နိဗ္ဗာန်ဆိုတာ

ashinindakaApril 9, 20111min1216

ဒကာကြီး
နိဗ္ဗာန်ဟူသောတရားသည် တကယ်ပင် ရှိပါသလားဘုရား။
အကယ်၍ ရှိပါက ထိုတရားသည် အဘယ်မှာနည်း။
မည်သည့်တရားနှင့် တူပါသနည်းဘုရား။

ဆရာတော်
ဒကာကြီးရဲ့ အမေးပုစ္ဆာဟာ တစ်ချက်ခုတ် သုံးချက်ပြတ် မေးခွန်းဘဲ ဒကာကြီးရဲ့။
မေးခွန်းကို ဖြေရာမှာ ဦးပဉ္ဇင်းဟာ တာဝန်သုံးခုကို တခါတည်း ထမ်းဆောင်ရလိမ့်မယ်။
ပထမတာဝန်က နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိကြောင်း ပြဘို့ဖြစ်တယ်။
ဒုတိယတာဝန်ကတော့ နိဗ္ဗာန်ဟာ ဘယ်နေရာမှာရှိတယ်ဆိုတာပြဘို့ ဖြစ်တယ်။
တတိယတာဝန်ကတော့ နိဗ္ဗာန်ရဲ့အသွင်အပြင်လက္ခဏာကို ဖော်ထုတ်ပြဘို့ဖြစ်တယ်။
ပထမဆုံးတာဝန်ဖြစ်တဲ့ နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိကြောင်း ပြဘို့ရာ ဒကာကြီးကို
ဦးပဉ္ဇင်းက ပြန်ပြီး မေးရလိမ့်ဦးမယ်။ ကဲ ဒကာကြီးကလဲ ဖြေပါဦး။

ဆရာတော်
ယနေ့ကမ္ဘာပေါ်မှာ ရှိနေကြတဲ့လူတွေ အားလုံးဟာ
အသက်တစ်ရာထိအောင် နေကြရပါ့မလား။

ဒကာကြီး
အသက်တစ်ရာထိအောင် နေကြရမှာ မဟုတ်ပါဘူးဆရာတော်။

ဆရာတော်
သူတို့တတွေ ဘာဖြစ်ကုန်ကြပါမလဲ ဒကာကြီး
ဤတွင် ဆရာတော်က သင်ပုန်းပေါ်၌
တဖက်မှ နိဗ္ဗာန်ဟူသောတရား တကယ်တမ်းတည်ရှိနေပုံနှင့်
အခြားတဖက်မှ စကြာဝဠာကြီးနှင့်တကွ
ဤစကြာဝဠာကြီးပေါ်တွင် ရှိရှိသမျှသောသတ္တဝါတို့၏ မတည်မမြဲ ဖောက်ပြန်တတ်သည့်
သဘောတို့ကို အောက်ပါအတိုင်း နှိုင်းယှဉ်ရေးသားပြပါသည်။

စကြာဝဠာကြီးနှင့်ဆန့်ကျင်ဘက်နိဗ္ဗာန်
၁။ သေခြင်းတရားရှိ၏။
၁။ သေခြင်းတရားမရှိ။

၂။ အိုခြင်းတရားရှိ၏။
၂။ အိုခြင်းတရားမရှိ။

၃။ နာခြင်းတရားရှိ၏။
၃။ နာခြင်းတရားမရှိ။

၄။ ဒုက္ခနှင့်ဆင်းရဲခြင်းရှိ၏။
၄။ဒုက္ခနှင့်ဆင်းရဲတို့မှကင်းငြိမ်းသည့်တကယ့်ချမ်းသာသုခရှိ၏။

၅။ မတည်မြဲ။
၅။ တည်မြဲ၏။

၆။ စိတ်နှင့်ကံတို့၏ဖန်ဆင်မှု။
၆။စိတ်နှင့်ကံတို့ကမဖန်ဆင်း (အသင်္ခတဓာတ်)

၇။ ပျက်စီး၏ (အနိစ္စ)
၇။ မပျက်စီးနိုင် (နိစ္စ)

၈။ အစအဆုံးရှိ၏ (အာဒိအနန္တ)
၈။ အစအဆုံးမရှိ (အနာဒိအနန္တ)

