ကိုယ်အလိုချင်ဆုံးအရာ

manawphyulayJanuary 9, 20111min1279

ရနံ့သင်းတဲ့ ပင်ထက်မြင့်တဲ့
တစ်နှစ်တစ်ခါ ပွင့်လန်းလာတဲ့
သဇင်ပန်းလဲ မလိုချင်ဘူး
ကင်းမဲ့နံ့ဆင်း ရောင်ဝါစုံသန်း
စက္ကူပန်းလဲ မလိုချင်ဘူး
နံ့သာထုံသင်း အဆင်းတွေဖြာ
တင့်တယ်သာသော တစ်ပွင့်ထဲသော
မေတ္တာပန်းဘဲ လိုချင်တယ်….

9 comments

  • unclegyi1974

    January 9, 2011 at 2:24 pm

    စစ်မှန်တဲ့တပွင့်တည်းသောမေတ္တာပန်းကိုဘာနဲ့တိုင်း
    မလဲ မနော
    လူ့စိတ်ဆိုတာမျောက်လိုဘဲဟိုခုန်ဒီကူးနဲ့
    ုငြိမ်မှမငြိမ်ဘဲ
    အခုမရရင်သေရချည်ရဲ့နဲ့ပြောပြီးကွယ်ရင်မေ့တဲ့
    လူတွေအများကြီးဘဲနော်
    ဘာဘဲပြောပြော မနောတောင်းဆု ပြည့်ပါစေ
    လို့ဆန္ဒပြုလိုက်ပါတယ်

  • မိုက်ကယ်ဂျော်နီအောင်ပု

    January 9, 2011 at 2:46 pm

    ပုပုရဲ ့
    မေတ္တာပန်းကိုများ ပြောနေသလားကွယ်

  • ဆူး

    January 9, 2011 at 3:10 pm

    ပုပု ရဲ့ မေတ္တာ ပန်း နေပြီလား။
    အရကား နောက်တာနော် 😛

  • naywoonni

    January 9, 2011 at 3:21 pm

    ကြည့်နောက်နော် ချူးမ လူကြီးကိုလူကြီးမှမသိ စွပ်နောက်နေတာ ဟိုမှာ ယှက်သွားပြီ

  • The Reds

    January 9, 2011 at 4:03 pm

    မေတ္တာ ပန်း က ဘာ အ ရောင် လည်း ဆို တာ သိ လို ရ မ လား ဟင် ..

  • zaw min

    January 9, 2011 at 5:21 pm

    သစ္စာနှင့်စိုက်၍ ဖူးပွင့်လာသောပန်းမှသာလျှင် မနောလိုချင်သော ရနံ့အဆင်းထုံသင်းသောမေတ္တာပန်းကို ရနိုင်ပါမည်။

  • Gipsy

    January 10, 2011 at 11:10 am

    မနောလိုချင်တဲ့တစ်ပွင့်သောပန်းမျိုး..အမြန်ဆုံး…ရနိုင်ပါစေ….

    • wrongman

      January 10, 2011 at 1:23 pm

      တစ်ပွင့်မာလာ တင့်တယ်သာသော
      အဆင်းပွင့်လန်း မေတာပန်းကို (အဆင့်ရိုက်မရလို့ပါ)
      ခင့်ရဲ့ကေသာ ဆံတော်ဦးမှာ
      ငြင်သာယုယ
      ပန်ဆင်ပေးချင်လှသော်လည်း
      ခင်မှာ ကတုံးဖြစ်နေရင်
      မခက်ပါကလား………..
      (မိတ်ဖြစ် ဆွေဖြစ်ပါ)

  • bigcat

    January 11, 2011 at 2:11 am

    မေတ္တာပန်းကို
    သစ္စာလှမ်းသူ
    အပြစ်မရှာလန်းသူ
    အချစ်မပါနမ်းသူ
    အလစ်မှာစမ်းသူ
    သူပေါင်းများစွာထဲမှာ
    ကိုကြောင်ကတော့
    တောင်ကျွန်းဒီပါမရှာ
    မြောက်ကျွန်းသူသာနွှာမယ်..

Leave a Reply