ငွေဆောင်ကိုရောက်ဖူးတာ..အခုဆို (၂)ကြိမ်ရှိပြီပေါ့နော်..ပထမတစ်ခေါက်က ညီမသယ်ရင်း

တွေ MRTV4 က presenter တွေနဲ့ရောက်ခဲ့တာ။ အခုတစ်ခေါက်ကတော့ review ရေးဖို့

ရောက်လာတာ။ ပထမတစ်ခေါက်က မရောက်ဖြစ်ခဲ့တဲ့နေရာလေးတွေကို အခုတစ်ခေါက်ကျ

ရောက်ဖြစ်တယ်ပေါ့နော်..

#မြွေကျွန်း

အဲ့မှာ မော်လ်ဒိုက်နဲ့တူတဲ့နေရာလေးရှိတယ်သိလား..မွန်လေးဖြင့် သွားတုန်းက အဲလောက် မအံ့ဩခဲ့ဘူး..ပြန်လာမှ ဓါတ်ပုံထဲမှာပြန်ကြည့်မှ..လုံး၀ကိုမော်လ်ဒိုက်ရောက်နေ သလိုပဲ။ အဲဒါကတော့ မြွေကျွန်းသွားတဲ့နေရာမှာရှိတဲ့ တံတားလေးပါ။ အဲ့မြွေကျွန်းမှာ ဘုရားလည်း ရှိတယ်။ မြွေလည်းရှိတယ်ပြောတယ်။ ကိုယ်တော့ကြောက်လို့မကြည့်ခဲ့ဘူး။ ဓါတ်ဖမ်း ပေးတာ တော်တဲ့ ကလေးတွေလည်းရှိတော့ ခရီးသွားဖော်မပါလည်း၊ဓါတ်ဖမ်းပေးမယ့်သူမပါလည်း ကိစ္စမရှိ ဘူးပေါ့။ မုန့်ဖိုးလေးတော့ပေးရတာပေါ့လေ။ စိတ်လည်းရှည်သလို ..သူကပါ မော်ဒယ် လုပ်ပြသေးတာ။ ဒီလိုလေးလုပ်လိုက် မမ..ဟိုလိုလေး လုပ်လိုက်မမ..ဖုန်းလည်း ကောင်းကောင်း

ကြီးကိုကိုင်တတ်တယ်။ ကိုယ်လည်းသူ ရိုက်ပေးတဲ့ဓါတ်ပုံ လေး တွေကိုကြည့်ပြီး ကျေနပ်

နေတာပေါ့..အဲ့တော့ မြွေကျွန်းသွားတဲ့အခါ..”Let’sgo baby” လို့အော်တတ် တဲ့ကလေးမလေး သာရှာပြီး ကိုယ့်လိုပုံလှလှလေးတွေရိုက်ခဲ့နော်။

#ဘုရားသုံးဆူ

ဘုရားသုံးဆူကလည်း မြွေကျွန်းနဲ့သိပ်မ‌ေ၀◌းဘူးရယ်။ ကျောက်ဆောင်အကြီး၃ခုပေါ်မှာ ဘုရား ၁ဆူဆီတည်ထားတာ။ အခုငွေဆောင်မှာ တုတ်တုတ် (သုံးဘီး) တွေပေါလာတော့ ဘယ်နေရာပဲသွားသွားအဆင်ကိုပြေနေရော။ အဲ့ဘုရားသုံးဆူမှာလည်းခရုဆွဲကြိုး၊လက်ကောက် တွေကို ကလေးလေးတွေက ရောင်းတဲ့အခါရောင်း။ ကလေးအရွယ်ဆိုတဲ့ ဆော့ရကောင်း မှန်းပဲသိတယ်လေ. .ကျောက်ဆောင် တွေ ပေါ်တက် လိုက်…ရေစပ်နားသွားပြီး ဆော့လိုက်

..ဧည့်သည်လာရင်အပြေးလာပြီး ပစ္စည်းတွေရောင်းလိုက်နဲ့… ဒါနဲ့သူတို့ကချစ်ဖို့ကောင်းတယ် သိလား။ ညစ်ညစ်ပတ်ပတ်လေးတွေပေမဲ့ အရိုးခံစိတ်လေးတွေရှိကြတယ်။ ကိုယ်ကဓါတ်ပုုံ ရိုက်ဖို့ခေါ်တော့ အပြေးလာပြီး ဓါတ်ပုံရိုက်ရတာ ပျော်ဖို့ကောင်းတယ်တဲ့။ မမ နောက်လည်းလာ ခဲ့နော်တဲ့။

#Merman Beach Resort

သူကတော့ တည်းခိုဖို့နေရာရော..ကိုယ်ပိုင် private beach သက်သက်ရှိတော့..အဲ့ကနေ..

ဘယ်မှတောင်သွားစရာမလိုဘူး။ သူကမြွေကျွန်း၊ဘုရားသုံးဆူတို့သွားတဲ့လမ်းမပေါ်ပဲ..နောက်

တစ်ခေါက်တော့တည်းကြည့်ဖို့တေးထားပါတယ်။

အိမ်အပြန်လက်ဆောင်အနေနဲ့ကတော့ သရက်တောထိုးမုန့်ရယ်..ငါးခြောက်တွေရယ်..အရသာ

ရှိရှိလတ်လတ်ဆတ်ဆတ်၀◌ယ်ခဲ့ပါလို့..ဆိုင်တွေလည်းပေါပါတယ်။

ဒုတိယအကြိမ်ကတော့ သိပ်ထွေထွေထူးထူးမလည်ဖြစ်ခဲ့ပါဘူး..ပထမတစ်ခေါက်တုန်းကလည်း

သွားထားတာဆိုတော့လေ။ နောက်ထပ်လည်း ခရီးသွားအကြောင်းလေးတွေထပ်ရေးပေးမှာမို့..

page ကို like & follow လုပ်ထားဖို့မမေ့ပါနဲ့နော်။

Shar Thet Man

About Shar Thet Man

Shar Thet Man has written 363 post in this Website..

   Send article as PDF