Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမှန်သမား အမှားတစ်ရာ။

Ma MaAugust 3, 20111min83925

ခါတိုင်းထက်စာရင် ငွေအကြွေက လွယ်လာပြီမို့ ဘတ်စကားစီးတဲ့အခါ ငွေပြန်အမ်းတာကို မစောင့်ရလေအောင်၊ မေ့ကျန်ပြီး ပါမသွားရလေအောင် ငွေအကြွေ အသစ်လေးတွေကို လမ်းသွားရင် ဆောင်ထားလိုက်ပါတယ်။ ဖြစ်ချင်တော့ ၅ဝ ကျပ် တန် ခရီးကို စီးသွားဖို့ ၁၀ဝ ကျပ်တန်ပဲ ပါလေတော့ ကားစပယ်ယာကို ၁၀ဝ တန်ပဲ ပေးလိုက်ပါတယ်။ ကားမထွက်ခင် ဂိတ်မှာ ရပ်တုန်းက စပယ်ယာရဲ့ ပိုက်ဆံအိတ်ထဲမှာလည်း ၅ဝ တန်၊ ၁၀ဝ တန် လေးတွေ တွေ့လိုက်တော့ လွယ်လွယ်ပဲ ပြန်အမ်းလိမ့်မယ်လို့ ထင်လိုက်မိပါတယ်။ ဒါပေမယ့် ဆင်းရမယ့်ဂိတ် ရောက်ကာနီးအထိ ငွေပြန်မအမ်းလို့ စပယ်ယာကို ၅ဝ ပြန်အမ်းဖို့ ပြောတော့ အကြွေမရှိသေးဘူး လို့ပြန်ပြောပါတယ်။ စောစောကတင် ပိုက်ဆံအိတ်ထဲမှာ တွေ့လိုက်တာကို ပြောလိုက်တော့ ယူဖို့ခက်လို့ အလကားပဲ စီးသွားပါ လို့ ပြောပြီး ၁၀ဝ တန် အဟောင်းတစ်ရွက် ပြန်ပေးပါတယ်။ ရှိရဲ့သားနဲ့ မရှိဘူးလုပ်ပြီး လူကို အလကားစီးချင်တဲ့လူလိုလို လုပ်လိုက်တာမို့ ဒေါသထွက်သွားတယ်။ ငါအမှန်တယ်ဆိုတဲ့ စိတ်နဲ့ “အလကားလည်း မစီးချင်ဘူး။ ငါ့ ၅ဝ လည်း အပိုမပေးနိုင်ဘူး။ ငွေအကြွေကိုတော့ သိမ်းထားပြီး မအမ်းပဲနေတာ။ မရဘူး ပြန်အမ်းပေး” ပြောလိုက်တော့ “တကယ့် အရစ်ပဲ။ ဂျပန်မူလီထက်ဆိုးတယ်” လို့ ပြောပြီး ပိုက်ဆံအိတ်ထဲက ၅ဝ တန်ကို ထုတ်အမ်းပေးပြီး ဂိတ်ရောက်တော့ လူကို တွန်းချပြီး ထွက်သွားပါတော့တယ်။ ကိုယ့်ကိုကိုယ် လွန်တယ်လို့ မထင်ပေမယ့် သူငယ်ချင်းတွေနဲ့၊ မိသားစုတွေကို ပြန်ပြောပြတော့ ” နင်ကတော့ ဖြစ်ရမယ်။ အဲလို အပြောခံရတာတောင် နည်းသေးတယ်။ ၅ဝ ထဲနဲ့ကို အလကားသက်သက်မဲ့ ရန်ဖြစ်လာရသေးလား။ ကိုယ့်ငွေအဆုံးမခံနိုင်ရင်လည်း အလကားစီးသွားလို့ ပြောတာကို စီးလာလည်း ဖြစ်သားနဲ့” တဲ့လေ။ ကိုယ့်ကိုကိုယ်တော့ အမှန်သမား ထင်နေတာ ဘေးလူတွေပြောမှပဲ ကိုယ့်မှာ အမှားတစ်ရာ လုပ်ခဲ့မိမှန်း သိပါတော့တယ်။ ဒါပေမယ့်လည်းလေ လူဆိုတာ ပြင်နိုင်ခဲတာမို့ နောင်လည်း ဒီလိုအဖြစ်အပျက်တွေနဲ့ တွေ့နေဦးမှာပါပဲ။

