ကိုယ်ကျင့်တရား ….တစ်ကယ်ရှိရဲလား။။။

ကိုယ်ကျင့်တရား ….တစ်ကယ်ရှိရဲလား။။။

ကျွန်တော်ကတော့ဗုဒ္ဓဘာသာ ဖြစ်ပါတယ် ဘုရားဟော တရားတော်တွေကို ကျမ်းကိုးကျမ်းကားတွေနဲ့
အော်ကျယ်ဟစ်ကျယ် မပြောတတ်ပေမယ့် မိရိုးဖလာ သက်ဝင်ယုံကြည်ခဲ့တဲ့ ဘာသာတရားကိုပဲ
ဆက်လက်လိုက်နာ ကိုးကွယ်နေခဲ့တာပါ။။။။
ဒါပေမယ့်ကျွန်တော်တို့ ဘာသာဝင်တွေဟာ ဘုရားတရားတော်များနဲ့ လိုက်နာကျင့်ကြံ ရမယ် အကျင့်
တရား များ  လိုက်နာကျင်ကြံရမယ် အရာများကိုလိုက်နာစောင့်ထိမ်းမှုအားနည်းတာကိုတွေ့ မြင်နေရဆဲပါ
ငါပါးသီလ ဆယ်ပါးသီလ စသည်ဖြင့်ပေါ့။။။။။
အရက်ကိုလွယ်လွယ်ကူကူသောက်သုံးနေတာကို တွေနိုင်သလို..
မုသားကိုလွယ်လွယ်ပြောနေတာတွေလည်း ရှိပါတယ်…..
ဒါပေမယ့်  သက်ဝင်ယုံကြည်မှုနဲ့ ကိုးကွယ်ကြတဲ့  နတ်/ဘိုးတော် များရဲ့ အဆိုအမိန့် တားမြစ်ချက်တွေကိုတော့
စွဲမြဲ စွာလိုက်နာစောင့်ထိမ်းတာကိုတော့ မျက်ဝါးထင်ထင်မြင်နိုင်ပါတယ်
မိရိုးဖလာကိုးကွယ်ယုံကြည်မှုအရ  ဝက်သားမစားတာတို့/ အမဲသားမစားတာတို့/ လုံချည်အင်္ကျီ အနက်မဝတ်ရတာတို့/
နောက်ပိတ်ဖိနပ်မစီးရတာတို့  စသည်ဖြင့်ပေါ့။။။။
ကျွန်တော်ကတော့ တစ်နေ့တစ်ခါဆိုရင် များနေမယ် တစ်လနေလို့တစ်ခါတောင် ဘုရားမရှစ်ခိုးဖြစ်ပါဘူး
ဒါပေမယ့် ဗုဒ္ဓ ဘာသာဝင်အဖြစ်ဖြည့် စွက်ရမယ့် နေရာတိုင်းမှာ  ဗုဒ္ဓဘာသာလို့ရေးသားခဲတာချည်းပါပဲ
ဖခင်ရဲ့ ဆုံးမစကားကြောင့် လောကမှာ ဘုရားမှတစ်ပါးအခြား  ကိုးကွယ်ရာမရှိလို့သိခဲ့ရပေမယ်
နတ်ကိုးကွယ်မှု ကို မှားယွင်းမှုတစ်ခုလိုသတ်မှတ်နိုင်ခဲ့ပေမယ့်  ဖခင်ကဲ့သို့ နေ့စဉ် ဘုရားမရှစ်ခိုးနိုင်ခဲ့ပါဘူး
ယုံကြည်တဲစိတ်သာရှိနေခဲ့တာပါ။။။။
ကျွန်တော်  အမဲသားမစားပါ  ဘာကြောင့် မစားတာလဲ မေးခဲ့ရင်။။။။။။။။
နတ် ကိုးကွယ်လို့လား  မဟုတ်ပါ။။။။
မိရိုးဖလာ မစားလို့မစားတာလား  မဟုတ်ပါ။။။။
မကြိုက်လို့လား မဟုတ်ပါ။။။။
ရွှံစရာကောင်းလို့လား  မဟုတ်ပါ။။။။
စားမကောင်းလို့လား  မဟုတ်ပါ။။။
