မန္တလေးမြို့က အချို့လက်ဘက်ရည်ဆိုင်တွေဟာ အကြွေအနှုတ် တကယ်ရှားလို့လား၊ အကြံအဖန်လုပ်တာလားမသိပါဘူး။ ဆေးလိပ်တို့၊ ဘာတို့ ပဲ အမ်းနေကြပါတယ်။ မင်းသီဟတို့လို ဆိုင်ကြီးတွေကတော့ ငါးဆယ်ကအစ အနှုတ်အသစ်စက်စက်လေးတွေ အမ်းပေးပါတယ်။ ဒါပေမယ့် ဆိုင်အများစုကတော့ အကြွေအနှုတ်ရှိနေတာတောင် ခပ်တည်တည်နဲ့ ဆေးလိပ်တွေပဲ အမ်းနေပါတယ်။ ဆေးလိပ်အမ်းတယ်ဆိုတော့ ဖောက်သည်တွေအတွက် ဆေးလိပ်ပိုသောက်ဖြစ်သွားစေနိုင်တာပေါ့နော်။ မကောင်းတဲ့အကျင့်ပါပဲ။

အထူးသဖြင့် ယူနီစန်လက်ဘက်ရည်ဆိုင်ကတော့ အတော်ကို ဈေးကွက်အမြင်ရှိတယ်လို့ ဆိုရမယ်ထင်ပါတယ်။ အကြွေအနှုတ်ရှိတာတောင် ဆေးလိပ်တို့၊ သူတို့ဆီကုထုတ်တဲ့ သောက်လို့မကောင်းတဲ့ နန်းဝေ နို့မှုန့်ထုတ်တို့ ခပ်တည်တည်နဲ့ အမ်းလေ့ရှိပါတယ်။ ကိုယ့်ရှေ့မှာတင် တစ်ခြားတစ်ယောက်က ရာတန်ပေးပြီး ပိုက်ဆံရှင်းသွားတာ မြင်လိုက်ရတဲ့ကြားက အနှုတ်မရှိဘူးဆိုပီး ဇွတ်ကိုပဲ နို့မှုန့်ထုတ်တို့၊ ဆေးလိပ်တို့အမ်းတာ ယူနီစန်လက်ဘက်ရည်ဆိုင်ရဲ့ အကျင့်ဖြစ်နေပါပီ။ သက်ဆိုင်ရာက အကြွေအနှုတ်တွေ လဲပေးနေတဲ့ကြားက စီးပွားရေးအမြင်ရှိတာကို ပြောပါတယ်။

တခြားဆိုင်အချို့က အနှုတ်အခက်အခဲရှိလို့ ဆေးလိပ်ကလေးသောက်ပါသလားမေးပြီး အမ်းပေးပါတယ်။ အဲဒီဆိုင်ကတော့ အနှုတ်ရှိတဲ့ကြားက မျက်နှာပြောင်တိုက်ပြီး လုပ်တာပါ။ ကျနော့်အဲဒီဆိုင်တွေမှာ ထိုင်နေတုံး ပြသနာဖြစ်တာကို ၄ – ၅ ခါ တွေ့နေရပါတယ်။ တခြားဆိုင်တွေက အခက်အခဲကိုပြောပြီး အဆင်ပြေအောင်လုပ်ပေးတာဆိုတော့ လာသောက်တဲ့သူတွေက ဘာမှ ပြောသံမကြားရပါဘူး။ ယူနီစန် ဆိုင်တွေမှာတော့ ကောင်တာထိုင်တဲ့သူတွေကလည်း မာဆတ်ဆတ်နဲ့မို့ ပြသနာဖြစ်ကြတာလို့ လာသောက်တဲ့သူတွေက ပြောသံလေးကြားရတော့ အမှန်တကယ်အကြွေရှားတာလား၊ လက်ဘက်ရည်ဆိုင်တွေက အကြံအဖန်လုပ်တာလား၊ ဘာမှန်းကို မသိတော့ပါဘူးဗျာ……..

ဟော… ကျနော့်ကိုလည်း ဇွတ်ကို ဆေးလိပ် အမ်းလွှတ်လိုက်ပါရောလား…. ကျနော်ကတော့ အရိုက်ခံရမှကြောက်လို့ ဘာမှ မပြောရဲခဲ့ပါဘူးဗျာ…….

About piti

ko piti has written 17 post in this Website..

I'm Myanmar. I love Myanmar. I live in Mandalay.