၂ဝ၁၂ ခုနှစ် ဒီဇင်ဘာလမှ ၂ဝ၁၃ ခုနှစ်မတ်လအကြား ကာလ အတွင်း နေနှင့်ကမ္ဘာကြား ဂြိုဟ် ကြီးတစ်လုံး ဖြတ်သန်းမှုကြောင့် ကမ္ဘာပေါ်တွင်ပြင်းထန်သောသဘာဝ ဘေးအန္တရာယ် များ ဖြစ်ပေါ်ကာ လူသန်း ၄ဝဝဝ ခန့် သေကျေပျက်စီး နိုင်သည်ဟုပါဝင်သောသတိပေးစာရွက် များမှာ ရန်ကုန်မြို့နေ ပြည်သူလူထု အကြားပျံ့နှံ့လျက်ရှိကြောင်းသိရသည်။ အဆိုပါစာရွက်အား ကမ္ဘာတစ် ဝန်းရင်ဆိုင်နေရသော သဘာဝ ဘေးအန္တရာယ်များကို ကျော်လွှား နိုင်ရန်အတွက် ကမ္ဘာစောင့်နတ်၊ သာသနာ စောင့်နတ်များမှ တိုက်တွန်းနှိုးဆော်လွှာ ဟု အမည်ပေး ထားပြီးအမည် မသိသောလူအချို့မှ လိုက်လံဖြန့်ဝေ နေခြင်းဖြစ်သည်။ ထိုစာရွက်တွင် ၂ဝ၁၁ ခုနှစ် မတ်လလယ်လောက်မှစတင်၍ စစ် ကိုင်း၊ တောင်ငူနှင့်ပဲခူးမြို့များတွင် ငလျင်များစတင်လှုပ်ရှားလာမည် ဖြစ်ကြောင်း၊ မြန်မာပြည်ကြီး အန္တရာယ်မှကင်းဝေး စေရန် ဆရာ တော်သံဃာတော်များမှ မြန်မာနိုင်ငံ နယ်နိမိတ်တစ်လျှောက် လေယာဉ်ဖြင့်ပဋ္ဌာန်း၊ ပရိတ်နှင့်မေတ္တသုတ် ပရိတ်တော်များ ရွတ်ဖတ်သရဇ္ဈာယ်ပါက ၂ဝ ပုံ ၁ ပုံခန့်သာ အန္တရာယ် ကျရောက်စေမှာဖြစ်ကြောင်း၊ ထို့ အပြင် ၂ဝ၁၁ ခု ဧပြီလအတွင်း မြောင်းမြ၊ ပုသိမ်၊ ဖျာပုံစသော မြို့များ၌ မထင်မှတ်ဘဲ ရေကြီးနိုင်သည့်အပြင် ၂ဝ၁၂ ဒီဇင်ဘာမှ ၂ဝ၁၃ မတ်လအထိ နေနှင့်ကမ္ဘာ ကြားသို့ဂြိုဟ်ကြီးတစ်လုံး ဖြတ်သန်း မည်ဖြစ်ကြောင်း၊ ထိုဂြိုဟ်ကြီးသည် အပူရှိန်ပြင်းထန်လွန်းသောကြောင့် ကမ္ဘာပေါ်၌ ငလျင်လှုပ်ခတ်ခြင်း၊ မီးတောင်များ ပေါက်ကွဲခြင်းနှင့် ပြင်း ထန်သောသဘာဝ ဘေးအန္တရာယ် များဖြစ်ပွားကာ ကမ္ဘာပေါ်ရှိလူဦးရေ သန်းပေါင်း ၆ဝဝဝ အနက်သန်း ၄ဝဝဝ ခန့်မှာသေကျေပျက်စီးမည် ဖြစ်ကြောင်း၊ ထို့အပြင် ၂ဝ၁၃ ခုနှစ် ဖေဖော်ဝါရီ ၁၄၊၁၅၊၁၆ ရက်နေ့များ ၌ ကမ္ဘာကြီးလည်ပတ်မှုရပ်ဆိုင်းကာ အမှောင်ကျမည် ဖြစ်သည့်အတွက် စားနပ်ရိက္ခာများအား