စာပေဟောပြောပွဲတစ်ခုမှာ စာရေးဆရာတစ်ဦး(အမည်မမှတ်မိပါ)ပြောသွားတာလေး သတိရလို့
ပြောချင်တာတွေ အမှန်အတိုင်းပြောပါတော့မယ် (မရိုက်ကြပါနဲ့နော် :D )
ဂျပန်ကလေးတစ်ယောက်က အင်္ဂလိပ်တစ်ယောက်ကို ပါးရိုက်လိုက်လို့ တရားရုံးမှာဖြေရှင်းရပါသတဲ့
တရားရုံးမှာ အကြောင်းအရင်းမေးတော့ ကလေးကဘာပြန်ပြောလဲ….“ကျွန်တော့ကိုကြည့်ပြီး ဟောဒီအင်္ဂလိပ်ကြီးက မင်းရုပ်က ငါတို့အင်္ဂလိပ်လူမျိုးနဲ့

တူတယ်ကွ လို့ပြောပါတယ်၊ ဒါနဲ့ ကျွန်တော်လည်း ဒါကျွန်တော့်မိဘတွေကို စော်ကားတာပဲဆိုပြီး ပါးရိုက်ခဲ့တာပါတဲ့”။ အဲလို နားထောင်လိုက်ရပါတယ်…။
စာရေးဆရာကလည်းထပ်ပြောပါတယ်..။ ကျွန်တော်တို့မှာရော…အဲလိုမဟုတ်ဘူးတဲ့။
အဲဒီမှာ ကျွန်မထပ်တွေးမိပါတယ်။ ကျွန်မတို့မြန်မာနိုင်ငံကလူတွေဟာ(လူတိုင်းနီးပါးဖြစ်ကုန်ကြပြီ) တော်တော်ကို မျိုးချစ်စိတ်နည်းပါးကြတာပဲ
ဟိုနိုင်ငံကြည့်ဟိုနိုင်ငံကိုအားကျ အတုခိုး၊ ဒီနိုင်ငံကိုကြည့်ဒီနိုင်ငံကိုသဘောကျ။ ကောင်းတာတွေအတုခိုးပါလား၊ စည်းကမ်းရှိတာတွေ အားကျပါလား
ခုတော့ ဘယ့်နှယ်…လောလောဆယ် ခေတ်အထဆုံးဖြစ်နေတဲ့ ကိုရီးယားအားကျတယ်။ ဇာတ်ကားတွေကြည့်ပြီးတော့။ မင်းသားလေးကချောလိုက်တာဟဲ့။
မင်းသမီးလေးဆံပင်ပုံကလှလိုက်တာ၊ ဒီတိုင်းငါလည်း လိုက်ညှပ်ဦးမယ်။ ဇာတ်ကားတစ်ကားပြီးသွားရင် မင်းသားမင်းသမီး ဖက်ရှင်တွေကျန်နေခဲ့တယ်။
ဆိုင်တွေမှာလည်း အဲဒီဖက်ရှင်ပစ္စည်းတွေ ရောက်ကုန်တယ်၊ ဘယ်မင်းသမီးလွယ်တဲ့အိတ်၊ ဘယ်မင်းသားဝတ်တဲ့ ကုတ်အင်္ကျီပုံ စသည်ဖြင့်ပေါ့လေ။
ဒီထဲ ကိုရီးယားသရုပ်ဆောင် ရုပ်တူပြိုင်ပွဲပေါ်လာလိုက်သေးတယ်။
ကိုယ့်ကိုများ ကိုရီးယားမင်းသား မင်းသမီးနဲ့တူတယ်လို့အပြောခံလိုက်ရရင် သဘောတွေကျလို့ (ကိုရီးယားမှမဟုတ်ပါဘူး၊ ဘိုချောချောတယ်တော့…သန့်နေတာပဲ ဆိုတာကလည်းရှိသေးတယ်)
ကိုယ်တိုင်လည်း အပြောခံရဖူးပါတယ်…ကိုရီးယားမင်းသမီး ဘယ်သူနဲ့တူတယ် ဘာညာပေါ့…တစ်ယောက်ပြောရင်တစ်မျိုးထွက်တယ်..တကယ်။
(စိတ်ထဲရှိလို့ပဲပြောပြော ဘာဖြစ်ဖြစ်)ပျော်တာပေါ့..ပျော်လွန်းလို့ သွားကိုဖြီးလို့..ကိုယ့်ချောတယ်လို့ပြောတာပဲမလား(ကိုရီးယားမင်းသမီးတွေက

ချောကြလှကြတာကိုး)
ဒါပေမယ့် အဲဒီက ဂျပန်လေးအကြောင်းနားထောင်လိုက်ရတော့ ကိုယ့်ကိုကိုယ်ရှက်သွားတယ်
နက်နက်နဲနဲတွေးလိုက်တော့ ငါဟာဗမာလူမျိုး ငါ့ရုပ်ဟာ ဗမာရုပ်ပဲဖြစ်ရမှာပေါ့ (တချို့ လူဝင်စားတွေတော့ ရှိမှာပေါ့လေ)
ဒါကိုငါက ဘာလို့ကိုရီးယားနဲ့တူချင်ရတာလဲ၊ ဘာလို့ဂျပန်မလေးလို ချောချင်ရတာလဲ၊ အင်္ဂလိပ်မတွေရဲ့ ရုပ်ရည်မျက်နှာပေါက် လိုချင်နေရတာလဲ
ကျွန်မရုပ်ကိုတောဆန်တယ်လို့ ပြောတဲ့လူလည်းရှိတယ်(ဘယ်လိုတောဆန်တာလဲဆိုတော့ အညာသူရုပ်မို့လို့တဲ့၊ ဗမာရုပ်တော်တော်ပေါက်တယ်တဲ့)
အလို…..အဖေဗမာ အမေဗမာ၊ ဗမာစစ်စစ်ကြီးတွေမွေးတာ ဗမာရုပ်ပဲပေါ့၊ ဗမာရုပ်ကတောဆန်တယ်ဆိုတော့ တို့မြန်မာနိုင်ငံက ဗမာလူမျိုးတွေရော၊

