တစ်ခါတုန်းက ရေးမြို့  မွန်ရွာငယ်လေးတစ်၇ွာမှာ သူကြီးတစ်ယောက်ရှိပါတယ်။သူကြီးမှာ အ၇ွယ်ရောက်သမီးပျိုတစ်ယောက်လဲ၇ှိပါတယ်။
သမီးက ရုပ်ကလေးကလှ ရွာကွမ်းတောင်ကိုင် လဲဖြစ်တော့ ရွာထဲက ကာလသားတွေက လည်း သူကြီးသမီးကို ရဖို့ သူကြီးကို ဖားတဲ့သူကဖား။
ရာသီထွက်သီးနှံတွေကို ပိုးကြေးပန်းကြေးလာပေးနဲ့ ဆိုတော့ သူကြီးမှာ သမီးချောအတွက် ဂုဏ်ယူနေတာပေါ့။  သားမက်ကောင်း လေး ရဖို့ 
သမီးကို ဘယ် လို လူမျိုးနဲ့ ပေးစားရင်ကောင်းမလဲလို့  သူကြီးမှာ သေချာစဉ်းစားခန်းဝင်နေပါတယ်။ သူကြီးက နဂိုကတည်းက ချမ်းသာပြီးသားဆိုတော့
လူပေါ့ကြော့လက်ကြောမတင်းတဲ့ သူဌေးသား နဲ့ ပေးစားရင် မလုပ်တတ် မကိုင်တတ်နဲ့ ငါ့ ရှိတဲ့ စည်းစိမ်ပါ ပြောင်လိမ့်မယ်။ ရိုးရိုးသားသား နဲ့ ကြိုးစားတဲ့
ပညာမတတ် ငတုံး နဲ့ ပေးစားရင်လည်း ဦးနှောက်မ၇ှိ တော့ သူများလိမ်တာ ခံ၇ပြီး မွဲဦးမယ်။ဒါ့ကြောင့် အတွေးအခေါ် ကောင်းတဲ့ ဗဟုသုတ ၇ှိတဲ့ စာတတ်ပေတတ် တဲ့သူနဲ့ ပေးစားရင်တော့ ငါ့စည်းစိမ်တွေ တိုးတက်ကြီးပွါး အောင် ဦးနှောက်သုံးပြီး လုပ်တော့ ကြီးပွါး နိုင်တယ် လို့ စဉ်းစားမိပြီး
ရွာထဲက စာတတ် ပေတတ် ပြီး အတွေးအခေါ်ကောင်းတဲ့ မြို့ ကျောင်းတတ်ဖူးတဲ့ လူငယ်တစ်ယောက် နဲ့ သမီးဖြစ်တဲ့သူနဲ့ ပေးစားလိုက်ပါတယ်။
သမီးဖြစ်တဲ့သူနဲ့ ပေးစား ပြီးတဲ့ နောက် သားမက် ကို သူကြီးအိမ်မှာပဲ ပေးနေပါတယ်။စီးပွါးရေးကို စာတတ်ပေတတ်တဲ့ သားမက်နဲ့ ပေါင်းပြီး ကြီးပွါးအောင် လုပ်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပေါ့။ဒါပေမယ့် သားမက်က သူကြီးအိမ်ရောက်တာ တစ်ပတ်လောက်ကြာပေမယ့် စီးပွါးရေးလုပ်ဖို့ တစ်ခွန်းမှ မမေးပါဘူး။
