အောက်ကစာကို .. အီးမေးလ်ကရတာဖြစ်ပါတယ်။

မူရင်းပိုင်ရှင်က ဖွက်ထားချင်ပုံရသမို့  ခွင့်မတောင်းနိုင်ပါ..။
လူသိစေချင်လို့ ပို့ကြတာ ယူဆသမို့ .. လူပိုသိအောင်တင်ပေးတာပါပဲ.။ မြန်မာပြည်တွင်းသားတွေ ဖတ်သင့်တယ်ထင်လို့..။

သရော်စာခေါ်မလားပါပဲ..။ စာဓါးသွားတွေက နည်းနည်းတော့ .. ရိုင်းပြီး ရက်စက်တယ်ပေါ့နော.။ အခုစာအပေါ်ပြန်စာတစောင်ကိုလည်း ရဟူးမေးလ်ဂရုကယူပြီး တဆက်ထဲ အောက်ဆုံးမှာအပိုဒ်ခွဲပြီးတော့ င်ပေးထားပါတယ်..။  ခွင့်ပြုချက်မတောင်းထားပါဘူး။ ခရက်ဒစ်တွေ ဆိုင်ရာသူတွေဆီ သွားမှာပါ။


========================================

VIEWER DISCRETION ADVISED

ALTHOUGH THIS IS A FICTION, A SATIRE CREATED FROM REAL LIFE EVENTS, IF YOU ARE A FANATIC WHITE FLAG COMMUNIST WITH A WEAK HEART, SMALL BRAIN, LOW CAPACITY, MENTALLY DISABLE, EMOTIONALLY UNSTABLE WITH UNCONTROLLABLE ANGER, PLEASE STOP NOW!!!!!

TAKE YOUR MEDICINE AND WALK AWAY. THIS PIECE MAY OR MAY NOT DISTURB YOUR MENTAL HEALTH…..PLEASE VIEW THIS SATIRE AT YOUR OWN RISK

ဟတ်ထိတယ် ……. ဟတ်ထိတယ် ဟေ့ ………

ဟတ်ထိတယ် ……. ဟတ်ထိတယ် ဟေ့ ………

အဓိပ္ပါယ်ဖေါ်ဆိုချက်

(ဟတ်ထိ) တယ်ဟေ့…ဆိုတာ လူငယ် hip hop ဘန်းစကား…. Heart-hit ကို ဗမာမှုပြုလိုက်တော့ (ဟတ်ထိ) တယ်ဖြစ်သွားတာ အရင်ခေတ်တွေက (ကြွေ) သွားတယ်.. (စွဲ) သွားတယ်..ခိုက် တယ်တို့နှင့် အတူတူပါပဲ…….

သီချင်းတစ်ပုဒ်
သိပ်ကြိုက်မိလို့ 
အကြိမ်ကြိမ်နားထောင်
အခါခါရွတ်ဆို
တစိမ့်စိမ့်တွေးပြီး
အဓိပ္ပါယ်ဖော်ယူ
ဟတ်ထိအောင် ခံစားသလိုမျိုး

(ရေသန့်၏ကဗျာပထမ အပိုဒ်)

ကောင်လေးရေ

ငါတို့ကလည်း အ၀ီစိမှာ အလုပ်တွေရှုပ်နေတာနဲ့ မင်းစီကို အီးမေးမရေးဖြစ်ဖူး

ငါတို့စီ စဒန် ဟူစီန် ကြီးရောက်လာလို့ ၀ယ်(လ်)ကန်ပါတီတွေ ဘာတွေ လုပ်ပြီး ကြိုဆိုနေရတာနဲ့ ဒို့အ၀ီစိမှာ အလုပ်များနေကြတယ်ကွ။ ငါမင်းစီကို အခုလိုရေးရတာ အကြောင်းရှိတယ်။ မင်းတို့စီက လုပ်ရပ်တွေကို အ၀ီစိ ရောက် ကြီးမားတဲ့ ဗမာကွန်မြူနစ်ပါတီ ရဲ့ ပေါ်လစ်ဗြူရို ကအသိမှတ်ပြူကြောင်း အသိပေးချင်လို့..

နောက်အရေးကြီးတဲ့ အချက်က ငါ့ရဲ့ မဟာရန်သူ ငါဘယ်တော့မှ အခဲမကြေနိုင်တဲ့…ဟို … ဆိုရှယ်လစ် မသာ ကောင်ရဲ့ သားက လာပြီး ကြီးကြီးကျယ်ကျယ် critical thinking တွေ value system တွေ capacity တွေ လာရှောက် ပြောနေ တာ ငါ နားခါး လိုက်တာ။ ငါတို့ ကွန်မြူနစ် တွေအတွက် ဘာ ကပယ်စတီ မှ မလိုဖူး ငါတို့လို ခေါင်းဆောင်ကြီးတွေ ပြောတာ အကုန်အမှန်။ ပြောရင်ယုံ – ခိုင်းရင် လုပ် – ရှေ့ သို့ ဆိုရင် (နောက်) လှည့်မကြည့်နဲ့။ နောက်ဆုံး ငါဦးစီးခဲ့တဲ့ ဖြုတ်-ထုတ်-သတ် ပွဲ မှာ တပ်နီ လူငယ် လေးတွေဟာ သူ့ထက်ငါ ခေတ်သစ် အဇာတသတ် ဖြစ်ပါရစေ ဆိုပြီး အလုအယက် (မိုက်) ပြ (ရမ်းကား) ပြခဲ့တာ ဘယ်လောက် ပါတီ အတွက် ဂုဏ်ယူစရာ ကောင်းသလဲ? သောက်ကျိုးနဲ critical thinking များရှိခဲ့ ရင် ဒါမှန်ပါ့မလား ဥက္ကဌကြီးရဲ့ ဟိုဟာ ကောမဖြစ်နိုင်ဖူးလား? ဒီဟာကော မဖြစ်နိုင်ဖူးလား?ဆိုပြီး မေးခွန်းတွေထုတ်နေရင် ငါ သောက်ရှက်ကွဲ ရချီရဲ့

ဒါကြောင့် ….. မြဲမြဲ မှတ်ထားကြ …. ကွန်မြူနစ် ဆိုတာ ဥါဏ်နဲ လေကောင်းလေပဲ လူတန်းစားမှန် လေပဲ … ပညာတတ်ရင် စဉ်းစားတတ်မယ် ချင့်ချိန် တတ်မယ်။ ဒါကြောင့် ပေါ(လ်) ပေါက်ဟာ ကန်ပူးခြားမှာ လူဦးရေရဲ့ လေးပုံတပုံ …… လူ (၂) သန်းသတ်ဖြစ် ခဲ့ရတာပေါ့ကွာ ….. ငါတို့ အာဏါ မရခဲ့ လို့သာပေါ့ ရများရခဲ့ ရင် ဗားဂရာဂျောက်ကို ဆိုရှယ်လစ် အရိုးတွေနဲ့ ဖြည့်ပစ်ရုံမကဖူး ပညာ တတ်တွေကို အကုန်ရှင်းပြစ်ရမှာ….. (၄) တန်း အထက် ပညာတတ်သူတွေ အကုန် ရှင်းပြစ်ရမှာပဲ။

ဒီအကြောင်းတွေပြန်ပြောလေ ….. ဆိုရှယ်လစ်တွေကို စိတ်နာလေပဲ ….. ဒင်းတို့… ဒင်းတို့ ကြောင့် …. ငါတို့ ကွန်မြူနစ်တွေ အာဏါမဲ့ခဲ့ ရတာ …. ကမ္ဘာမကြေ …. ဥဒန်းမကြေပဲဟေ့ ……

မင်းတို့စဉ်းစားကြည့်လေ…. ပညာနဲနဲ တတ်လာရင် တိုင်းပြည်ချစ်ရမယ်တို့ လူမျိုးချစ် ရမယ် တို့ ရှုပ်လာဦးမှာ…. ကွန်မြူနစ်မှာ တိုင်းပြည် မရှိဖူး လူမျိုးမရှိဖူး (ပါတီ) ပဲရှိတယ်။ (ပါတီ) အာဏါရဖို့ (ပါတီ) တည်မြဲဖို့ က အဓိကပဲ….. ဗမာကွန်မြူနစ် စစ်ရင် တရုတ်ကြီး လိုတာအကုန်ပေးရမယ် … နအဖ သောက်ပေါတွေက စီးပွားရေးကျွန်ဖြစ် ရတာကိုပဲ အားရ နေကြတာ ငါတို့ကွန်မြူနစ်တွေသာ အာဏါရရင် တရုတ်ပြည်ရဲ့ ပြည်နယ်တခု ဖြစ်ပါရစေဆိုပြီး တောင်းဆိုလိုက်မှာ …..

နအဖ တွေက ဥါဏ်နဲ လို့သာ…. အနုမြူလက်နက် ရအောင် ကြီုးစားနေကြတာ …. အင်အားကြီးမားတဲ့ တပ်မတော် တည်ဆောက်မယ် ကြွေးကျော် နေကြတာ…. အခု ကမ္ဘာ့အင်အားကြီး နိုင်ငံဖြစ်လာတဲ့ တရုတ်ကြီး အောက် ၀မ်းလျားမှောက် ရှစ်ခိုးဝင်လိုက်တာနဲ့ ….. အလိုလို အနုမြူလက်နက်ကြီးလည်း ပိုင်ပြီ…… တရုတ်ကြီးလည်း အိန္ဒြိယ သမုဒ္ဒရာကို တိုက်ရိုက် အဆက်ရ သွားမယ် ……. ငါတို့ ကွန်မြူနစ်တွေ ကိုလည်း ဘယ်သူမှလည်း လာမဖြုတ်ချ နိုင်တော့ဖူး အမေရိကန် ငပေါတွေလည်း ယောင်လို့တောင် ကပ်ရဲမှာမဟုတ်တော့ဖူး …… ဟားဟားဟား… ငါအ၀ီစိ ရောက်နေလို့ကွာ…… လုပ်ပြချင် စမ်းပါပိ

ဒါကြောင့် critical thinking ဆိုရင် ….. NO NO NO

Capacity ဆိုရင် ဘာလဲဟဲ့ capacity?

Value system ဆိုရင် ….. လာပြီး..ဆရာကြီးမလုပ်နဲ့ ဒို့မှာရှိပြီးသား……..

ကွန်မြူနစ် …. Value system ဆိုတာက … သတ်မယ် ဖြတ်မယ် …. အတင်းပြောမယ် ….

