Gmail ထဲတွင် အခမဲ့ Windows Live Hotmail ကို ဘယ်လို ချိတ်ဆက်မလဲ

သင့်တွင် Windows Live Hotmail လိပ်စာ နဲ့ သူနဲ့ အတူ ပါလာတဲ့ ဝက်ဘ် မျက်နှာပြင် ရှိပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုတည်းသော Inbox ထဲတွင် အကောင့်များကို ဆက်ထားဖို့ Gmail အကောင့်ထဲ မေးလ်များ အားလုံးကို ဆက်သွယ်ထားနိုင်ပါတယ်။ ဥပမာ ပြောရရင် Gmail Spam filter ကို နောက်ထပ် Junk တစ်ချို့ ထောက်ပံ့ပေးဖို့ လုပ်ဆောင်နိုငပါတယ်။

Gmail တွင် အခမဲ့ Windows Live Hotmail ကို ဆက်ထားခြင်း

မေးလ်များ ပို့ခြင်း နဲ့ လက်ခံခြင်း အတွက် Gmail ထဲတွင် Windows Live Hotmail ကို ဆက်ထားရန်။

  • Gmail ထဲက Settings အတိုင်း လိုက်နာပါ။
  • Accounts ကို သွားပါ။
  • Get mail from other accounts အောက်က Add another mail account ကို ကလစ်နှိပ်ပါ။
  • Email address အောက်တွင် သင့် Windows Live Hotmail လိပ်စာကို ရိုက်လိုက်ပါ။
  • Next Step ကို ကလစ်နှိပ်ပါ။
  • Username အောက်တွင် သင့် Windows Live Hotmail အီးမေးလ် လိပ်စာ အပြည့်အစုံကို နောက်တစ်ကြိမ် ထည့်ပေးပါ။
  • Password အောက်တွင် သင့် Windows Live Hotmail စကားဝှက်ကို ရိုက်လိုက်ပါ။
  • POP Server အောက်က pop3.live.com ကို ဝင်လိုက်ပါ။
  • Port အောက်တွင် 995 လို့ ထည့်လိုက်ပါ။
  • Always use a secure connection ( SSL ) when retrieving mail ကို အမှန် ခြစ်လိုက်ပါ။
  • ရွေးချယ်စရာများ။
  • Gmail ထဲတွင် သင့် Windows Live Hotmail အီးမေးလ် အားလုံးကို မလိုချင်ဘူးဆိုရင် Leave a copy of retrieved message on the server ကို အမှန် ခြစ်ပါ။
  • Label incoming messages ကို အမှန် ခြစ်ခြင်းဖြင့် Label တစ်ခုကို Gmail ထဲတွင် ပေါင်းထည့်ပေးပါ။ ( ဒါကြောင့် သင့် Windows Live Hotmail အကောင့် ကနေ အီးမေးလ်များကို သင် ခွဲခြားနိုင်မှာပါ။ )
  • အလိုအလျောက် ခွဲခြားထားတဲ့ Label အောက်က ဝင်လာတဲ့ စာများကိုသာ ကြည့်ပါ။ ဒါမှမဟုတ် Archive incoming messages ကို အမှန် ခြစ်ပြီး All Mail ကို ကြည့်ပါ။
  • Add Account ကို ကလစ် နှိပ်ပါ။
  • Yes, I want to be able to send mail as ကို ရွေးချယ်ထားသလားဆိုတာ သေချာစေပါ။
  • Next Step ကို ကလစ်နှိပ်ပါ။
  • နောက်တစ်ကြိမ် Next Step ကို ကလစ် နှိပ်ပါ။
  • အခု Send Verification ကို ကလစ် နှိပ်ပါ။
  • Gmail ရဲ့ Main window ကို နှိပ်လိုက်ပြီး Inbox ကို သွားပါ။
  • ရောက် ရှိရှိခြင်းမှာ ပဲ Gmail Confirmation – Send Mail as..ဆိုတဲ့ အီးမေးလ် ကို ဖွင့်ပါ။ ( အဲဒါကို လုပ်ဆောင်ခြင်းက မိနစ် အနည်းငယ်လောက် ကြာနိုင်ပါတယ်။ )
  • Confirmation code ကို Select ပေးလိုက်ပြီး Copy လုပ်ပါ။
  • Enter and verify the confirmation code ဆိုတဲ့ ကွက်လပ်တွင် ကုဒ်ကို Paste လုပ်လိုက်ပါ။
  • Verify ကိုကလစ် နှိပ်ပါ။

ယခု ဆိုရင် သင့် Windows Live Hotmail အကောင့်ကို ရောက်လာတဲ့ အီးမေးလ်များကို Gmail ထဲတွင် ပြနေပါလိမ့်မယ်။

( ဝန်ခံချက်။ ။ စာရေးဆရာ Heinz Tschabitscher ရဲ့ ဆောင်းပါး How to Access Free Windows Live Hotmail in Gmail ကို မြန်မာ ဘာသာသို့ ပြန်ဆိုထားပါတယ်။ )