25 comments

  • taicun

    August 3, 2011 at 5:55 pm

    ခင်ဗျားလိုလူတွေများလာလေတိုင်းပြည်တိုးတတ်လေပါဘဲ ၊နေရာတိုင်းမှာပေါ့လေ၊ လိမ်လို ့ရမှန်းသိရင်ထပ်လိမ်မယ်၊ မရတာများလာရင်မလိမ်တော့ဘူးပေါ့ဗျာ။

  • Mee2

    August 3, 2011 at 6:28 pm

    ငွေ အကြွေ ပြဿနာက ဆက်ဆိုးလာတော့မှာ။ကပ်ရာ၊တိပ်ခွေမပါရင်တောင် အတုပြောခံနေတော့မလိုပါ။မြန်မာပြည်ကပိုက်ဆံတွေက ကမ္ဘာမှာစာတင်ရတော့မယ်။ဒဏ်ရာများနဲ ့လူ မဟုတ်ပါဘူး ပိုက်ဆံပါ

  • pyinlepyaw

    August 3, 2011 at 9:42 pm

    ဒီ နိုင်ငံကငွေ စက္ကူ က ဂင်းနစ်စ် စံချိန် ဝင်ပီးသားဖြစ်နေလောက်ပြီ

  • Grace Molley ခင်ဗျားလုပ်တာမှန်တယ်။
    ကျနော်သာဆိုလဲ ဒီလိုလုပ်မှာအမှန်ဘဲ။
    သမာအာဇီဝနဲ့ပိုက်ဆံရှာထားတဲ့လူအဖို့ကတော့
    ငါးဆယ်လဲ ငါးဆယ် တစ်ရာလဲတစ်ရာ အဖိုးတန်တယ်ဗျာ။
    ကျေနပ်လို့ပေးရင်ပေးမယ် လူပါးအဝတော့ မခံဘူး။
    အရေပါးတယ်ပြောချင်လဲပြောပေတော့။

  • unclegyi1974

    August 3, 2011 at 9:55 pm

    လူပါးဝတာမဟုတ်ပါဖူးကိုပေါက်ရဲ့
    ဖျံကျတာပါ
    ရလို့လုပ်တာရှင်းပါတယ်
    လုပ်နိုင်အောင်လည်းအခွင့်အရေးတွေကရှိခဲ့တာကိုး
    ဘတို့ငယ်တုန်းကဆိုဒါမျိုးကလုံးဝမရှိ
    စပယ်ယာကပြန်အမ်းဖို့ပိုက်ဆံကြိုတင်ရှာထားတာသူ့အလုပ်

  • Yan Shin

    August 3, 2011 at 10:04 pm

    မှားတာကို မှားတယ်လို့ပြောပြီး ကန့်ကွက်တတ်ရမယ်
    မှန်တာကို မှန်တယ်လို့ပြောပြီးလဲ ထောက်ခံရဲရမယ်

    အဲဒီအမူအကြင့်တွေ များလာဘို့ ကျွန်တော်တို့ကို်ယ်တိုင်ကျင့်ကြံဘို့လိုသလို
    သူများတွေကိုလည်း တိုက်တွန်းပေးရမယ်

  • nature

    August 4, 2011 at 12:11 am

    ငွေကို မှန်မှန်ကန်ကန် ပြန်အမ်းဖို့ ကိစ္စက စပါယ်ယာ တာဝန်ပဲ။ 50 လောက်နဲ့ အရေးမကြီး ပါဘူးဆိုတဲ့သူတွေဆီမှာ ရဖူးတော့ ရမလားလို့ လုပ်တာထင်တာပဲ။

  • thit min

    August 4, 2011 at 12:17 am

    It is very good habit. Character and morality are needed for building of good society. I think that the people also, who have been near that case, should make compalint to “the bus-spare”.

  • MaMa

    August 4, 2011 at 7:02 am

    ဝိုင်းဝန်းအားပေးကြတာ ကျေးဇူးတင် ဝမ်းသာပါတယ်။ မဟုတ်ရင် ကိုယ့်ကိုကိုယ် ပြဿနာ ရှာတတ်တဲ့လူလို အထင်ခံရပြီး စိတ်အားငယ်နေရတာ။ 🙁

  • Foreign Resident

    August 4, 2011 at 7:02 am

    ” ၅ဝ ထဲနဲ့ကို အလကားသက်သက်မဲ့ ရန်ဖြစ်လာရသေးလား ”
    This is not only the matter of 50 Kyats but fairness.

    Those စပယ်ယာ used to steal 50 Kyats each from the passengers,
    He loves this taste & it becomes habitual.

    Bravo Ma Ma !!! You do the right thing.

