One day တွင် ကျွန်တော် မောင်ပေ သည် ကွမ်းလေး တမြုံ  ့မြုံ  ့နှင့် စာဖတ်နေစဉ် ရ တန်း ကျောင်းသူ တူမလေး ရောက်လာသည် ။ လက်ထဲတွင် အမ်ပီ 4 ပလေယာ လေး နှင့် ။  ကျွန်တော် တို ့ ဆွေမျိုးများထဲ  တွင် အလွန်အင်မတန် စပ်စု သည် ဟု နာမည်ကြီး သူလေး ဖြစ်သည် ။ ကလေး ဘာသာဘာဝ သိချင်စိတ် စူးစမ်းချင် စိတ် ပေပဲ ဟု လက်ခံ ထားသူ မောင်ပေ့ ကို အကပ်များသည် ။ သူကလေး သိလိုသမျှ မေးမြန်းသမျှ စပ်စုသမျှ မောင်ပေ က အမြဲ ဖြေကြားခဲ့သည် ကိုး ။ ယခုလည်း

“ ဦးဦး ”

“ ဟေ.. မီးမီးလေး….ပြောစမ်း…ဘာများ သိချင်ပြန်ပြီလဲ ” ( မီးမီးလေး ဆိုသည် မှာ ကျွန်တော် ၏ တူမလေး ကို ချစ်စနိုးနှင့် ခေါ ်သည့် နာမည် ဖြစ်ပါသည် ၊ နာမည်တူ ခဲ့ သည်များရှိလျှင် ဆောရီးပါ )

“ ဦးဦး… ၊ မီးမီး အခု သီချင်း နားထောင်နေတာလေ ၊ သိလား ။ သီချင်းထဲ မှာ G-string  ကြိုး ဆိုတဲ့ စကားလေး ပါလာတယ် ။ နောက်ပြီး ရှိသေးတယ် ။ စကင်နီ ဆိုလား  စတော်ကီ ဆိုလား ပဲ ။ အဲဒါတွေ က ဘာတွေ လဲ ဆိုတာ ဦးဦး ပြောပြပေး ”

ကျွန်တော် မောင်ပေ တစ်ယောက် ရုတ်တရက် ဆိုသလို ခေါင်းနပန်း ကြီးသွားခဲ့သည် ။ တိုက်တိုက်ဆိုင်ဆိုင် မနေ ့တုန်းက မှ ဘော်ဒါတစ်ယောက်နဲ ့ထိုအကြောင်းအရာ များ ကို လဘက်ရည်ဆိုင် တွင် ထိုင်ပွားခဲ့သေးသည် ။ ယခု ရတန်း တက်နေသည့် တူမလေး က မေးလာသည့် အခါ သူမ သိနားလည် အောင် ဘယ်လို ပြောပြသင့်သလဲ ဆိုတာ ကို စဉ်းစားရသည် ။ မေးလာသူ က ယောက်ျားလေး ဆိုလျှင် တစ်မျိုး ။

“ ဒီလို မီးလေးရဲ  ့…G-string  ကြိုးဆိုတာ မိန်းမတွေ ဝတ်တဲ့ အတွင်းခံ တစ်မျိုးပေါ့ကွာ ”

“ ဟင်..ဦးကလဲ မီးတို ့လဲ အတွင်းခံ ဝတ်တာပဲဟာ ။ မီးတို ့ဝတ်တာ ကို ကျ အတွင်းခံ ဘောင်းဘီ လို ့ပဲ ခေါ ်တာကြီးရယ် ၊ သူ က ဘာများ ထူးနေလို ့G3 ကြိုး လို ့ခေါ ်တာလဲဟင် ”

“ အင်း..ဦး ဘယ်လို ပြောရမှာပါလိမ့် ။ ဒီလိုကွာ… မီးလေးရာ ၊ မီးလေး တို ့ကျောင်းမှာ ဆရာမ တွေ ၊ မီးလေး တို ့ထက်အသက်ကြီးတဲ့ ၈တန်း ၉တန်း ၁ဝ တန်း ကျောင်းသူ တွေ ရှိတယ် မလား ”

“ ဟုတ် ရှိတယ်လေ..ဘာလဲ သူတို ့က ဝတ်တာလား ”

