ခရီးထွက်တုန်းက ဟာသကလေး တခုပေါ့။ လေဆိပ်မှာ Boarding Ticket ဖြတ်နေတာ အဖွဲ့လိုက်ဆိုတော့ ကြာနေတာလည်းပါတယ်။ တန်းစီတဲ့ လိုင်း ၃ လိုင်းလောက် ရှိတာ လူ ၃၀လောက်ကို ခွဲတန်းစီလိုက်ကြတယ်။ ဖြစ်ချင်တော့ ပစ္စည်းတွေ အများကြီး ၀ယ်တဲ့ လူတွေပါတော့ သူများ ပေါင်အပိုနဲ့ ခွဲယူလို့ရအောင် ရှုပ်ရှက်ခတ်နေတာ။ အနောက်က တန်းစီနေတဲ့ ဘိုတွေကလည်း ကြာလို့ မျက်စိနောက်နေပြီ။ အဲဒီမှာ ရုရှား တယောင် ထင်တယ် အရပ်ရှည်ရှည် လူကောင်ထွားထွား မျက်နှာက ခပ်တင်းတင်း မျက်နှာ တခုလုံး ကျောက်ပေါက်ရာတွေလို ချိုင့်တွေ ကြီးဘဲ ပြောရရင်တော့ ကြည့်ရဆိုးတဲ့ ရုပ်ပိုင်ရှင်ပေါ့လေ။ အဲဒီ လူကြီးက လူကြီး ကို ရှာပြီး သွားတိုင်တယ်။ ပါးစပ်ကလည်း ပွစိပွစိ ပေါ့။ ရုပ်တည်တည်ကြီးနဲ့ ဟောက်ချင်တဲ့ပုံစံနဲ့ပေါ့။ အဲဒီ အချိန်မှာ ခရီးသွားအဖွဲ့က ခေါင်းဆောင်က လှမ်းပြောတယ်။
We are 9 person. ကြည့်ပြီး လှမ်းပြောတဲ့ အခါ သူပြောလိုက်တာကတော့..
Don’t Look at me. သူက ဒေါကြီးမောကြီး အသံနဲ့ ဟောက်တာပေါ့လေ။
ခပ်စွာစွာ အဖွဲ့ခေါင်းဆောင်က I Look at you. တယောက်တခွန်း ဒေါသကြီးတဲ့ မျက်နှာနဲ့ အပြိုင်ကြည့်ကြတယ်။ အဲဒီအချိန် ပါတဲ့ လူကြီး တယောက်က စကားတခွန်းမေးလိုက်တယ် Do you want to Fight!.
ထိုစကား အဆုံးမှာတော့ အဖွဲ့ခေါင်းဆောင် ပြောလိုက်ပုံ့.. Do you know Chinese kick boxing. ရီချင်လိုက်တာ မထိန်းနိုင်အောင် ဖြစ်ပေမဲ့။ ရီချင်တာတောင် ခိုးရီမိတယ်။ ဘေးနားက ဘိုတွေကတော့ တခစ်ခစ် နဲ့ ရီကြတာဘဲ။ မျက်နှာ ခပ်ဆိုးဆိုး ဘိုကြီးကတော့ နဲနဲ ဖြုန်သွားလားတော့ မသိဘူး ဘာစကားမှ မပြောဘဲ ခပ်တည်တည်နဲ့ တန်းစီပြီး အနောက်မှ ပြန်ရပ်နေတယ်။

About ဆူး

has written 398 post in this Website..