အယူအဆတွေ…မလွဲမှားကြစေလိုပါ

khunmyomyatApril 26, 20101min783

ကျနော် ဒီပို့စ်ကို ရေးတာ ဘာသာရေး ထိခိုက်မှု လုံးဝ မရှိပါဘူး။ ကမ္ဘာမှာ မိမိကိုးကွယ်ရာ ယုံကြည်ရာကို လူတိုင်းကိုးကွယ်ခွင့် ရှိတာ ကျနော်လက်ခံယုံကြည်ပါတယ်။ ဒီပို့စ်က မသိသေးသူတွေအတွက် ဗဟုသုတလေး တခုအနေနဲ့ပဲ ရေးသားထားခြင်း ဖြစ်ပါသည်။ အယူအဆဆိုတာ ကိုးကွယ်ယုံကြည်ရာနဲ့လည်း သက်ဆိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်တို့ မြန်မာလူမျိုးတွေ ပြောတဲ့စကားတခွန်းဖြစ်တဲ့ “ အယူတိမ်းလို့ နတ်စိမ်းဖြစ်တယ် ” ဆိုလား။ အဲဒီလိုလေးပေ့ါ။ တခဏတာ ကြားဖူးမိလိုက်တာလေးဟာ ၊ မြင်ဖူးမိလိုက်တာလေးဟာ အစွဲအလန်းလို ၊ ယုံကြည်ရာ လိုလို ဖြစ်သွားတက်ပါတယ်။

ကျနော်တရားနားထောင်ရခြင်း အကြောင်းက ဆရာတော်တွေက တရားဟောရင် ၊ တရားချည်းပဲ ဟောပြောတာ မဟုတ်ပါဘူး။ နိင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေး ၊ ကိစ္စ ဒုက္ခ အဝဝတွေနဲ့ နှိုင်းယှဉ်ပြီးဟောပြောကြတာပါ။ ဆရာတော်တွေက ဟောပြောဖို့အတွက် စာပေဖတ်တယ် ၊ မှတ်သားတယ်။ နောက်တော့ တရားသဘောနဲ့ ယှဉ်ပြီး ဟောတယ်။ ကိုယ့်မှာက ဒီလို ဖတ်ဖို့ကျတော့ မဖြစ်နိင်ဘူး။ ဆိုလိုချင်တာက အချိန်မပေးနိင်ဘူး။ ဒီတော့ သူတို့ဖတ်မှတ်ထားတဲ့ ဗဟုသုတကို ကျနော်တို့က တရားနာပြီး ပြန်ယူရတယ်။ ဒါကြောင့် ဒီကနေ့ လူငယ်တွေကို အချိန်များရရင် ကျနော်က တရားနားထောင်ဖို့ တိုက်တွန်းချင်ပါတယ်။ ထွက်ရပ်ပေါက်ဖို့ ၊ နိဗ္ဗာန်ရောက်ဖို့ မဟုတ်ပါဘူး။ ဗဟုသုတ ရစေချင်လို့ပါ။ ဥပမာ ဆရာတော်ကောသလ္လ(ဓမ္မစေတီ) ဟောတဲ့ တရားတပုဒ်ဖြစ်တဲ့ “ မွေးရပ်မြေကို ကျေးဇူးဆပ်ချင်း ” မှာ ဆရာတော်က တရုတ်တွေ မိုးနဲ့မြေကို ကန်တော့တဲ့ ကိစ္စ ခဏလေး ရှင်းပြသွားပါတယ်။ ဆရာတော်က ဘယ်လိုဟောပြောသွားလဲဆိုတော့….