၉။ မသန်းရှင်းချေ။
၉။ သန့်ရှင်း၏။

၁၀။ မွေးဖွးကြရ၏ (ဇာတိ)
၁၀။ မွေးဖွားကြရခြင်းမရှိ (အဇာတိ)

၁၁။ မသိမမြင်ခြင်း၊ စွဲလန်းခြင်း၊ လိုချင်တတ်မက်ခြင်း၊ စိတ်ဆိုးခြင်း၊
ကြမ်းတမ်းခြင်း၊ ရန်ငြိုးဖွဲ့ခြင်းစသည့် တရားများရှိ၏။
(အဝိဇ္ဇာ၊ ဥပါဒါန်၊ လောဘ၊ ဒေါသ)
၁၁။ ဤတရားများအားလုံးမှ ကင်းစင်၏။
၁၂။ သံယောဇဉ်ကြိုး (၁၀) ချောင်းဖြင့်နှောင်ဖွဲ့ထား၏။
၁၂။ မည်သည့်သံယောဇဉ်ကြိုးမျှ မရှိ။

၁၃။ အနှောင်အဖွဲ့ရှိ၏။
၁၃။ လွတ်လပ်၏။

၁၄။ သံသရာအတွင်း၌ရှိ၏။
၁၄။ သံသရာမှ လွတ်မြောက်၏။

၁၅။ အရသာများရှိ၏။
၁၅။လွတ်မြောက်သည့်အရသာ တစ်ခု တည်းသာ ရှိ၏။

၁၆။ အာသာပြေမှုမရှိ။
၁၆။ အာသာပြေလျက်ရှိ၏။

၁၇။ ချိုးနှိမ်၍ရ၏(သံဝရသဘောရှိ၏)
၁၇။ ချိုးနှိမ်၍ မရ။ အသံဝရသဘောရှိ၏။

၁၈။ အကန့်အသတ်ရှိ၏။
၁၈။ အကန့်အသတ်မရှိ။

၁၉။ ခံစားခြင်း (ဝေဒနာ) နှင့် တတ်မက်ခြင်း (တဏှာ)တရားတို့ဖြင့် အီနေ၏။
၁၉။ ဝေဒနာနှင့်တဏှာတရားတို့မှ လွတ်မြောက်၏။

၂၀။ တကယ်မရှိ(ပရမတ်မဟုတ်) ၊ မမြဲ။
၂၀။ တကယ်ရှိ၏။ (ပရမတ်) မြဲ၏။

၂၁။ စကြာဝဠာသည် တကယ်မရှိ။
၂၁။ နိဗ္ဗာန်သည် တကယ်ရှိ၏။

ဆရာတော်
(အထက်ပါအတိုင်း သင်ပုန်းပေါ်၌ ရေးသားပြပြီးနောက်)
ကဲ၊ ဒကာကြီး၊ အခု ဦးပဉ္ဇင်းရေးပြထားတဲ့ ဆန်းစစ်ချက်အရ နိဗ္ဗာန်ဆိုတဲ့တရားဟာ
တကယ်တမ်းရှိတယ်ဆိုတာကို လက်ခံနိုင်ရလား။

ဒကာကြီး
နိဗ္ဗာန်ဆိုတဲ့တရားဟာ တကယ်ရှိတယ်ဆိုတဲ့အချက်နဲ့ပတ်သက်လို့
ဆရာတော်ရှင်းပြတဲ့အချက်အားလုံးကို တပည့်တော်လက်ခံပါတယ်။
ဒါပေမဲ့ သတ္တဝါတွေမှာ ဇာတိတရားချုပ်ငြိမ်းသွားရတယ်ဆိုတဲ့အချက်ကိုတော့
တပည့်တော်ခေါင်းထဲမှာ မရှင်းသေးဘဲ ဖြစ်နေပါတယ်ဆရာတော်။