တိုင်းရင်းသားတွေရော တောရုပ်တွေပေါ့ (တောမဆန်အောင် ဘိုရုပ်ပဲပေါက်ရမလို)
ထားပါတော့….။
နိုင်ငံခြားကားတွေကြည့်ပါ…အဲဒီမှာ သူတို့ရဲ့ လူနေမှုပတ်ဝန်းကျင်ဟာ ဘယ်လိုလဲ…ဆင်းရဲသူဖြစ်ဖြစ် ချမ်းသာသူဖြစ်ဖြစ်ဘယ်လိုစည်းကမ်းရှိလဲ
လမ်းတွေအိမ်တွေကိုကြည့်ပါ၊ ဆက်သွယ်ရေးတွေလေ့လာကြည့်ပါ… အဲဒီအခြေခံလေးတွေပဲကြည့်ပါဦး..အပင်ပန်းခံလေ့လာစရာမလိုပါဘူး၊

ဇာတ်ကားကြည့်ရင်းဖြစ်ပါတယ်
ခုရေပန်းစားနေတဲ့ အချစ်တိုက်ပွဲ (City Hunter)ဆိုတဲ့ကိုရီးယားဇာတ်ကား။ ဒီဇာတ်ကားကြည့်ရတာ တန်တယ်။
မင်းသားချောလို့မဟုတ်ပါ၊ မင်းသားချောတာလိုက်ကြည့်နေရင် အချိန်ကုန်ငွေကုန်ပြီး ဘာမှကျန်မှာမဟုတ်ဘူး။
ဇာတ်ကားက နိုင်ငံရေးကားပါ။ အစိုးရအဖွဲ့ရဲ့ မြှပ်ကွက်တွေ၊ အချင်းချင်းမသမာမှုတွေ၊ လာဘ်စားမှု၊ အလွဲသုံးစားမှု အစုံပါပါတယ်။
ပြည်သူလူထုနဲ့ အစိုးရကြားမှာ လွတ်နေတာတွေအများကြီးရှိတယ်ဆိုတာ ဒီဇာတ်ကားကြည့်ရင် သိနိုင်ပါတယ်
ကျွန်မတို့ဆီမှာရော….ဒီလိုဇာတ်ကားမျိုးရိုက်နိုင်ပါ့မလား၊ ရိုက်ခွင့်ရှိမလား၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံလို့ ကြွေးကြော်ထားတော့

ဒီမိုကရေစီပီသစွာ ခွင့်ပြုနိုင်ကြောင်း မျှော်လင့်မိပါတယ်(ဒီမိုကရေစီရဲ့အဓိပ္ပါယ်ကို နားလည်လွန်းလို့ပြောတာတော့မဟုတ်ပါ)၊

ရိုက်နိုင်တဲ့အရည်အချင်းရှိတဲ့အနုပညာရှင်တွေလည်း လိုအပ်ပါတယ်။
ဒီCity Hunterဇာတ်ကားမှာ တရားရေးအရများစွာ လုပ်ပိုင်ခွင့်တွေရှိတာ တော်တော်သဘောကျမိပါတယ်
ကျွန်မအတွေ့အကြုံနုပါတယ်၊ အသက်ကလည်းငယ်တော့ ရှေ့မှီနောက်မှီလည်းမဟုတ်ပါဘူး၊ နိုင်ငံရေးကိုလည်း နားလည်လွန်းလို့ပြောတာမဟုတ်ပါဘူး၊
သူများနိုင်ငံမှ ကောင်းကွက်လေးတွေ၊ ဆိုးကွက်လေးတွေကို ရုပ်ရှင်ဇာတ်ကားတွေကနေ လေ့လာနိုင်လို့ လေ့လာမိသလောက်ပြောချင်းပဲဖြစ်ပါတယ်
ပြီးတော့ မြန်မာလူမျိုးဖြစ်ရတာ ဂုဏ်ငယ်စရာမဟုတ်ဘူးလို့ပြောချင်ပါတယ်
ကိုယ်ပိုင်“စာ”ရှိပါတယ်၊ ကိုယ်ပိုင်ဗျည်းနဲ့ သဒ္ဒါနဲ့ပါ၊ ကိုယ်ပိုင်“ဂီတ” ကိုယ်ပိုင်“ယဉ်ကျေးမှု”နဲ့ပါ။ ဒါဂုဏ်ယူစရာပါ။
အဲဒါကိုနိမ့်ကျစရာရယ်လို့ တွေးနေပြီး တခြားနိုင်ငံကဟာတွေအားကျပြီး မလိုတာတွေလိုက်အတုခိုးလို့ကတော့ ရှက်စရာကောင်းလှပါတယ်
မြန်မာလူမျိုးဟာ မြန်မာလူမျိုးရယ်လို့ လက်မထောင်လိုက်ပါ (လက်မထောင်နိုင်လောက်တဲ့ လုပ်ရပ်တွေလည်းလုပ်ပါ)
တချို့ဆို ကိုယ့်နိုင်ငံကလူထက် တိုင်းတပါးသားကို ပိုရိုသေချင်နေတာကလား
ဒီလိုသာဆိုရင်တော့ ဗိုလ်ချုပ်ပြောခဲ့လို  -ာနိုင်ငံဖြစ်တော့မှာပဲလို့ တွေးမိရင်း…ရင်လေးမိပါတယ်

 

About panpan

chit has written 61 post in this Website..