“ တရုတ်တွေ မင်္ဂလာဆောင်ကြပြီ ၊ မင်္ဂလာဆောင်ကြပြီဆိုတော့ မိုးနဲ့မြေကို
ကန်တော့ကြတယ် ” ဘာကြောင့်လဲ သေချာမေးကြည့်ရင်
သိတဲ့လူ ရှားသွားပါပြီတဲ့ ”

ဟုတ်ပါတယ် ကျနော်လည်း သေချာပြန်စဉ်းစားကြည့်တယ် ။ အဖေနဲ့ အမေကို ကန်တော့ပါ၏ ။ မိုးနဲ့မြေကို ကန်တော့ပါ၏ ။ မြဝတီကလာတဲ့ တရုတ်ကားတွေထဲမှာလည်း မိုးနဲ့မြေကို ကန်တော့နေကြတာပဲ။ ဒီတော့ အခုလာမယ့် ကလေးတွေက မိုးနဲ့မြေကို မင်္ဂလာဆောင်ရင် တရုတ်တွေ ကန်တော့ကြတယ်။ ဘာကြောင့်လဲ မေးကြည့် ။ များသော အားဖြင့် သူတို့ မသိတော့ပါဘူး။ ဒါကို ဆရာတော်က ရှင်းပြထားတယ်။ မင်္ဂလာဆောင်တော့မယ် ဆိုရင် ကဲ…ကန်တော့ပြီ။ မိုးနဲ့မြေကို

“ အဖေသည် မိုးကောင်းကင်နှင့် တူပါတယ် ၊ အမေကတော့ မြေကြီးနဲ့ တူပါတယ်တဲ့ ၊
ဘဝမှာ အဖေမရှိတော့လည်း ကောင်းကင်ရှိတယ် ၊ ကောင်းကင်ကြီး ရှိနေသမျှ ကာလပတ်လုံး အဖေ့ကျေးဇူးတွေရှိတယ်။ ကောင်းကင်ကို သက်သေတည်၍ သော်…လည်းကောင်း ၊ အမေရဲ့ မေတ္တာတရားတွေဟာ မဟာပထဝီ မြေကြီးထုနဲ့ တင်စား၍ သော်…လည်းကောင်း
မြေကြီးရှိတယ် ၊ ဒါကြောင့် အိမ်ထောင်ပြုတော့မယ့် ဖခင်လောင်း ၊ မိခင်လောင်းတို့ဟာ
မိုးနဲ့မြေကို ကန်တော့ပါတယ် ”

ဒါဟာ အရမ်းကောင်းတဲ့ တရုတ်ရိုးရာအစဉ်အလာပါပဲတဲ့။ ကျနော်တို့ မြန်မာမှာလည်း ရှိပါတယ်။ ဒီလိုနှိုင်းယှဉ်တဲ့ စာသားမျိုးတွေ ၊ စကားမျိုးတွေ။ ဒါပေမယ့် ဒါကို ယနေ့မှာတော့ တရုတ်တွေကိုယ်တိုင် မသိတော့ပါဘူးတဲ့။ ဘယ်သူပြောသလဲ ဆရာတော်ဟောတာပါ။ ကျနော် မပြောပါဘူး။ ဒါဆို ဆရာတော်ဟောတိုင်း မင်းက ယုံကြည်လားမေးနိင်ပါတယ်။ ဟုတ်ကဲ့…ကျနော်ထက် ပညာရှိသူတို့ရဲ့ ပြောစကားကို အတွေ့အကြုံနဲ့ နှိုင်းယှဉ်ပြီး ယုံကြည်ပါတယ်။ ကျနော် ပြောချင်တာလေးက အထက်ပါ အကြောင်းအရာလေးပါ။ အားလုံးပဲ ရွှင်လန်း ချမ်းမြေ့ကြပါစေ။

3 comments

  • susunosuki

    April 26, 2010 at 9:28 am

    အခုမှပဲသိတော့တယ် မိုးမြေကန်တော့ရခြင်းအကြောင်းကို
    ကျေးဇူးအထူးတင်ပါတယ်သူငယ်ချင်း…
    နောက်လည်း ဗဟုသုတလေးတွေဖြန့်ဝေပေးပါအုံးနာ်.

    ပျော်ရွှင်ပါစေ…………

  • venthu

    April 26, 2010 at 12:15 pm

    ကျေူးဇူးတင်လိုက်တာဗျာ

  • intro

    April 26, 2010 at 12:50 pm

    သိတ်ကောင်းတဲ့ အယူအဆ ပဲဗျို့။

Leave a Reply