ယုံကြည်ကိုးကွယ်မှုနဲ့မဆိုင်တဲ့  အတွေးလေးတစ်ခုကြောင့်ပါပဲ….အဲဒါကတော့
နွားတွေ ကျွဲ တွေဟာ ကျွန်တော်တို့ စားနေတဲ့ဆန်စပါးတွေ ရဘို့အတွက် နေပူမိုးရွာ မရှောင် နေပူပူ မိုးရွာရွာ
လယ်ထဲမှာ  ထွန်ယက်စိုက်ပျိုးရတဲ့ အတွက်  တစ်နည်းအားဖြင့် ကျေးဇူးရှင်မဟုတ်ရင်တောင်မှ လုပ်အားဒါန ပြုနေကြသူတွေလို့
မြင်ပါတယ်    အဲလိုလုပ်ကိုင်ပေးတဲ့အတွက် သူတို့အတွက်အကျိုးခံစားခွင့်က…….ဘာလဲ
သူတို့စိုက်တဲ စပါးသူတို့စားရလို့လား လူတွေပဲစားကြတာပါ  ညအချိန်  တင်းကုတ်ထဲမှာ  ခြင်ကိုက် မှက်ကိုက်ခံ အိပ်ရပြီး
မနက် နေပူမိုးရွာ လုပ်ငန်းခွင်ဝင်ကြရတာပါ ။။။ဒါကြောင့်ကျွန်တော် နေ့စဉ်  စားနေတဲ့  သူတို့စိုက်လို့ရတဲ့ ထမင်းတွေကြားထဲမှာ
သူတို့အသားကို မြုတ်ပြီးမစားသင့်ဘူး လို့ ယူဆတဲ့အတွက်ကြောင့်မစားတာပါပဲ။။။
အမဲသားစားမှအသက်ရှင်ရမယ်ဆိုရင်စားပါမယ်….မစားလို့သတ်မယ်ဆိုရင်စားမှာပါ
ဒါပေမယ့်  စားစရာဟင်း က အမဲသားတစ်မျိုးပဲရှိမယ်  အဲဒီဟင်းမှမစားခဲ့ရင်
ဆားဖြူးစားမှရမယ်ဆို ဟုတ်ကဲ့ ဆားလေးပဲဖြူး စားလိုက်မှာပါ ။။ဒါက ကျွန်တော့ရဲအယူအဆ လေးပါ
ငယ်စဉ်သိတတ် စအရွယ်ထဲက မစားခဲတာပါ ဘယ်လောက်ငတ်ပြတ် အစားအသောက်ရှားပ့ါးတဲဒေသကိုရောက်ရောက်
ဒီအသားမစားပဲအသက်ရှင်နေနိုင်သေးသမျှ စောင်စည်းလာခဲ့တာပါ
ဟုတ်ရွာသူရွာသားများလဲ    အမဲသားအပေါ် အမြင်လေးဘယ်လိုရှိပါသလဲ။။။။။။

အဓိက ကျွန်တော်ပြောချင်တာက ဒီအကြောင်းရာမဟုတ်ပါ။။။။။
ကမ္ဘာနိုင်ငံအသီးသီးမှာ ကိုကွယ်မှုစည်းကမ်းနှင့်  ယုံကြည်စိတ်အပြင်းထန်းဆုံးအဖြစ် တည်ရှိတဲ ဘာသာတရားကို  လူသားတိုင်း
သိကြပါတယ် အဲဒီဘာသာဝင်တွေအများဆုံးတည်ရှိတဲ့  မြန်မာနိုင်ငံ ရခိုင်ပြည်ရဲ့ အစွန်းဆုံးနေရာမှာတည်ရှိတဲ့ မေယုတောင်တန်းကြီးရဲ ့
အရှေ့ဖက်ကရွာလေးတစ်ရွာမှာပါ  အဲဒီမှာနေထိုင်ကြတဲ ဘာသာဝင်တွေဟာ သူတို့ရဲဘာသာအဆုံးအမကိုအလွန်ပဲအလေးအမြတ်ထားကြပါတယ်
အဲဒီဘာသာဝင်တွေဟာ ဝက်သားမစားကြပါဘူး သူတို့ဘာသာအရ ဝက်သားဟာ  ရွှံရှာ စရာအလွန်ကောင်းတဲ့ အသားဖြစ် ရှောင်ကျဉ်ကြပါတယ်
