ရွာသူရွာသားအပေါင်းတို့ရေ၊ ဘုရားဟောတဲ့ လူခိုးလို့မရတဲ့ အဖိုးတန်တဲ့ ပညာဆိုတာ ဘာလဲ ? ပညာ ဆိုတာ ရွှေအိုးနဲ့တူတယ်ဆိုတာကတော့ ဘယ်သူမှ အငြ

င်းပွါးမယ်မထင်ပါဘူး၊ အတတ်ပညာကို အရင်းအနှီး ပြုပြီး ချမ်းသာတဲ့လူတွေကို လက်ညှိုးထိုးပြလို့ရပါတယ်၊ တချို့ကတော့ရွှေအိုးရှိမှ ပညာဝယ်လို့ရမယ်လို့ပြောတဲ့သူလည်း ပြောနေကြပါတယ်။

အခု MG မှာရေးတာလေးတွေကို တွေ့ပြီးစိတ်ကူးရတာနဲ့ ရေးလိုက်တာပါ၊ ငယ်ငယ်တုန်းကတော့ ဒီစကားပုံလေးကို ပေါ့ပေါ့ပဲ သဘောထားခဲ့ပါတယ်၊ အခုစဉ်းစားမိတာက လူခိုးလို့ မရတဲ့ ပညာဆိုတာ ဘာလည်းလို့-

ဥပမာ-ရွှေလုပ်နည်းလို အဖိုးအရမ်းတန်တဲ့ ပညာတခုရထားပြီဆိုပါစို့၊ ဒီပညာကို လူခိုးလို့ မရဘူးလား၊ တကယ့်ကို မီလီယံဘစ်ဇနစ်  ဖြစ်လို့ လူတိုင်းက အနုနည်း အကြမ်းနည်း တွေနဲ့ တရားတဲ့နည်းရော မတရားတဲ့နည်းရော နည်းမျိုးစုံသုံးပြီး ရယူဖို့ကြိုးပမ်းကြမှာ မလွဲပါဘူး၊ ဖမ်းဆီးပြီး ညှင်းပန်းနှိပ်စက်မေးရင်လဲ ခိုးလို့ရနိုင်ပါတယ်၊ ဒါဟာ လူခိုးလို့မရတဲ့ပညာ မဟုတ်ပါဘူး။

ပထမအရွယ်မှာ ပညာရှာ၊ ဒုတိယအရွယ်မှာ ဥစ္စာရှာ၊ တတိယအရွယ်မှာ တရားရှာ ဆိုတဲ့စကားမှာ ပါတဲ့ ပညာဆိုတာ ဘာကိုဆိုလိုတာလည်း။

ပညာရွှေအိုးဆိုတာကို လက်ခံပေမဲ့ လူမခိုးဆိုတဲ့ အပိုင်း နားလည်ရခက်ပါတယ်၊ မိမိတို့ရဲ့အမြင်ကို ဆွေးနွေးကြဘို့ ဖိတ်ခေါ်ပါတယ်။ အားလုံး ဗဟုသုတ တိုးပွါးမယ်လို့ ယူဆပါတယ်။

 

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)