Firefox browser ကိုပြုလုပ်သည့် Mozilla သည် browser ၏မပြုပြင်ရသေးသည့် အားနည်းချက်ကိုအသုံးပြုကာ တိုက်ခိုက်မှုများဖြစ်ပေါ်နေကြောင်း သတိပေးပြောကြားခဲ့သည်။
ယင်းအားနည်းချက်သည် Firefox 3.5 နှင့် ၃.၆ တို့တွင်ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်ပြီး အဆိုပါ browser ကိုအသုံးပြုသူများသည် နိုဘယ်ငြိမ်းချမ်းရေးဆုရှင်များအကြောင်း ဖော်ပြထားသည့်ဝက်ဘ်ဆိုက်ထံ လည်ပတ်ကြည့်ရှုသည့်အခါတွင် ကွန်ပျူတာအတွင်း Trojan ပရိုဂရမ်ထည့်သွင်းပြီးနောက် အန္တရာယ်ရှိသည့် အခြားဆော့ဖ်ဝဲများကို ထပ်မံထည့်သွင်းကာ တိုက်ခိုက်ခံရခြင်း ဖြစ်ကြောင်း Norman မှ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ ထို့အပြင် ယင်းတိုက်ခိုက်မှုသည် Windows ကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်းနှင့် တိုက်ခိုက်မှုများမှာ ပျံ့နှံ့ခြင်းမရှိသေးကြောင်း Norman ကဆိုသည်။ အဆိုပါတိုက်ခိုက်မှုကို ကာကွယ်ရန်အတွက် user များအနေဖြင့် browser ၏ Options ရှိ Tools drop-down menu တွင် JavaScript ကို disable လုပ်ခြင်းဖြင့်ပြုလုပ်နိုင်သည့်အပြင် NoScript add-on ကို ထည့်သွင်းခြင်းဖြင့်ပြုလုပ်နိုင်ကြောင်း Norman မှ အကြံပြုပြောကြားခဲ့သည်။

About zinmyotun

zinmyotun has written 92 post in this Website..