အရက်မသောက်ရပါ   အရက် အသားပေါ်ကျရင်တောင် အဲဒီကျတဲ့နေရာကအသားကို ကွင်းပြီးလှီးပစ်ရမယ်လို့ ဆိုပါတယ် အဲလောက်ရှောင်ကျင်
ကြတာပါ။။။ အဲဒီဘာသာဝင်များဟာ သူတို့နဲ ဘာသာတူလူမျိုးများနဲ့သာ ကျေးရွာစုဖွဲ့နေထိုင်ကြတာပါ တစ်ဦးတစ်ယောက် ဘာသာရေးအရ ဖောက်ဖျက်
ခဲ့ရင်ဝိုင်းပယ်ချင်းကိုခံရမှာပါ  တစ်နည်းအားဖြင့် ရွာပြင်ထုတ်ထားတတ်ပါတယ်။။။
ကျွန်တော်ဟာ အဲဒီဘာသာဝင်များ နဲ့ အချိန်ကြာမြင့်စွာ အတူတကွနေထိုင်ခဲ့တာဟာ သုံးနှစ်ခန်ကြာမြင့်ပါတယ်
သူတို့ ခေါင်းဖြတ်သတ်ပြီး ချက်ထားတဲ့ မုန့်ညှင်းဆီနံသင်းသင်းနဲ့ကြက်သားဟင်လည်း စားခဲ့ပါတယ်
အညှီနံပျောက်အောင် ချက်ထားတဲ့ ဆိတ်သားလည်းစားပါတယ်  ဒါပေမယ့်သူတို့စားတဲ့အမဲသားကိုတော့  ဘာဟင်းမှမရှိရင်နေပါစေ
လုံးဝမစားခဲ့ပါ အစားအသောက်ရှားပါတဲ ဒေသတွေဖြစ်ပေမယ့် အဲဒီအချက်ကိုတော့ ရှောင်ကျဉ်ခဲ့ပါတယ်။။။။။
တစ်နေ့ နိုင်ငံခြားအရက်တစ်ပုလင်းနဲ့ ဆိတ်သားခြောက်ကြော်ကို ညနေပိုင်း ဇရက်မင်းစည်းစိမ်အပြည့်နဲ သူငယ်ခြင်းနှစ်ယောက်
သောက်စားနေကြတဲ့ ကျွန်တော်တို့ဝိုင်းကို  ကျွန်တော်တို့နဲအတူနေကြတဲ အဲဒီဘာသာဝင် သုံးဦး ရောက်ရှိလာပြီ စကားဝင်ပြောကြပါတယ်
ဟိုအကြောင်းဒီအကြောင်းကို ပြောကြရင်း ကျွန်တော်ကပဲ ခင်ဗျားတို့က အရက်မသောက်တော့ အမြည်းစားကြဗျာ  သူတို့ကိုဆိတ်သားခြောက်ကြော်
ပေးလိုက် နောက်ဖေးက ဟင်းအိုးထဲမှာ ဝက်သားတွေရှိတယ် ခင်ဗျားတို့ကိုတော့အားနာတယ်ဗျာ ဒါပေမယ်မြည်းစရာကဒီဟင်းပဲရှိလို့
သည်းခံကြပါ  သူတို့တွေလည်း ရပါတယ်လို့ပြောရင်း  စကားဆက်ပြောနေကြတယ် ကျွန်တော်တိုက ဝက်သားစား သူတို့က ဆိတ်သားကြော်စားပေါ့။။
နည်းနည်းမူးလာကြတော့  ကျွန်တော့သူငယ်ချင်းကစဖေါက်ပါတော့တယ်။။။။။။ခင်ဗျားတို့ အရက်သောက်မလား သူတို့တွေတစ်ယောက်မျက်နှာ တစ်ယောက်
ကြည့်လိုက်ကြပါတယ်….ကျွန်တော်လည်းအကဲခတ်နေတာပေါ့  ခဏနေတော့ အကိုတို့ ဘယ်သူမှပြန်မပြောရဘူးနော်  ပြန်မပြောရင်သောက်မယ်
