လူတိုင်းလူတိုင်းမှာ အရပ်ဒေသတွေကို ချစ်ခင်နှစ်သက်စွဲလန်း တက်မက်မှုဆိုတာရှိတတ်ကြတယ် မဟုတ်လား…
ကျမမှာလည်းအဲ့ ဒိအကျင့်လေးတွေ ရှိပါတယ်…
ကျမကအညာအရပ်ဒေကိုမြတ်နိုးတတ်တယ် ပြောရင်ရယ်ကြမလား…

ဟုတ်တယ်..ပူတာကိုမကြိုက်နှစ်သက်ပေမဲ
့အညာအရပ်က အာရုံဏ်ဦးအလှနဲ့ ညနေစောင်းနေ၀င်ချိန်လေးတွေ ကိုကျမနှစ်သက်တတ်တယ်…
အညာနဲ့ ပါတ်သတ်တဲ့ သီးချင်းတွေ လည်းကြိုက်နှစ်သက်ပါတယ်..။

ဒါကြောင့်ကျမကျင်လည်တဲ့ ningဆိုဒ်မှာ အညာဒေသချစ်သူများဆိုပြီးဖွဲ့ ထားတယ်…
သူငယ်ချင်းမိတ်ဆွေ တွေလည်းအညာရံနံတွေ လွမ်းနေတဲ့ ကျမတည်ရှိရာနေရာလေးကိုဖိတ်ခေါ်တယ်…

ကြုံရင်အညာကိုဘုရားဖူးဖို့ ခေါက်လောက်အလည်လာခဲ့ ပါ


အညာသူမဟုတ်ပါဘူး…

ဒါပေမဲ့ ရောက်ခဲ့ ဘူးတဲ့ အရပ်ဒေသလေးတွေ ချစ်မြတ်နိုးသူပါ၊

ခဏတာနေခဲ့ ဘူးသောအရပ်ဒေသရဲ့  သုတ၊ရသ၊လူနေမှုဘ၀၊ဒေသဖွံ့ ဖြိုးရေး ကို

အညာအရပ်ဒေသနေတိုင်းရင်းသားမောင်နှမများနဲ့ အတူ

ရင်းနှီးချစ်ခင်စွာတိုင်ပင်ဆွေးနွေးတိုင်ပင်ချင်ပါတယ်။
အညာပုဂံဘုရားဖူးရအောင်

ကျမနှစ်သက်တဲ့ ကဗျာလေးတစ်ပုဒ်ပါ

လွမ်းရတဲ့အညာရယ် ……..

တစ်ခါတစ်ရံမှာ
လိုချင်တဲ့အရာဖြစ်ချင်တဲ့ဆန္ဒ၊
ဆုတောင်းများပြည့်နိုင်မှာလား

ခွန်အားကိုကိုး၊
ကိုယ်တိုင်ကြိုးစား၊
ရှာလို့မရလေပြီလား

ကံကြမ္မာရယ်……
ဟိုရှေးဆုတောင်းမကောင်းခဲ့ လို့  ၊
ဘ၀ဟောင်းကအပြစ်
်ဒီဘ၀သစ်မှာ………..

ကမ္မာဝတ်ကြွေး..
မကုန်သေးသ၍၊ရင်စီးပြီးခံဘ၀ဒဏ်
ဖြစ်သမျှအကြောင်း

“ကံ”ကြောင့်ပဲလို့ ၊
“ကံ”ကိုယိုးမယ်ဖွဲ့၊
အဆိုးဖြစ်စေခဲ့တာလား!

လွမ်းရတဲ့အညာရယ်………………….

အညာပုဂံဘုရားဖူးရအောင်သီးချင်းလေးပါ

အညာဒေသကိုချစ်မြတ်နိုးတတ်တဲ့ 

ရွှေအိမ်စည်

About ရွှေအိမ်စည်

shweaeim si has written 103 post in this Website..