ရဇ၀င်ကို ပြင်ရေးမယ် ….မမှန်သတင်းလွှင့်မယ် ….. လစ်ရင်နောက်ကြောကိုဒါးနဲ့ထိုးမယ်

ဒို့မှာ ကုန်ရှိတယ် …. တရားလာမဟောနဲ့ တောမှာသွားပြော လို့သာ ချဲလွှတ်လိုက်…

ဝင့်တင်ထွန်း တော်တယ် သိပ်တော်တယ်

ငါတို့ ကွန်မြူနစ်စကားနဲ့ ပြောရရင်… ၀င့်တင်ထွန်း ပြောတာတွေဟာ ကောင်းတယ် … သိပ်ကို ကောင်းတယ် ….. ၁၉၄၅ ခုနှစ်ကတည်း က ဘယ်စာရေးဆရာ …. ဘယ်ရာဇ၀င် ဆရာ ….. ဘယ်ကွန်မြူနစ် ကမှ …. ခုလို ကျော်ငြိမ်းကို တိုင်း (၆) နိုင်ငံရေးမှုး ဘ၀ က ဖယ်ရှားဖို့ မစဉ်းစားမိ ခဲ့ကြဖူး …… တဆင့်တက်ပြီး ….. နိုင်ငံရေးမှုးတွေ အားလုံး ဟာ ကွန်မြူနစ်တွေ ဖြစ်တယ် လို့ ရဲရဲကြီးရေး ရဲ တာ အင်မတန် ကွန်မြူနစ် ပီသတယ်…. ကွန်မြူနစ်ဆို တာ မှန်တာ..မမှန်တာ အပထား … ရန်သူကို ခုလို ရဲရဲကြီး တိုက်ရဲမယ်။ ရဲရဲကြီး စွပ်စွဲရဲ ရမယ်။ ပိုပြီးချီးကျူး စရာကောင်းတာက လိမ် တာကို လက်ပူးလက်ကြပ် မိထားတာတောင် ၀င့်တင်ထွန်းဟာ မျက်နှာပြောင်တိုက်ပြီး ငါမှန်တယ် ဆိုပြီး ရင်ကော့ပြီး ငြင်းရဲတယ် ပြီးမှ ”ကျနော်ရှေ့မှာကတည်းကပြောခဲ့ပြီးသား လိုတာရှိရင်ပြော ထပ်ြဖည့်မယ်ဆိုပြီး ၀န်ခံထားပြီးပြီ “…. (လိုလို) လေးထပ်ဖြည့် ပေးမယ်ဆိုပြီး မသိမသာ (ငြင်း) သယောင်ယောင် နဲ့ ပါးပါးလေး ၀န်ခံပြ လိုက်တယ် …..

ဒါဟာ အင်မတန် ပြောင်မြောက်တဲ့ လှည့်ကွက်ပဲ …… (လိုလို) ဆိုတဲ့ စကားဟာ အင်မတန်ပြောင် မြောက်တဲ့ စကားလုံး ဖြစ်တယ် …. ဟို လိုလို … ဒီိလိုလို… နဲ့…. နှစ်ဖက် လုံး (လှည့်) ကစားလို့ရတယ် ……. ဆိပ်လစိ … လုပ်လို့ရတယ် …….

တခါ ၀င့်တင်ထွန်းဟာ (ဆိုပါတယ်) …..  (ဆိုပါတယ်) ဆိုတဲ့ စကားကို သူ့စာအုပ်မှာ ထပ်ခါတလဲလဲ သုံးထားပေ မဲ့ ဘယ်သူပြောတယ်ဆိုတာကို မဖေါ်ပြထားဖူး …… ဒါဟာ စာဖတ်သူရဲ့ (မသိစိတ်) ကို ထပ်ဆင့် အသိ ပေးသွားတာဖြစ်တယ် …. သိပ်ပညာပါတယ် …. ငါတို့ ကွန်မြူနစ်တွေအတွက် (ဆိုပါတယ်) ဆိုလုံလောက်ပြီ …… သောက်ပေါ တွေလို …. Source …ကို ပြောစရာမလိုဖူး …. Challenge လုပ်လာရင် ….. ဘယ်သူပြောရမှာ လဲ? …. ကွန်မြူနစ်တွေ ပြောတာပေါ့ ……. လို့ သာ ဟောက်လွှပ်လိုက်……

ဝင့်တင်ထွန်း…. ရဲ့ … ရဲစွမ်းသတ္တိဟာ ဘယ်မှာ ထပ်ပေါ်လာသလဲ ဆိုရင် ဒီလောက် … ဟိုမသာကောင်လေးက…. Source ပြရမယ်… Source ပြရမယ်… ဆိုပြီး ဖင်ထောင် အောင် အော်နေတဲ့ကြားက ….. ဘာ Source မှ မပါပဲ (ကိုဗဟိန်းကို ဗိုလ်ချုပ်အောင်ဆန်း) က ဖြူးမှာနေစေ … ဆိုပြီး အမိန့်ချလိုက် တယ်ဆိုတာ …. ခေတ်စကားနဲ့ပြောရရင် သိပ်ကို (လန်း) တယ်။ ၀င့်တင်ထွန်း ရဲ့ အမိန့် ကိုအောင်ဆန်း.. ပါးစပ်.. ထဲထဲ့ပေးလိုက်တာ အင်မတန် ပညာသားပါတယ်။

ဒို့ကွန်မြူနစ်ပါတီက…. ဂိုရှယ်စာတန်း ကို (မရှိ) ပါဖူးလို့ပဲ ရေးရဲခဲ့တယ် …. ၀င့်တင်ထွန်း..က… ဂိုရှယ်စာတန်း..ဟာ ဦးကျော်ငြိမ်း နဲ့ စတယ် ဦးကျော်ငြိမ်း နဲ့ ဆုံးတယ်… ဒို့ကြောင့် ဂိုရှယ်စာတန်းကို .. ဦးကျော်ငြိမ်း..ရေးတာဆိုပြီး…. ဆိုပြီး လွယ်လွယ်လေးတွေး ….. ရဲရဲရေးရဲတယ်…. ဒါဟာဘယ်လောက် ကွန်မြူနစ် ပီသ သလဲ? ရန်သူကို သို့လောသို့လော ထင်လာအောင် ရေးရဲတာ သိပ်ချီးကျူးဖို့ကောင်းတယ်….. critical thinking ရှိရင် ဒီလို blind ရေးလို့ ရပါ့မလား?  Facts တွေ မှန်ရဲ့လား ထပ်စစ်ကြပါဦး ….. သုတေသန လုပ်ကြပါဦးတွေ… ဖြစ်ပြီး ရှုပ်ရှက် ခပ် ကုန်မှာပေါ့…. အခုတော့ ကြည့် ….. ၀င့်တင်ထွန်းဟာ အတန်းပညာမပြီးဖူး …. အင်္ဂလိပ်စာ မဖတ်တတ်တော့ …. ပညာရှင်တွေရေးတာလည်း …. ဖတ်စရာမလို..တော့ဖူး … ဒါကြောင့်..ရှင်းရှင်း လေးမြင်… ရှင်းရှင်းလေး..တွေးပြီး… ရဲရဲရေးရဲ..တာပေါ့…..

ငါတို့ အကြိုက်ဆုံးက တော့ သခင်ဗဟိန်းဟာ ရိုင်ဖယ်ကိုင်ပြီး တိုက်ခဲ့တယ်ဆိုတာပဲ …. ကုမုဒြာ နဲ့ ငါနဲ့ ပြောပြောပြီး  …. ရီိလိုက်ကြတာ … အူတက်ရောပဲ ….. ကွန်မြူနစ် ပူလစ်ဇာ (လုပ်ဇာတ်ဘွဲ့) ချီးမြှင့်ထိုက်တယ် …..

ဗဟိန်းမှာ လေးဖက်နာ …. ခူနာ… ဘုရင်ချီနာ…လိပ်ခေါင်း ရောဂါ .. ရောဂါ..မှန်သမျှ ဒီအကောင့်စီမှာ အကုန်ရှိတယ်။ မိဖတွေကလည်း ချမ်းသာ ချစ်လိုက်တာလဲတုန်လို့….. အမကြီးတွေကလည်း ..အလိုလိုက်…ဆိုတော့ …. လူက ပျော့နွဲ့ နွဲ့ နဲ့ အခြောက်ကလေးလိုပဲ ….ပိုးလုံချည်…. ဆိုရင် ခေါက်ရိုးမကျိုး စေရဖူး ….. ဒီလို… လူပျော့ကဘယ်လို…. ကာဘိုင်ကိုင်နိုင် မှာလည်း ငါ့ကောင်တွေရယ်။ ဒါပေမဲ့… ဗဟိန်းကကွန်မြူနစ် ….. အရောင်တင်ပေးရမယ် ….. ဟီးရိုး..ဖြစ်အောင် လုပ်ကြံဇာတ်တွေနဲ့ အမွှမ်းတင်ပေးရမယ်။ ၀င့်တင်ထွန်းတော်တယ် …. အင်မတန်တော်တယ်။

ဗဟိန်းအကြောင်း စိတ်မကောင်းစရာ …. မင်းတို့ကိုပြောပြရဦးမယ်။ ပါတီရဲ့ ထိပ်တန်း လျှိ့ဝှက် ချက်အဖြစ် မင်းတို့ ထိန်းသိမ်းထားဖို့လိုတယ်။ မကြာခင်က ထိုင်းနိုင်ငံက အပေါစား ကြေးစား ဖြတ်ဖေါက် Dollaya Chaisomboon ဆိုတာ ငါတို့ အ၀ီစိကိုရောက်လာတယ်။ ဘယ်လိုဘယ်လို click ဖြစ်သွားကြတယ်မသိဖူး  …… ဒီနှစ်ကောင် နွဲ.နွဲ့ …. နွဲ.နွဲ့ နဲ့ ..တတွဲတွဲ ဖြစ်နေရာက ဗဟိန်း က ပါတီ ခွင့် ပြုချက် …မတောင်းပဲ …. သူ့စိတ်နဲ့သူ လိင်ပြောင်း operation လုပ်လိုက်တယ်။ အခု သခင် ဗဟိန်းကနေ (ကုမုဒြာ သိန်းသိန်း) ဖြစ်သွားပြီ …. စိတ်မကောင်းစရာကွာ …. ငါတို့ ပါတီဝင်တွေ စိတ်ဓါတ်ကျနေမယ် …. ဖုံးဖုံးဖိဖိ လုပ်ထားကြဟေ့ …….

ဗဟိန်းက  ဆံပင်ကောက်ကောက် နဲ့ လူချော ဆိုတော့ …. ကုမုဒြာ သိန်းသိန်း ဘ၀မှာ လှမှလှ …မိုးဟေကိုတို့ …. ၀ိုင်းစုခိုင်သိမ်း…၀ုတ်မှုန်ရွှေရည်.. မိုးယုစံတို့ထက်တောင် (လှ) သေး ….ငါတောင် ဖီးတက် လာလို့ ကမန်းကတန်း တံတွေးမြိုချ လိုက်ရတယ် အခု ရာမမင်းကြီးက …. သိမ်းပိုက်ပြီး sponser ပေးထားတယ် …… တေဇ..တောင် ကုမုဒြာ ကို တွေ့ရင် သူ့ latest မန္တလေးက မော်တယ်လေးကို ပြစ်ပြီး (ဟတ်ထိ) ….  သွားမှာ ……..

ဖိုးသံချောင်းအပေါ် ပါတီ၏ သုံးသပ်ချက်

ပါတီပြောရေးဆိုခွင့်… ရှိသူ..ဆိုတဲ့ …. (ဘွဲ့) .. ကြီးပေး ထားတာတောင် …. ဖိုးသံချောင်းဟာ…. ရန်သူ .. ဆိုရှယ်လစ်တွေ ကို …. တိုက်ခိုက်ရာမှာ ….. ၀င့်တင်ထွန်းလောက် ….. သတ္တိ မပြောင်မြောက်ဖူး …. လစ်ရင်လစ်သလို …. NLD ခွဲထွက်အဖွဲ့ကို (ဆွေငြိမ်း) ဆိုပြီး ထိကပါး.. ရိကပါး..ပဲ… ကလိရဲ တယ်… အကွက်ပေါ်လာမှ ….. ဖဆဆိုရှယ်တွေ…. ဘာညာကွိကွ … ရိသဲ့သဲ့ …. လုပ်ရဲတယ် ….. ဆိုရှယ်လစ်တွေကို ….တိုက်ခိုက်ရာမှာ ….. မပြင်းထန်ဖူး …… မရက်စက်ဖူး …. တွန့်ဆုတ်.. တွန့်ဆုတ် …. ဖြစ်နေတယ် …. ဖိုးသံချောင်း… အမြန်ပြင်ပါ လို. ငါတို့ရဲ့ ….. အ၀ီစိရောက်… ကွန်မြူနစ်ပါတီ…. ပေါလစ်ဗြူရိုက…. ပထမ အကြိမ် အဖြစ်..(သတိ).. ပေးလိုက်တယ် ….. မပြင်ပါက …. ရဲရဲတောက် …. ရဲဘော်ဝင့်တင်ထွန်း..နဲ့..အစားထိုးရလိမ့်မယ်…..