“ အမလေး…လေး ၊ မဟုတ်သေးဘူးလေ ၊ ဦး စကား မဆုံးသေးဘူး ၊ သူတို ့တွေ က မီးလေး မေးတဲ့ G3 ကြိုး ကို မဝတ်ကြဘူး ”

“ ဟင်.. ဒါဆို ဘယ်သူ တွေ ဝတ် တာလဲ ”

“ ဒီလိုကွာ … မီးလေး ဗမာ ဗီဒီယို ရုပ်ရှင်တွေ ကြည့်တယ် မလား ၊ တစ်ချို  ့ဇါတ်ကားတွေ ထဲ မှာ မကောင်းတဲ့ မိန်းမ တို ့၊ ညဉ့်ငှက် တို ့ ၊ ကြေးစား မ တို ့ဆိုတဲ့ စကားအသုံးအနှုံး တွေ ပါတာ ကို မီးလေး ကြားဖူး တွေ ့ဖူးတယ် မလား ”

“ အင်း..တွေ ့ဖူးတယ်လေ ၊ ဟိုကားတစ်ကား ထဲ မှာ ဆိုရင် အဲဒီ ကြေးစားလုပ်တဲ့ မိန်းမ က  မင်းသား ကို ဇွတ်ဖက်ထားတာ ၊ အပေါ ်က ဘော်လီအင်းကျီပဲ ပါတာလေ ၊ မီးလေး တောင် မေမေ့ ကို အဲဒါ ဘာလဲ လို ့မေးတော့ ခေါင်းခေါက် ခံ ရသေးတယ် ”

“ အေး….ဟုတ်တယ် ၊ သူတို ့တွေ က ဝတ် တတ်တယ် ။ G-string  ကြိုး ဆိုတာ အရှက်လုံတယ် ဆိုရုံလေး မပေါ ့်တပေါ ် လေး  ဆိုတာ မျိုး  ။ အဲဒီလို ပဲ မှတ်ထားလိုက်တော့ ”

“ ဒါဆို ရင် ဟို စကင်နီ ဆိုလား စတော်ကီ ဆိုလား   ၊   အဲဒါ ကရော ဘာအဓိပ္ပါယ် လဲ ပြောပြ ”

“ အဲဒါ က ကွာ ။ မှားနေတာ ။ အမှန် က စတော်ကင်း

stocking ( noun ) one of a pair of close-fitting coverings for the legs and feet, reaching to or above the knee . Most women prefer tights to stockings nowadays . တဲ့ ..။

စတော်ကင်း ဆိုတာ ဝတ်လိုက်ရင် ဒူးလောက်ထိ ဖုံးတဲ့ အသားကပ် ခြေအိတ် တစ်မျိုး ပေါ့ ။ အခုခေတ် မှာ တချို  ့မိန်းမ တွေ ဆိုရင် ပေါင်ထိ ရှည်တဲ့ ဖုံးတဲ့ စတော်ကင်း တွေ ကို ဝတ်နေပြီ တဲ့ ။ စတော်ကင်း ကို အတိအကျ မသိပဲ နားစွန်နားဖျား ကြားတာ ကို လိုက်ခေါ ်တော့ စကန်နီ တို ့စတော်ကီ တို ့ ဖြစ်လာတာပေါ့ ”

“ သူ က ရော ဘယ်သူ တွေ ဝတ်ကြတာလဲ ဦးဦး ၊  ဦးဦး စောန က ပြောတဲ့ သူတွေ ပဲလား ”

“ ဒီ စတော်ကင်း တွေ ကြ တော့ အခုခေတ် မိန်းကလေး တိုင်းလိုလို ဝတ်နေကြတယ် မီးလေး ရဲ  ့၊ မီးလေး တို ့ကျောင်းကပွဲ တွေ မှာ ကောင်မလေး တွေ ဝတ်တာ မြင်ဖူးမှာပါ ။ အမှန်က ဒီဟာ ဝတ်တာက အနောက်နိုင်ငံ တွေ က စ ဝတ်ကြတာ ။ ဦးတို ့ဆီ ကို ရောက်လာတာပေါ့ကွယ် ။ အခု ဆို ရင် မီးလေး လဲ တစ်ခါတစ်လေ လမ်းမှာ  မြင်ဖူးမှာပါ ။ စတော်ကင်း အမဲကြီး တွေ ဝတ်ထားတဲ့ သူတွေ ကို ”

