ့ကြောင်ခထီး နိအဖေ လုပ်တည့် ဆေးရုံလားဟက်
Was this answer helpful?
LikeDislikeသံဃာ့ဆေးရုံတွေ များပြားလာခြင်းအတွက် အလွန်မှ ဝမ်းသာပီတိဖြစ်မိပါတယ်။ ရပ်နီးရပ်ဝေး သံဃာများအတွက် တကယ့်ကို တန်ဖိုးရှိလှပါတယ်။
Was this answer helpful?
LikeDislike