Soft Opening ဖွင့်ခဲ့တာတော့ နည်းနည်းကြာပါပြီ။ Grand Opening က ပြီးခဲ့တဲ့ ဆန်းဒေး ကမှ စဖွင့်တာဆိုတော့ Bubble ကြိုက်တဲ့ကိုယ့်အတွက် သောက်ဖို့ ဆိုင် တစ်ဆိုင်တိုးသွားတာ ပေါ့။

ဆိုင်နာမည်က Boba House ပါ။ နေရာက မကြာသေးခင်ကမှ ဖွင့်လှစ်လိုက်တဲ့ Times City Jewelry Mall ထဲမှာရှိပါတယ်။ (၅)လွှာမှာပေါ့နော်။ Mall အသစ်ကိုလည်းမရောက်ဖူးသေး တော့ Bubble လေးသောက်ရင်း Mall ထဲကိုပတ်တာပေါ့။

ရန်ကုန်မှာ Bubble Tea ဆိုင်တွေအများကြီးရှိနေပြီဆိုတာကို မွန်လေရေးခဲ့ဖူးတဲ့ Bubble ချစ်သူများဆီသို့ပေးစာ post ထဲမှာရေးထားခဲ့ပေမဲ့ အခုလို bubble တွေကအစ အကုန် handmade နဲ့ လုပ်ထားတဲ့ ဆိုင်မျိုးတော့ မကြုံဖူးသေးပါ။ Boba house က တကယ်ကို handmade နဲ့လုပ်တာဆိုတော့ စိတ်ချယုံကြည်စွာနဲ့ သောက်လို့ရတာပေါ့နော်။

ကိုယ်သောက်ခဲ့တာကတော့ Mango Green Tea with Mango Boba၊ ကဲ.. handmade ပါဆိုနေ topping ကအစ mango boba တဲ့။ ယုံကြည်သွားပြီဟုတ်? တခြား Freshly made juice တွေတော့ Times City ပတ်ရင်း ကိုုယ့်ဖာသာ ၀◌ယ်သောက်ခဲ့ကြတော့ နော်။..Grand opening promotion အချိန်ကလည်း အကြာကြီးပဲမို့ တစ်ခွက်၀ယ်ရင် တစ်ခွက် အလကားရဥ◌ီးမှာ။ Times city မရောက်ဖူးသေးတဲ့သူတွေ သွားလည်ရင်း Boba Bubble tea လေးကိုသောက်ခဲ့ကြပါလို့။

#Bobahousemyanmar #bubble #review

Shar Thet Man

About Shar Thet Man

Shar Thet Man has written 383 post in this Website..

   Send article as PDF