  • kai

    August 4, 2011 at 8:06 am

    နောက်ဆို..ကားနံပါတ်လေးပါမှတ်ပြီး.. တင်ပေးနော..။
    စပယ်ယာ ဥပဓိရုပ်ကလေးပါ…ရေးတင်ပေါ့…။
    အဲဒီလိုလူရုပ်တွေ…စပယ်ယာလုပ်နေရင်ရှောင်လို့..ပြောလို့ရအောင်ပါ…။

    အင်း..
    ကျုပ်သာဆိုရင်… ၅ဝမပေးပဲ..အလကားစီးပြီး… စပယ်ယာကို ကျေးဇူးတင်ကြောင်းပြောလိုက်ဦးမှာ…။
    ပြောဦးမှာ.. 🙂

  • MaMa

    August 4, 2011 at 9:05 am

    (နောက်ဆို..ကားနံပါတ်လေးပါမှတ်ပြီး.. တင်ပေးနော..။
    စပယ်ယာ ဥပဓိရုပ်ကလေးပါ…ရေးတင်ပေါ့…။)
    မြန်မာလူမျိုးတွေရဲ့ အားနည်းချက်လို့ပဲ ပြောရမလား။ အ ချက်လို့ပဲ ပြောရမလား။ ရန်ဖြစ်တုန်းက ဖြစ်ခဲ့ပြီး ကားနံပါတ်ကို မမှတ်လိုက်မိဘူး။ စပယ်ယာရဲ့ ဥပဓိရုပ်ကတော့ မျက်နှာက စုတ်ချွန်းချွန်း ပိန်ပိန်မဲမဲ။ (စိတ်ချဉ်ပေါက်လို့ ကြည့်ရတာ ဘယ်လိုမှ အချိုးမပြေဘူး။) 🙂

  • weiwei

    August 4, 2011 at 9:37 am

    ဘက်စ်ကားစီးရင် စိတ်တော်တော်လေးလျော့ထားနိုင်မှ တန်ကာကျတယ်နော် … နို့မို့ဆို စိတ်တိုရလွန်းလို့ နှလုံးရောဂါမြန်မြန်ရမယ် …. 🙁

  • နွယ်ပင်

    August 4, 2011 at 9:43 am

    စပယ်ယာ အများစု အကြွေစုတာ ဝါသနာပါတယ်လေ 😀
    သူတို့က ရှိရက်နဲ့ မပေးတာ မဟုတ်ပါဘူး အိမ်ကျ စုဘူးထဲ ထည့်ဖို့ပါတဲ့ 😛

  • pan pan

    August 4, 2011 at 9:52 am

    အဲလိုပဲ
    တခါကဘတ်စ်ကားပေါ်မှာ အဒေါ်ကြီးတစ်ယောက် စပယ်ယာကို ပြန်ရန်တွေ့တာလေး အမှတ်ရမိတယ်
    စပယ်ယာလည်း ဘာမှပြန်မပြောနိုင်ဘူး
    အဒေါ်ကြီးပြောတာက “နင်တို့စပယ်ယာတွေက အကြွေမရှိဘူးဆိုပြီး ပြန်မအမ်းတာတော့ ကောင်းတယ်၊
    ခရီးသည်တွေက ၅ဝလောက်ပေးတာလိုသွားရင် လုံးဝမရဘူး၊ ရန်တွေ့တယ်၊”
    ဆိုပြီး စပယ်ယာကိုပြောဆိုနေတာ.. 😀
    တချို့စပယ်ယာများဆို ဆင်းခါနီးပိုက်ဆံမအမ်းရသေးလို့တောင်းရင် မကြိုက်ချင်ဘူး

  • ကြောင်ကြီး

    August 4, 2011 at 10:20 am

    သဂျီးက မတူတဲ့အတွေးနဲ့တွေးမှ ကြိုက်တယ်ဆိုလို့ မတူအောင်တွေးလိုက်မယ်။ မယ်မင်းမမ မိုက်မိုက်မဲမဲ မောက်မောက်မာမာ မန်းမှုတ်၊ မာမူမောင်မောင် မျိုးမျိုးမြက်မြက် မြန်မြန်များများ မုန်းမိ…
    မမ = ပါစင်ဂျာ မောင်မောင် = စပါယ်ယာ

  • P zer

    August 4, 2011 at 10:44 am

    ကျမတို့က ဗိုလ်ချုပ် ကတော် ၊လူကြီး ကတော်တွေ မဟုတ်တော့ ပိုက်ဆံကို ဘယ်နေရာကမှ အလကား မရပါဘူး… ကျမသာဆို ကိုယ်ပင်ပင်ပန်းပန်းရှာထားတဲ့ ပိုက်ဆံဆို ၅ဝ မပြောနဲ့ .. ၅ကျပ်တောင် ဒီလိုမတရားလာလုပ်ရင် သီးမခံပါဘူး… MaMa ကို အပြည့်အဝ ထောက်ခံပါတယ်…

