အပန်းလဲဖြေ အနုပညာလက်ရာတွေလဲ ကြည့်လို့ရမဲ့နေရာကတော့ အော်စလိုမှာ ထင်ရှားတဲ့  Fronger Park ပါ ပန်းခြံကြီးက ဧက ၈၀ ကျယ်ပါတယ် တကယ့် သပ်သပ်ရပ်ရပ် သာသာယာယာ နဲ့ အပန်းဖြေ အနားယူလို့ကောင်းတဲ့နေရာပါ ကျယ်ဝန်းတဲ့ မြက်ခင်းပြင်တွေ ရှိတယ် ရေကူးကန်ရှိတယ် ကလေးကစားကွင်းရှိတယ် အထူးခြားဆုံးနဲ့ စိတ်ဝင်စားဘို့အကောင်းဆုံးက နော်ဝေနာမည်ကျော် အနုပညာရှင်ကြီး Gustav Vigeland ရဲ့ လက်ရာတွေပါ ကြေးရုပ်တွေသွန်းထားတယ် ဂရန်းနိုက် ကျောက်တုံးကြီးတွေနဲ့ ထုထားတယ် ကြေးနဲ့သွန်းတာ ၂၁၂ ရုပ် ကျောက်ကိုထုတာက ၅၈ ရုပ် ရှိတယ် ၊ တံတားဘေးက အရုပ်တွေက နေ့စဉ်လူနေမှုဘ၀ကိုဖော်ကျူးထားတဲ့အရုပ်တွေ၊ ၊ရေပန်းဘေးကတော့ ဘ၀သံသရာကိုဖော်ကျူးထားတာ၊အဲဒီမှာ နာမည်အကြီးဆုံးက Sinnataggen (Angry Boy) ဆိုတဲ့ စိတ်ဆိုးနေတဲ့ ကလေးလေးအရုပ်ပါ  အတော်ကို အသက်ဝင်ပါတယ် ကျွန်တော်ရိုက်လိုက် တာကတော့ နေကိုမျက်နှာမှုရိုက်ရလို့ သိပ်မပေါ်ဘူး

ပန်းခြံက ၂၄ နာရီ ပိတ်ရက်မရှိ ဖွင့်တယ် ၀င်ကြေးမရှိ  ပြည်သူတွေ အေးချမ်းသာယာစွာ နားပါစေပေါ့ ပြည်သူတွေကလည်း လွတ်လွတ်လပ်လပ် (တချို့ကောင်မလေးတွေ ဆို အ၀တ်ပါတယ် ဆိုရုံလေးတွေနဲ့ :D ) နားနေကြပေမဲ့ စည်းကမ်းမဲ့တာ ဖျက်လို့ဖျက်ဆီး လုပ်ထားတာ ညစ်ပတ်တာ မရှိဘူး ပန်းခြံထဲမှာ တရုပ်ခရီးသွားတွေကို အုပ်စုလိုက် တွေ့ခဲ့တယ် ထိုင်ဝမ်ကလို့ ထင်တယ် ဆယ်ဂဏန်း များများပဲ ဒီလိုဈေးကြီးတဲ့ နိုင်ငံတစ်ခုကို အလည်အပတ် အနေနဲ့  လာလည်တယ် ဆိုတော့ တော်တော် ကုန်ကျစရိတ်များမယ်

ပန်းခြံကို သွားတဲ့လမ်း

ပန်းခြံအ၀င်

အေးအေးဆေးဆေး လာနားကြတယ်

သူတို့နဲ့ ခဏ ၀င်နားဦးမှ

ကလေးတို့ အမေလဲ လာလည်တယ်

 

သူကြီးနဲ့ ရွာသားလေးများ

အမလေး ပြုတ်ကျပါဦးမယ်

ဒါတော့ ဘယ်သူလဲ တိဘူး

တံတားဘေးမှာ ရုပ်ထုတွေထားတာ

ကိုကြောင်ကြီး အဲဒီလောက်ကြီးတော့ မလုပ်ပါနဲ့ကိုကြောင်ကြီး အဲဒီလောက်ကြီးတော့ မလုပ်ပါနဲ့

ဂျော် ဂျော် တွေလား မသိဘူး

ကြံကြံဖန်ဖန်ကွယ်

စိတ် တောက် နဲ့ နော်... နော်

ရှန်ပူ ကြော်ငြာရိုက်နေတာလေ..

ဖေကြီး လာ နိုက်ကလပ် သွားကြမယ်ဦးပေါက်ကြီး လာ နိုက်ကလပ် သွားရအောင်

ဟေ့ ဟေ့ အတင်းမတက်နဲ့လေ

ချိတ် ချိုး နဲ့ နော် ကို အောင် ပု

မွေး သည် က သေသည် ထိ ဘ၀သံသရာ ရုပ်ထုတွေ ရှိတဲ့နေရာ

သူတို့လေးတွေကို ငေးနေမိတာနဲ့ သေချာတောင် မရိုက်လိုက်ရပါဘူး

ပန်းခြံကြီးထဲက ပန်းခြံလေး Vigeland Park ဘက် အ၀င်

၁၇ မီတာမြင့်တယ် အရုပ် ၁၂၁ ရုပ်ကို ထွင်းထားတယ်

တစ်ယောက်လောက်တော့ အသာလေးပါ

ရှင်ကတော့ ရွာထဲလျှောက်လည်ပြီး ပျှော်နေ ကျွန်မမှာတော့ ကလေးတွေနဲ့ ...

