ထွက်ခွာခဲ့ရ ပြုံးမျက်စနဲ့
ကရုဏာမျက်ဝန်း
အကြင်နာ သွင်ပြင်
အိုင်တီရပ်ဝန်း တိုးတက်စေဟု
စိတ်မှာ ရည်မှန်း
အပြုံးများနဲ့ ဘီလ်ဂိတ်ရေ…..
၁၉၅၅ တွင် အိုင်တီရပ်ဝန်း
အောင်မြင်ရေးအတွက်
မွေးဖွားလာသူ
၁၉၇၆ မှ အစပြုလို့
မိုက်ခရိုဆောဖ့်အဖြစ်
အမည်ပေးခဲ့
ကြိုးစားမှုနဲ့
၁၉၈၁ တွင်
မိုက်ခရိုဆောဖ့်အတွက်
ဦးဆောင်လုပ်ကိုင်ခဲ့သူ
အပြိုင်အဆိုင် အထိုးအနှက်တွေကြား
အပြုံးမပျက် ကြံ့ကြံ့ခိုင် ကြိုးစားရင်း
ဖြတ်သန်းခဲ့တဲ့ နှစ်များအတွင်း
အောင်မြင်မှုပေါင်းများစွာနဲ့
ရက်သတ္တပတ်ပေါင်း ၁၇၀၀ ပတ်ကျော်
ကြိုးစားခဲ့တဲ့ ရက်တွေအတွက်
ကျွန်မတို့တစ်တွေ
မိုက်ခရိုဆောဖ့်ကို သုံးနေသမျှ
ကာလပတ်လုံး အမှတ်ရအောင်းမေ့လျှက်
ထာဝရနှုတ်ဆက်ခြင်း မဟုတ်ပေမယ့်
အိုင်တီရပ်ဝန်းတစ်ခုလုံးကိုယ်စား
ကျွန်မပြောချင်တာကတော့
ကျေးဇူးပါပဲ
Bill Gates ရေ….
(Bill Gates ကိုမှ အားကျသူ)

မနောဖြူလေး

www.manawphyu.net

manawphyulay

About manawphyulay

manawphyu lay has written 939 post in this Website..

I like Design. I am writing blog. http://www.manawphyulay.blogspot.com အကောင်းဆုံးကြည့်မှန်ဆိုတာ မိတ်ဟောင်းဆွေဟောင်းတစ်ယောက်ပါပဲ။