ကြိုတင်စုဆောင်းထားရန်နှင့် အဆောက် အအုံ များအားခိုင်ခံ့စွာတည်ဆောက်ထား ရန်လိုအပ်ကြောင်း ဖော်ပြပါရှိသည်။ ဒဂုံမြို့သစ် မြောက်ပိုင်းမြို့နယ် သီတဂူဗုဒ္ဓတက္ကသိုလ်မှ သံဃာတော်တစ်ပါးက ”ဦးဇင်းတို့ဆီလည်း ဒီစာရွက်တွေ ဘယ်လိုကဘယ်လို ရောက်လာမှန်းမသိရောက်လာတယ်။ ဒီစာရွက် တွေရဲ့သဘောက လူတွေ ကို အထိတ်တလန့်ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ဖြန့်တာလား၊ ဘာသာတရား ပိုမိုကိုင်းရှိုင်းစေရေးအတွက် ရည်ရွယ်ပြီး ဖြန့်နေတာလားဆိုတာ တော့သေချာ မသိဘူး။ ဒါပေမဲ့ ဗုဒ္ဓမြတ်စွာဘုရားရဲ့ ဟောကြားခဲ့တဲ့ ကျမ်းဂန်တွေအရဆိုရင်တော့ ဘုရားငါးဆူပွင့်ပြီးမှပဲ ကမ္ဘာပျက်တယ်။ အခုက အရိမေတ္တယျ ဘုရားတစ်ဆူပွင့်ဖို့ ကျန်သေးတဲ့ အတွက် အခုချိန်မှာ ကမ္ဘာပျက်ဖို့ဆိုတာက လုံးဝမဖြစ်နိုင်ဘူး”ဟုမိန့်ကြားသည်။ မိုးလေဝသပညာရှင် ဒေါက်တာ ဦးထွန်းလွင်က မာယာလူမျိုးများ၏ တွက်ချက်မှုအရ ၂ဝ၁၂ ခုနှစ်တွင် ကမ္ဘာကြီးမီးလောင်ပျက်စီးခြင်း၊ ရေ လွှမ်းမိုးခြင်းတို့ဖြစ်ပေါ်ကာ လူသန်း ပေါင်းများစွာ သေကျေပျက်စီးမည့် အပြင်ကမ္ဘာကြီး လည်ပတ်မှုရပ်ဆိုင်း သွားမည်ဖြစ်ပြီး ကမ္ဘာသည်နောက် မှရှေ့သို့ ပြောင်းပြန်လည်ပတ်မည် ဖြစ်ကာ နေသည်လည်းအနောက် မှထွက်၍အရှေ့မှပြန်ဝင်မည်ဟု ဆို ရိုးစကားများရှိခဲ့ကြောင်း၊ သို့ရာတွင် သိပ္ပံပညာရှင်အများစုမှာ မာယာလူ မျိုးများ၏ ပြောကြားချက်နှင့်ဆိုရိုး စကားများကို ယနေ့အထိထောက်ခံ မှုမရှိကြောင်း၊ သို့ရာတွင်သိပ္ပံပညာ ရှင်များ၏ ယူဆချက်အရ ၂ဝ၁၂ ခုနှစ်တွင် စကြဝဠာအတွင်းနဂါးငွေ့ တန်းအားကမ္ဘာအပါအဝင် ဂြိုဟ်ကြီး ကိုးလုံးမှဖြတ်သန်းမှုကြောင့် ဂြိုဟ် များအပေါ်တွင် ဒြပ်ဆွဲအားများတိုး လာမည်ဖြစ်ကြောင်း၊ အထူးသဖြင့် နေအပေါ်တွင် ဒြပ်ဆွဲအားများတိုး လာမှုကြောင့် နေမှရောင်ခြည်များ ပိုမို