အဲဒီလို ၀ိုင်းလု နေရင် သူကြီးပေး တဲ့ ကင်မရာဘောပင်လေး ကျိုးသွားဦးမယ်

ရွာသူချောလေးတွေ

ရတောင့်ရခဲ အခွင့်အရေးလေး တစ်ခု ရခဲ့တာ  ပြောပြချင်သေးတယ် အော်စလိုမှာ နေရင်းနဲ့ ကောင်းကင်မှာ လေယာဉ်အသေးလေတွေ တက်နေတာ တွေ့တော့ စိတ်ဝင်စားတာနဲ့ မေးကြည့်တယ် ကိုယ်ပိုင် လေယာဉ်လေးတွေ အပျှော်ပျံနေကြတာတဲ့ မိတ်ဆွေတစ်ယောက်က သူ့မှာ လေယာဉ်တစ်စင်းရှိတယ် စီးမလားဆိုတာနဲ့ အော်စလိုကို ကောင်းကင်ပေါ်က ကြည့်ခွင့်လေး ရခဲ့တယ် သူတို့နိုင်ငံရဲ့ သတ်မှတ်ချက်အရ အပျှော်တမ်းလေယာဉ်မှူးတစ်ဦးက ရက်ပေါင်း ၉၀ အတွင်း လေယာဉ်နဲ့ ၅ ကြိမ် အတက်/အဆင်း ပျံထားမှ ခရီးသည် တင်လို့ရပါတယ် သူမပျံတာ နဲနဲကြာနေတဲ့အတွက် ပထမရက်မှာ သူတစ်ယောက်ထဲ အတက်/အဆင်းလုပ်ပြီး နောက်တစ်နေ့မှ ကျွန်တော်တို့ကိုခေါ်တယ်

အော်စလိုမှာ အစက လေယာဉ်ကွင်း ၃ ကွင်းရှိပါတယ် တစ်ကွင်းက ပိတ်လိုက်ပါပြီ ကျန်တာက ဂါဒါမွန် နဲ့ ရှယ်လစ် ( Kjelller) ဆိုတဲ့ လေတပ်လေယာဉ်ကွင်းလေးပါ သူတို့ရဲ့ လေယာဉ်လေးတွေကို လေတပ်ထဲမှာထားပါတယ် ကျွန်တော်တို့ကို ခေါ်သွားတော့ စစ်တပ်ထဲဖြစ်ပါ့မလားလို့ စိတ်ပူမိသေးတယ် လေတပ်ထဲမှာ ဘယ်သူမှ မေးလားမြန်လား လာမလုပ်ကြဘူး ကျွန်တော်တို့ သူတို့လေယာဉ်နဲ့ အော်စလိုမြို့ပေါ်ကို ပျံမဲ့ကိစ္စလည်း ဘယ်သူ့ကိုမှ ကြိုခွင့်တောင်း စရာမလိုဘူး လေယာဉ်စတက်တော့မှ ခရီးသည် ဘယ်နှစ်ယောက်ပါတယ် ဒါပဲ ဘယ်သူ ဘယ်နိုင်ငံက မှတ်ပုံတင်ဘယ်လောက် ပြောရန်မလို (ဘယ်လောက်တောင် ကောင်းလိုက်သလဲနော် အရမ်းကို စိတ်လွတ်လပ် ပေါ့ပါးမှုကို ရတဲ့နေရာပါ)

ကျွန်တော်တို့ လိုက်စီးရမဲ့လေယာဉ်လေးက Cessna 177 ,4 stoke enging , 20 HP အပေါ့စားလေယာဉ်လေး ဒီလေယာဉ်လေးကို သူ ၃ နှစ်သားမှာ သူ့အဖေက ၀ယ်ထားတာပါ (သူက အခု ၃၈ နှစ်) သူ့အဖေကလဲ အပျှော်တမ်း လေယာဉ်မှူး သူ့အဖေလက်ထက် သူ့လက်ထက် မိသားစုနဲ့ အပျှော်စီးတယ် တစ်ခါတစ်လေ ဆွီဒင်ကို အလည်သွားကြတယ် နောက် စိတ်ဝင်စားဘို့ကောင်းတာက လေယာဉ်လေးက ဆီ ၂၀၀ လီတာ ဆန့်တယ်၊ တစ်နာရီကို လီတာ ၄၀ ပဲကုန် တယ် ၊ တစ်လီတာကို ၃ ဒေါ်လာလောက်ကျတယ် အဲဒီတော့ တစ်နာရီမှ ဒေါ်လာ ၁၂၀ လောက်ပဲကျမယ် မြန်မာငွေပေါက်ဈေးနဲ့ဆို အခုချိန် တစ်နာရီပျံမှ ၁ သိန်းတောင် မကျော်ဘူး (မြန်မာ နိုင်ငံမှာလည်း အဲဒီလောက် အကုန်အကျ ခံနိုင်တဲ့ လူတွေ အများကြီးပါ)