ဖိုးသံချောင်း …. ဟာ အနဖ မကောင်းကြောင်း ကို ဟိုကလှည့် (ငို) … ဒီကလှည့် (ငို) ရလွန်းလို့ …..  ခွန်နှစ်တွေ မင်းသမီး  ဖြစ်နေရပြီး …….. ဘာအတွေးအခေါ်မှ မပါဖူး ဆိုပြီး အထဲ က လူငယ် တချို့က ၀ိုင်းဝေဖန်တယ် ..လို့ကြားရတယ် ….. ဒါတွေကို မှုစရာ မလိုဖူး … ဒီနေရာမှာ..တော့.. ဖိုးသံချောင်းမှန်တယ် ….. ကွန်မြူနစ်..နဲ့… အတွေးအခေါ်ဆိုတာ …. ဘုန်ကြီးနဲ့ ဘီးလို … ဘာမှမဆိုင်ဖူး …… ဒို့ကွန်မြူနစ်တွေမှာ ….. ခေါင်းဆောင်ကြီးတွေ…. ချမှတ်ထားတဲ့… ပကထိအမှန်တရားပဲ.. ရှိတယ်… တခြားတွေး..စရာ..ဘာမှ..မရှိစေရဖူး….

ကြင်မောင်နောက်ဆုံး ပို့လိုက်တဲ့ sit report မှာ ငါတို့ ဗကပ တွေရင်ဆိုင်နေရတဲ့ ပြဿနာ တွေအထဲမှာ ….. ငယ်ထိပ်အထု ခံရသလို ….. ၈၀ ခုနှစ်တွေက အနောက်မြောက် စစ်ဆင် ရေးမှာ ဗမာစစ်တပ်က ထို့ကွန်မြူနစ်တွေကို အနိုင်တိုက်လိုက်တော့ ထို့ ကွန်မြူနစ်တွေ  ဆိုင်ကီ psyche ထိသွားတယ်ပြောတယ် ။ စစ်တပ်ဆိုရင် ငယ်ကြောက် လိုဖြစ်သွားတယ်။ သိပ်ကြီး ရဲရဲဝံ့ဝံ့ မတိုက်ခိုက်ရဲ ကြဖူး။ မဆဲရဲကြဖူး …. ဒါကြောင့် လွယ်လွယ် ကူကူ သေသွားပြီဖြစ်တဲ့ ဆိုရှယ်လစ် တွေကိုပဲ ဆဲနေရတော့ ကြာတော့ လိပ်ပြာမလုံ ဖြစ်ရတယ်လို့ ပါလာတယ်။

ဒီမှာ ငါ ပြတ်ပြတ်သားသားပဲ ကြင်မောင်ကို ပြန်ရေးခဲ့တယ်…. ကွန်မြူနစ် စစ်ရင် ဘာ (လိပ်ပြာ) မှမရှိစေရ။ (Conscious) ရှိခွင့် (မရှိ) စေရ …. Conscious သာရှိရင် Pol Pot တို့ လူ (၂) သန်းဘယ် လိုသတ် နိုင်အမှာလည်း …. စတာလင် တို့.. ထို့ ဘုရား မော် ကြီးတို့ သန်း (၄၀) (၅၀) ဘယ်လို သတ်နိုင်မှာလည်း ….. ငါတို့ ဗကပ တွေ အာဏါရ ခဲ့ရင် (သတ်) စရာတွေ အများကြီး… ရှိသေးတယ် … ငါတို့ ကွန်မြူနစ်..တွေ  စိတ်ပျော့ လို့မရ ကြောင်း …. ကောင်းကောင်း သတိပေးလိုက်တယ်။

ငါတို့ ပဲခူးရိုးမ တုန်းကလည်း ဒီလိုပါပဲ …… တပ်မ (၇၇) က ဖြတ် လေး ဖြတ် နဲ့ ဒလကြမ်း ထိုးဖေါက် လာတော့ ငါတို့လည်း ခွေးပြေးဝက်ပြေး… ပြေးရင်းက (၇၇) ဆိုတာနဲ့ ကြောက်ဒူးတွေတောင် တုန်လာတယ်။ အမှန်က ကြောက်ချီးသွားအပါ မှာ (ငါ) ရေတိမ်နစ်ခဲ့ရတာ…. ဒါကြောင့် ဒါမဆန်းပါဖူး …. ဒါပေမဲ့ … အချင်းချင်း သာသိပါစေ ….. ဗသိန်းတင်က ပြောဖူးတယ် (၈၈) လို့ကြားလိုက်ရင် နှလုံးတွေရင်တွေ တုန်လာတယ်ဆိုပဲ…. (၈၈) က အနောက်မြောက်မှာ ငါတို့အန်ီတွေကို (ဘန်ဘူး) ကောင်းကောင်းပေး ခဲ့တာကိုး ……  နေ၀င်း က လူလယ် …. ဗသိန်းတင် ညီ မျိုးအောင်ကို (၈၈) တပ်မမှူး ခန့်ပြီး ညီအကိုအချင်းချင်း ရှင်းခိုင်းတာ ….. သန်းရွှေကြီးက (၈၈) – မောင်အေးက (၇၇) …. ဒါကြောင့် နအဖ ဆိုကျနော်တို့ အနီ တွေသိပ် မဆဲရဲဖူး ဥက္ကကြီး  လို့တိပ်တိပ် အစီအရင်ခံလာတယ်  ငါနားလည်ပါတယ် ဒါကြောင့် ဆိုရှယ်လစ်တွေကို သာဖိတွယ် ကွာလို့ ငါအီးမေးပြန်ခဲ့တာပေါ့

အဖွားကြီး ပြဿနာ …..

အဖွားကြီး ပြဿနာ ကိုမပြောခင်….၀မ်းသာစရာလေး ကို အရင်ပြောမယ်။

ဖြုတ်-ထုတ်-သတ် ပြီးကတည်းက ငါတို့ပါတီလူကြီးတွေက .. ကွန်မြူနစ်ပီသတဲ့..မျိုးဆက်သစ် ..ကလေး..တွေမွေးနိုင်ပါ့..မလားဆိုပြီး..စိတ်ပူခဲ့..ရတယ်

ဖြုတ်-ထုတ်-သတ် ကာလတုန်း က ရဲရဲတောက် တပ်နီလေးတွေဟာ … ရာဇ၀င် ရှိခဲ့တဲ့ …. လူကြီးတွေ ကို မိုက်မိုက်ရိုင်းရိုင်း ဆဲ ….. စွပ်စွဲကြပြီး …… သတ်ဟ … ဖြတ်ဟ …. ဆိုပြီး …. ချိန်းခြောက်ခဲ့ကြလို့ …. ရာဇ၀င် ရှိခဲ့တဲ့ ကွန်မြူနစ်ကြီး..တွေဟာ …. ငိုသူငို ….. ကြောက်ထူးတုန်သူတွေနဲ့ ငါတို့ ပါတီရဲ့ ဂုဏ်သိက္ခာ တက်ခဲ့ရတယ်။

ရဲဘော် စိုးဝင်းတောင် …. ကျနော့် မိဖတွေဟာ …. ဘူဇွာတွေမှန်း အခုမှ သိတယ်။ ကျနော် ကိုယ်တိုင် သတ်ပါရစေဆိုပြီး …. မိုက်ပြခဲ့တယ်။ သူ့သားကြီး… ခုလို … ဆဲ ပြတာကို အဖွားကြီး ခမြာ ပါတီအပေါ် သစ္စာရှိတာကြောင့် …. သူ့သားအတွက် ဂုဏ်ယူခဲ့တယ်။

အခု…ဒီဖက်ခေတ်မှာ ….. ဟိုတုန်းကလို ….. ရဲရဲတောက် မိုက်မိုက်ရိုင်းရိုင်း …. တပ်နီ လေးတွေ မတွေ့ရတော့တဲ့အတွက် … ငါတို့ ပါတီလူကြီးတွေ အလွန်စိတ်ပူခဲ့ရတယ်။

ဟော … အခု …. အဖွားကြီး ရဲ့ မြေးလေးက ….. facebook ပေါ်မှာ ရိုင်းရိုင်းစိုင်းစိုင်း ရဲရဲတောက် တင် လာ ဆွေးနွေးလာ တော့ အဖွားကြီးခမြာ ၀မ်းသာလွန်းလို့….. ဒါမှ ငါ့မြေးလေး ဆိုပြီး မျက်ရည်တွေတောင် လည်လာတယ်။ ငါတို့ခေတ်က မော်တောင်မကြည့်ရဲတဲ့ …. အဓိပတိ …. ကြီးကို …. နို့နံ့ မဆင်သေးတဲ့ …. လူမလုပ်ရသေးတဲ့ … လူငယ်ကလေး က …ဗမော်ကြီး…ဘာကြီး ..ညာကြီး ..ဆိုပြီး .. ရိုင်းပြတာတွေ …. ဗမော်မိသားစု ဘာညာကွိကွ လုပ်ပြတာတွေဟာ ….. ကွန်မြူနစ်ကောင်း ….. တယောက်ရဲ့ ဇာတိ ကိုပြလိုက်တာပဲဖြစ်တယ်။ ကောင်းတယ် … သိပ်ကိုကောင်းတယ်။

နိုင်ငံရေးမှာ ကောင်မလေး..နဲ့… ဖိုးသံချောင်း က လွဲရင် ကျန်တဲ့သူတွေဟာ အလကား လို့ အသားလွတ် ထကြွေးကျော် .. လိုက်တာဟာ …. ဘယ်သူမှ … လူမထင်ဖူးကွ… ဆိုပြီး … သက်သက် …လူပါးဝပြ… လိုက်တာပဲ …..

တပ်နီ..ရဲနီ ဆိုတာ … ရိုင်းရမယ် …. လူကြီးသူကြီးမှန်း… သိစရာ .. မလိုဖူး …. လူထုထောက်ခံမှုရတဲ့ … ကောင်မလေးကို …. ထောက်ခံပြလိုက်ပြီး …. သံချောင်းကို ဆွဲတင် မြှောက်ပင့်တာ ကွန်မြူနစ် ကောင်း..တွေရဲ့ …. ကြန်အင်လက္ခဏါပဲ ……တန်းညှိလိုက်တာပဲ….

ရွယ်တူကလေးတွေဆို …မင်းတို့ဘာမှ မတတ်ပါဖူး ..လေသံနဲ့ နှိမ့်ချပြစ်တာတွေဟာ …. ကွန်မြူနစ်ခေါင်းဆောင်မှုကို တည်ဆောက်တာပဲ ……

စိတ်မထိမ်းပဲ …. Emotionally စိတ်လွပ်ကိုယ်လွပ် ရိုင်းရဲတာ ..ဆဲရဲတာ ဟာ စစ်မှန်တဲ့ .တပ်နီသွေးကို ပြတာပဲ ….