အိမ်အလုပ်လဲ ဘာမှ ၀ိုင်းကူပြီးမလုပ်ဘူး။ထမင်းစားသောက်ပြီးရင် အိမ်ရှေ့ ခန်းမှာ သေချာတင်ပလ္လင်ခွေ ထိုင် သူ့ လက်နဲ့ မေးစေ့ အောက်က မုတ်ဆိတ်မွေး ရေးရေး ကိုလက်နဲ ပွတ်ပြီး တစ်ခုခုကိုခေါင်းတညိတ်ညိတ် နဲ့ တွေးနေတာ ကို သူကြီးကတော် က မိန်းမပီပီ လက်ကြောမတင်းတဲ့ သားမက်ကို တော်တော်လေးအမြင်ကတ်လာတာနဲ့ …
.“ရှင်ပြောတော့ ရှင်သားမက်ကောင်းလေး ရထားတယ်ဆို စာတတ်ပေတတ် အတွေးအခေါ် ကောင်းတဲ့ သားမက်ဆို အခုတော့ ဘာအလုပ်မှ လုပ်တာလဲမတွေ့ ပါလားတော့”
သူကြီးက..“ဟ..ရှင်မရ..အဲ့ဒါ ခေါင်းသုံးနေတာကွ ဦးနှောက်ရှိတဲ့သူတွေဟာ သူများလို ပင်ပင်ပန်းပန်းလုပ်စရာမလိုဘူး။ မင်းမကြားဖူးဘူးလား အကြံကောင်းတစ်ချက် ကံကောင်းရင် တစ်သက်တဲ့ ငါ့သားမက် အလကားထိုင်နေတာမဟုတ်ဘူး စီးပွါးရေးလုပ်ဖို့ တစ်ခုခုကို လေးလေးနက်နက် စဉ်းစားနေတာကွ”
သူကြီးကတော်လဲ…ဘုမသိ ဘမသိ နဲ့ “သြော်..အဲ့ဒီလိုလား…”
“အေး မင်းတို့ မိန်းမတွေများ ပစိပစပ်နဲ့ ပွစိပွစိ ပြဿနာရှာဖို့ ဆို တော်တော် တတ်တယ်”
သူကြီးမှာ သူရွေးထားတဲ့ စာတတ်ပေတတ် သားမက်ကောင်းလေး ကြားသွားရင် စိတ်မကောင်းဖြစ်မှာစိုးလို့  သားမက်ဘက်က ရှေ့ နေအပြည့် လိုက်ပေးနေတာပေါ့။
အဲ့ဒီလို နဲ့ လနဲ့ ချီကြာလာတော့ သားမက်က အခုထိ စီးပွါးရေးလုပ်ဖို့ သူကြီးကို ဘာမှမတိုင်ပင်သေးတော့ သူကြီးမှာနေမထိထိုင်မထိ ဖြစ်လာပါတယ်။
သားမက်ကို စပြောရင်လည်း ကိုယ်က မြို့ ကျောင်းတောင်တတ်ဖူးတာမဟုတ်ဘူး။စာတတ်ပေတတ်တဲ့ သားမက်ကို ဆရာ လုပ်တယ်လို့ ထင်သွားမှာလည်း ကြောက်ရသေး။
သူကြီးကတော်က လည်း မိန်းမပီပီ အခုထိ ရေခပ် ထင်းခွဲ ဖို့ တောင် အားမကိုးရတဲ့ သားမက်ကို စားသောက်ပြီးတိုင်း တင်ပလ္လင်ချိတ်ပြီး မေးလေးပွတ် နေတဲ့ပုံစံမြင်တိုင်း မျက်စောင်းတထိုးထိုးဖြစ်လာပါပြီ။
အဲ့ဒါနဲ့ သူကြီးကလည်း မတတ်သာတဲ့ အဆုံး တင်ပလ္လင်ခွေ ထိုင်နေတဲ့ သားမက်နားကို သွားပြီး..