“ အင်း..စတော်ကင်းလို ့ခေါ ်တယ်ဆိုတာ အခုမှ သိတယ် ။ မီးလေး မြင်ဖူးတယ် ၊ ဟိုတစ်ခါ အမေ နဲ ့ ဘလေဇွန် ( blazon ) ကို လိုက်သွားတုန်းက ၊ မမ တွေ ဝတ်ထားတာ ”

“ အင်း…စတော်ကင်း ဆိုတဲ့ ခြေအိတ် ကို ဝတ်လိုက်ရင် ခြေထောက်၊ခြေသလုံး တွေ ကို မမြင်ရတော့ဘူးလေ ၊ အသားကပ် ဆိုတော့ က ။ ခြေသလုံး တို ့ခြေထောက် တို ့မှာ ဝဲတို ့ပွေးတို ့ ၊  အနာရွတ် (ခ) အမာရွတ် ဆိုးဆိုးကြီးတွေ ဝတ်တဲ့ အမျိုးသမီးတွေ ဝတ်ကြ လိမ့်မယ် လို ့ဦးတော့ ထင်တာပဲ  ”

“ ဒါဆို မီးလေး ခြေထောက် က ဘာအမာရွတ် မှ မရှိဘူး ဆိုတော့ မီးလေး ဝတ်စရာ မလိုဘူးပေါ့နော် ဦး ” ဟု ဆိုကာ သူမ ခြေထောက်နှင့် ခြေသလုံး လေး များ ကို ပြလာသဖြင့် ။

“ အေးပေါ့ကွယ် ၊ မီးလေး လို ခြေထောက်လှလှလေး ရှိတဲ့ သူတွေ အတွက်တော့ အဲဒါတွေ ဘယ်လို မလဲ …။ မီးလေး ခြေထောက် ကို အနာရွတ် တွေ မဖြစ်စေချင်ရင် လမ်းသွားရင် ဖြေးဖြေးချင်းသွား….ခလုတ် မတိုက်မိအောင် ဂရုစိုက်သွားနော် ။ မလဲစေနဲ  ့၊ လဲ ခဲ့ ရင်လည်း ဖြစ်တဲ့ အနာ ကို ချက်ချင်း ဆေးလိမ်း ရမယ် ။ ခြေထောက် ကို ရေချိုးတိုင်း ချေး(ဂျီး) တွန်း ရမယ် ။ ဟုတ်ပြီလား ”

“ ဟုတ်ကဲ့ပါ… ဦးရဲ  ့..။ ဦးပြောတာတွေ ကို မီးလေး သေချာ မှတ်ထားပါ့မယ် ။ နားထောင်ပါ့မယ် လို ့မီးလေး ကတိပေးပါတယ် ”

“ အေးကွာ….. ဦး တူမလေး က လိမ္မာလိုက်တာ ။ ဒါကြောင့် မို ့လည်း ဦး က အရမ်းချစ်နေရတာ ။ ရော ့မုန် ့ဖိုး ယူသွား ၊ J-cup ဝယ်စား ဟုတ်ပြီလား ”

“ ဟုတ်ကဲ့…သွားတော့မယ်နော် ၊ ဦးဦး ။ တာ့တာ ”  ဟု ဆိုကာ  ကျွန်တော့်ကို ပြုံးပြ ပြီး ပျော်ပျော်ရွှင်ရွှင် နှင့် ပြန်သွားသော တူမလေး အား  ၊ နောက်ထပ် သူလေး မေးလာဦးမည့် ခေတ်ပေါ ်စကား လုံး များ ကို တင်ကြို လေ့လာ ထားရန် ကျွန်တော် လည်း ဆုံးဖြတ်လိုက်ရပါသည် ။

( ကိုယ်တိုင် စဉ်းစား ရေးသားထားသော own creation ဖြစ်သည် ဟု ဝန်ခံ ပါသည် ။ အကယ်၍ ယခု ကျွန်တော် ရေးသော အကြောင်းအရာ နှင့် ပတ်သက်၍  ၊ ဂေဇက်ထဲ တွင် တင်ထားပြီး ပို ့စ် ရှိသည် ဆိုခဲ့ပါလျှင် ကျွန်တော့် ၏ စာဖတ်အားနည်း မှု ကို သာ ပြစ်တင်ပါရန် )

—————————အားလုံးကို ကျေးဇူးတင်ပါသည်———————————-

About မောင် ပေ

မောင် ပေ has written 396 post in this Website..