ဗိုလ်ကျော်ဇော် မြေးလေးနဲ့ ယှဉ်လိုက်တော့ …. ၀တုတ်လေး ခမြာ …. အနီ စိတ်ဓါတ်ရှိတယ် …. မရိုင်းရဲဖူး …..

ဒါ.. အတွေးအခေါ်မှားတဲ့ …. ကွန်မြူနစ် မဟုတ်တဲ့ …. ဗိုလ်ကျော်ဇော် ရဲ့ အဖွားကြီး က လူငယ်ဆိုတာ မရိုင်းရဖူး ဆိုပြီး ရှေးရိုး အတွေးအခေါ်..ဟောင်းကြီးကို …. ခလေးတွေကို … ရိုက်သွင်းခဲ့တာကြောင့်ဖြစ်ရမယ်။

ငါတို့ … အဖွားကြီး ခမြာ ၀မ်းသာလွန်းလို့ … ကြက်မှာအရိုး … လူမှာအမျိုး ….. ကျမ မြေးလေးက ကွန်မြူနစ် စစ်စစ်က ဆင်းသက်လာတော့…. ဘယ်လောက် ရဲတယ် ..ရိုင်း..တယ်ဆိုတာ ပြလိုက်တာပဲ .. ဆိုပြီး… လက်သီးစုတ် …လက်ကိုဆန့်…  အလေးနီပြုပြီး  …. အင်တာနေးရှင်းနယ် သီချင်းတောင်… ထဆိုလိုက်သေးတယ်…

အဖွားကြီးကပြောလာတယ် …. ကျုပ်တို့ ကွန်မြူနစ်တွေသာ အာဏါရှိကြည့်ပါလား …. ကျုပ်မြေးလေးဟာ  … သန်းရွှေမြေး…. မောင်မောင်မျောက်တို့ထက် ဆယ်ဆသာအောင် … ရမ်းကားပြလိုက်မယ် …. ဟိုက အာဏါအရှိန်နဲ့ သာ ရမ်းကားရဲတာ …. ကျုပ်ရဲ့မြေးက အသားလွတ် ဘလာချောင်…ဘာမှမရှိ … ဘာမှမသိ..ပဲ ရမ်းကားရဲတာ … တူမတဲ့လား … ဆိုပြီး ဂုဏ်ယူမဆုံးဖူး ….

ပိုပြီး … အားရစရ..ကောင်းတာက …. အဖွားကြီးမြေးလေးဟာ လူရွယ် လူငယ်လေးသာ ရှိသေးပေမဲ့ ….အသက် (၇၀) ကျော် အဖိုးကြီး ကိုအောက်ဆွဲ..ရထားသေး…

ဒီကောင်ကြီးက ..မင်းလိုပဲ wannabe… သူတို့ခေတ်ကတော့ … တပ်ဦးပေါ့ …. ဒါပေမဲ့ … သတ္တိမရှိတော့ … ကြောက်ကြောက်နဲ့ နောက်ကပဲ…ဝေေ၀လေလေ လုပ်ခဲ့ရရှာတယ် …. အစိုးရ စားရိတ် stipend ပြုတ်သွားမှာလည်းကြောက်ရှာတာကိုး …. ဗိုလ်လှဟန်ကို …. ဖင်ရက်စားဖြူး…. ဖါးဖက်ပြီးတော့ …. အင်္ဂလန်က … Ph.D ရလာတယ်။ မင်္ဂလာဒုံစစ်ဆေးရုံမှာ ….. စစ်ဗိုလ်တွေကို ဖင်သနီလန်အောင် အလေးပြု … ဂါဝရပြုခဲ့ရရှာတာ ပေါ့ကွာ…. နောက်ဆေး(၁) မှာပါမောက္ခပေါ့ အခုတော့ …. ဘောနီယိုမှာ …. အင်ဒိုနီးရှား က စစ်ဗိုလ်တွေကို ဖိနပ်တိုက်ပေးရင်း တဖက်က ..စာသင် တယ်ပေါ့ကွာ ….

ဒီသက်ကြားအို … wannabe ..ကြီးက ၇၀ ကျော် … တမလွန်ဘ၀အတွက် ဗီဇာရထားတော့ မှ…. သေခါနီး guilty စိတ်တွေဝင်လာပြီး …ရဲရဲနီ…လာတာကိုး…. အ၀ီစိကို လာချင်တယ်ထင်တယ်.  ဆရာဝန်အသင်း ….အီးမေးဂရုမှာ…. နိုင်ငံရေးနားမလည်ပဲ …. သွားသွားကညော့တော့ ….. ဟိုက ကမ္ဘာကျော် surgeon တွေ physician တွေ.. အားလုံး..အကောင်ကြီးပဲ ….. ဒီကောင်ကြီးက ဆေးကျောင်းမှာ..ဖါးကွဲ secondary subject anatomy နဲ့ ပါရဂူရလာတာ..ဆိုတော့ ..မယှဉ်နိုင်ရှာဖူးပေါ့…. ငါ့ရဲ့ရန်ဖက်..ဆိုရှယ်လစ်မသာ… ရဲ့သား..ကလည်းရှိ နေတော့….. ဒီကောင်ကြီးတက်လာရင်… သောက်ပေါကြီးဆိုပြီး… ၀ိုင်းဟားကြတာကိုး….နောက်ဆုံး… ခွေးအိုကြီး..နေရာမရဖြစ်ပြီး… အဖွားကြီးရဲ့…မြေးလေး .. facebook မှာ…. ရဲနီလေး က…. ဘယ်သူကြီးကိုဘာထင် တယ်..ဆိုပြီး…. မိုက်ပြ..ရိုင်းပြ…လိုက်ရင်… သက်ကြားအိုကြီးက…. မှန်ပါ့ဘုရား…..ဆိုပြီး..အတိုင်အဖေါက်..ညီနေကြတာ…. အားရစရာကွာ….

ဖါးတာကတော့ ငါ့ကိုတောင် PRP ပြည်သူ့အရေးတော်ပုံပါတီ အထဲ ….ထဲ့ထားလိုက်သေးတယ်…. ဟို..သေချင်းစိုးကလေးက …. အင်းစိန်.. စစ်တမ်းကြီး…နဲ့ History of PRP .. ကြီးထုတ်လာပြီး …ကိုင်..လိုက်ရင်..ကားယားကြီး …. ဖြစ်နေဦးမယ် …….

အဖွားကြီးကကြွားလိုက်သေးတယ်…. ကျူပ်ရဲ့မြေးလေးက..ဘုန်းကြီးတယ်… ဆရာဝန်ပါမောက္ခ.. ကို (ကျွန်) .. အောက်ဆွဲ …. လုပ်နိုင်တာဆိုပြီး …. ပြောမဆုံးဖူး။

ဒါပေမဲ့…. အခု..အဖွားကြီးမှာ… အန္တရာယ်ရှိတယ်

မပေါက်ကြားစေနဲ့ဟေ့ ….. တော်တော်ကြာ ငါတို့ ကွန်မြူနစ်တွေ အဆော်ခံနေရဦးမယ် ….. ဟိုအရင်တပတ် က ငါတို့ဆီမှာ ….အ၀ီစိ protocol အရ တန်းစီး အချင်းချင်း ဗိုလ်နေ၀င်းဆီ courtesy call သွားတွေ့ရတယ် ….. ငါကလည်း အဖွားကြီးကို ဧည့်သည် အဖြစ် ငါတို့ရဲ့ ပေါလစ်ဗြူရို အစည်းအဝေးတက်ဖို့ ဖိတ်ထားတဲ့အပတ် နဲ့ကြုံနေတာနဲ့…. အဖွားကြီးကို အဖေါ်ခေါ်သွားမိတယ်။ အလာဘ သလာဘ တွေပြောကြပြီး ထပြန်ကြတယ် ငါကဥက္ကဌ ဆိုတော့ အရှေ့က နေ အိနြေ္ဒရဲ့ ချီတက်ရတာပေါ့။ အဖွားကြီးက ငါ့အနောက်ကပေါ့ ….. ငါလှည့်ကြည့်လိုက်တော့ ဗိုလ်နေ၀င်းက စပ်ဗြဲစပ်ဗြဲနဲ့ မျက်စိ မှတ်ပြတာတွေ့ လိုက်ရတယ်။ ငါကလည်း ဗိုလ်နေ၀င်း နောက်ပြောင်တတ်သားပဲ အထင်နဲ့ ပြန်ပြုံးပြခဲ့သေးတယ်။

နောက်နေ့ကြတော့မှ အဖွားကြီး သနပ်ခါးတွေ လိမ်း မိတ်ကပ်တွေချယ် မန္တလေး ရွှေခြေကျင်းကြီး တဂွန်ဂွန်နဲ့ ရေချိုးရင်တောင် လေဒီဂါဂါ သူချင်းတွေအော်ခြဲ … လူလစ်တာနဲ့ I love you… မင်းကိုချစ်တယ်…..do you love me ချစ်မှာလားကွယ် ဆိုပြီး အဖွား ကြီး ထကြွသောင်း ကျန်းနေတယ်…. ငါက… မသင်္ကာတာနဲ့ ကိုယ်တိုင် စစ်ကြောရေးဝင်ရ တော့တာပေါ့ …… ပထမတော့ အဖွားကြီးက (ဖူး) ခံနေသေးတယ်။ Bush တို့ရဲ့ water-boarding နဲ့ကြမ်းလိုက်ရမလားလို့ ချိမ်းခြောက်တော့မှ …… ၀န်ခံရှာတယ် ။ အဖွားကြီး နောက်အလှည့်မှာ …. နေ၀င်း …. လက်ကမြင်း လိုက်တာ လူငယ်တွေရဲ့ ခေတ် စကားနဲ့ ပြောရ ရင် အဖွား ကြီး (ဟတ်ထိ) သွားတယ်… အဖွားကြီး ခမြာလည်း အဖိုးကြီး ဆုံးသွားကတည်းက အထီးကျန်  lonely ဖြစ်ရှာတယ်မဟုတ် လား? ကြာပြီဆိုတော့ အပျိုစင် ကလေးကို လူပျို သိုးက လက်ဖမ်းကိုင်လိုက် တော့ ရင်တွေ လှပ်လှပ် လှပ်လှပ် ခုံသလိုပေါ့….. အဖွားကြီးခမြာ …. ၀န်ခံရင်း ရင်ခုံတာတွေ မြန်လာတယ်ဆိုလို့ (ရေ) ပြေးယူပြီး တခွက်မြန်မြန် တိုက်လိုက်ရတယ် …. Take a cold shower ဆိုပြီး အမိန့်ပေးလိုက်ရတယ် … ငါတို့ အဖွားကြီးက traditionalist …. လှေကြီးထိုးရိုးရိုး …   နေ၀င်းက ဗမာ Don Juan …. တော်ကြာ အရူးအမဲသားကျွေးမိသလို … မစားဖူးတာတွေ စား မိသွားလို့ အသေခင်သွား ပါပြီဆို….. ငါတို့အားလုံး…ရင်ကျိုး ရချည်ရဲ့……

….. တော်တော်ကြာ အဖွားကြီး စိတ်မနိုင်ပဲ mini-skirt တိုတိုလေးဝတ်ပြီး ဆပ်စလူးဖင်ပေါ်ဖြစ်သွားရင် လည်း ….. (၃၁) ဘုံ လုံး ငါတို့ ကွန်မြူနစ် တွေ ကို ၀ိုင်း ဟား ကြလို့ ဆုံးမှာမဟုတ်ဖူး …… ဆိုရှယ်လစ်တွေ အဆိုးဆုံးနေမှာ … စစ်သားတွေကလည်း …. ဒို့အဖေကြီး … ကွန်မြူနစ်..တွေကို.. ရာဇ၀င် အကြွေးစပ် လိုက်ပြီ ဆိုပြီး…. ၀ိုင်း သြော်ဘာ ပေးနေကြဦးမယ် …..