  • good

    August 4, 2011 at 11:45 am

    ၅ဝ ထဲ နဲ့ များ ပြန်တောင်းနေသေးတယ် ဆို တဲ့ လူတွေ ရော ကားစပယ်ယာ တွေ ပါ ပြော လိုက်ချင် ပါတယ်။
    ခု ကားခအနေအထားအရ ၅ဝ ကျပ် ဟာ အနည်းဆုံး ၃ မိုင် လောက် ကို လမ်းလျောက် စရာမလို ကားစီးဖို့ ခရီးပေါက်သေးတယ်။ ( အထူးကားမှ အပ )
    ဥပမာ။ ။ မြေနီကုန်း – ဆူးလေ။ ရွှေဂုံတိုင် – ဆူးလေ။ မင်္ဂလာဈေး – ဆူးလေ စသည်ဖြင့် ပေါ့ နော်။

  • စုံ စုံ

    August 4, 2011 at 11:48 am

    ဒါဆိုကျမနဲ့အန်တီမမနဲ့ကတော်တော်အကျင့်တူသွားပြီ
    ကျမလဲဘတ်စကားစီးပြီးအကြွေအမ်းစရာရှိရင်
    ကိုယ့်အာရုံကိုဘယ်မှအလွင့်မခံ့ဘူး
    စပယ်ယာရဲ့လက်ထဲမှာအာရုံကိုစုထားတယ်
    ကိုယ့်အတွက်ပြန်အမ်းလောက်တဲ့အကြွေရပြီဆိုရင်ချက်ချင်းတောင်းတယ်
    အဲ့တော့မှအကြွေပြန်ရမယ်
    မဟုတ်လို့ကတော့သကောင့်သားတွေကအမေ့ခံနေကျတာ
    ကိုယ်ပင်ပင်ပန်းပန်းနဲ့ရှာထားတဲ့ချွေးနဲစာကိုဒီလိုတော့မပေးနိုင်ဘူး

  • ဆူး

    August 4, 2011 at 12:37 pm

    စပါယ်ယာ လို စရိုက်မျိုးနဲ့ ကိုယ်နဲ့ မတူတော့ အိမ်က လူတွေက သူတို့နဲ့ ဖက်ပြိုင်ပြီး အချင်းမများစေချင်လို့ ပြောတာ ဖြစ်ပါလိမ့်မယ်။ မိသားစု ဆိုတာ အမြဲတမ်း ကိုယ့်နဲ့ တူတူ ရှိနေတော့ အရာရာ ကိုယ်နဲ့ ပတ်သတ်ရင် တခြား လူတွေ မြင်တာထက် ပိုသိပါတယ်။ မိသားစုတွေ နားပူအောင် လုပ်တာ စိတ်သက်သာအောင် တွေးလို့ ရအောင် ပြောကြည့်တာပါ။

  • Harumoto

    August 4, 2011 at 1:46 pm

    ငွေပြန်အမ်းတဲ့အကျင့်က ဗမာပြည်ကလူတွေ ပေါ့ပေါ့ တွေးကြတာ
    မကောင်းပါဘူး။အဓိက ကစပါယ်ယာ တွေပေါ့။ငွေပေးတဲ့သူဟာ ကိုယ့်ကျေးဇူးရှင်
    အဖြစ်သတ်မှတ်လို့ရပါတယ်။ဘာကြောင့်ပေးပေး ကျသင်ငွေ ကို တိတိကျကျ ယူပြီး
    ပိုငွေကို တိတိကျကျ ပြန်အမ်းရမှာပါ။ဒါမှ ကိုယ့်ကျေးဇူးရှင်ကို လေးစားတယ်ဆိုတာ
    ဖေါ်ပြရာရောက်ပါတယ်။ဂျပန်မှာဆို ၁ယန်း ၂ယန်း ကအစ ပြန်အမ်းငွေကို သေသေချာချာ
    အမ်းပေးပါတယ်။ ၁ယန်း၂ယန်းထည်းမို့ အမ်းငွေကိုစောင့်မယူတဲ့သူမျိုးဆိုရင် စိတ်ဆိုးတာ
    အရမ်းဘဲ။ရိုင်းတယ်ပေါ့။သူတို့ကို စော်ကားတယ်ပေါ့။
    အတုယူဘို့ကောင်းတဲ့ အကျင့်လေးတွေပေါ့။ဒီက စပါယ်ယာမျိုးတွေဆို ဘယ်လိုလုပ်ကြမလဲ။