ဆရာတော်
ဒါဖြင့် ဦးပဉ္ဇင်းက ရှင်းပြရသေးတာပေါ့။
ဒကာကြီး၊ မွေးဖွားခြင်း (ဇာတိတရား) ဆိုတာဟာ သေခြင်းရဲ့ အကြောင်းတရားဘဲ။
နိဗ္ဗာန်ရောက်ပြီးမှ သတ္တဝါတစ်ဦးဦးဟာ ဖွားရအုံးမယ်ဆိုရင်
ထိုသတ္တဝါဟာ သေရမှာ အမှန်ဖြစ်တယ်။
အဲဒီလို သေခြင်းတရားရှိနေရင် နိဗ္ဗာန်ဟာ မွေးဖွားခြင်း၊
အိုခြင်း၊ နာခြင်း၊ သေခြင်းဆိုတဲ့တရားတွေ
ချုပ်ငြိမ်းရာတရားမဟုတ်တော့ဘူး။

မြစ်တစ်စင်းဟာ မြစ်ဖျားခံရာဒေသမှာ မွေးဖွားပြီး မြစ်ဝအထိဟာ
ဒီမြစ်ရဲ့ တစ်သက်တာ ဘဝဘဲ။

ဒီနည်းအတိုင်းပါဘဲ၊ သတ္တဝါတစ်ဦးဦးရဲ့ ဘဝတစ်သက်တာဟာ
မွေးဖွားတဲ့အချိန်ကစပြီး သေတဲ့အခါမှာ အဆုံးသတ်ရတယ်။
ဒါ့ကြောင့် နိဗ္ဗာန်ဆိုတဲ့တရားထဲမှာ မွေးဖွားခြင်းဆိုတဲ့တရား မရှိတော့ဘူး။

မွေးဖွားခြင်းနဲ့သေခြင်းဟာ ကြိုးတစ်ချောင်းထဲဘဲ။
အစတစ်ဖက်က  မွေးဖွားခြင်းဆိုတာဖြစ်ပြီး
ကျန်အစတစ်ဖက်က သေခြင်းဘဲ။

သည့်ပြင် အချက်တစ်ချက်လဲ ရှိသေးတယ်။
အဲဒါက မွေးဖွားခြင်းနဲ့ သေခြင်းတို့ဟာ ဒုက္ခတရားတွေလဲဖြစ်တယ်။
မြဲလဲမြဲတဲ့ တရားတွေလဲ မဟုတ်ကြဘူး ဒကာကြီး။

ဒကာကြီး
ဆရာတော်ရဲ့ ရှင်းလင်းချက်ဖြင့် မွေးဖွားခြင်းနဲ့ သေခြင်းတရားတို့အကြောင်းကို
တပည့်တော်ရှင်းရှင်းလင်းလင်း နားလည်ပါပြီ ဆရာတော်။
နိဗ္ဗာန်ဆိုတဲ့တရားဟာလဲ မွေးဖွားခြင်း၊ သေခြင်းဆိုတဲ့တရားတို့ရဲ့
ကင်းငြိမ်းရာဖြစ်တယ်ဆိုတာကိုလဲ သိမြင်နားလည်ပါပြီဆရာတော်။

အရှင်အရိယဓမ္မ ၏ ဗုဒ္ဓဝါဒပြဿနာများ ကူးယူဖော်ပြလိုက်ပါသည်။

6 comments

  • bigcat

    April 9, 2011 at 3:34 am

    ပယ်စွန့်နိုင်လျင် နိဗ္ဗာန်ကို မြင်သည်ဟု တနည်းအားဖြင့် နားလည်ပါသည်။ နဲနဲပယ်လျင် နည်းနည်းမြင်သည်၊ များများပယ်လျင် များများမြင်သည်၊ အကုန်လုံးပယ်လျင် အကုန်မြင်သည်။ ဘုရားကလည်း တဏှာကိုသာ ဟောပါသည်။ ရဟနာ္တများ နိဗ္ဗာန်မျက်မှောက်ပြုပေမဲ့ ကံအလျောက်ရနေတဲ့ ရုပ်နာမ်ကို အချိန်မတိုင်ခင် စွန့်မရလို့ စိတ်စေတသိက်များ ချုပ်နေပေမဲ့ ကာယိကဒုက္ခခံရသည်။ ကံကုန်လို့ နိဗ္ဗာန်ကျွတ်တန်းဝင်လျင်တော့ အားလုံးကို စွန့်ပြီးသူအတွက် ပြန်လာစရာမရှိတော့လို့ အကုန်ငြိမ်းအေးသည်ဟု နားလည်ပါသည်။

