သမ္မတအုပ်ချုပ်သော ပါလီမန်ခေတ်အချိန်ကဖြစ်၏။ ရန်ကုန်မှထင်ရှားသော နိင်ငံရေးသမားတစ်ယောက်သည်လဲ သမ္မတအဖြစ် အရွေးခံနိင်ရန် မဲဆွယ်စည်းရုံးလျက်ရှိ၏။ ထိုအချိန်က တစ်ပြည်လုံးသည် သံဃာတော်များကို အထူးလေးစားအားထားနေကြချိန်ပင်။ အရာရာနီးပါးကို သူတို. ကိုးကွယ်သည့် ဆရာဘုန်းဘုန်း ပြောသမျှ ဖြစ်၏။
ထိုအချက်ကို ရိပ်စားမိသော လူပါး သမ္မတလောင်း နိင်ငံရေးသမားက အတော်အတန် သြဇာအာဏာညောင်းသော ဆရာတော်ကြီးတစ်ပါးထံချဉ်းကပ်ပြီး သူသမ္မတဖြစ်လျှင် ဤမြို.နယ်တွင်ရှိသော လမ်းများအားလုံးကို ကတ္တရာခင်းပေးမည်။ အထက်တန်းကျောင်းကြီးများ ဆောက်ပေးမည် စသည်ဖြင့် မစားရ ၀ခမန်း ပြောကာ စည်းရုံး၏။
ဆရာတော်ကြီးလဲ ထိုသူ၏စကားကိုယုံပြီး သမ္မတကောင်း၊ ခေါင်းဆောင်ကောင်း တစ်ယောက်ဖြစ်ပေလိမ်.မည်ဟု ယူဆကာ သူ.ကိုကိုးကွယ်သော ဒကာ၊ ဒကာမအားလုံးအား မဲပေးရန်တိုက်တွန်းလိုက်၏။ ထို.ကြောင့်ပင် ထိုနိင်ငံရေးသမားမှာ မဲနိင်ကာ သမ္မတကြီးဖြစ်သွားလေသည်။
သမ္မတသက်တမ်းသာ တစ်နှစ်ပြီးတစ်နှစ် ကုန်လာသော်လည်း လူလည် အာဏာရူး သမ္မတကြီး၏ ကတိစကားများကား အပြောမှလက်တွေ.သို. အသွင်မပြောင်းသေး။ ထိုအခါ ဆရာတော်ကြီးက ထိုသမ္မတအား ကိုယ်တိုင်တွေ.ဆုံပြီး ကတိအတိုင်းလုပ်ပေးဖို. မိန်.တော်မူသည့်အခါ …………
ထိုသမ္မကြီးပြန်ပြောသော စကား ကား ………
“ဒီလိုသမ္မတဖြစ်လာအောင် မဲရဖို.အတွက် တပည့်တော် အမျိုးသမီးရဲ. စိန်တစ်ဆင်စာ ကုန်ခဲ့ရပါတရ်ဘုရား။ ဒါ့ကြောင့် ပထမဆုံးအနေနဲ. အမျိုးသမီးရဲ. စိန်တစ်ဆင်စာ အရင်ရအောင်လုပ်ရပါအုံးမရ်ဘုရား။ ပီးရင် တပည့်တော်တို.မိသားစု ချမ်းသာဖို.လုပ်ရပါအုံးမရ်။ ထပ်ပီးတော့ ဆွေမျိုးတွေ ချမ်းသာအောင်လဲ လုပ်ပေးရပါအုံးမရ်။ ဆွေမျိုးတွေအားလုံးလဲ ချမ်းသာတော့မှပဲ နိင်ငံကောင်းစားအောင် လုပ်နိင်တော့မရ် ဘုရား” ဟူသတတ် ……………………..

About အာဖ်ံ ကြီး

အာဖ်ံ ကြီး has written 20 post in this Website..

တစ်ယောက်ကိုတစ်ယောက် ဘာမျှော်လင့်ချက်မှမရှိ၊ ပြောမနာဆိုမနာ၊ ပျော်ပျော်ရွှင်ရွှင်နဲ. အပြန်အလှန် ကူညီရိုင်းပင်းတတ်ကြတာ "တူနယ်ချင်း" ဘဲ။ :D