    • MaMa

      August 5, 2011 at 9:28 am

      နိုင်ငံကြီးသားပီသတယ်ဆိုတာ အဲလို စိတ်ဓာတ်မျိုးကို ပြောတာ။ တိုးတက်ဖို့အတွက် အဲလို စိတ်ဓာတ်မျိုးတွေ လူတိုင်းရှိလာအောင် အရင်ဆုံး လုပ်သင့်တယ်။

  • nature

    August 4, 2011 at 5:45 pm

    Harumoto ရေ၊ အတုယူမယူတော့မသိဘူး ။ ဒီအသံကြားရင် ဒီက စပယ်ယာတွေ ဂျပန်သွားချင်တာ တပိုင်းသေနေလိမ့်မယ်။ သူတို့ကိုဒီလိုနည်းနဲ့ စော်ကားရင် သူတို့က ကျေးဇူးတင်နေလိမ့်မယ်။

  • etone

    August 5, 2011 at 11:00 am

    MaMa ရေ အဲ့ဒါမျိုး ကြုံခဲ့ဖူးပါတယ် … လက်ရှိမှာ ရှိတုန်းကတော့ မအမ်းပဲ …ဆင်းခါနီးတောင်းတော့မှ မရှိဘူးလုပ်ရော … ။ သူကျတော့ … အလကားစီးသွားလို့မပြောတဲ့အပြင် အမ်းရမဲ့ ပိုက်ဆံပါလှူခိုင်းနေပြန်တယ် .. တကယ့်ကို ဓါတ်ဆီပဲ … 🙄 ကိုယ်ကလည်း စိတ်ဆတ်တဲ့လူမို့လို့ …. ဒါသက်သက်လူလည်ကျတာတွေးမိပြီး … ကိုယ့်ပိုက်ဆံမရမချင်း မဆင်းဘူး (ခိုးဝှက်လုယှက်လို့ ရတဲ့ ပိုက်ဆံမဟုတ်ပဲ လုပ်အားခနဲ့ရတာမို့ … ကပ်စေးမနည်းတတ်ပေမဲ့ … တခါတလေ ခပ်ကြောင်ကြောင်တွေးပြီး … တပြားနှစ်ပြားလည်း မပေးချင်ဘူးလေ… ) … လမ်းလည်ခေါင်မှာ ပိတ်ကိုရပ်နေတာ .. တက်ရမဲ့လူတွေလည်း မတတ်ရ .. ဆင်းရမဲ့လူလည်း ဆင်းမရအောင် လုပ်တော့ စပယ်ယာ စိတ်ပျက်သွားတယ် … ။ ဒါနဲ့ ကိုယ်ပေးတဲ့ အတန်အတိုင်း လက်ထဲပြန်ထည့်ပေးတော့မှ … အေးအေးလူလူ ဆင်းလာလိုက်တယ် … ။ (ရှက်တော့ရှက်တာပေါ့ .. ဒါပေမဲ့လည်း … ရှက်ပြီး လူလည်ကျတာ ခံလာရလျှင် .. ကိုယ့်ကိုယ်ကို ဒေါသထွက်လို့ ဆုံးမှာ မဟုတ်ဘူး … ဒါကြောင့် စိတ်ထဲရှိတဲ့အတိုင်း လုပ်မိလိုက်တယ် 😛 )

  • အလင်းဆက်

    August 28, 2013 at 3:59 pm

    အန်တီမမ ရေ
    အခုမှ ဖတ်ဖြစ်တယ်
    🙂

    ဒီနိုင်ငံက ဘတ်စ်ကားစီးခြင်း ကိစ္စ က တော့
    ပြော မကုန် ပါဘူး

    လူဆင်းရဲ တယ်
    စိတ်ဓါတ်နဲ ့အတွေးအခေါ်လည်း ဆင်းရဲတယ်

    အဲဒိ ထဲ ကိုယ် မပါအောင် ကြိုးစားရင်း နဲ့ပဲ
    ကိုယ်က ထော်လော်ကန်လန့်တစ်ယောက် ဖြစ်ဖြစ်သွားတယ်။

    ========
    ကိုယ်ဖြစ်စေချင်သလိုတွေ ပဲတော့ ဘယ်ဖြစ်လာနိုင်မလဲလေ ဆိုပြီး စိတ်ကို ဖြေ နေရတာ များပြီ ။

    :kwi:

Leave a Reply