လူထုချစ်တဲ့ ….. ကွန်မြူနစ်တွေရဲ့ အမေ ကွ ဆိုပြိးတသက်လုံး နံမည် တလုံးနဲ့ နေလာခဲ့တဲ့ အဖွားကြီးဟာ အခုမှ (အချစ်စိတ်) တွေမွှန်ပြီး (တစည) ပါတီ ၀င်ပါတော့မယ် ဖြစ်လာရင် မခက်ခြေဖူးလား? …. ငါတို့ ကွန်မြူနစ်တွေ ဘယ်လို မျက်နှာပြကြမလဲ?

သနားစရာကွာ …… တခါတခါ..အဖွားကြီး …. ငါ့ရုံးခန်းအရှေ့မှာ …… ရုပ်ရှင်ထဲက …. (မခွဲကြပါနဲ့) သချင်းဆိုပြီး…… လာလာငိုပြရှာတယ် …. ဒီတချီတော့… ငါတို့ရဲ့.. အဖွားကြီး …. တကယ်ကို (ဟတ်ထိ) သွားတယ် ဟေ့ …….

နေ၀င်း …. နေ၀င်း …. သောက်ကမြင်းမသား…တော်တော်လည်း လျင် ….. တော်တော်လည်း လက်မြန်တာပဲ…..

အဖွားကြီးမြေး နဲ့ သား ကိုတော့ အသိမပေးကြပါနဲ့ ဦးကွာ …. စိတ်ထိခိုက်ဖြစ်နေကြပါ့မယ် …..

ကြိပ်ပြီး .. ၀င့်တင်ထွန်း..ကိုပြော ….. သတင်းထွက်တာနဲ့ မြန်မြန်ဆန်ဆန် ဆိုရှယ်လစ်တွေကို  လုပ်ကြံ ဇာတ်လုပ်ပြီး ခပ် ကြမ်းကြမ်း တွယ်ပြစ်လိုက်လို့…. diversion လုပ်ပြစ်လိုက်လို့ ….. နောက်ဒီကောင် က မျက်နှာပြောင်တယ် ….မီဒီယာ ကို..ဒီကောင် ငြင်းပါစေ …. သံချောင်း ဆိုရင် emotional ဖြစ်နေမယ် …..

ဗိုလ်ကျော်ဇော ပြဿနာ ……

ဗိုလ်ကျော်ဇောဟာ အသက်ကြီလာပြီ…. မီးဇာကုန် ခါနီးနေပြီ ….. ဗိုလ်အောင်ကြီးကို အမြင်ကပ်ကပ် ရှိတာနဲ့ …. မခံချင်စိတ်ကြောင့် …. ဗိုလ်အောင်ကြီး အရင် ငါမသွားဖူး … ဆိုပြီး (တင်း) ခံနေလားမသိ …. ဗိုလ်ကျော်ဇော ပြဿနာ ဆိုပြီး ပြီးခဲ့တဲ့ အ၀ီစိ ရောက် ဗမာပြည်  ကွန်မြူနစ် ပေါလစ်ဗြူရို အစည်းအဝေးပွဲမှာ ငါက တင်ပြဆွေးနွေးခဲ့တယ်။

ဗိုလ်ကျော်ဇော ဟာ ကွန်မြူနစ် အစစ်မဟုတ်ဖူး ….. ကွန်မြူနစ်ပါတီအပေါ် … အကြွင်းမဲ့ သစ္စာ မစောင့်တည်ခဲ့ဖူး ….. ဒါကြောင့် ကွန်မြူနစ်တီဥက္ကဋ္ဌ အနေနဲ့ ….. ကျုပ်ခွင့်မလွှတ်နိုင်ဖူး …. ရန်ငြှိုးမပြေနိုင်သေးဖူး …..လို့…စားပွဲထုပြီး….  ရဲရဲတောက် ကန့်ကွက်တာကြောင့် …. ဗမာပြည် ကွန်မြူနစ်ပါတီ အနေနဲ့ ဗိုလ်ကျော်ဇောကို အ၀ီိစီ ၀င်ခွင့် ဗီဇာ မပေးဖို့ ရာမ မင်းကြီးကို တရားဝင် တောင်းဆိုဖို့ အားလုံးက သဘောတူ … ခဲ့ကြတယ် ။

ငါလည်း နောက်နေ့ ချက်ချင်း ရာမ မင်းကြီးစီ ပြေး…ဖါးပြီး …လျှောက်ထားလိုက်တာပေါ့

ရာမ မင်းကြီးက မေးတယ် …….

ဒီဗိုလ်ကျော်ဇော ဟာ စိတ်ကောင်းရှိလား? …….. ရှိပါတယ်

ဒီဗိုလ်ကျော်ဇော ဟာ တိုင်းပြည်ချစ် တဲ့ စိတ်ရှိသလား?  …. ရှိပါတယ်

ဒီဗိုလ်ကျော်ဇော ဟာ လူမျိုးကို ချစ် တဲ့ စိတ်ရှိသလား?  …. ရှိပါတယ်

တော်ပြီ ….  ENOUGH!!!!!! ဆိုပြီးဟောက်ပြစ်…. လိုက်တယ် …..

ဗိုလ်ကျော်ဇော ဟာ သူ့ရဲ့ ကိုယ်ရေးရာဇ၀င်မှာ ….. လူကြီးမဆံပဲ…ကွန်မြူနစ်..ဆိုရင်..အကောင်း …. ကွန်မြူနစ်မဟုတ်ရင် … မကောင်း ….. မလိုအပ်ပဲနဲ့…. ဗိုလ်ဇေယျ …. အငြိမ့်မင်းသမီး ..ခါးဖက်တာကို…. ကွန်မြူနစ် အချင်းချင်း …. ကာကွယ်ထားပါတယ် ….. ဆိုရှယ်လစ် ခေါင်းဆောင်ကိုလည်း တွယ်ထားပါတယ်.. BIA ခေတ်မှာ ကရင်တွေကို သတ်ထားပါတယ်  လို့ …… သူ့ ရှေ့နေ ကလျှောက် လွှဲတာတောင် မရတော့ ဖူး ….. တိုင်းပြည်နဲ့ လူမျိုးချစ်တဲ့ အကောင် တွေ အ၀ီစိမှာ ငါမလိုချင်ဖူးဆိုပြီးတော့ ရာမမင်းကြီး က ဗီတိုအာဏါနဲ့ Visa Sanction list ထဲတဲ့လိုက်ပြီ …..

ကျွပ်…ကျွပ် …. ကျွပ် …သနားလိုက်တာ … ဗိုလ်ကျော်ဇော ရာ ….

မင်းတို့… စဉ်းစားကြည့်ကွာ …. ဘယ်ဘာသာမှာ မဆို …. Thou shall have no other GOD than me …. ဆိုပြီး ပညတ်ကြတာပဲ … မဟုတ်လား?

ကွန်မြူနစ် ပါတီမှာ ငါက ဥက္ကဋ္ဌကြီး …. ငါက ဘုရားပဲပေါ့ ….. ငါ့ကိုပဲချစ်ကြ… ငါ့ကိုပဲလေးစားကြ …. ငါ့ကိုပဲ ကိုးကွယ်ကြရမှာပေါ့….. ငါ့စကားကိုအားလုံး လိုက်နာ..ကြရမှာပေါ့….

အောင်ဆန်းက ငါတို့နဲ့ သဘောကွဲပြီး …. ငါတို့ကို ဖဆပလ က ရက်ရက်စက်စက် ထုတ်ပြစ်တယ် ကွာ …. ငါတို့အမှားကို တောင်းပန်ရမယ်တဲ့ …. မင်းတို့စဉ်းစားကြည့်ကြစမ်း ….. ငါတို့ ကွန်မြူနစ်ပါတီ ဆိုတာ ဘယ်တော့မှ..မမှားဖူး …. ဒါပဲကွ ဆိုပြီး လုံချည်လှန် ပြပြီး ခပ်မိုက်မိုက် ဖဆပလ က ငါတို့ ရင်ကော့ပြီး ထွက်ခဲ့ကြတာပေါ့ ….. ဒီတော့ တခါ … အောင်ဆန်းက မိုက်မိုက်ကမ်းကမ်း (ကွန်မြူနစ်တွေကို ဘာကြောင့် ဖဆပလ ကထုတ်ရကြောင်း) ဆိုပြီး ရေဒီယိုက လွှင့်တယ်ကွာ …. ငါတို့ ညစ်ပတ်တာတွေ ကို အကုန် ဖေါ်ခြ တော့တာပဲ …. နိုင်ငံရေးဆိုတာ အာဏါရဖို့ က အဓိက ပဲ ….. ဒါကြောင့် ကွန်မြူနစ်တွေက ညစ်တယ်ကွာ … ကလိန်ကကျစ်ကျ တယ်ကွာ …. ဒါဘာများထူးဆန်းလို့လဲ? တကမ္ဘာလုံး ကွန်မြူနစ် ဆိုရင် ဒီလို ညစ်ရတာပဲ ….. သိရင်လဲ ငြိမ်ငြိမ်လေး နေပေါ့ကွာ ….. အောင်ဆန်း က အမှန်ဆိုပြီုး ဖွင့်ချတော့ ငါတို့ က (နာ) တာပေါ့ …. ဒါ ငါတို့ အပြစ်လား?

ပိုဆိုးတာက ဆိုရှယ်လစ် ကျော်ငြိမ်း ကို ငါ့ရာထူး… ဖဆပလ အထွေထွေအတွင်းရေးမှူးချုပ်နေရာမှာ လုပ် ဆိုပြီး အောင်ဆန်းက လူပါးသက်သက် ၀ တာ။ ငါတို့ ကလည်း ဘယ်ခံမလဲ …. မိတ်ဆွေအောင်ဆန်းဘယ်သွားနေလဲ …. ရွှေရေစိမ်လွပ်လပ်ရေးကြီး …. အင်္ဂလိပ်ကျွန်အောင်ဆန်း …. နာဇီဂိုးရင်းအောင်ဆန်း… ဆိုပြီး ပယ်ပယ်နယ်နယ် အရသာရှိရှိ တွယ်တာပေါ့ ….. အဲဒါ ….  အောင်ဆန်းကို အတွင်းကြိပ် ကိုးကွယ်နေတဲ့ ဗိုလ်ကျော်ဇောက ငါ့ကို (အမြင်မကြည်) ဖူးတဲ့ကွာ ….. မိုက်လိုက်တာ……

ဒါကြောင့် … ငါရဲ့ ကွန်မြူနစ် တပ်မှူးတွေ အားလုံး တောခိုရမယ်..ဆိုတဲ့ အမိန့် … ကို ဖီဆန်ပြီး တောမခိုနိုင်ဖူးတဲ့ …….. လူကြားကောင်းအောင် တီဘီ ဖြစ်နေတယ်လို့..ရေး.တာပေါ့….