ထွက်ရှိလာမည်ဖြစ်သကဲ့သို့ ကမ္ဘာပေါ်၌လည်း ဒြပ်ဆွဲအားတိုး လာမှုကြောင့် ကမ္ဘာ့အပေါ်ယံလွှာ များတုန်ခါမှုဖြစ်လာနိုင်ကြောင်း၊နေမှ ရောင်ခြည်များ ပိုမိုထုတ်လွှင့်မှု ကြောင့် ကမ္ဘာသည် ပိုမိုပူနွေးလာ မည့်အပြင် ကမ္ဘာ့အပေါ်ယံလွှာများ တုန်ခါမှုကြောင့် မြေငလျင်ဒဏ်များ ပိုမိုဖြစ်လာမည်ဖြစ်ကြောင်း၊ အကယ်၍ မြေငလျင်လှုပ်ခတ်သော နေရာသည်ပင်လယ်အောက် ကြမ်း ပြင်ဖြစ်ခဲ့ပါက ဆူနာမီရေလှိုင်းများ ဖြစ်လာနိုင်ကြောင်း၊ ထို့အပြင် ကမ္ဘာ့ သံလိုက်စက်ကွင်းများနေရာပြောင်းရွှေ့ ကာဖရိုဖရဲဖြစ်မှုကြောင့်ကမ္ဘာ့တောင်၊ မြောက်ဝင်ရိုးစွန်းများတွင် အကျိုး သက်ရောက်မှုရှိလာကာကမ္ဘာ့သံလိုက် စက်ကွင်းသည် တစ်ချိန်ချိန်၌ သုည ဒီဂရီဖြစ်သွားနိုင်ကြောင်းပြောသည်။ ဆက်လက်၍ ”ကမ္ဘာ့သံလိုက် စက်ကွင်းတွေ သုညဒီဂရီဖြစ်သွားရင် ကမ္ဘာ့ဆက်သွယ်ရေးဂြိုဟ်တု လုပ်ငန်းတွေပျက်စီးမယ်။ နေရောင်ခြည် ထဲမှာပါလာတဲ့ စွမ်းအားမြင့်ရောင်ခြည် တွေကို သံလိုက်စက်ကွင်းတွေက မကာကွယ်နိုင်တော့တဲ့အတွက် ကမ္ဘာပေါ်ရှိတဲ့ လူသားတွေအတွက် အန္တရာယ်ရှိနိုင်တယ်။ ဘာတွေဖြစ်မလဲဆိုတော့ စွမ်းအားမြင့်နေရောင်ခြည်ဒဏ် ကြောင့် အရေပြားကင်ဆာတို့၊ မျက်စိအမြင်လွှာပျက်စီးတာတို့၊ ကလေးလုံးဝမရနိုင်တော့တဲ့ ရောဂါတွေရလာနိုင်တယ်။ ဒါတွေကတော့ သိပ္ပံသဘောအရဖြစ် လာနိုင်ဖွယ်ရှိပေမယ့် ကမ္ဘာကြီးပျက် သွားမယ်လို့တော့ ဘယ်သိပ္ပံပညာရှင်ကမှ လက်မခံသလိုကျွန်တော် လည်းလက်မခံဘူး။ အခုစာရွက်တွေထဲမှာ ကမ္ဘာကြီးပျက်စီးတော့ မယ့်ပုံစံမျိုးရေးသား ဖော်ပြဖြန့် ဝေ နေတာကြောင့် ပြည်သူတွေအကြားမှာတော့ ထိတ်လန့်မှုတွေတော့ရှိ မှာပဲ။ ဒီစာရွက်တွေကို ဘယ်လိုသဘောနဲ့ လိုက်ဖြန့်ဝေနေတယ် ဆိုတာကိုတော့ မပြောတတ်ဘူး” ဟုဆို သည်။

 

သူရထွန်း

About မမေလး

has written 129 post in this Website..