စီးပွါးရေးလုပ်ဖို့ စဉ်းစားမရဖြစ်နေတာလား။အဖေက မင်းလို မြို့ ကျောင်းမတတ်ဖူးပေမယ့် အတွေ့ အကြုံတော့ နည်းနည်းပါးပါးရှိပါတယ်။
ဘယ်လိုအခက်အခဲ ၇ှိနေလဲဆိုတာ အဖေ့ ကို ပြောလေ။အဖေလဲ တတ်သလောက် မှတ်သလောက်လေး အ ကြံညဏ်ပေးပါ့မယ်ကွ၊”
အဲဒါနဲ့ သားမက်က သူ့ လက်နဲ့ မေးစေ့ကိုပွတ်ပြီး သူကြီးကို ပြန်ပြောလိုက်တာက…
“သြော်…ဒီလို အဖေရ..ကျွန်တော်စဉ်းစားနေတာက..ဟော့ဒီ မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေး ဟာ ဆံပင်ရဲ့  ရေသောက်မြစ် ဟုတ်မဟုတ် ဆိုတာကို သေချာအောင် အဖြေထုတ်နေတာပါ”
“ ဟေ….မင်း လနဲ့ ချီပြီး ထိုင်စဉ်းစားနေတာ စီးပွါးရေးအကြောင်းမဟုတ်ဘူးလား..”
“မဟုတ်ဘူး အဖေ….မုတ်ဆိတ်မွေးနဲ့ နှုတ်ခမ်းမွေးဟာ ဆံပင်ရဲ့ ရေသောက်မြစ် ဖြစ်နိုင်မဖြစ်နိုင်ဆိုတာကို အဖြေထုတ်နေတာပါ”
သူကြီးမှာလည်း အတွေးအခေါ်ကောင်းတဲ့ စာတတ်ပေတတ် သားမက်ကောင်းလေးရဲ့ မေးခွန်း ကိုကြားပြီး ဘာပြန်ဖြေရမှန်းတောင် မသိတော့ပါဘူးတဲ့..
ကဲ သူငယ်ချင်းတို့ တွေထဲမှာလည်း  ဘယ်သူများ သူကြီးရဲ့ သားမက်လို စာတတ် ပေတတ်ပြီး ဗဟုသုတ နဲ့ ပြည့်စုံပါသလဲ..သိရင် သူကြီးကို  ရေသောက်မြစ် ဟုတ်မဟုတ် ၀ိုင်းဖြေပေးလိုက်ကြပါဦး။
ချမ်းချမ်းကတော့..ရွာသူ တုံးတုံးအအ လေးမို့ သိလဲသိဘူး ဖြေလဲဖြေတတ်ဘူးတော့…..
ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ ရေး မြို့  က ဦးပဇင်းတစ်ပါးပြောပြတဲ့ဟာသလေးပါ။ချမ်းချမ်းတို့ မွန်ပြည်နယ် ၁၀ မြို့ နယ်က လူတွေအားလုံး ဟာ ဆယ်တန်းအောင်ပြီးရင် မော်လမြိုင်တက္ကကိုလ်  မှာကျောင်းလာတတ်ရပါတယ်။အရင်တုန်းကဆို မော်လမြိုင်နဲ့ အရမ်းဝေးပြီး အရမ်းတော ကျတဲ့ မွန်ရွာငယ်လေးတွေမှာ မြို့ ကျောင်းတတ်နိုင်တဲ့ သူတွေ တော်တော်၇ှားတော့ တက္ကသိုလ်ကျောင်းသားမြို့ ကျောင်း တက် ဆိုရင် တော်တော်အထင်ကြီးကြတယ်။အခုတော့..မြို့ ကျောင်းတတ်သားမက် ကိုရွေးမိလို့ 
သူကြီးလဲ..ဦးခေါင်း ကိုပျားတုတ် တာထက်တောင် တော်တော် ခေါင်းရှုတ်သွားပါလိမ့်မယ်။
တော်တော်လေးကို ပေါက်ကရတွေးတဲ့ သားမက်ကောင်းလေးပဲနော့…
Written…By…. ချမ်းချမ်း(ရွာသူလေး) http://www.haymonchan.blogspot.com
About ရွာသူလေးချမ်းချမ်း(ရင်တွင်းဖြစ်)
ရွာသူလေးချမ်းချမ်း ရင်တွင်းဖြစ် has written 27 post in this Website..
Only one is free