ငါကလည်း ဘာရမလဲ ….. ကွန်မြူနစ်ပါတီက .. ဗိုလ်ကျော်ဇော ကို ထုတ်ပြစ်လိုက်တာပေါ့ ……

ငါ့ အာဏါကို ဖီဆန်တဲ့သူ..ဆို  ငါဘယ်တော့မှ …  ခွင့်မလွှတ်ဖူး ……. ငါအခဲမကြေနိုင်ဖူး ငါရန်ငြိုးကြီးတာ …. လူတိုင်းအသိ ……

ဗိုလ်ကျော်ဇောကို ….. လျော့ပေးလိုက်ရင် … နောက်လူတွေ …. ပါပုန်ကန်ရဲ..လာကြမှာပေါ့….

No..no…no…. သန်းထွန်းကိုဒီလို …. လာစမ်း… လို့ မရဖူး……

ဒါကြောင့်….. သခင်ချစ်စီက စာရွက်စာတန်းတွေ မိသွားတော့ …… ဗိုလ်ကျော်ဇောကို … အသိမပေးရ …. ဆိုပြီး ..ငါအမိန့်..ပေးခဲ့တာပေါ့

ဗိုလ်ကျော်ဇော သာ အချိန်မှီ သိလိုက်ရရင် ….. အိုင်အို စီက တောင်းယူပြီး ဖျောက်ဖျက် ကာကွယ် နိုင်မှာပေါ့ သူကတပ်မှူးကြီးပဲ…… ခုတော့ ဗိုလ်ကြည်ဝင်း က ဗိုလ်ကျော်ဇော် ရဲ့အခန်းအရှေ့ က ဖြတ်ပြီး ဒီစာရွက်စာတန်းတွေ ယူသွားတာ ….. ဗိုလ်ကျော်ဇော် ခံလိုက်ရတာပေါ့……

အနောက်မြောက်ကို ဗိုလ်ကျော်ဇော် ရောက်လာတော့လည်း….. အသာလေး (ခွေ) ထားလိုက်ကြတယ် …… ကွန်မြူနစ်ပါတီအတွက်…. အကျိုးရှိအောင် …. လူသူရှေ့မှာ …..မြှောက်ပင့် …. ဟီးရိုး..လုပ်ခဲ့ပေမဲ့ ….. နောက်ကွယ်မှာ တော့….. အသာလေးပညာပေး..ထားတာပေါ့ …..

ဗသိန်းတင် က သန်းထွန်းနောက်လိုက် အရင်းပဲ …… သန်းထွန်း အငြှိုးကြီးတာကောင်းကောင်းသိ တယ် ….. အဝေးကကြည့်ရင်တော့ မဟာဗန္ဓုလစစ်သူကြီးကို ရွှေထီးဆောင်းပြီး ရွှေရောင် တလက်လက်ဖြစ်အောင် ဟန်ပြထားပေမဲ့ ….. နောက်မှာမှ အသာလေး လက်ထိပ်ခပ်ထားလိုက်တာ ….

စစ်မတိုက်ဖူးတဲ့ …… တပည့်ရင်းကို စစ်သေနာပတိခန့်ပြီး ….. ဗိုလ်ကျော်ဇောကို …. သုတေသန လုပ်ခိုင်းထားလိုက်တာပေါ့ …… ဗိုလ်ကျော်ဇော် သိပါတယ် …. သန်းထွန်းကို အာခံ..လို့မရဖူး..ဆိုတာ … ဒါကြောင့် … ဗသိန်းတင်ကြီး … အ၀ီစိရောက်လာတော့….. Blue label တလုံး (ဆု) ချလိုက် တာပေါ့…..

နေ၀င်း တို့ ဆိုရှယ်လစ်တွေ…. ရန်ကုန် အစိုးရဘ၀ မှာ Desperate ဖြစ်ပြီး ဗိုလ်ကျော်ဇော် အောက်မှာ တပ်တွေ အပ်ပြီး တိုက်ခိုင်း ရ တာကြောင့် ဗိုလ်ကျော်ဇော ဟီးရိုးဖြစ်လာရတာ …… ရေမရှိရင် (ငါး) ဟာအသက်မရှင် နိုင်သလို ….. စစ်ဗိုလ်ချုပ်…ဆိုတာ… တပ်မရှိရင်..ဘာမှ မလုပ်နိုင်ဖူး ….. ကြီးမားတဲ့ ငါတို့ရဲ့ ကွန်မြူနစ်တပ်တွေကို …… ဗိုလ်ကျော်ဇော အောက်သာ ထဲ့ပေးလိုက်ရင် …. ဗိုလ်ကျော်ဇော်ရဲ့ အတွေ့အကြုံနဲ့ ဆို …… တိုက်တိုင်းအောင်တပ်ဆိုတာ …. တကယ့် တိုက်တိုင်းအောင် …. ဖြစ်သွားနိုင်တယ် ….. ဒါဆို …. ဗိုလ်ကျော်ဇောဟာ …. ပိုကြီးကျယ်…သွားမယ် … နိုး..နိုးး…နိုး… ဒါကိုတော့.. ဘယ်လိုမှ… အဖြစ်မခံနိုင်ဖူး ….. ဒါကြောင်…. ဗိုလ်ကျော်ဇော်ကို ခတုတ်ကျင်း..တူးပြီး..တိုက်တာကို …. ပိုထိရောက်တဲ့ ..နည်း ကိုသွားသုတေသန လုပ်ဆိုပြီး …. Researcher-in-chief ရာတူးပေးပြီး ….. ဘန်ကေး..ထားလိုက်တယ်….. ဗိုလ်ကျော်ဇော် လက်ထဲ ….ကွန်မြူနစ်တပ်တွေ… မထဲ့ရ ..ဆိုတဲ့ …. တချက်လွတ်..အမိန့်..ကို အီစကို…. ကိုယ်တိုင် …. ထုတ်ပြန်ခဲ့တာ….. ဟားဟားဟား……

ဒါကြောင်… ဗိုလ်ကျော်ဇော အဖွားကြီးက …… ငါတို့ကွန်မြူနစ်ပါတီရဲ့… သောက်တင်းတွေ လျောက်ပြောလို့ ….. ထို့ကြောင့် ..ဤသို့ …စာအုပ်မှာပါလာတာပေါ့….. သား (၂) ကောင်ကလည်း ငါတို့ ဗဟိုကို ဆဲလိုက်ကြတာ…. ငါ..မသိ..ဖူးထင်လို့လား?

ခုတော့ ဗိုလ်ကျော်ဇော ဘာတတ်နိုင်သေးလဲ?

ငါတို့ ကွန်မြူနစ်တွေ စုရုံးရာ ….. မဟာအ၀ီစိ နဲ့ ကင်းဝေးရပြီ……

အောင်ဆန်းတို့…. ကျော်ငြိမ်းတို့…. သခင်နု တို့ က သောက်ပေါတွေကွ……

တိုင်းပြည်ချစ်ရမယ်တို့ လူမျိုးချစ်ရမယ်တို့ …. တိုင်ပြည်တိုးတက်အောင် လုပ်ခဲ့ကြတော့ …. ရာမမင်းကြီး က အ၀ီစိနား မကပ်ရဆိုပြီး …. အစောကြီး..ကတည်းက …. ကြိုတင် ban လုပ်ထားလိုက်တယ် ….. သခင်နု…ဆို…မိုက်တွင်းနက်ပြီးတော့ … ဘုရားဆုပန်ပါတယ် ..ဘာညာကွိကွ တွေသွားလုပ်တော့ ရာမမင်းကို ဆားနဲ့ တို့လိုက်သလို …. ဖြစ်သွားရတာပေါ့ ….. ဒါကြောင့်…. ဒင်းတို့ တတွေ …. ၀ါးအစည်းပြေသလို…. အထက်ဘုံတွေ ကို… တကွဲတပြားစီ ရောက်…ကုန်ရတာပေါ့…… mass ဘယ်ရှိတော့မှလဲ?

ငါတို့ကွန်မြူနစ်တွေကိုကြည့်စမ်း….. အားလုံး ညီညီညာညာ အ၀ီစိ မှာ လာပြန်ဆုံကြတော့…. Mass ရှိတာပေါ့…. နိုင်ငံရေးမှာ … mass ရှိမှ… (အား) ရှိတာပေါ့ကွ….. နောက် ကွန်မြူနစ် စစ်ရင် အ၀ီစိ ရောက်ရမည် …ဆိုတော့…. (စိစစ်) ပြီးသားဖြစ်..သွားတာပေါ့ ….. ဗိုလ်ကျော်ဇော ..ကွန်မြူနစ် (မစစ်) ဖူးဆိုတာ ဘူးပေါ်သလို ပေါ်တော့မှာပေါ့ကွာ….. သနားလိုက်တာ..ဗိုလ်ကျော်ဇောရာ…..

ငါတို့ဂျပန်တော်လှန်ရေးတုန်က …စစ်တိုင်းမှူးတွေ..အရင်တာဝန်ခွဲကြတယ်ကွ…နောက်မှ …. နိုင်ငံရေးမှူးတွေ..ခွဲ..တာ … ဗိုလ်ကျော်ဇော်က ကျူပ်တိုင်းလာပါလားလို့..ခေါ်တော့…. ကျော်ငြိမ်းက ဗိုလ်ကျော်ဇော်ကို ကွန်မြူနစ် မို့လို့..မယုံပဲ…. ကျုပ်ဗိုလ်ရဲထွဋ်ဆီပဲ..သွားမယ်.. ဆိုပြီး …. ရှောင်ထွက်သွားခဲ့တယ် ….. အခု ဗိုလ်ကျော်ဇောက …. နောက်မှလိုက်ရမှာဆို တော့ … ကျော်ငြိမ်းအုပ်ချုပ်တဲ့ ..အထက်ဘုံကို …. လွှတ်လိုက်ရင် …. ဗိုလ်ကျော်ဇော တော့ မှတ်လောက်ပြီမှတ်….. ဟားဟားဟား .. သန်းထွန်းကို အာခံချင်ဦးလေ ……

ကောင်လေး မင်းအကြောင်းပြောရဦးမယ် …….

မင်းလဲတော်တယ် …….

မင်းက ကွန်မြူနစ် Wannabe ဆိုတော့ ကွန်မြူနစ် လို့မပြောနိုင်သေးဖူး ……

အေး … ဒါပေမဲ့ ….. အနီ..ဆိုတာနဲ့ …. မျက်စိကောင်းရမယ် ……

လူတွေကို ….. manipulate လုပ်တတ်ရမယ် ……. လောကမှာ ဥါဏ်နဲတဲ့သူတွေ…  မနာလိုဝန်တိုစိတ်.. ရှိသူတွေဟာ …..  manipulate လုပ်ရတာအလွယ်ဆုံးပဲ …….

