Photo: dailyail.co.uk

၁၆ စင်တီမီတာ ရှိ၍ AA ဓါတ်ခဲ တစ်လုံးထက် ပေါ့ပါးသော အိတ်ဆောင်အရွယ် သေးငယ်လှသည့် စက်ရုပ်ငှက်ငယ်ကို ပင်တဂွန်၏ အဓိက ကန်ထရိုက်တာ တစ်ခုမှ ထုတ်ဖော်ပြသခဲ့သည်။

တစ်နာရီလျင် ၁၇.၇ ကီလိုမီတာနှုန်း ပျံသန်းနိုင်သော ထိုသူလျို စက်ရုပ်ငှက်ငယ်ကို အမေရိကန်ဒေါ်လာ ၄ သန်း အကုန်အကျခံကာ ၅ နှစ်ကြာမျှ အချိန်ယူ တီထွင်ခဲ့ရသည်။

ကျေးလက်နှင့် မြို့ပြ စစ်မြေပြင်များတွင် ၄င်းမောင်းသူမဲ့ စက်ရုပ်ငှက်ငယ်တွင် တပ်ဆင်ထားသော သေးငယ်လှသည့် ကင်မရာမှတဆင့် ရန်သူအား ထောက်လှမ်းနိုင်မည်ဟု စစ်တပ်အကြီးအကဲများ အနေဖြင့် မျှော်လင့်ထားကြသည်။

လက်ရှိပုံစံ ဖြစ်သည့်  ပန်ကာပါသည့် စက်ရုပ်လေယာဉ်ငယ်များနှင့် နှိုင်းယှဉ်ပါက ဖွင့်ထားသော ပြတင်းပေါက်များကို ဝင်ရောက်နိုင်ခြင်း၊ လျှပ်စစ် ဓါတ်အားလိုင်းများပေါ်တွင် နားနိုင်ခြင်း စသည့် အားသာချက်များ ရှိနိုင်မည်ဟု ကျွမ်းကျင်သူများ အနေဖြင့် မျှော်လင့်ကြသည်။

ကမ္ဘာ့အကြီးဆုံး မောင်းသူမဲ့လေယာဉ် ပေးသွင်းသည့် AeroVironment ကုမ္ပဏီမှ ပြသရာတွင် တံခါးမှတဆင့် အဆောက်အအုံ အတွင်းသို့ ဝင်ထွက်ပျံသန်းခြင်း၊ တစ်နာရီ လေတိုက်နှုန်း ၈ ကီလိုမီတာ ရှိသော အခြေအနေတွင် လေထဲ၌ ရပ်တန့်ခြင်းတို့ကို ပြုလုပ်နိုင်ခဲ့သည်။

ဗွီဒီယိုဖိုင်ကို ကြည့်ရှုလိုပါက Click here.

Source: dailymail.co.uk
Image/video sources: dailyail.co.uk/AeroVironment Inc.
Published Feb 18 2011

About Zaw Wonna

Zaw Wonna has written 107 post in this Website..

မော်လမြိုင်သား ပါခင်ဗျာ။ စာဖတ်တာကို ဝါသနာပါပြီး စာရေးဖို့ ကြိုးစားနေတာပါ။ လိုအပ်ချက်တွေကို ဝေဖန်ထောက်ပြ ပေးမယ်ဆိုရင် ကျေးဇူးတင်စွာနဲ့ လက်ခံလိုပါတယ်။