    • ashinindaka

      April 9, 2011 at 4:10 am

      အိမ်း။ ဟုတ်ပေတယ် ဒကာကြောင်ကြီး

  • nigimi77

    April 9, 2011 at 4:14 am

    စကား ကတ်တာ မဟုတ်ပါ။ ဒီ အချက်ကိုတော့ သဘော မကျပါ ဘုရား။

    “…၂၁။ စကြာဝဠာသည် တကယ်မရှိ။
    ၂၁။ နိဗ္ဗာန်သည် တကယ်ရှိ၏။….”

    နောက်ပြီး တပည့်တော် တခု မေးလိုပါတယ်။

    နိဗ္ဗာန် ကို မျက်မှောက်ပြု နိုင်ဖို ့ကို လုပ်ကြပြီး တကယ်လို ့ အားလုံးက နိဗ္ဗာန် ကို မျက်မှောက်ပြုသွားပြီး

    အားလုံး ချုပ်ငြိမ်းသွားရင် ……….ဗုဒ္ဓ က ထပ်ပြီး ပွင့်စရာ အကြောင်း မရှိတော့ဘူးလို ့ တွေးမိလို ့ပါ။

  • nigimi77

    April 9, 2011 at 4:17 am

    ဆိုတော့ကာ…ဗုဒ္ဓ ပွင့်ဖို ့ရာ အတွက် အားလုံးက နိဗ္ဗာန် ကို မျက်မှောက်မပြုနိုင်တာလား

    အားလုံးက နိဗ္ဗာန် ကို မျက်မှောက်မပြုနိုင်တာကြောင့် …ဗုဒ္ဓ က ပွင့်နေရတာလား ဘုရား….။

    • ashinindaka

      April 9, 2011 at 4:27 am

      အားလုံး ဘယ်တော့မှ နိဗ္ဗာန်ကို မျက်မှောက်မပြုနိုင်ပါဘူး။ ဗုဒ္ဓကလဲ အားလုံးကို နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်အောင် မစွမ်းဆောင်နိုင်ပါဘူး။ ဗုဒ္ဓပွင့်ပေမဲ့ နိဗ္ဗာန်ကို မျက်မှောက်ပြုချင်မှ ပြုမှာပါ။ ရှင်ဒေဝဒတ်ကို သတိရလိုက်ပါ။ အခံရှိမှ ဗုဒ္ဓက ဟောလိုက်ရင် အဆင်ပြေသွားတာပါ။

    • bigcat

      April 9, 2011 at 4:55 am

      စွန်းလွန်းဆရာတော်လား မြောင်းမြဆရာတော်ကိုလားမသိဘူး စစ်သား၇ရ မေးသလို ဘယ်တော့ အားလုံးကျွတ်တမ်း ဝင်မလဲ လို့မေးတာ ဖတ်ဖူးတယ်။ အဖြေက စိတ်စေတသိက်ချုပ်ရင် နိဗ္ဗာန်ဝင်သည် သို့သော် သတ္တဝါများ၏ စိတ်စေတသိက်များကတော့ တိုး၍သာနေသည်တဲ့။
      အဲသည်လို ခပ်ဆင်ဆင်ပဲ သဲအင်းဆရာတော်ကို ကျောက်သင်္ဘောဆရာတော်များက တရားနာစဉ် အကုသိုလ်၊ ငရဲဆိုတာ အလွန်ကြောက်စရာကောင်းတယ်ပါလို့ ဆရာတော်ကြီးကို အရှင်ဘုရား ကိလေသာကုန်ပြီလည်းဆိုသေး ကြောက်သေးလားလို့ မေတော့အဖြေက ကိလေသာ ရှိသေးရင် ကြောက်ပါသည်။ အခုမရှိလို့ မကြောက်တော့ပါ ဖြစ်သည်။
      သေသေချာချာ စဉ်းစားကြည့်ပါ။ သိခြင်းမသိခြင်းကို ညဏ်လို့ခေါ်သည်။ သိနိုင်မသိနိုင်ကို ကံကအဆုံးဖြတ်ပေးသည်။

Leave a Reply