မင်းက ၈၈၈၈ မှာ ဘာမှပါခဲ့တာ မဟုတ်ဖူး …… သန်းဝင်းက ၈၈ မှာ လူဖြစ်တာကြောင့် ကံကောင်းပြီး (ရကသ) မှာပါခဲ့ ရပေမဲ့ (မကသ) တွေကို လိုက်မမှီဖူး … ဒါကြောင့် … မနာလိုဝန်တို မှုတွေနဲ့…. ခံစားနေရရှာတယ် ….. တနေ့လုံး …. သူ့ထက်အသက်အများကြီး ငယ်တဲ့ ဗမာ စူပါဗိုင်ဇာ က အူနာကီ မြန်မြန်လိပ် …ဆဲလ်မင် … ကယ်လီဖိုးနီးယားရိုး မပြီးသေးဖူးလားဆိုပြီး နွားလိုမောင်းတော့ ….. ကြာတော့ …. စိတ်ဓါတ်တွေကျ ….. စိတ်တွေဂရောင်ခြောက်ခြားဖြစ်နေချိန်မှာ …မင်းက၀င်ဆွဲ …လိုက်တော့…ဟောအခုဆို မင်းရဲ့…. အောက်ဆွဲ..လုံးလုံးကြီးဖြစ်သွားတာ… ငါအင်မတန် ကျေနပ်မိတယ်….. ဒါဒို့..အနီတွေ…. စည်းရုံးရေးကောင်းတယ်..ဆိုတာပြလိုက်တာပဲ…..

နောက်မင်းက (အကောင်း) ဆို…မင်းနံမည်..အရင်းနဲ့ရေး ….. လူချတော့မယ်ဆိုရင်…မင်းရဲ့ အီးမေး (၂၁) ခုထဲ က တခုခုနဲ့ ရေးပြီး (ဆဲ) ….. OMG! မင်းသိပ်တော်တယ် ကောင်လေး… မနှစ်က …. ဆိုရှယ်လစ်… မသာ..ရဲ့သားက …. ဂျပန်ခေတ်က ဗဟိန်းဟာ ချွေးတပ်ဗိုလ် ဖြစ်တယ် ဆိုတာကို သခင်စိုးကြီးရေးပြတာကို quote လုပ်ပြီး ရေးတော့ မင်းရဲ့ အယုတ္တ အနတ္တ တွေနဲ့ မိုးမွှန်အောင် ပက်ပက်ဆက်ဆက် ဆဲသံကို ဒို့အ၀ီစိကတောင် ကြားရတယ် …. သာဓု.. သာဓု .. ဆြိုပီး ငါတို့အားလုံး ၀ိုင်းသြဘာ ပေးနေကြတယ် ….. ဒါကွန်မြူနစ် …ဇရိုက်နဲ့ သတ္တိ ကို ရဲရဲကြီးပြလိုက်တာပဲ ….. မင်းကို ၂၀၁၀ လူမိုက်ဘွဲ့အတွက် short list မှာထဲ့တားတယ်။

အောင်စောဦးကိုလည်း…ပြောလိုက်ပါ…. ဟိုမျောက်ဖြူ အမေရိကန် စာရေးဆရာကို ဒီအကောင် ဘယ်လိုရွှီး.. လိုက်တယ်မသိဖူး….. သန်းရွှေဆိုတဲ့ စာအုပ်မှာ …. အောင်စောဦးကို … historian တဲ့…. amateur historian တောင်မဟုတ်ဖူး ….. ဒီသောက်ပေါစာအုပ်ကလည်း ….ဟောလီဝုတ်က B Movie ကြည့်ရသလိုပဲ…. ဘာမှ အတိအကျ ပြောနိုင်တာမပါဖူး ….   အတင်းတွေကို အရန်းကာရော (သတင်း) လုပ်ရေးထားတာ….. ၀ါရှင်တန်ဒီစီ က လူတစု ဖြီးတာတွေကို စုပြီး …စာအုပ်ရေးထားတာ …အရေးကြီးတဲ့ ..အချက်..တခုမှ.. မပါဖူး

ငါတို့ကွန်မြူနစ်ပါတီ…. သုတေသနဌါနက …. ဟိုကစု..ဒီကစုနဲ့ ….. ဖြစ်ညှစ်ပြီးရေးထား တာတွေကို အောင်စောဦး နံမည်ခံ..ထုတ်တာ.. လူတိုင်းအသိ ….. ရွှေရတု ဆိုတာမျိုးပေါ့ကွာ…. ဆရာကြီးမှိုင်းအကြောင်း အတင်းလိုက်ရေးတော့ …ဒီအကောင် က မှိုင်း အိပ်စပတ် (လိုလို) ဖြစ်သွားတာပေါ့…… အတော်ရီရတယ်ကွာ….. ဒီကောင်က သွားဆရာဝန် မဖြစ်လိုက်ရပဲ …. ကျောင်းထုတ်ခံခဲ့ရပြီးကတည်းကကျောင်းပြန် မတက်နိုင်တော့ဖူး …..ဘွဲ့မရှိတဲ့ အကောင် က Historian ဖြစ်သွားအောင်…ဖြီးနိုင်တာ… ဒီကောင်တော်တယ်… သိပ်တော်တယ်…..

ဒါပေမဲ့ ….. တိုးတိုးတိပ်တိပ်လေး …. သတိပေးလိုက်ပါကွာ ….. ဒီကောင်..မိန်းမကြောက် ရတာတော့ …နဲနဲ လွန်တယ်…. ခွေးနိုင်..၀က်နိုင်..အနိုင်ခံရတော့..ငါတို့ ပါတီပါ သိပ်ခါကျ.. တာပေါ့ကွာ….. မိန်းမကို ကြောက်ရတာ အကျင့်ဖြစ်လို့လားမသိဖူး….. ရီပတ်ပလင်ကင် တွေကို. … (ဖါး) တာလည်း နဲနဲတော့..လွန်တယ်ကွာ…. ဟိုတလောက ရီပတ်ပလင်ကင် တွေက …. ငါတို့စီမှာ…. ကျွန်ခံမှာလား….. NLD အမေရိကန်အရှေ့ပိုင်း ဥက္ကဋ္ဌ လုပ်မှာလား ….ဆိုပြီး … ချိမ်းခြောက်လို့…. အမြီးကုပ်ပြီး ….. ဥက္ကဋ္ဌမလုပ်ပါဖူး …ဆိုပြီး … ဂတိပေးလိုက်ရတယ်ပြောတယ် …. ဒါဟာ အင်မတန်မှန်တဲ့ ….. ဆုံးဖြတ်ချက်ပဲ …..ပါတီအကျိုးအတွက် အနစ်နာခံပြီး… ရီပတ်ပလင်ကင် တွေကို ကျွန်ခံတာ ကွန်မြူနစ် စိတ်ဓါတ်ရှိတာကို ပြလိုက်တာပဲ။ ဒါမှ နှစ်ဖက်ချွန် ….. နှစ်ဖက်သတင်းပေး ဖြစ်နိုင်မှပေါ့။ ….. ကောင်းတယ်…သိပ် ကောင်းတယ် လို့… အောင်စောဦးကို အသိပေးလိုက်…..

စာလည်းရှည်သွားပြီ …. ငါလည်း နားလိုက်ဦးမယ် …. ဗိုလ်ဇေယျ က စိတ်ပူနေတယ်။ ၀ိုင်းစုခိုင်သိန်းတို့ …. အမေရိကားလာတုန်းက …. အာရုံဦးကားမှာပါ လို့ဆိုပြီး …. မင်းတို့ ၀ိုင်းဆန္ဒပြလိုက်ကြတယ်…မဟုတ်လား…. အေးမင်းတို့ သူ့မြေးမလေး …. အိန္ဒြာကျော်ဇင်

ပါတာကို ကွန်မြူနစ်ကိုဖက်လိုက် စိတ်နဲ့ မင်းတို့ ၀ိုင်းဖုံးဖိထားတာကျေးဇူးတင်ပါတယ် တဲ့…… အစိုးရရဲ့ …. ၀ါဒဖြန့်ချည်ရေးကားမှာ ဗိုလ်ဇေယျ မြေးပါတာသိရင် (ရှက်) စရာကြီးကိုး….. အခု လည်းမင်္ဂလာဆောင် (၆) ခါ တောင် လုပ်မှာတဲ့…. မင်းတို့စီ honeymoon လာခဲ့ရင်…. တိုးတိုးတိတ်တိတ် … လုပ်ကြဖို့… ပြောပေးပါတဲ့…. မင်းတို့ကြည့်ပြီး… ဖုံးဖုံးဖိဖိ… လုပ်ပေးလိုက်ပါကွာ……

နောက်ဆုံး..သတိပေးခဲ့ချင်တာက ……

ငါတို့အာဏါမရ အောင် ဟန်တားခဲ့ တဲ့…… ငါရဲ့ အဟာရန်သူ …. ဆိုရှယ်လစ် မသာကောင်ကို

မင်းတို့ရဲ့ ဥက္ကဌကြီး..ဘယ်တော့မှ… အငြှိးမပြေဖူး …ဆိုတာဆွဲဆွဲမြဲမြဲမှတ်ထားကြ…. ရောက်ရာနေရာ …. ရရာလက်နှက်နဲ့ ထိုးနှက်ကြပါ …..

ငါ့ရဲ့ အမိန့်ကို လွန်ဆံခဲ့တဲ့ ….. ဗိုလ်ကျော်ဇော ကိုလည်း…. ဘယ်တော့မှ မျက်ခြေမပြတ်စေနဲ့

ငါတို့ ပါပါ တရုတ်ကြီး ဘယ်လောက် ဗမာပြည်ကို မြိုမြို… ရောင်လို့တောင် ..မဝေဖန်ပါနဲ့

တရုတ်ကြီး.. မြိုပြီးသွားရင်…. နောက်ဆုံး… ငါတို့စီ မုချမလွဲ ..အာဏါရောက်လာမှာပဲ….

အရေးတော်ပုံ…အောင်ရမည် !!!!!. ..အရေးတော်ပုံ…အောင်ရမည် !!!!!  .. အရေးတော်ပုံ…အောင်ရမည် !!!

အင်း..တနေ့..နေ့..ပေါ့ကွာ……

မင်းတို့ရဲ့

ထာဝရ ဥက္ကဌကြီး ……

အလေးနီပြုလျက် ……

သန်းထွန်း

ဥက္ကဌ

အ၀ီစိ ရောက် ကြီးမြတ်သော

ဗမာပြည်ကွန်မြူနစ်ပါတီ (အလံဖြူ)

================

သတိ မျောက်များကို မစရ

ရဲဘော်သံမဏိခင်ဗျား

ဒါမျိုးကို သရော်စာလို့ မဆိုနိုင်ပါဘူး။ သရော်စာဆိုတာက လောကကြီးရဲ့ မတော်မတည့်တာတွေကို တရားသံဝေဂနဲ့ စာဖတ်သူတွေ သင်ခန်းစာထုတ်ယူနိုင်ဖို့ အတို့အထိ၊ အစောင်းအချိတ်ကလေးတွေနဲ့ ကလိတိတိရေးတဲ့စာ သတိပေးတဲ့စာမျိုးကို ဆိုလိုတာ မဟုတ်လားဗျာ။ သရော်စာဆိုတာ အင်မတန် တန်ဘိုးကြီးပါတယ်၊ တန်ခိုးကြီးပါတယ်။

ဒီစာကတော့ ကျွန်တော်တို့ငယ်ငယ် ကျောင်းအိမ်သာ နံရံတွေမှာ တွေ့ရတတ်တဲ့ အရွယ်မရောက်တရောက် အသိဉာဏ်မဖွံ့ဖြိုးသေးတဲ့ ကလေးသူငယ်တွေ ကိုယ့်ရင်ထဲက အရိုင်းစိတ်တွေကို ခိုးကြောင်ခိုးဝှက် လက်ဆော့ ဖော်ထုတ်ထားတဲ့ စာမျိုးကလားဗျာ။ ဒီလိုအချိန် ဒီလိုနေရာ၊ ဒီလိုမျိုး အခြေအနေမှာ ဒီလိုသော့သွမ်းလော်လည်တဲ့ အတွေးနဲ့ ဒီလိုအလေနတောစာတွေကို လူလိုသူလို တွေးနိုင်တဲ့သူ ဘယ်လိုလူက ရေးနိုင်ပါ့မလဲဗျာ။

