စာရှုသူများသို့ ကြိုတင်ပြောလိုသည်မှာ ခေါင်းစဉ်ဖတ်ပြီး အတွေးမချော်ကြဖို့ပင်ဖြစ်ပါသည်။
မောင် … ဆိုသောအသုံးအနှုံးမှာ ယောကျာင်္းလေးက မိန်းကလေးကိုခေါ်သော .. မောင် .. ကိုဆိုလိုခြင်းမဟုတ်ပါ။
ပျော်သလားဟေ့ မောင်တို့ရေ … ပျော်တယ်ဟေ့ ပျော်တယ်ဟေ့ … ဆိုသော မောင် …ကိုဆိုလိုရင်းဖြစ်ပါသည်။

ရေးချင်သော အကြောင်းအရာကတော့ … ဒီကနေ့စနေနေ့ ကျနော့ ဟန်းစက် slide ကြိုးပြတ်လို့
hand set ရောင်းသော servicing ပါရသော ဆိုင်တဆိုင်သို့သွားပြင်၏။ ဆိုင်ရှေ့ ကြော်ငြာဆိုင်းဘုတ်တွင်
GSM internet လိုင်းအမြန်ရအောင် လျှောက်ပေးသည် ၂၀၀၀၀ ကျပ် ဟူ၏။

တရားဝင်တန်းစီပြီးလျှောက်လျှင် ၁၀၀၀၀ ကျပ်သွင်းရပါသည်။
internet ရမည်ဆိုတော့ ရန်ကုန်တမြို့လုံးကလူတွေ ၀ိုင်းတိုးကြတော့၏။ တန်းစီထားရသည်မှာ မနက်အစောကြီးကထဲက
မိုးရွာထဲ လဲစီ နေပူထဲလဲစီနေကြရသည်။

လျှောက်လွှာတင်ပြိး ချက်ခြင်း လုပ်ပေးကြပါသည်။ ပြဿနာမှာ ကိုယ့် handset နှင့် ကိုယ်မရ handset အသစ်ဝယ်ရသည်။
အဲဒါလည်း ကြိုတင်ပြောမထား ..။ software ရိုက်ထဲ့ရသေးသည် အဲလိုလဲ ကြိုတင်ပြောမထား။
လူတွေက ၁၀၀၀၀ ကျပ် သွင်းပြီး သုံးလို့ရပြီထင်ကြသည်။ မှန်းချက်နှင့် နှမ်း ပဲ ပြောင်း ထွက်မကိုက်သောအခါ ဘာလုပ်ကြရမှန်းမသိတော့။

handset ဆိုင်တွေစားပြီပေါ့ … သူတို့က သိကြသည်။ ထို့ကြောင့် လူအများ handset ဆိုင်များသို့ပြေးကြရပြန်သည်။
edge ပါသော handset များသာ internet သုံးလို့ရမည်ဆိုတော့ ၀ယ်ကြရပြန်သည်။ သူများနိုင်ငံလှမ်းမေးတော့
3G ပါသော handset မဟုတ်ဘူးလားတဲ့ edge က ငါတို့ဆီမှာ date အောက်နေပြီတဲ့။ line ကလည်း edge ဆိုရင်နှေးပါသတဲ့။

လူတွေကတော့ ဘာလုပ်ရမှန်းမသိ တရားဝင် ဘာသုံးပါလို့လဲ ကြေငြာထားတာမရှိ အရူးတွေလို ဖြစ်နေကြပြီ။
ကဲ နောက်ဆုံး ကျနော် ဖုံးပြင်သော ဆိုင်သို့ internet လျှောက်ပေးပါ ကျမတို့ တန်းမစီနိုင်လို့ပါ ၂၀၀၀၀ ပေးချင်ပေးရပါစေ
ဆိုင်ရှင်ကလည်း လက်ခံ၏။ သူတို့မသိသေးသော နောက်ပြဿနာ တခုမှာ …………………..

internet လျှောက်လွှာများကို သောကြာင်္နေ့ ညနေပိုင်းကထဲက ရပ်နားလိုက်ပြီ ဆိုသော သတင်း ..။
ဝန်ဆောင်မှုလုပ်ပေးနေသောဖုံး ဆိုင်များပင်မသိကြသေးပါ။

တိုင်ပြည်ကြီးခေတ်မီအောင်တော့လုပ်နေကြပြီထင်ပါသည်။ ဒါပေမဲ့ ဖြေးဖြေးလုပ်ပါမောင်တို့ရယ် …… လို့သာပြောချင်ပါသည်။

About fatty

Zaw oo has written 351 post in this Website..

i am over 50. I have the knowledge of broadcasting and televising as a producer and have trading- company-experiences as well.