လိုအပ်တာ နဲနဲပါးပါး  စစ်ပြီး လေထဲတက် မြို့ကိုလိုက်ကြည့် ပြီးတော့ ပင်လယ်ဝဘက် ထွက်ပြတယ် ပင်လယ်ဝကြ ခံတပ် (Oscarsborg Fortress) တစ်ခုကို ၀ဲပြတယ် အဲဒီခံတပ်က သူတို့အတွက် ဂုဏ်ယူစရာဖြစ်ခဲ့မယ် ထင်တယ် စကားစပ်မိတိုင်းတော်တော်များများက  အဲဒီခံတပ် အကြောင်း ပြောပြတယ် နော်ဝေက ၁၉၄၀ ကနေ ၁၉၄၅ အထိ ဂျာမနီရဲ့ သိမ်းပိုက်တာကို ခံခဲ့ရတာပါ ဂျာမန်တွေ စအ၀င် ၉-၄-၁၉၄၀ ရက်နေ့မှာ တိတ်တိတ်လေး ၀င်လာတဲ့ ဂျာမန်စစ်သင်္ဘောကြီးတစ်စီး (Blucher) ကို နော်ဝေစစ်ဗိုလ် တစ်ယောက်က သတိထားမိပြီး ပစ်မြုတ်နိုင် လိုက်တယ် အဲဒီအတွက် ဂျာမန် စစ်ဦးကနဲနဲ တံ့သွားလို့ နော်ဝေဘုရင်နဲ့ အစိုးရအဖွဲ့က အင်္ဂလန်ကို ထွက်ပြေးနိုင်ခဲ့တယ် (အင်္ဂလန်ကနေမှ ဘုရင်က ရေဒီယိုကနေ စိတ်ဓါတ်စစ်ဆင်ရေး ပြန်လုပ်ပါတယ် ) နော်ဝေ တမျိုးသားလုံး အတွက်ကတော့ ရန်သူကို အထိအခိုက်များအောင် လုပ်နိုင်ခဲ့တဲ့ကိစ္စကြီးဆိုတော့ ဂုဏ်ယူစရာပေါ့ အဲဒီကျွန်းနဲ့ ခံတပ်ကို ၂၀၀၃ လောက်ထိ စစ်တပ်အတွက် အသုံးပြုခဲ့တယ် ဒီစခန်းကလဲ စစ်ရေးအရ အချက်အချာ ကြတဲ့နေရာမှာမို့ ၁၈၄၆ ကနေ ၁၈၅၅ ကအထိက အော်စလိုမြို့အတွက် နောက်ဆုံးခံစစ်စခန်းအနေနဲ့ အသုံးပြုခဲ့သေးတယ်

၂၀၀၃ နောက်ပိုင်းကစပြီး အပန်းဖြေစခန်း အဖြစ်ဖွင့်လိုက်တာ နော်ဝေရဲ့ ဧည့်သည် အလာဆုံး အပန်းဖြေစခန်းထဲက တစ်ခု ဖြစ်နေတာပေါ့ အပြန်တော့ ၁၀ မိနစ်လောက် မောင်းလိုက် ရသေးတယ် ၊ ပြန်ရောက်တော့ လေယာဉ်လေး တစ်စင်းကို ပြတယ် အဲဒါက ရောင်းမှာ ဒေါ်လာ နှစ်သောင်း တဲ့ အဟောင်းပေမဲ့ ကောင်းပြီး ပျံလို့ရသေးတယ် ကားပွဲစား စကား ပြောရရင် လက်တင်မောင်းပေါ့ ၊မြန်မာပြည်က ( ကားတစ်စင်းထက်တောင် သက်သာနေသေး )

ကျွန်တော်တို့ စီးခဲ့ရတဲ့ လေယာဉ် စက်စနာ

ဒါ အော်စလို ပါ

ရှည်ရှည်လေးက လူလုပ် နှင်းလျှောစီးတဲ့နေရာ (နောက်ပို့စ်ကျ အသေးစိတ် ထပ်တင်ပေးမယ်)

မြို့ တောင်ဘက်အခြမ်း

oscarsborg fortress

အမြှောက်တွေ အခုထိရှိသေးတယ်

မောင်ဆန်း

About မောင်ဆန်း

has written 64 post in this Website..

မကောင်းတာ မတွေးနဲ့ မကြံနဲ့ မလုပ်နဲ့ ၊ ကုသိုလ်ရမဲ့ဟာလုပ် ၊ စိတ်ချမ်းသာအောင် ငြိမ်းချမ်းအောင်နေပါ