လူလိုတွေး၊ လူလိုကြံ၊ လူလိုကျင့်တတ်တဲ့ လူပီသဖို့ ဆိုတာကလည်း လူအထီးနဲ့အမ မိတ်လိုက်လို့ ပေါက်ဖွားလာရုံနဲ့ ဖြစ်တာမှ မဟုတ်ပဲဗျာ။ မိကောင်းဖခင် မိဘနှစ်ပါးမှာ မွေးဖွားခံရဖို့ လိုသလို ကလျာဏမိတ္တဆိုတဲ့ အဆွေအမျိုးများနဲ့ ဆရာကောင်းသမားကောင်းတွေရဲ့ ဆိုဆုံးမကွပ်မျက်မှုကိုလည်း ခံယူခွင့်ရပါမှ လူပီသတဲ့ဘဝကို ရတတ်တယ်ဗျ။ အဲဒီလို အခွင့်အလမ်းတွေ မရှိခဲ့ရင်တော့ လူအထီးအမက ပေါက်ဖွားလို့ ပခုံးနှစ်ဖက်ကြား ခေါင်းတလုံး ပါလာရင်တောင် လူပီသတဲ့ဘဝဖြစ်ဖို့က ခဲယဉ်းဘိတောင်းဗျာ။ အတိတ်အကြောင်းကံ ကောင်းခဲ့လို့ ပညာလေးဘာလေး သင်ခွင့်ရရင်တောင် လူလိုမတွေးတတ်၊ မကြံတတ်ဖူး၊ မကျင့်ကြံနိုင်ဘူး အခုဒီစာရေးတဲ့ သတ္တဝါလိုပေါ့။ ခရစ်တစ်ကယ်သင်းကင်းဆိုပြီး သော့သွမ်းလော်လည်တဲ့ အတွေးအကြံတွေကို အဟုတ်ထင်နေရှာတယ်။ ခိုးကြောင်ခိုးဝှက်နဲ့ လူတကာကို စိတ်အနှောင့်အယှက်ပေးတယ်။

ထိုးထွင်းကြံဆရမယ်ဆိုတာ ဗမာတွေ ဘိုးစဉ်ဘောင်ဆက် သွန်သင်ဆုံးမခဲ့တယ်။ ခရစ်တစ်ကယ်သင်းကင်းနဲ့ အဓိပ္ပါယ်အကျိုးသွား အတူတူပါပဲ။ ပထွေးတွေရဲ့ စာနဲ့ ရေးထားမှ အဟုတ်ထင်တတ်တာကတော့ ချို့တဲ့ရှာတဲ့ သူရဲ့ ကုသိုလ်ကံအကြောင်းပေါ့။ ထိုးထွင်းကြံဆတယ်ပဲဆိုဆို ခရစ်တစ်ကယ်သင်းကင်းလို့ပဲပြောပြော၊ လောကကြီးမှာ မကြံကောင်း မစီရာတွေက အများကြီးရှိသေးတယ်။ အခု ဒီသတ္တဝါရဲ့ စာလိုပဲ ခရစ်တစ်ကယ်သင်းကင်းဆိုပြီး ကိုယ့်အမေကိုယ့်နှမပေါင်ကြားမှာ ဘာရှိသလဲဆိုတာ စဉ်းစားကြံဆစရာမဟုတ်ဘူးလေဗျာ။ ဒါမျိုးက လူစဉ်မမှီသူတွေ၊ လူမပီသသူတွေရဲ့ အလုပ်ကလားဗျာ။ လူ့လောကရဲ့ အထိန်းအကျောင်းတရားနှစ်ပါးရှိတယ်လို့ လူတိုင်းသိတယ်။ မလုပ်သင့်မလုပ်ထိုက်၊ မကြံသင့် မကြံထိုက်၊ မပြောသင့်မပြောထိုက်တာတွေကို (ဘယ်သူမှ မသိဦးတော့) ပြော၊ ဆို၊ တွေး၊ ကြံ၊ လုပ်ကိုင်ဖို့ ရှက်တာ၊ ကြောက်တာတွေပဲဖြစ်တယ်။ ဟိရီသြတပ္ပတရားလို့ ဆိုကြတာပေါ့ဗျာ။ ဒီသတ္တဝါလို ဘယ်သူမှ မသိဘူးလို့ စိတ်ချပြီး စိတ်ထဲရှိသမျှ သော့သွမ်းလော်လည်တဲ့ အတွေးအကြံတွေကိုရေးပြီး ပတ်ဝန်းကျင်ကို စိတ်အနှောင့်အယှက် ပေးနိုင်တယ်ဆိုတာက ဟိရီသြတပ္ပတရား ကင်းမဲ့မှဖြစ်နိုင်တယ်။ ဒီတော့ ဒီလိုစာမျိုးကို ဘယ်လိုလူက ရေးနိုင်မလဲဗျာ။ ဒီသတ္တဝါရဲ့ စိတ်ဓာတ်ရေးရာ ချို့တဲ့အောက်တန်းကျမှုက ဘုန်းကြီးသတ်၊ ဘုရားရွှေခွာတဲ့ မိစ္ဆာသန်းရွှေတို့ ဗိုလ်ချုပ်တသိုက်နဲ့ နင်လားငါလား အပြိုင်ပါဘဲ။

ကျနော့်အထင်တော့ ဒီစာရှင်သတ္တဝါဟာ သူတပါးတွေ ကောင်းမှုကုသိုလ် ပြုနေတာကို ဆတ်ဆော့ လော်လည် နှောက်ယှက်လို့ သေသွားတဲ့ အဆော့လွန်မျောက်တကောင်ရဲ့ ဝိညာဉ်ပဲဖြစ်မယ်ထင်တယ်။

ဟိတောပဒေသထဲမှာ ဆတ်ဆော့လော်လည်လွန်းလို့ သေသွားရတဲ့ မျောက်တကောင်ရှိတယ်။ တခါက တောအုပ်တခုမှာ ရသေ့တပါးနေထိုင် တရားကျင့်တယ်။ အကျင့်သီလနဲ့ ပြည့်စုံလို့ အနီးအနား ရွာသားတွေက ကြည်ညိုပြီး ကျောင်းသင်္ခန်း ဆောက်လှူဖို့ ဝိုင်းဝန်းကြိုးပမ်းကြတယ်။ ဒီလိုနဲ့ ကျောင်းသင်္ခန်းဆောက်ဖို့ သစ်လုံးကြီးတွေကို ပျဉ်ခွဲကြတယ်။ သစ်လုံးကြီးတွေက ကြီးတော့ တခါတည်း အပြတ်မဖြစ်တ်နိုင်ဘူး။ ဒီလို လွှဆွဲပျဉ်ခွဲရင်း တန်းလန်းနဲ့ ခဏနားတဲ့ အချိန်တွေမှာ လွှကြောင်း ကြပ်ပြီး လွှညပ်မသွားအောင် လွှသမားတွေက လွှကြောင်းထဲမှာ သပ်ရိုက်ထားတတ်တယ်။

ဒီလိုကျောင်းဆောက်မယ့် အနီးအနားမှာ အလွန်ဆတ်ဆော့တဲ့ မျောက်တအုပ်လည်းရှိတယ်။ လွှသမားတွေ၊ လက်သမားတွေအတွက်တော့ တကယ့်အနှောက်အယှက်ပေါ့။ ပစ္စည်းပျောက်တယ်၊ ပျက်တယ်။ အမျိုးမျိုး အနှောက်အယှက်ကြုံရတယ်။ ဒီလိုနဲ့ တနေ့မှာတော့ လွှသမားတွေ နားနေတုန်း အဲဒီမျောက်အုပ်ရောက်လာပြီး လက်သမားတွေ လုပ်သလို လိုက်လုပ်ကြ၊ ဆော့ကြတယ်။ အဲဒီထဲက အလွန်လော်လည်ဆတ်ဆော့တဲ့ မျောက်တကောင်ကတော့ သူများထက် ထူးကဲပြီး လွှကြောင်းမညပ်အောင် ပင်းထားတဲ့ သပ်ကို ဆွဲထုတ်လိုက်တာ လွှကြောင်းထဲ တွဲလွဲကျနေတဲ့ သူ့ဝှေးစေ့ပါညှပ်ပြီး သေပါလေရောတဲ့ဗျာ။

ဒီလို နာမည်ဝှက်တွေ၊ လိပ်စာအတုတွေနဲ့ ကိုယ်မလိုသူတွေ၊ ပြိုင်ဘက်တွေကို ခိုးကြောင်ခိုးဝှက်ပုတ်ခတ် လုပ်ကြံဇာတ်ထုတ်တွေဖြန့် ဆိုတဲ့ ခိုးကြောင်ခိုးဝှက်နိုင်ငံရေးက လူမှန်နေရာမှန် မဖြစ်ခဲ့တဲ့ လွတ်လပ်ရေးရစ ကထည်းက ဆိုပါတော့။ ဒီအကျင့်ဆိုး ဉာဉ်ဆိုးတွေက အခုကျုပ်တို့ခေတ်အထိ အမွေခံနေကြရတုန်းပေါ့ဗျာ။ အများနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေးလို ကိစ္စတွေမှာ ခိုးကြောင်ခိုးဝှက် ပြောဆိုလုပ်ကိုင် တာလောက် ဖောက်ပြန်တာ မရှိဘူးလို့ ဆိုချင်တယ်ဗျာ။ ဒီစာကတော့ ကျုပ်တို့ ဗမာတွေထဲ နိမ့်ကျနေတဲ့ စိတ်ဓာတ်ရေးရာမှာ အနိမ့်ဆုံးစံချိန်၊ အယုတ်ဆုံးပြယုဂ်တခုပေါ့ဗျာ။

မျောက်ဆိုတာကတော့ လော်လည်ဆတ်ဆော့တဲ့ သူ့ဗီဇကို ဘယ်လိုမှ ထိမ်းသိန်းမရတဲ့ သတ္တဝါ၊ ပြီးတော့ လူစကားလည်း နားလည်တာမှ မဟုတ်ဘဲ။ ဒီတော့ လူလိုသူလို ပုဂ္ဂိုလ်တွေကိုပဲ ကျုပ်တို့ ငယ်ငယ်တုန်းက ရန်ကုန်တိရိစ္ဆာန်ရုံမှာ တွေ့ခဲ့ရတဲ့ သတိပေး စာတမ်းကလေးကိုပဲ သတိရ၊ လိုက်နာကြဖို့ မေတ္တာရပ်ခံချင်ပါတယ်။ အဲဒီစာတမ်းလေးကတော့ —

သတိ မျောက်များကို မစရ။

လေးစားစွာဖြင့်

ကျော်သန်း

kai

About kai

Kai has written 925 post in this Website..

Editor - The Myanmar Gazette || First Amendment – Religion and Expression - Congress shall make no law respecting an establishment of religion, or prohibiting the free exercise thereof; or abridging the freedom of speech, or of the press; or the right of the people peaceably to assemble, and to petition the Government for a redress of grievances.