တစ်ခါသား သူငယ်ချင်းတစ်ယောက်ရဲ့ရွာကို အလည်သွားရင်း သူ့အိမ်မှာ ထမင်းစားဖြစ်တယ်။ သူငယ်ချင်းသားအမိနဲ့အတူ ဟင်းချက်တာကို ဝိုင်းကူပေးနေရင်း သူငယ်ချင်းအမေက ကိုယ့်သူငယ်ချင်းကို အသီးသွားဝယ်ခိုင်းရော။ ထမင်းစားပြီးရင် အချိုတည်းဖို့တဲ့။

“သမီး ရွာထဲမှာ အသီးသွားဝယ်ချေ။ ဈေးမှန်အတိုင်း ဝယ်ခဲ့နော်။ ဈေးကြီးလည်း မမိလာစေနဲ့။ ဈေးဆစ်ပြီးလည်း မဝယ်ခဲ့နဲ့။”

ကိုယ့်သူငယ်ချင်းလည်း အံ့ဩသွားတာပေါ့။

“ဈေးကြီးပေးပြီး မဝယ်ရတာတော့ ဟုတ်ပါတယ် အမေရယ်။ ဒါပေမယ့် ဈေးဆစ်လို့ရရင်တော့ ပိုက်ဆံအကုန်အကျ သက်သာတာပေါ့။”

“မြို့ကြီးတွေမှာတော့ ဟုတ်တာပေါ့ သမီးရယ်။ ဒါပေမယ့် အမေတို့နေတာ ရွာသေးသေးလေးလေ။ တစ်ရွာလုံး သတိထားမိသွားလိမ့်မယ်။”

သားအမိနှစ်ယောက် ပြောနေတာကိုကြားတဲ့ ကိုယ်က နားမလည်နိုင်ဘူး။ ဘာလို့များ ဈေးဆစ်ပြီး မဝယ်သင့်တာလဲ။

အန်တီက အဖြေပေးတယ်။

“ပစ္စည်းတစ်ခုကို ဈေးလျှော့ရောင်းတယ်ဆိုတာ ရောင်းတဲ့သူဘက်က မတတ်သာလို့ ရောင်းလိုက်ရတယ်ဆိုပေမယ့် ဒါကို အခွင့်ကောင်းယူလိုက်တာဟာ ဒီပစ္စည်းကို ထုတ်လုပ်တဲ့သူရဲ့ သွေးချွေးတွေကို အလေးမထားတာပဲ။”

“ဒါလေးနဲ့တော့ ရွာပျက်သွားနိုင်ပါ့မလား။”

“ကမ္ဘာကြီးအစတုန်းကတော့ မတရားမှုဆိုတာ လူမသိသူမသိ သေးသေးလေးပေါ့ သမီးရယ်။ လူတွေက အရေးမကြီးပါဘူးဆိုပြီး လိုက်လုပ်ကြရင်း လိုက်လုပ်ကြရင်းနဲ့ ခု တို့တွေရဲ့ကမ္ဘာကြီး ဘာဖြစ်နေပြီလဲ။”

“Fair Price” ကို မြန်မာမှုပြုပါသည်။

လုံမလေးမွန်မွန်

About လုံမလေးမွန်မွန်

has written 169 post in this Website..

ကိုယ်ချစ်တဲ့သူတွေကို ကိုယ့်ရဲ့မေတ္တာတရားကို ပြသဖို့ ၀န်မလေးပါနဲ့... ဘ၀ဆိုတာ တိုတိုလေးရယ်ပါ... .... CJ # 11202010

   Send article as PDF