ပြန်ပြောရင် ကျွန်တော်တို့ဇာတ်ပျက်မှာဗျ  အဲဒီကျရင်ဒုက္ခရောက်ရော ။။။အင်းပါ မပြောပါဘူး။။။အာမခံလိုက်ရတယ်ဗျ ။။။အရက်သောက်တာလောက်တော့
ဘာပြသနာမှမရှိလောက်ဘူလဲ ယူဆမိပါတယ်။။။။
အရက်တစ်ယောက်နည်းနည်းစီ ထည့်ပေးလိုက်တယ်  ရေတောင်မရောဘူဗျာ ဂွပ်  ကနဲနေတာပဲ သုံးယောက်သားပြိုင်တူမော့သောက်လိုက်တာ များ တစ်ယောက်ကဘာမပြောညာမပြောဝက်သားခွက်ဆွဲပြီး တစ်တုံးခပ်မြည်းလိုက်တယ်။။။။တားချိန်တောင်မရလိုက်ဘူး ။။။ဟေ့လူ  အဲဒါဝက်သားတွေဗျ
လို့ပြောတော့ ထိုသူကပြုံးပြုံးကြီးကြည့်နေပါတယ် ။။။။။။
ကျန်တဲ့သူများလည်းတစ်ယောက်တစ်တုံးခပ်စားကြတယ်။။။။ ကျွန်တော် အရမ်းအံဩ သွားတယ်။။။ အတင်းကျပ်ဆုံးစည်းကမ်းတွေအောက်မှာ နေထိုင်ကြတဲ့
သူတို့တွေ ဘာသာတရားရဲ့ တားမြစ်ချက်ထဲမှာပါပေမယ့်  အစားလေးတစ်လုပ်အတွက် အကြီးဆုံးအပြစ်တွေကိုကြူးလွန်လိုက်ကြတယ်လို့ သူတို့ကိုယ်စား
ခံစားလိုက်ရတယ်။။။။ကျွန်တော့အနေနဲ့ကတော့  ဘာသာရေးအရတားမြစ်ထားတာမရှိပဲ ကိုယ့်ယုံကြည်မှုနဲ့ စောင့်ထိန်းလာခဲ့တဲ့  အစားလေးတစ်လုပ်အတွက်
ယခုချိန်ထိစောင့်စည်းနိုင်မှုကို  ဂုဏ်ယူနေမိပါတော့တယ် သူတို့ကိုတော့ဘာမှမပြောလိုက်မိပါ။။။
မည်သည့်ဘာသာတရားကိုမျှပုတ်ခတ်ရေးသားလိုခြင်းမရှိပါ။။။။။
မည်သည့်ဘာသာဝင်ဖြစ်စေ စောင်ထိမ်းအပ်တဲ့တရားများ
အသီးသီးရှိကြသည်အနက် ဆိတ်ကွယ်ရာအရပ်၌ပင် စောင့်ထိမ်း
ရမည့် ခံယူချက်နှင့် မိမိယုံကြည်ရာ ကိုယ်ကျင့်တရားများ စောင့်ထိမ်းနိုင်စေခြင်းငှာ
ရေးသားခြင်းဖြစ်ပါသည် မည်သည် ဘာသာဝင်ဖြစ်စေ မိမိတို့    ကိုယ်ကျင့်တရား (မိမိကိုယ်တိုင်/ကိုယ်ကိုတိုင်  ကျင့်ကြံသော  တရား)
များစောင်ထိမ်းနိုင်ကြပါစေ။။။။။
သင်တို့ရော  ကိုယ်တိုင်စောင်ထိမ်းထားကြတဲ့ကိုယ်ကျင့်တရားလေးများရှိကြပါသလား။။။
အနောက်ရိုးမ မေယုတောင်တန်းကြီး နဲကပ်လျှက် ညောင်ပင်လှ ရွာလေးမှာကိုယ်တိုင်ကြုံခဲ့ရတဲ့အဖြစ်လေးပါ။။။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။